Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Monday, August 19, 2013

Acebyte Utilities 3.0.7 Full Version

                                                         မင်္ဂလာပါ
ကျွန်တော်အခုတင်ပေးလိုက်တဲ့ software က PC Cleaner လေးပါ ။သူ့ရဲ့ function တွေကတော့အများကြီးပါပဲ။Disk Defragment ၊ Memory Manager၊ Auto Shutdown ၊
Unlocker ၊ Uninstall Manager ၊ File Splitter ၊ Disk Check ၊ Disk Cleaner ၊ Registry Cleaner ၊ Driver Backup ၊Registry Defrgment အားလုံးပါပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ဖိုင်ဆိုဒ်က 16 Mb ပဲရှိပါတယ်။နမူနာပုံလေးတွေ တင်ပေးလိုက်ပါတယ်




                                   Filebox Megashares (p--rvare) ၊  Mirrorcreator

Monday, July 29, 2013

လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း





facebook သုံးတဲ့သယ်ရင်းများ ဆောင်ထားရမဲ့ စာအုပ်လေးပါ။ facebook အဟပ်မခံရအောင်
ကာကွယ်ဖို့လမ်းညွှ်ပေးမဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။
လေးစားစွာဖြင့်
       Rဗြဲ

                                   Megashares (P--rvare)  ၊  Mighty  ၊  Mediafire


Sunday, July 28, 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ
လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း....


From
www.mmdailystar.com

Nero Burning ROM 12 Portable


မင်္ဂလာပါ
CD/DVD Burn ချင်သောသူများ ပေါ့ပေါ့ပါးပါးသုံးလို့ရအောင် Nero 12 Portable လေးကိုတင်ပေးလိုက်
ပါတယ်။ဖိုင်ဆိုဒ်က 26 Mb ပဲရှိပါတယ်။ အောက်က သယ်ရင်းတို့ကြိုက်နှစ်သက်ရာ Link ကို Click ပြီး down နိုင်ပါပြီ။
လေးစားစွာဖြင့်
         Rဗြဲ


                                         MightyMegasharesFilebox

Frame Photo Editor v5.0.0 Portable

မင်္ဂလာပါ
အရမ်းချောအရမ်းလှတဲ့သယ်ရင်းတို့ Photo တွေကို အရမ်းလန်းအရမ်းဂွမ်းတဲ့ Frame လေးတွေနဲ့ ရွှိုင်းကြည့်ရအောင် ပေါ့ပေါ့ပါးပါး Portable လေးပါပဲ။ဆွဲထားလိုက်နော် Link မသေခင်။ OK....
လေးစားစွာဖြင့်
       Rဗြဲ
                                                           
                                         Megashares(p--rvare)FileboxMighty
                                                   RaR Password= rvare

Power ISO 5.6 With Keygen,Serial Full Version

မင်္ဂလာပါ
ဒီ Software က image file formats တွေ Vedios တွေကို Burn လို့ရပါတယ်။
သူ့မူရင်းဆိုဒ်မှာညွှန်းထားတာတွေကတော့အများကြီးပါပဲ။ကျွန်တော်လဲလက်ရှိဒီကောင်လေးပဲသုံးနေပါတယ်။
ဖိုင် Size က  5 Mb ကျော် လောက်ပဲရှိပါတယ်။
လေးစားစွာဖြင့်
     Rဗြဲ
                                                      FileboxMegashares

Saturday, July 27, 2013

Team Viewer 7

မိမိစက်ကနေ အခြားစက်တစ်လုံးကို ထိန်းချူပ်နိုင်တဲ့ Software လေးပါ။ မိမိစက်ပြဿနာတက်ရင်
မိမိယုံကြည်စိတ်ချရတဲ့ နားလည်တတ်ကျွမ်းသူ ကိုအကူအညီတောင်းပြီး ဖြေရှင်းနိုင်ပါတယ်။ဖိုင်ဖြည်လို့ Password တောင်းရင် rvare လို့ရိုက်ထည့်လိုက်ပါ။
                                                        

                                                               Filebox                                                     RaR Password = rvare

မိဘများ စဉ်းစားကြဖို့ပါ




                                           { မိဘများ စဉ်းစားကြဖို့ပါ }
                                          ===============

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ

လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ..

