Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Monday, August 19, 2013

Windows ၏ လျှို့ဝှက်ချက်များ

Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။

အခြားကွန်ပျူတာကို Shut down လုပ်ချင်ရင်


အခြား PC ကို command prompt သုံး ပြီး shut down သို့မဟုတ် restart လုပ်လို့ရ ပါတယ်။ အဲဒီ ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားဖို့တော့ လိုမယ်။
ပထမဦးဆုံး ကိုယ်ကလှမ်းပြီး ထိန်းချုပ်ချင်တဲ့ ကွန်ပျူတာ ဖွင့်ထားသလား ကြည့်ပါ။ ပြီးတော့ network ရသလားကြည့် ပါ။ အဲဒီ ကွန်ပျူတာရဲ့ အမည် (hostname) ကို သိဖို့လိုပါတယ်။ သူ့ hostname ကို သိရင် ကိုယ့်ကွန်ပျူတာမှာ cmd ကို ဖွင့်ပြီး shutdown/i လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီ အချိန်မှာ Remote Shutdown Dialog box တစ်ခုပေါ်လာလိမ့်မယ်။ Add ကို click လုပ်လိုက်ပါ။ အဲဒီမှာ ကိုယ်လှမ်းပိတ်ရမယ့် ကွန်ပျူတာရဲ့ hostname ကို ရိုက်ထည့်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ပျော်စရာ နောက်ပြောင်လို့ရပါတယ်။ ဘာမှန်းမသိ ကွန်ပျူတာ ပိတ်သွားလို့ပါ။
Shutdown လုပ်မှာလား၊ Restart လုပ်မှာလားရွေးပါ။ ချက်ချင်းပိတ်ချင်ရင် command prompt မှာ shutdown/s/m\\ လို့ ရိုက်ပြီးရင် ကိုယ်လှမ်းပိတ်မယ့် PC ရဲ့ hostname ကို ရိုက်ထည့်ပါ။
ဥပမာ shutdown/s/m\\RobertsPC လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ဟိုဘက်က PC ကို လှမ်းပိတ်လိုက်ပါပြီ။
တကယ်လို့ Restart လုပ်ချင်ရင်တော့ Shutdown/r/m//.... ဆိုပြီး ရိုက်ထည့်နိုင်ပါတယ်။
ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Network နဲ့ PC အကြောင်း သိချင်ရင်

ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ၊ internet connection တွေ၊ website တွေ အကြောင်းသိချင်ရင် အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး စုံစမ်းနိုင်တာ command prompt နည်းပါ။ cmd ကို ခေါ် ပြီးရင် ipconfig/all ဆိုတာ ရိုက်ထည့်ကြည့်ပါ။ IP နဲ့ DNS server address တွေအားလုံး ကျလာပါလိမ့်မယ်။
 
ကိုယ့်ကွန်ပျူတာထဲက system ကို သိချင်ရင်လည်း ကြည့်လို့ရပါတယ်။ Install လုပ်တဲ့ နေ့စွဲ၊ boot time နဲ့ memory ဘယ်လောက်ရနိုင်သလဲဆိုတာတွေကို သိချင်ရင် systeminfo လို့ ရိုက်ထည့်ပြီး Enter ခေါက်ကြည့် လိုက်ပါ။
ပျက်နေတဲ့ System File တွေကို ပြင်ချင်ရင်

Windows က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ DLL ဖိုင်တွေပျောက်ရင် error message တွေ မကြာခဏပေါ်လာ တတ်ပါတယ်။ ဒါဆိုရင် System File Checker ကိုဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်း ခိုင်းရပါတယ်။ Command Prompt ကို ဖွင့်ပါ။ Administrator mode ထဲကို ဝင်ရပါ မယ်။ ရှေ့ပိုင်းမှာ ဝင်ပုံဝင်နည်း ပြောခဲ့ပြီးပြီ။ sfc/scannow လို့ ရိုက်ထည့်လိုက်ပါ။ ဖိုင်တွေပျက်နေတာတွေကို system ထဲဝင် ပြီးတော့ ပြင်ပေးသွားပါလိမ့်မယ်။ အနည်းဆုံး စစ်ဆေးပြင်ဆင်ချိန် မိနစ် ၂ဝ လောက် ကြာတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ စောင့်ဖို့ လိုပါတယ်။

