Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Wednesday, July 17, 2013

Blogger ဘ၀ နှင့် စေတနာ

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net 
၂၆.၆.၂၀၁၃

World Championship Snooker 2004 (PC GAME)

မင်္ဂလာပါ
အခုကျွန်တော်တင်ပေးလိုက်တဲ့ Software က ဘိလိယက် ထိုးတဲ့ Game လေးပါ။ သယ်ရင်းတို့ 
ဆိုင်မှာသွားကစားရင် လက်လည်းညောင်းမယ် ဆိုင်ရှင်သတ်မှတ်ထားတဲ့ အကောက်ကြေးလည်းပေးရဦး
မယ်။ ဆိုင်လည်းမသွားရအောင် လက်လည်းမညောင်းအောင် ကိုယ့်အခန်းမှာ စိတ်ကြိုက်ဆော့လို့ရပါပြီ။
ဒေါင်းမတတ်သေးတဲ့ ဘော်ဒါများ ဒီကိုနှိပ်ပြီး ဒေါင်းရန်လမ်းညွှန် ကိုကြည့်ပြီးဒေါင်းပါ။
လေးစားစွာဖြင့်
        Rဗြဲ

                                                           Download Here

Tuesday, July 16, 2013

Samsung Galaxy phone ကိုင်သူတွေ သတိထားရန်

Samsung Galaxy phone သုံးသူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြန်ပြီ။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။


သူမသည် လုပ်ငန်းခွင်အတွင်း ဆေးသုတ်နေရင်း ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသည့်အသံကို ကြားလိုက်ရပါတယ်။ ဗျောက်အိုးဖောက်သံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံဟာ သူမဆီက ထွက်ပေါ်လာမှန်း သတိပြုမိလိုက်ချိန်မှာပဲ မီးခိုးညော်နံ့များနှင့်အတူ အခြားဓာတုဗေဒပစ္စည်းမီးလောင်ကျွမ်းသဘ့် အနံ့ဆိုးများကိုပါ ခံစားလိုက်ရပါတယ်။ ထိုအချိန်မှာပဲ သူမ၏ ဘောင်းဘီစမှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။


သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။






Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။



Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy  ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။


Thursday, July 4, 2013

Uniblue Speed Up Pc With Serial Full Version

မင်္ဂလာပါ...
အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ် ကိုလှည့်မကြည့်ဖြစ်လို့ Download Link တွေသေကုန်တာ လာလည်ကြတဲ့သယ်ရင်းများကို တောင်းပန်ပါတယ်။ တဖြည်းဖြည်း Update လုပ်ပေးနေပါတယ်။
အခုသယ်ရင်းတို့အတွက် မျှဝေပေးလိုက်တဲ့ Software က Window Cleaner ပါ။ ဒီ Software လိုမျိုး
သယ်ရင်းတို့အတွက် အရင်ကလည်းတင်ပေးခဲ့ဖူးပါတယ်။ ဒီကောင်လည်း လေးလံနေတဲ့စက်အတွက်
မြန်ဆန်အောင်စွမ်းဆောင်ပေးပါလိမ့်မယ်။စမ်းသုံးကြည့်ခြင်ရင်တော့ အောက်မှာ Down သွားလိုက်ပါ။
Full သုံးလို့ရအောင် Serial Key ထည့်ပေးထားပါတယ်။
လေးစားစွာဖြင့်
        Rဗြဲ
                                                                
                                                           Mediafire

Saturday, June 1, 2013

မိမိနဲ. တူတဲ့သူ နာမည်တူသူကိုရှာမယ် ရုပ်ချင်းပါတူတာနော်

လောကကြီးမှာ လူတူမရှား နာမည်တူမရှားဆိုတာ သူငယ်ချင်းတို.ကြားဖူးကြမှာပါ..တွေ.လဲတွေ.ဖူးချင်
ကြမှာပေါ့နော်...တကယ်လို. တွေ.သွားရင်လဲ ဟာ..တွေ၊ ဟင်....တွေဖြစ်သွားလောက်ရအောင်ကို အံသြ.
ကြရမှာပါ...ဘာလို.လဲဆိုတော့ ကိုယ်နဲ.တော်တော်တူနေလို.ပါပဲ....ကဲ..အခု online ပေးတဲ့ဒီလင့်ခ်လေး
ကိုဖွင့်ကြည့်ပြီး.. ကိုယ်နဲ့နာမည်တူတဲ့သူ..ရုပ်ချင်းတူတဲ့သူကိုရှာကြည့်လို့ရပါတယ်...။