သည်းထန် - The Yangon Times Daily

Credit to : The Yangon Times Daily
လေးစားစွာဖြင့်
Rဗြဲ

Friday, July 19, 2013

Window 7 Loader

မင်္ဂလာပါ
သယ်ရင်းတို့ window 7 Background Screen မှာ အမဲရောင်ကြီးဖြစ်သွားရင်၊အမဲရောင်ကြီးဖြစ်သွားပြီး
တော့ Background ပုံတစ်ပုံ သယ်ရင်းတို့ပြန် Change လိမ့်မယ်။ Change ပြီးသွားလို့ မကြာပါဘူး
ပြန်မဲသွားခဲ့ရင် ဘာမှလုပ်စရာမလိုပါဘူး။ဒါလေးသာDown ပြီး Run လိုက်ပါ မမဲတော့ပဲ နဂိုအတိုင်းပြန်ကောင်းသွားပါလိမ့်မယ်။အောက်ကလင့်များမှာDown နိုင်ပါပြီ။
လေးစားစွာဖြင့်
   Rဗြဲ
                                                          Link(1)Link(2)

Window 7 Manager 4.2.9 Final Update

မင်္ဂလာပါ
Win 7 သုံးသူသယ်ရင်းများအတွက် Window 7 Manager Final Update လေးတင်ပေးလိုက်ပါတယ်။
ဘာအတွက်သုံးတယ်ဆိုတာ သယ်ရင်းတို့သိပြီးဖြစ်ပါလိမ့်မယ်။ 7 သုံးသောသူများဆောင်ထားသင့်ပါတယ်။
 Full သုံးလို့ရအောင် Keygen ပါထည့်ပေးထားပါတယ်။အောက်က Link များမှာ Down နိုင်ပါပြီ။
လေးစားစွာဖြင့်
     R ဗြဲ
                                                              
                                                       
                                                Link(1)  ၊  Link(2)  ၊ Link(3)

Wednesday, July 17, 2013

Blogger ဘ၀ နှင့် စေတနာ

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net 
၂၆.၆.၂၀၁၃

World Championship Snooker 2004 (PC GAME)

မင်္ဂလာပါ
အခုကျွန်တော်တင်ပေးလိုက်တဲ့ Software က ဘိလိယက် ထိုးတဲ့ Game လေးပါ။ သယ်ရင်းတို့ 
ဆိုင်မှာသွားကစားရင် လက်လည်းညောင်းမယ် ဆိုင်ရှင်သတ်မှတ်ထားတဲ့ အကောက်ကြေးလည်းပေးရဦး
မယ်။ ဆိုင်လည်းမသွားရအောင် လက်လည်းမညောင်းအောင် ကိုယ့်အခန်းမှာ စိတ်ကြိုက်ဆော့လို့ရပါပြီ။
ဒေါင်းမတတ်သေးတဲ့ ဘော်ဒါများ ဒီကိုနှိပ်ပြီး ဒေါင်းရန်လမ်းညွှန် ကိုကြည့်ပြီးဒေါင်းပါ။
လေးစားစွာဖြင့်
        Rဗြဲ

                                                           Download Here

Tuesday, July 16, 2013

Samsung Galaxy phone ကိုင်သူတွေ သတိထားရန်

Samsung Galaxy phone သုံးသူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြန်ပြီ။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။


သူမသည် လုပ်ငန်းခွင်အတွင်း ဆေးသုတ်နေရင်း ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသည့်အသံကို ကြားလိုက်ရပါတယ်။ ဗျောက်အိုးဖောက်သံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံဟာ သူမဆီက ထွက်ပေါ်လာမှန်း သတိပြုမိလိုက်ချိန်မှာပဲ မီးခိုးညော်နံ့များနှင့်အတူ အခြားဓာတုဗေဒပစ္စည်းမီးလောင်ကျွမ်းသဘ့် အနံ့ဆိုးများကိုပါ ခံစားလိုက်ရပါတယ်။ ထိုအချိန်မှာပဲ သူမ၏ ဘောင်းဘီစမှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။


သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။






Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။



Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy  ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။


Thursday, July 4, 2013

Uniblue Speed Up Pc With Serial Full Version

မင်္ဂလာပါ...
အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ် ကိုလှည့်မကြည့်ဖြစ်လို့ Download Link တွေသေကုန်တာ လာလည်ကြတဲ့သယ်ရင်းများကို တောင်းပန်ပါတယ်။ တဖြည်းဖြည်း Update လုပ်ပေးနေပါတယ်။
အခုသယ်ရင်းတို့အတွက် မျှဝေပေးလိုက်တဲ့ Software က Window Cleaner ပါ။ ဒီ Software လိုမျိုး
သယ်ရင်းတို့အတွက် အရင်ကလည်းတင်ပေးခဲ့ဖူးပါတယ်။ ဒီကောင်လည်း လေးလံနေတဲ့စက်အတွက်
မြန်ဆန်အောင်စွမ်းဆောင်ပေးပါလိမ့်မယ်။စမ်းသုံးကြည့်ခြင်ရင်တော့ အောက်မှာ Down သွားလိုက်ပါ။
Full သုံးလို့ရအောင် Serial Key ထည့်ပေးထားပါတယ်။
လေးစားစွာဖြင့်
        Rဗြဲ
                                                                
                                                           Mediafire

Saturday, June 1, 2013

မိမိနဲ. တူတဲ့သူ နာမည်တူသူကိုရှာမယ် ရုပ်ချင်းပါတူတာနော်

လောကကြီးမှာ လူတူမရှား နာမည်တူမရှားဆိုတာ သူငယ်ချင်းတို.ကြားဖူးကြမှာပါ..တွေ.လဲတွေ.ဖူးချင်
ကြမှာပေါ့နော်...တကယ်လို. တွေ.သွားရင်လဲ ဟာ..တွေ၊ ဟင်....တွေဖြစ်သွားလောက်ရအောင်ကို အံသြ.
ကြရမှာပါ...ဘာလို.လဲဆိုတော့ ကိုယ်နဲ.တော်တော်တူနေလို.ပါပဲ....ကဲ..အခု online ပေးတဲ့ဒီလင့်ခ်လေး
ကိုဖွင့်ကြည့်ပြီး.. ကိုယ်နဲ့နာမည်တူတဲ့သူ..ရုပ်ချင်းတူတဲ့သူကိုရှာကြည့်လို့ရပါတယ်...။

စိတ်ကူးမလွဲနဲ့နော်...ကြည့်ဖြစ်အောင်ကြည့်လိုက်ပါအုံး...သိပ်မခက်ပါဘူး..။ first name နဲ့ last name
ရိုက်ထည့်ပြီး citizen box မှာselect countryလုပ်လိုက်ယုံပါဘဲ။ ပြီးရင် search databaseကိုနှိပ်လိုက်
ရင်.ကိုယ်နဲ့နာမည်တူ...ရုပ်ချင်းတူတဲ့ သူရဲ့မှတ်ပုံတင်ကဒ်နဲ့အတူပုံကိုတွေ့ရမှာပါ...ကိုယ်နဲ့ နာမည် တူယုံ
တင် ဘယ်ဟုတ်မလဲ မသိရင်အမွှာလို့ တောင်ထင်မှတ်ရပါတယ်...ရှာကြည့်လိုက်နော် ....ကိုယ်နဲ.တူတဲ့
သူကို တွေ့ ရတယ်ဆို တာ ရှားပါတယ်...ပျော်ရွှင်ကြပါစေ။

http://www.scrolllock.nl/passport/ကိုနှိပ်လိုက်နော် ။

Friday, April 26, 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။
ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။
Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.
ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။
ငွေဖြည့်ရန် code မှာ
*124* ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123# ဖြစ်သည်။
အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွ
က် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။
၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…
 