ဟာ့ဒ်ဒစ်တွေကို defrag လုပ်ချင်ရင်

Defragmenting လုပ်တယ်ဆိုတာတော့ သိမှာပါ။ ဟာ့ဒ်ဒစ်တွေထဲက ဖိုင်တွေကို စနစ်တကျဖြစ်အောင် ပြန်ပြီး စီစဉ်တကျထားရင် ကွန်ပျူတာပိုပြီး မြန်ဆန်တတ်ပါတယ်။ မကြာမကြာလုပ်ဖို့တော့ မလိုပါဘူး။ တစ်ခါ တစ်လေ လုပ်ဖို့ပါ။ Command ထဲဝင်ပြီးရင် defrag C:/.. ဆိုပြီး ရိုက်ထည့်ပါ။ နောက်က အစက်တွေကတော့ ကိုယ် defrag လုပ်ချင် တဲ့ drive အမည်ကို ရိုက်ထည့်ဖို့ပြောတာပါ။ ဥပမာ defrag C:/d ဆိုတာမျိုးပေါ့။
အဲဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ drive ကို size ကဘယ်လောက်၊ free space က ဘယ်လောက်လိုတယ်၊ စုစုပေါင်း fragmented လုပ်ပေးမယ့် space ကဘယ် လောက်၊ defrag လုပ်ဖို့ လို-မလိုဆိုတာတွေ ကို ပြောပါ လိမ့်မယ်။
Windows Disk Defragmenter tool ဆိုတာ Windows ထဲမှာလည်း ရှိပါတယ်။ အဲဒီ application ကို တိုက်ရိုက်သုံးရင်လည်း ရပါတယ်။
Folder တစ်ခုထဲက ပါဝင်တဲ့ အကြောင်း အရာတွေကို Print လုပ်ခိုင်းချင်ရင်
Folder ထဲမှာ ဘာဖိုင်တွေရှိတယ်ဆိုတာ သိချင်ရင် လွယ်ပါတယ်။ အထူးသဖြင့် folder ထဲမှာ ဖိုင်တွေ အများကြီးထည့်ထားရင်ပေါ့။
ပထမဦးဆုံး ကိုယ်သိချင်တဲ့ folder ကို Shift အရင်နှိပ်ပြီးမှ right-click လုပ်ပါ။ “Open command window here” ဆိုတာကို ရွေးပါ။ Commanf Prompt ပေါ်လာရင် dir လို့ ရိုက်ထည့်ပါ။ အဲဒီမှာ ဖိုဒါထဲရှိတဲ့ ဖိုင် စာရင်းပေါ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် print.txt လို့ ဆက်ရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Notepd နဲ့ ဖိုင်စာရင်းပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင် print ထုတ်ကြည့်လို့ရပါပြီ။
ကွန်ပျူတာပေါ်မှာ ဘာတွေ Run နေတယ် ဆိုတာ သိချင်ရင်

ကိုယ့် PC ပေါ်မှာ ဘယ်လို ပရိုဂရမ်တွေ၊ service တွေရောက်နေတယ်ဆိုတာ သိချင်ရင် command line မှာ net start လို့ ရိုက်ထည့်ကြည့်ပါ။ ကိုယ်ဆက်ပြီး run မလုပ်စေချင်တဲ့ net stop လို့ရိုက်ပြီး နောက်က ရပ်စေ ချင်တဲ့ ပရိုဂရမ်ကို ရိုက်ထည့်ရပါ လိမ့်မယ်။ ဥပမာ net stop Superfetch စသည်ဖြင့်ပေါ့။ Administrator mode ထဲ ဝင်ပြီး လုပ်မှရပါလိမ့်မယ်။
User Password ကိုပြောင်းချင်ရင်