စိတ်ကူးမလွဲနဲ့နော်...ကြည့်ဖြစ်အောင်ကြည့်လိုက်ပါအုံး...သိပ်မခက်ပါဘူး..။ first name နဲ့ last name
ရိုက်ထည့်ပြီး citizen box မှာselect countryလုပ်လိုက်ယုံပါဘဲ။ ပြီးရင် search databaseကိုနှိပ်လိုက်
ရင်.ကိုယ်နဲ့နာမည်တူ...ရုပ်ချင်းတူတဲ့ သူရဲ့မှတ်ပုံတင်ကဒ်နဲ့အတူပုံကိုတွေ့ရမှာပါ...ကိုယ်နဲ့ နာမည် တူယုံ
တင် ဘယ်ဟုတ်မလဲ မသိရင်အမွှာလို့ တောင်ထင်မှတ်ရပါတယ်...ရှာကြည့်လိုက်နော် ....ကိုယ်နဲ.တူတဲ့
သူကို တွေ့ ရတယ်ဆို တာ ရှားပါတယ်...ပျော်ရွှင်ကြပါစေ။

http://www.scrolllock.nl/passport/ကိုနှိပ်လိုက်နော် ။

Friday, April 26, 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124* ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123# ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွ
က် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။
၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…
 

Friday, March 22, 2013

မာမာအေး----သီချင်းများ



ဇမ္ဓူရစ်ရွှေ – မာမာအေး

01။ ပျို့ မောင်ဖုန်း 
02။ကိုလူပျို
03။တူနှစ်ကိုယ်
04။မောင်ပေါက်ကျိုင်းလိုလူစား 
05။ပန်းလိုမွှေးပါမယ် 
06။ဆည်းဆာ 
07။မန်ဒါလီ 
08။ နှစ်ယောက်တည်း
09။ငိုရင်ပုလဲ ရီယင်ရွဲ 
10။ချစ်သူ့နယ်မြေ
                                                             Mediafire

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 

တရေးချစ်ခွင့်မြင်ရနိုး – မာမာအေး 

01သျှောင်နောက်ဆံထုံးပါ

02။ခါင်းလေးတငြိမ့်

03။တရေးချစ်ခွင့်မြင်ရနိုး

04။တနေ့ပြန်လာမယ်

05။ဆယ်မိုးဆယ်နွေမျှော်လေလေဝေး

06။ယုံရခက်ခက်

07။တနေ့တော့မောင်ပြန်လာမည်

08။ချစ်သူ့နယ်မြေ 

09။လွမ်းသူရဲ့ ပွဲ

                                                              Mediafire

 

******************************************************************************

01။သိကြားသိစေချင်

02။ချစ်အောင်းမေ့မေ့

03။မ့ကွက်ကိုရှာ 

04။မနက်ဖန်မှဆက်၍ငိုမယ်

05။အသံမထွက်သောချစ်စကားလေးများ

06။ချစ်ရင်လဲပြုံးပါကွယ် 

07။လမင်းမှာအလွမ်းဖြေပါမောင်

08။ပိတောက်လမ်း

09။ နှင်းသစ္စာရှင် 

                                                              Mediafire

 

Sunday, March 10, 2013

FormatFactory


မင်္ဂလာပါ
မရှိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။Windows စံနစ်သုံးတဲ့သူတွေအတွက် Video, Music, Photo စတာတွေကို Format မျိုးစုံကို ပြောင်းလဲပေးနိုင်တဲ့ Format Factory ရဲ့ နောက်ဆုံးထွက် Version ပါ။ Video တွေကို Mobile Devices တွေထဲ ထည့်ပြီးကြည့်တဲ့ကိုကို မမ များအတွက် အထူးအဆင်ပြေပါတယ်။ Software က Free ပေးထားတာပါ။ အခုနောက်ဆုံး Version မှာ video အတွက်ဆိုရင် iPad တွေအတွက် HD Quality ကိုပါ ပြောင်းပေးနိုင်ပါတယ်။ Audio CD တွေကိုလည်း MP3 အဖြစ် Rip လုပ်ပေးနိုင်ပါတယ်။ လက်ရှိ Version မှာ Windows 8 ကို Support လုပ်ပါတယ်။