Friday, March 22, 2013

မာမာအေး----သီချင်းများ



ဇမ္ဓူရစ်ရွှေ – မာမာအေး

01။ ပျို့ မောင်ဖုန်း 
02။ကိုလူပျို
03။တူနှစ်ကိုယ်
04။မောင်ပေါက်ကျိုင်းလိုလူစား 
05။ပန်းလိုမွှေးပါမယ် 
06။ဆည်းဆာ 
07။မန်ဒါလီ 
08။ နှစ်ယောက်တည်း
09။ငိုရင်ပုလဲ ရီယင်ရွဲ 
10။ချစ်သူ့နယ်မြေ
                                                             Mediafire

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 

တရေးချစ်ခွင့်မြင်ရနိုး – မာမာအေး 

01သျှောင်နောက်ဆံထုံးပါ

02။ခါင်းလေးတငြိမ့်

03။တရေးချစ်ခွင့်မြင်ရနိုး

04။တနေ့ပြန်လာမယ်

05။ဆယ်မိုးဆယ်နွေမျှော်လေလေဝေး

06။ယုံရခက်ခက်

07။တနေ့တော့မောင်ပြန်လာမည်

08။ချစ်သူ့နယ်မြေ 

09။လွမ်းသူရဲ့ ပွဲ

                                                              Mediafire

 

******************************************************************************

01။သိကြားသိစေချင်

02။ချစ်အောင်းမေ့မေ့

03။မ့ကွက်ကိုရှာ 

04။မနက်ဖန်မှဆက်၍ငိုမယ်

05။အသံမထွက်သောချစ်စကားလေးများ

06။ချစ်ရင်လဲပြုံးပါကွယ် 

07။လမင်းမှာအလွမ်းဖြေပါမောင်

08။ပိတောက်လမ်း

09။ နှင်းသစ္စာရှင် 

                                                              Mediafire

 

Sunday, March 10, 2013

FormatFactory


မင်္ဂလာပါ
မရှိသေးသောသူများအတွက်သာ ရည်ရွယ်ပါသည်။Windows စံနစ်သုံးတဲ့သူတွေအတွက် Video, Music, Photo စတာတွေကို Format မျိုးစုံကို ပြောင်းလဲပေးနိုင်တဲ့ Format Factory ရဲ့ နောက်ဆုံးထွက် Version ပါ။ Video တွေကို Mobile Devices တွေထဲ ထည့်ပြီးကြည့်တဲ့ကိုကို မမ များအတွက် အထူးအဆင်ပြေပါတယ်။ Software က Free ပေးထားတာပါ။ အခုနောက်ဆုံး Version မှာ video အတွက်ဆိုရင် iPad တွေအတွက် HD Quality ကိုပါ ပြောင်းပေးနိုင်ပါတယ်။ Audio CD တွေကိုလည်း MP3 အဖြစ် Rip လုပ်ပေးနိုင်ပါတယ်။ လက်ရှိ Version မှာ Windows 8 ကို Support လုပ်ပါတယ်။

လေးစားစွာဖြင့် 
      Rဗြဲ
                                          FormatFactory2.9.6 Old Version
                                          FormatFactory 3.0.1 Old Version
                                         FormatFactory 3.10 Final Update

Saturday, March 9, 2013

၇ိုးသားမှုကြောင့် သူဌေးဖြစ်သွားသည့်သူတောင်းစား


အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့ တစ်ဦးသည် ကောက်ရသော စိန်လက်စွပ် ကို
ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။
      
၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က၎င်းအတွက် ရန်ပုံငွေ ရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် ကန်ဒေါ်
လာ ၈၆,၀၀၀ကို ပေးအပ်ခဲ့သည် ဟု သိရသည်။ မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟား
ရစ်သည် ၎င်း ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟုသိရသည်။
      
၎င်း၏ ရိုးသားမှု   ဂုဏ် သတင်း အား လက်စွပ် ပိုင်ရှင် ဆာရာဒါလင်က အများ သိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေ
ကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က စတင်ခဲ့သည် ဟုသိရသည်။ ၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်
သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နူးကြသည် ဟုသိရသည်။
      
ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင် ရှိသည်ဟုသိရသည်။
(pyimyanmar  -- မှ )
သယ်ရင်းတို့ကော ရိုးသားရဲ့လား ရိုးသားရင်သဌေးဖြစ်ဖို့နီးစပ်ပြီ
လေးစားစွာဖြင့်
        Rဗြဲ

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