ကိုယ်သုံးနေတဲ့ ကွန်ပျူတာမှာ password ကိုမေ့သွားရင် Command Prompt ထဲမှာ ပြင်နိုင်ပါတယ်။ ပထမဦးဆုံး command prompt ထဲမှာ net user ဆိုပြီး ရိုက်ထည့်ရပါမယ်။ နောက်တစ်ကြိမ် net user တစ်ကြိမ် ထပ်ရိုက်ထည့်ပြီးရင် user name နဲ့ password အသစ်ကို ပေးရပါလိမ့် မယ်။ ဥပမာ net user Tin ......... လို့ ရိုက် ထည့်ပေးရမယ်။ ....... တွေကတော့ password အသစ်ကို ပြောတာပါ။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Administrator  ထဲ မှာပဲ လုပ်လို့ရတယ်။ ကိုယ်ပေးတဲ့ password ကို မှတ်ထားဖို့ လိုပါတယ်။ ကွန်ပျူတာ ပြန်ဖွင့်ရင် ပြောင်းထားတဲ့ password ကို ရိုက်ထည့်မှရပါတယ်။
Command Prompt window ကို ပုံစံပြောင်းချင်ရင်

Command Prompt က အဖြူ အမည်း ပုံစံအတိုင်းပဲတွေ့ရမှာပါ။ အဲဒါကို ရိုးတယ် ထင်လို့ ပြင်ချင်ရင် ရပါတယ်။ Command Prompt ကို ခေါ်ပြီးရင် ဘယ်ဘက် window ထိပ်နား မှာရှိတဲ့ icon ကို click လုပ်ပြီး Properties ကို ရွေးလိုက်ပါ။ Colors ဆိုတဲ့ tab ကို click ကို ရွေးလိုက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးမျိုး အရောင်တွေ၊ စာလုံးတွေ ကို ရွေးချယ်လို့ရပါတယ်။ Font အရွယ် အစား ပုံစံတွေလည်း ပြောင်းလို့ရတယ်။ Window အရွယ်အစားနဲ့ ပုံစံကိုလည်း ပြောင်းနိုင်ပါတယ်။

Internet ကိုလုံခြုံစိတ်ချစွာအသုံးပြုခြင်း

အင်တာနက်ကို လုံခြုံစိတ်ချစွာ အသုံးပြုခြင်း

အင်တာနက်ကို အသုံးပြုတဲ့အခါမှာ အသုံးပြုသူအနေနဲ့ spyware များကို ရယူမိခြင်း၊ malware များကို download ပြုလုပ်မိခြင်းနဲ့ လိမ်လည်မှု ပြုလုပ်နိုင်တဲ့  ဆိုက်များသို့ လည်ပတ် ရောက်ရှိမိခြင်းတို့ဟာ အသုံးပြုသူကိုယ်တိုင် သတိမမူမိဘဲ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမဲ့ ရိုးရှင်းတဲ့ ကြိုတင်ကာကွယ်မှု တချို့ကို ပြုလုပ်ထားမယ် ဆိုရင်တော့ မည်သည့် click ကိုမဆို ကြောက်ရွံ့ခြင်း မရှိဘဲ နှိပ်ကာ အင်တာနက် အသုံးပြုရာမှာ လုံခြုံစိတ်ချစွာနဲ့ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။

Browser ရဲ့ Security Feature များကို နားလည်အောင် လေ့လာပါ။ Browser အများစုမှာ အခေါ်အဝေါ်တွေ ကွဲပြားပြီး လုပ်ဆောင်ချက် တူညီတဲ့ security function တွေ ပါဝင်ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြမယ့် feature  တွေကတော့ Internet Explorer, Mozilla Firefox နဲ့ Google Chrome တို့ကို အဓိကထားကာ ဖော်ပြခြင်း ဖြစ်ပါတယ်။

အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်များ အန္တရာယ်မှ ကာကွယ်ခြင်း