လေးစားစွာဖြင့် 
      Rဗြဲ
                                          FormatFactory2.9.6 Old Version
                                          FormatFactory 3.0.1 Old Version
                                         FormatFactory 3.10 Final Update

Saturday, March 9, 2013

၇ိုးသားမှုကြောင့် သူဌေးဖြစ်သွားသည့်သူတောင်းစား


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့ တစ်ဦးသည် ကောက်ရသော စိန်လက်စွပ် ကို
ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။
      
၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က၎င်းအတွက် ရန်ပုံငွေ ရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် ကန်ဒေါ်
လာ ၈၆,၀၀၀ကို ပေးအပ်ခဲ့သည် ဟု သိရသည်။ မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟား
ရစ်သည် ၎င်း ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟုသိရသည်။
      
၎င်း၏ ရိုးသားမှု   ဂုဏ် သတင်း အား လက်စွပ် ပိုင်ရှင် ဆာရာဒါလင်က အများ သိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေ
ကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က စတင်ခဲ့သည် ဟုသိရသည်။ ၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်
သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နူးကြသည် ဟုသိရသည်။
      
ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင် ရှိသည်ဟုသိရသည်။
(pyimyanmar  -- မှ )
သယ်ရင်းတို့ကော ရိုးသားရဲ့လား ရိုးသားရင်သဌေးဖြစ်ဖို့နီးစပ်ပြီ
လေးစားစွာဖြင့်
        Rဗြဲ

Monday, March 4, 2013

Nero 12 With Serial Key Full Version



မင်္ဂလာပါ
nero 12 ဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။နောက်ဆုံးထွက် Update လေးတွေ့လို့ သယ်ရင်းတို့ကို
ပြန်လည်ဝေမျှလိုက်ပါတယ်။ Full သုံးလို့ရအောင် Serial Key ပါထည့်ပေးလိုက်ပါတယ်။
Upload တင်ရတာလည်း ဖိုင်ဆိုဒ်ကကြီးတော့ တော်တော်ကြာတယ်ဗျာ...နည်းနည်းညစ်သွားတယ်..
ဖုန်းနဲ့ချိတ်လိုက်မှပဲ connection ကငြိမ်သွားတယ်..ဟူး..
လေးစားစွာဖြင့်
       Rဗြဲ
                                           ===>>>Mirrorcreator <<<===

Sunday, March 3, 2013

Online ပေါ်မှာ အလန်းလေးတွေကျူးရအောင်


online ပေါ်မှာ melody ဖန်တီးပြီး အလန်းလေးတွေကျူးချင်ရင်တော့ ဒီကို သွားပြီး ကလိနိုင်ပါတယ်။
Guitar/Piano အစုံပါတယ်ဗျာ လုပ်ကြည့်လိုက်ပါ..good နေပါလိမ့်မယ်..
လေးစားစွာဖြင့်
      Rဗြဲ

Adobe Photoshop CS6 Portable


Photoshop သမားများအတွက် နောက်ဆုံးထွက် version  photoshop CS6 Portable လေးကို
ဝေမျှလိုက်ပါတယ်။ Portable ဆိုတော့သိတဲ့အတိုင်း ဘာkeygen မှထည့်စရာမလိုပဲ  run လိုက်တာနဲ့
အသင့်သုံးလို့ရပါပြီ။ပေါ့ပေါ့ပါးပါး သုံးချင်တဲ့ ဘောဒါများ  အကြိုက်တွေ့ပါလိမ့်မယ်..
လေးစားချစ်ခင်တဲ့
         Rဗြဲ
                                                           Mirrorcreator