Browser အားလုံးလိုလိုမှာ malware နဲ့ phishing scam တွေ ပါဝင်တဲ့ အန္တရာယ်ရှိတဲ့ ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းကို ကာကွယ်ပေးနိုင်မယ့် security feature တွေ ပါဝင်ပါတယ်။ အသုံးပြုသူမှ အန္တရာယ်ရှိတဲ့ ဆိုက်တစ်ခုထံ လည်ပတ် ရောက်ရှိမိတဲ့အခါမှာ browser ဟာ အနီရောင် သတိပေးစာတန်းတစ်ခုနဲ့ ဖော်ပြမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အချက်များကတော့ browser တစ်ခုချင်းစီရဲ့ သတိပေးဖော်ပြချက်များ ဖြစ်ပါတယ်။ Internet Explorer 8 ဟာ အန္တရာယ်ရှိတဲ့ ဝက်ဘ်ဆိုက်တွေကို block ဖို့အတွက် Smart Screen Filter ကို အသုံးပြုပါတယ်။ Firefox ကတော့ malware နဲ့ phishing အပြင် တခြား security feature များအတွက် အနီရောင် သတိပေးတားမြစ်ချက်ကို အသုံးပြုပါတယ်။Chrome ကတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဆိုက်များထံ လည်ပတ်ရောက်ရှိခြင်းမှ ကာကွယ်ရန်အတွက် သတိပေးစာတန်းအပြင် sandboxing လို့ခေါ်တဲ့ security feature ကို အသုံးပြုပါတယ်။

Browser ကို အမြဲ update လုပ်ပါ။

Malware အသစ်တွေနဲ့ phishing ခြိမ်းခြောက်မှုသစ်တွေဟာ အမြဲလိုလို ထွက်ပေါ်လေ့ရှိတာကြောင့် အင်တာနက် အသုံးပြုသူများရဲ့ browser ကို အမြဲ update လုပ်ဖို့ လိုပါတယ်။

ဒိုမိန်းနာမည်တွေကို စစ်ဆေးပါ။

အန္တရာယ်ရှိတဲ့ ဆိုက်တွေဟာ ၎င်းတို့ကို တရားဝင် ဝက်ဘ်ဆိုက်များအဖြစ် အသုံးပြုသူများ ယုံကြည်စေရန်အတွက် မျက်စိမှောက်မှားစေနိုင်တဲ့ ဒိုမိန်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ www.bankofamerican.com  ဖြစ်ပါတယ်။ ဒါပေမဲ့ ဒိုမိန်းအစစ်ရဲ့အမည်ဟာ "n" မပါတဲ့ www.bankofamerica.com ပါ။ အင်တာနက် အသုံးပြုသူများအနေနဲ့ content များကို download လုပ်ခြင်း၊ ဘဏ် account ဒါမှမဟုတ် အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ခြင်းစတာတွေကို ပြုလုပ်တဲ့အခါမှာ အဆိုပါ ကိစ္စရပ်များကို မပြုလုပ်မီ ဒိုမိန်းအမည် စစ်ဆေးခြင်းကို သေချာစွာ ပြုလုပ်သင့်ပါတယ်။ Internet Explorer 8 မှာ ဒိုမိန်းအမည်များကို စစ်ဆေးရန်အတွက် Domain Highlighting လို့ခေါ်တဲ့ feature ပါဝင်ပါတယ်။

Download ပြုလုပ်ခြင်းအတွက် ကြိုတင်ကာကွယ်မှု

ကွန်ပျူတာများထံ malware, spyware နဲ့ adware တွေ ဝင်ရောက်လာနိုင်တဲ့ နည်းလမ်းတွေအနက် အလွယ်ကူဆုံး နည်းလမ်းတစ်ခုကတော့ download ပြုလုပ်ခြင်းမှ ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုသူများအနေနဲ့ ကွန်ပျူတာအတွင်းသို့ ဆော့ဖ်ဝဲပရိုဂရမ်၊ နောက်ဆုံးပေါ် ပေါ့ပ်သီချင်းနဲ့ နာမည်ကျော်ဂိမ်းစတဲ့ content တွေကို download မပြုလုပ်မီ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်ပါတယ်။ အကောင်းဆုံး ကာကွယ်မှုစနစ်ကတော့ ကွန်ပျူတာအတွင်း update ဖြစ်တဲ့ security program များကို အသုံးပြုခြင်းနဲ့ firewall ဖွင့်ထားခြင်းတို့ ဖြစ်ပါတယ်။

အင်တာနက် အသုံးပြုမှုများအား ခြေရာခံနိုင်တယ် ဆိုတာကို သိထားပါ။ အင်တာနက်ပေါ်မှာ ကြည့်ရှုထားသမျှ ဒါမှမဟုတ် click လုပ်ထားသမျှကို တခြားသူများကနေ ခြေရာခံ ရှာဖွေနိုင်ပါတယ်။ တချို့ကတော့ ဝက်ဘ်ဆိုက်ကို အချိန်တိုအတွင်း ပြန်ဖွင့်နိုင်ရန်အတွက် လည်းကောင်း၊ တချို့ကတော့ အချက်အလက် စုဆောင်းခြင်းနဲ့ အချက်အလက်များ ခိုးကြည့်ခြင်းတို့အတွက် အသုံးပြုပါတယ်။ ဥပမာတချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ဝက်ဘ်ဆိုက်တစ်ခုဟာ တိကျ သေချာတဲ့ အချက်အလက်ကို မှတ်မိစေရန်အတွက် ကွန်ပျူတာအတွင်း cookie တစ်ခုကို ထားလေ့ရှိပါတယ်။ ဒါမှသာ နောက်တစ်ခါ ဆိုက်ကို ပြန်ဖွင့်ရာမှာ ပိုမိုချောမွေ့စွာနဲ့ ပြုလုပ်စေနိုင်ပါတယ်။

- Amazon, eBay စတဲ့ ဝက်ဘ်ဆိုက်တွေဟာ အသုံးပြုသူ စိတ်ဝင်စားတဲ့ အချက်အလက်တွေကို စုဆောင်းထားပါတယ်။ ဒါမှသာ အသုံးပြုသူ ကြိုက်နှစ်သက်နိုင်မယ့် ထုတ်ကုန်များနဲ့ ရုပ်ရှင်များကို အကြံပြု ဖော်ပြပေးနိုင်မှာပါ။

- Google ဟာ ကုမ္ပဏီများထံ ကိန်းဂဏန်း အချက်အလက်များကို ထောက်ပံ့ပေးရန်အတွက် အင်တာနက် လုပ်ဆောင်မှုများကို ခြေရာခံကာ လေ့လာဆန်းစစ်မှုများ ပြုလုပ်ပါတယ်။ ယင်းကုမ္ပဏီတွေဟာ အဆိုပါ အချက်အလက်များကို အသုံးပြုပြီး ဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ကို ပြုလုပ်ပါတယ်။

- ပရိုဂရမ်တစ်ခုကို download ပြုလုပ်ခြင်းနဲ့ ဝက်ဘ်ဆိုက် တစ်ခုအတွက် sign up ပြုလုပ်ခြင်းဟာလည်း အဆိုပါပရိုဂရမ်နဲ့ ဆိုက်များကနေပြီး ကြော်ငြာခြင်းအတွက် အသုံးပြုသူရဲ့ အချက်အလက်များက third-party များကနေပြီး ရရှိစေနိုင်တဲ့အချက် ဖြစ်ပါတယ်။

- ကွန်ပျူတာတစ်လုံးကို တခြားသူများထံ မျှဝေ အသုံးပြုခြင်းဟာလည်း အသုံးပြုသူရဲ့ အင်တာနက်အသုံးပြု မှတ်တမ်းများကို လေ့လာ ဆန်းစစ်နိုင်စေမယ့် အချက်ပါ။

- Malware နဲ့ spyware အများစုကို ID ခိုးယူခြင်းအတွက် အသုံးပြုနိုင်တဲ့ အကြွေးဝယ်ကတ် နံပါတ်များနဲ့ bank account password လိုမျိုး အရေးကြီးတဲ့ အချက်အလက်တွေကို ခြေရာခံရယူခြင်းအတွက် အသုံးပြုကြပါတယ်။ ဒါကြောင့် အင်တာနက် အသုံးပြုပြီးတဲ့အခါမှာ cookie များနဲ့ အင်တာနက် အသုံးပြုမှုမှတ်တမ်း (browsing history) များကို ဖျက်ပစ်ခြင်း ဒါမှမဟုတ် private browsing ဖြင့် အင်တာနက် အသုံးပြုခြင်းတို့က ပြုလုပ်သင့်ပါတယ်။