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ

မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင် သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါ
သုတေသနပြုလေ့လာမှု ကို ဆေးသုတေသန ဦးစီးဌာန  (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်း ဖြစ်ပြီး
ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီးဓါတ်ခွဲခန်းတွင် မွေးမြူထား
သည့်ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊အနှစ်ရည် ၀ဒသမ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်
၏ သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို
တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်းမြွေပွေး
အဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်း ရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိ
ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသ တစ်ချို့တွင် မြွေကိုက်လူနာ များကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ်
ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေး
ရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိ အပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အ
မာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။

အေးချမ်းမွန်မှ The Mirror Daily တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

Kaspersky Internet Security 2013



 
မင်္ဂလာပါ
 Kaspersky Internet Srcurity 2013 ကိုတင်ပေးလိုက်ပါတယ်။ အရင်တင်ထားတဲ့ Anti Virus က လင့်သေသွားလို့ဖြုတ်လိုက်ပါပြီ။အခု KiS လေးကို link မသေသေးခင်ယူထားလိုက်ပါ။ Serial Key
ပါထည့်ပေးထားပါတယ်။ထုံးစံအတိုင်း (91) ရက်ပေါ့ဗျာ။အလကားရတာ(91)ရက်ဆိုလည်း မနည်းဘူး
ပေါ့နော။
လေးစားစွာဖြင့်
Rဗြဲ


                                             password===>>>rvare<<<

RegClean Pro With Serial Key Full Version


 မင်္ဂလာပါ
ကျွန်တော်သုံးနေတဲ့ကွန်ပျူတာ Windows System တစ်ခုလုံးရဲ့ အဓိက ပင်မထိန်းချုပ်တာဟာ Registry ပါ.. ကျွန်တော်တို့ သုံးစွဲသူတွေကြောင့်၊ အခြား Softwares တွေကြောင့်၊ Virus တွေကြောင့် မူလ Windows Registry တွေဟာ ပြောင်းလဲပျက်စီးလာပါတယ်.. အဲဒါကို အကောင်းဆုံးနဲ့ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ SysTweak Regclean Pro 6.21.65.2506 ကို တင်ပေးလိုက်ပါတယ်..
By Ko Puak
လေးစားစွာဖြင့်
     Rဗြဲ 
                                                             Mediafire
 

Saturday, March 2, 2013

ဇော်ဝင်းထွဋ္ဋ်---လူ (စီးရီးသစ်)

၀၁။ခွဲခွာ
၀၂။အဆုံး
၀၃။လေးနက်ပေးပါ
၀၄။ရေလိုက်ငါးလိုက်
၀၅။တချို့
၀၆။မင်းလေးအတွက်
၀၇။လူ
၀၈။အကောင်းဆုံး
၀၉။လိုက်နိုင်မလား
၁၀။မနေ့က
၁၁။ဒဏ်ရာဟောင်းများနဲ့ည
၁၂။ ROCK 'N' ROLL SHOW

                                                           Mediafire

Friday, March 1, 2013

English-Myanmar Dictionary များ


Computer သမားတိုင်းမရှိမဖြစ်တဲ့ English-Myanmar Dictionary လေးတွေ စုပေါင်းပြီးတင်ပေးလိုက်ပါ
တယ်။ 
                                                         Ayar Dictionary
Ayar Dictionary (Link 1) ၊ Ayar Dictionary (Link 2)

                                                      WxPy dictionary                                                        
WxPy Dictionary  (Link 1) ၊
WxPy Dictionary (Link 2)


                                                       PHYO Dictionary
 PHYO Dictionary ကတော. အသံထွက်ပါ ပါပါတယ်။ လိုချင်တဲ့စာရိုက်ထည့်ပြီး speaker လေး
ကို click လိုက်ရင်  အသံထွက်ပါတယ်
PHYO Dictionary (Link 1)
PHYO Dictionary(Link 2)

                                                Windows Myanmar translator
ဒါကတော့ သယ်ရင်းတို့နားမလည် တဲ့ English စာကြောင်းရှည်များကို Copy ၊ Paste သုံးပြီး
မြန်မာဘာသာပြန်ဆိုနိုင်ပါတယ်။တစ်ခုရှိတာက ဘာသာပြန်ပေးတဲ့စကားလုံးတွေက အစီအစဉ်တော့
မကျပါဘူး။လိုချင်ရင် အောက်ကလင့်များမှာ ဒေါင်းသွားလိုက်ပါဗျား။
                                                         Link(1)Link(2)

လေးစားစွာဖြင့်
       Rဗြဲ

Proshow Gold 4.5.2949 With Serial Full Version


မင်္ဂလာပါ
ဒီတစ်ပါတ်တော့ Photo တွေကို slide show ပုံစံလေးလုပ်ချင်သူသယ်ရင်းများအတွက် ProShow Gold
software လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Effect တွေလည်းတော်တော်စုံပါတယ်။ အသုံးပြုပုံ ကလည်းလွယ်ကူရိုးရှင်းလှတဲ့အတွက် သယ်ရင်းတို့စိတ်ကြိုက် software ကောင်းလေးဖြစ်မှပါဖိုင်ဖြည်လို့ 
Password တောင်းရင်rvare လို့ရိုက်ထည့်လိုက်ပါ။သယ်ရင်းတို့အဆင်ပြေပါစေ .....
လေးစားစွာဖြင့်
      Rဗြဲ
                                          BoxMegasharesMirrorcreator



မြန်မာပြည်မှ လူသားကလီစာ ဈေးကွက်


၁၉၉၅ ၀န်းကျင်လောက်မှစကာ တရုတ်ပြည်တွင် လူသားများအတွင်းကလီစာများဖြစ်သော ကျောက်ကပ်၊ အသဲ ၊ အဆုပ်၊နှလုံး၊ မျက်ကြည်လွာများ(cornears),အတော်ကြီးပင် ကျယ်ကျယ်ပြန့်ပြန့် အစားထိုးကုသမှုများ ပြုလုပ်လာကြသည်။ု
တရုတ်ပြည်၏ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ ဟွန်ချီဖူက ၄င်းတို့၏ လူသားကလီစာများ အစားထိုးမှုများအား နှစ်ကာလတော်တော်ကြာစမ်းသပ်ခဲ့ပြီးနောက် ယခု လုံးလုံးစိတ်ချရသော အခြေနေသို့ ရောက်ရှိအောင်မြင်သွားပြီဟုလဲ ရှန်ဟိုင်းဆေးရုံအုပ်ကြီးမှ ၂၀၁၂ ကျန်းမာရေး ဆိုင်ရာ စီမီနာတခုတွင် အတိလင်း ထုတ်ဖေါ်ပြောဆိုခဲ့သည်။
ပထမအစတွင် တရုတ်ပြည်တွင်းမှ ရာဇ၀တ်မှုများဖြင့် သေဒဏ်ပေးခံရသော အကျဉ်းသားများအား သေဒဏ်အမိန့်ဖြင့် သတ်ဖြတ်ပြီးပြီးချင်းမှာပင် ၄င်းအကျဉ်းသားရုပ်ကလပ်မှ ကလီစာများကို ချက်ခြင်း ကျန်းမာရေးဌာနမှ ထုတ်ယူကာ လိုအပ်နေသော လူနာဆီသို့ အလျှင်မြန်ကူးပြောင်း အစားထိုး ကုသခဲ့ကြသည်။
သို့ရာတွင် သေဒဏ်ပေးခံခဲ့ရသော ရာဇ၀တ်အကျဉ်းသားများ၏ အတွင်းကလီစာများမှာ ၄င်းတို့၏ ကျန်းမာရေး ဆိုင်ရာ လိုက်စား လိုက်နာမှုများ အားနည်းသောကြောင့် တဖက်တွင် ငွေကြေးအမြောက်များဖြင့် အတွင်းကလီစာအား ပေးဝယ်ထားသော လူနာများ၏ အတွင်းသို့ ရောက်ရှိသွားသောအခါ အဆိုပါ ကလီစာများသည် သန့်၇ှင်းသန်စွမ်းသော ကလီစာများမဟုတ်သောကြောင့် ငွေကုန်ကြေးကျခံကာ စောင့်ဆိုင်းဝယ်ယူပြီး အစားထိုးခဲ့သော လူနာများအဖို့ ထပ်မံဒုက္ခခံစားပြီး ကုသကြရသောကြောင့် လွန်ခဲ့သော ၂၀၁၀ ခုနှစ်မှ စတင်တွေ့ရှိကာ ၂၀၁၂ ခုနှစ်မေလမှစပြီး သေဒဏ်ပေးခံရသော အကျဉ်းသားများ၏ ကလီစာများအား အစားထိုးကုသခြင်းမပြုလုပ်ရန် ကျန်းမာရေးဒုဝန်ကြီး ဟွန် ကပင် တားမြစ်ထုတ်ပြန်ခဲ့လေသည်။
တရုတ်ပြည်တွင် လူသားကလီစာများ အစားထိုးကုသရန် ငွေကြေးပြည့်စုံပြီး စောင့်ဆိုင်းနေသော ၀ယ်လိုအားမြင့်တက်လာသည်မှာ လူနာဦးရေ တစ်သန်းခွဲ နီးပါးမျှဖြစ်လာလေသည်။
ထိုကြောင့် လူသားကလီစာများ အမြန်ရရှိရန် တရုတ်ပြည် တနံတလျားတွင် လူမှောင်ခို ဂိုင်းများ တိုးပွါးလာတော့သည်။
တရုတ်ပြည်၏ တည်ဆဲဥပဒေအရ တရုတ်ပြည်အတွင်း လူမှောင်ခိုးကူးသန်းသည်ကို ကြီးမားသော ရာဇ၀တ်မှုအဖြစ် ကြီးမားသော ပြစ်ဒဏ်နှင့် သေဒဏ်ထိချမှတ်ရန် ပြဌာန်းထားသောကြောင့် တရုတ်ပြည်သားအချင်းချင်းရောင်းဝယ်ဖေါက်ကားရေးဖက်သို့ ဦးမလှည့်တော့ပဲ ဆင်းရဲသော တိုင်းပြည်များဖြစ်သည့် တရုတ်ပြည်နှင့် နယ်ချင်းထိစပ်လျှက်ရှိနေကြသော မြန်မာ ၊လာအို၊ ကမ်ဘောဒီးယားတို့သည် တရုတ်ပြည်၏ လူမှောင်ခိုဂိုဏ်များ၏ ပစ်မှတ်ဖြစ်လာရတော့သည်။
တရုတ်ပြည်၏ အော်ဂင်ထရန်စ်ပလန့်(Organ Transplant) ဈေးကွက် မှ လိုအပ်ချက်ကြီးမားသောကြောင့် မြန်မာပြည်မှ ဆင်းရဲသော ဒေသမှ လူငယ်များ မိန်းမငယ်များက သားကောင်ဖြစ်လာကြတော့သည်။
တရုတ်ပြည်တွင် ကျောက်ကပ်တခုအား အရောင်းဝယ်လုပ်ရာတွင် အမေရိကန် ဒေါ်လာ ၃၅၀၀မှ ၅၅၀၀ ထိဈေးပေါက်ကြောင်း (Xinhua News Agency)ဆင်ဟွာ သတင်းက တ၇ားဝင် တင်ပြသွားသော မတ်လ ၂၅ ရက် ၂၀၁၂ခုနှစ် သတင်းစာက လူမှောင်ခိုဂိုင်းသားများအတွက် သတင်းကောင်းဈေးနုံန်းဖြစ်ခဲ့သည်။
လူသား နှံလုံးသားတခုသည် အမေရိကန်ဒေါ်လာ ၁၅၀၀၀ ထိ ပေါက်ပြီး မျက်ကြည်လွှာသည် အမေ၇ိကန်ဒေါ်လာ ၄၀၀၀မှ ၆၀၀၀ ထိဈေးရပြီး သန့်ရှင်းသော အဆုပ်အတွက် ဒေါ်လာ ၂၀၀၀၀ ထိပေါက်ကြောင်း သိရသည်။
ယခု မြန်မာပြည်ထဲတွင် အသက် ၇ နှစ်မှ အသက် ၃၀ အောက်ရှိသော လူပြောက်မှုဖြင့် ဒေသဆိုင်ရာ ရဲစခန်း နှင့် အာဏာပိုင်များအား တိုင်ကြားထားသော အမှုပေါင်း ၃၆၂၀ ခန့်ရှိပြီဟု ပြည်ထဲရေးနှင့် ပတ်သက်သော ဌာနတခုက လက်သိပ်တို့ပြောဆိုထားသည်။