Cookie များကို ထိန်းချုပ်ခြင်း ဝက်ဘ်ဆိုက်အများစုဟာ cookies လို့ခေါ်တဲ့ သေးငယ်တဲ့ text file တွေကို ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပါတယ်။ Cookies ဟာ အသုံး ပြုသူရဲ့ကွန်ပျူတာနဲ့ ဝက်ဘ်ဆာဗာကို ဆက်သွယ်ရာမှာ အကူအညီပေး နိုင်သလို အင်တာနက် အသုံးပြုမှုများအတွက် ခြေရာခံတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ Browser အားလုံးတိုင်းမှာ ကွန်ပျူတာမှ cookie တွေကို ထိန်းချုပ်ခြင်း၊ တားမြစ်ခြင်းနဲ့ ဖျက်ပစ်ခြင်းတို့ ပြုလုပ်နိုင်မယ့် tool တွေ ပါဝင်ပါတယ်။

Private Browsing ကို အသုံးပြုခြင်း

Browser အများစုမှာ အင်တာနက်ကို private အနေနဲ့ သုံးနိုင်မယ့် tool option တစ်ခု ပါဝင်ပါတယ်။ Private Browsing ဖြင့် အင်တာနက် အသုံးပြုတဲ့အခါမှာ -

- လည်ပတ် ကြည့်ရှုခဲ့တဲ့ စာမျက်နှာများကို History နဲ့ Address Bar တွင် မှတ်သား သိမ်းဆည်းထားမှု မရှိခြင်း။

- အင်တာနက် အသုံးပြုမှု ပြီးဆုံးပြီး browser ကို ပိတ်လိုက်တဲ့အခါ မှာ cookie များကို ပယ်ဖျက်ပေးခြင်း။

- အင်တာနက် အသုံးပြုမှု ပြီးဆုံးသည့် အခါတွင် temporary internet file များကို သိုလှောင်ထားသည့် Cache ကို ရှင်းလင်းပေးခြင်း။

- Password အပါအဝင် form များ၊ search bar များနှင့် text box များတွင် ထည့်သွင်းထားသည့် စာများအား မှတ်သား သိမ်းဆည်းထားမှုမရှိခြင်း။

- Download window နဲ့ folder ရှိ download စာရင်းများကို ပယ်ဖျက်ပေးခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

လုံခြုံမှုရှိစေမည့် Password များကို အသုံးပြုပါ။

အင်တာနက် အသုံးပြုသူများဟာ password တစ်ခုကို ဖန်တီးရာမှာ တိုတောင်းပြီး မှတ်မိလွယ်စေတဲ့ password များနဲ့ account တိုင်းမှာ အသုံးပြုတဲ့ တူညီတဲ့ password များဖြင့် ဖန်တီး အသုံးပြုလေ့ ရှိပါတယ်။ ဒီ password တွေကို သာမန်လူတွေအနေနဲ့ ခန့်မှန်းရ မလွယ်ကူပေမယ့် ဟက်ကာများ အနေနဲ့ကတော့ password-cracking software ကို အသုံးပြုပြီး ကွဲပြားခြားနားတဲ့ password များဖြင့် စမ်းသပ်ကာ အားနည်းတဲ့ password တွေကို အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်။ ဒါကြောင့် password တွေကို ဖန်တီးတဲ့အခါမှာ ခန့်မှန်းရ ခက်ခဲစေမယ့် password တွေကို ဖန်တီးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်ရေးအချက်အလက်တွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်တွေ ခိုးယူခံရခြင်း ဘေးအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ခန့်မှန်းရ ခက်ခဲစေတဲ့ password တွေကို ဖန်တီးတဲ့အခါမှာ အောက်ဖော်ပြပါ အချက်အလက်များအတိုင်း လိုက်နာဖို့ လိုပါတယ်။

- တူညီတဲ့ password တွေကို account တိုင်းမှာ အသုံးမပြုပါနဲ့။ အကယ်၍ တူညီတဲ့ password တွေကို အသုံးပြုတဲ့အခါမှာ တစ်စုံတစ်ဦးကနေ account တစ်ခုရဲ့ password ကို သိသွားတဲ့အခါ တခြား account များရဲ့ password များကို အလိုအလျောက်သိပြီးသား ဖြစ်သွားပါလိမ့်မယ်။

- ရှည်လျားတဲ့ password ကိုသုံးပါ။ Password တစ်ခုကို ဖန်တီးရာမှာ အနည်းဆုံး အက္ခရာ ၆ လုံး ရှိဖို့လိုပါတယ်။ ပိုပြီး လုံခြုံမှုရှိစေလိုရင်တော့ အနည်းဆုံး အက္ခရာ ၁၂ လုံး သတ်မှတ်ပြီး password ကို ဖန်တီးသင့်ပါတယ်။

- ကိန်းဂဏန်းများ၊ သင်္ကေတများအပြင် uppercase နဲ့ lowercase စာလုံးများ ပါဝင်အောင် ကြိုးစား ထည့်သွင်းဖန်တီးပါ။

- အဘိဓာန် (dictionary) မှာ ရှာဖွေနိုင်တဲ့ စကားလုံးများကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။


- အသုံးပြုသူရဲ့ နာမည်၊ မွေးနေ့၊ အိမ်ထောင်ဘက်အမည် စတဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်း အသုံးမပြုပါနဲ့။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ထည့်သွင်း အသုံးပြုခြင်းဟာ password ကို ခန့်မှန်းခြင်းအား အလွယ်တကူ ပြုလုပ်စေနိုင်ပါတယ်။

- "susan123" လိုမျိုး ခန့်မှန်းရလွယ်တဲ့ password တွေကို အသုံးပြုခြင်းမှာ ရှောင်ကြဉ်ပါ။

- Password တွေကို ရေးမှတ်ပြီး သိမ်းဆည်းထားတဲ့အခါမှာ လုံခြုံ စိတ်ချရတဲ့နေရာမှာ ထားပါ။ Password တွေကို encrypt လုပ်ခြင်း ဒါမှမဟုတ် နားလည်ရခက်စေတဲ့ password ရဲ့အရိပ်အမြွက်ကို ရေးမှတ်ထားခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

- Password တွေကို ကိုယ်တိုင် စဉ်းစားပြီး အသုံးပြုခြင်းထက် password generator ကို အသုံးပြုပြီး random password တွေကို ဖန်တီးပါ။ ဒီ password တွေဟာ မှတ်သားရ ခက်ခဲပေမယ့် စာလုံးပေါင်း ပုံစံကဲ့သို့သော နည်းလမ်း မှတ်သားထားနိုင်ပါတယ်။ ဥပမာ H=jNp2# ဆိုတဲ့ random password ကို HARRY = jessica Nokia paris 2 # ဆိုပြီး မှတ်သားထားနိုင်ပါတယ်။
ရွှေမန်းမြေမှပြန်လည် ဝေမျှပါသည်။
အားလုံးကိုလေးစားတဲ့Rဗြဲ

GUITER GURU တဲ့










မဂ်လာပါ
ဂစ်တာစိတ်ဝင်စားသူများအတွက် Guiter Guru ဆိုတဲ့ ဂီတာ lessons လေးတင်ပေးလိုက်ပါတယ်။ဖိုင်ဖြည်လို့PASSWORD တောင်းရင် ကျွန်တော့်နာမည် rvare လို့သာရိုက်ထည့်လိုက်ပါ။ သုံးရတာအဆင်မပြေရင်cbox မှာအော်ခဲ့ပါ ပြောပြပေးပါ့မယ်။အခု ကျွန်တော့မျက်လုံးကအိပ်တော့လို့သတိပေးနေလို့
အိပ်ရတော့မယ်။
                                                             Mirrorcreator

GIF TOOLS AIO

 သယ်ရင်းတို့အတွက်happy new year လက်ဆောင်လေးပေးလိုက်ပါရစေဗျား။ဒါလေးက ဘာလေးလဲဆိုတော့ gif tool လေးပါ။ မိမိတို့mobileဖုန်းတွေ ကွန်ပြူတာတွေမှာ photo လေးတွေဟာ ပုံအသေမဟုတ်ပဲ လုပ်ရှားနေတဲ့ ပုံအရှင်လေးတွေ သယ်ရင်းတို့တွေ့ဖူး ကြမှာပေါ့။ အဲဒီလို ပုံလေးတွေကို သယ်ရင်းတို့ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးစေဖို့ဒီsoftware လေးက ကူညီပါလိမ့်မယ်။software ကိုဖြည်လိုက်ရင် သီချင်းလေးနဲ့အပေါ်ကပုံလေးအတိုင်း တွေ့ရပါလိမ့်မယ်။program(8)မျိုးပေးထားပါတယ်။သယ်ရင်းတို့ ကြိုက်တဲ့ ဒီဇိုင်းကိုရွှေးပြီးrunလိုက်ယုံပါပဲ။ အချိန်မရလို့ အရှည်ကြီးရှင်းမပြနိုင်တာနားလည်ပေးစေချင်ပါတယ်။အဆင်ပြေကြပါစေဗျား။