အဆိုပါလူပြောက်မှုများအား မြန်မာပြည်တွင်ထုတ်ဝေသော အစိုးရ သတင်းစာ နှစ်စောင်တွင် နေ့စဉ် မဟုတ်ရင်တောင် ရက်ခြားအနေဖြင့် သတင်းစာတွင် ဖေါ်ပြနေသည်ကို ၂၀၁၀မှ ယခု ၂၀၁၃ ခုနှစ်ထိ မှတ်တမ်းပြုစုခဲ့ရာတွင် လူပြောက်ကြေငြာချက်ပေါင်း ၅၂၁ ယောက်မျှရှိတာကိုတွေ့ရပြီဖြစ်သည်။
မြန်မာပြည်မှ ဆင်းရဲသား ပြည်သူများအဖို့ ယခု အစိုးရလက်ထက်တွင် ပြည်သူများ၏ လုံခြုံရေး ဘေးအန္တရယ်ကင်းရှင်းရေးအတွက် တိကျခိုင်မာသော အသုံးစရိတ် အကာကွယ် အစီမံများ တိတိကျကျ ပြဌာန်းသတ်မှတ်ဖေါ်ပြထားခြင်းမရှိသည်မှာ ပြောင်းလဲပြီဟုပြောနေသော အစိုးရတရပ်အတွက် ထောက်ပြစရာသက်သေသက်ကာရဖြစ်နေသည်။
မြန်မာပြည်သားများအဖို့ ကျားကြောက်ပြီး ဆင်ကြီးကိုးမိသော သူများအတွက် နေပြည်တော် လွတ်တော်နှင့် ၄င်းအစိုးရအဖွဲ့သည် ဆင်ကြီးက ကျားထက်ဆိုးသော အခြေနေသို့ တည့်တည့်မတ်မတ် ရောက်ရှိနေပြီဖြစ်သည်။
လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့်ပတ်သက်သော ထင်သာမြင်သာအောင် မြန်မာ အစိုးရသတင်းစာများက ၂၀၁၁ ခုမှ စတင် ဆောင်ရွက်လာသော်လည်း ပူးပေါင်းဆောင်ရွက်မှု တာဝန်ပေးအပ်မှု တာဝန်ခံရမှုများသည် တိတိကျကျ မရှိကြောင်း တွေ့ရှိရသည်၊ ဥပမာ မိမိ၏မိသားစုမှ တဦးဦးပြောက်ဆုံးကြောင်း သွားရောက်တိုင်ကြားလျှင် တိုင်ကြားသူများကိုပင် ကြောက်ရွံ့အောင် အမျိုးမျိုး ပြောဆိုမေးမြန်းနေသော ရဲစခန်းများ ရဲဝန်ထမ်းများ၏ စရိုက်က ပိုပြီး ကြောက်မက်ဖွယ်ရာ ကောင်းနေသည့်အပြင် အဆိုပါ ရဲဝန်ထမ်းများအား မိမိ၏ အပူသောက များအကြားမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးရန် ထပ်မံ ပိုက်ဆံများ ပေးနေကြရသည်။
ထိုကဲ့သို့ အမျိုးသားရေးအမြင်၊ လုံခြုံရေးအမြင် နှင် ဥပဒေ အကာကွယ် အားနည်းမှုများကြောင့် မြန်ပြည်မှ လူသားများသည် ကလီစာထုတ်ခံရသော နေရာသို့ ပုံစံမျိုးစုံ အကြောင်းပေါင်းစုံဖြင့် အကြီးအကျယ်ရောက်ရှိကာ
လူမှောင်ခိုဂိုဏ်းသားများ၏ ရောင်းဝယ်ဖေါက်ကားခံရသော ဘ၀သို့ သက်ဆင်းနေကြရမည် ဖြစ်ပါကြောင်း…..
From EdinOoYin

ဂိုရှယ်လေး

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