                                             Megashares (P--rvare)  ၊   Filebox
                                                                  

                                                      

                                                       

Acebyte Utilities 3.0.7 Full Version

                                                         မင်္ဂလာပါ
ကျွန်တော်အခုတင်ပေးလိုက်တဲ့ software က PC Cleaner လေးပါ ။သူ့ရဲ့ function တွေကတော့အများကြီးပါပဲ။Disk Defragment ၊ Memory Manager၊ Auto Shutdown ၊
Unlocker ၊ Uninstall Manager ၊ File Splitter ၊ Disk Check ၊ Disk Cleaner ၊ Registry Cleaner ၊ Driver Backup ၊Registry Defrgment အားလုံးပါပါတယ်။ စမ်းကြည့်နိုင်ပါတယ်။ဖိုင်ဆိုဒ်က 16 Mb ပဲရှိပါတယ်။နမူနာပုံလေးတွေ တင်ပေးလိုက်ပါတယ်




                                   Filebox Megashares (p--rvare) ၊  Mirrorcreator

Monday, July 29, 2013

လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း





facebook သုံးတဲ့သယ်ရင်းများ ဆောင်ထားရမဲ့ စာအုပ်လေးပါ။ facebook အဟပ်မခံရအောင်
ကာကွယ်ဖို့လမ်းညွှ်ပေးမဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။
လေးစားစွာဖြင့်
       Rဗြဲ

                                   Megashares (P--rvare)  ၊  Mighty  ၊  Mediafire


Sunday, July 28, 2013

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...


၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ
လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...

၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း....


From
www.mmdailystar.com

Nero Burning ROM 12 Portable


မင်္ဂလာပါ
CD/DVD Burn ချင်သောသူများ ပေါ့ပေါ့ပါးပါးသုံးလို့ရအောင် Nero 12 Portable လေးကိုတင်ပေးလိုက်
ပါတယ်။ဖိုင်ဆိုဒ်က 26 Mb ပဲရှိပါတယ်။ အောက်က သယ်ရင်းတို့ကြိုက်နှစ်သက်ရာ Link ကို Click ပြီး down နိုင်ပါပြီ။
လေးစားစွာဖြင့်
         Rဗြဲ


                                         MightyMegasharesFilebox

Frame Photo Editor v5.0.0 Portable

မင်္ဂလာပါ
အရမ်းချောအရမ်းလှတဲ့သယ်ရင်းတို့ Photo တွေကို အရမ်းလန်းအရမ်းဂွမ်းတဲ့ Frame လေးတွေနဲ့ ရွှိုင်းကြည့်ရအောင် ပေါ့ပေါ့ပါးပါး Portable လေးပါပဲ။ဆွဲထားလိုက်နော် Link မသေခင်။ OK....
လေးစားစွာဖြင့်
       Rဗြဲ
                                                           
                                         Megashares(p--rvare)FileboxMighty
                                                   RaR Password= rvare

Power ISO 5.6 With Keygen,Serial Full Version

မင်္ဂလာပါ
ဒီ Software က image file formats တွေ Vedios တွေကို Burn လို့ရပါတယ်။
သူ့မူရင်းဆိုဒ်မှာညွှန်းထားတာတွေကတော့အများကြီးပါပဲ။ကျွန်တော်လဲလက်ရှိဒီကောင်လေးပဲသုံးနေပါတယ်။
ဖိုင် Size က  5 Mb ကျော် လောက်ပဲရှိပါတယ်။
လေးစားစွာဖြင့်
     Rဗြဲ
                                                      FileboxMegashares

Saturday, July 27, 2013

Team Viewer 7

မိမိစက်ကနေ အခြားစက်တစ်လုံးကို ထိန်းချူပ်နိုင်တဲ့ Software လေးပါ။ မိမိစက်ပြဿနာတက်ရင်
မိမိယုံကြည်စိတ်ချရတဲ့ နားလည်တတ်ကျွမ်းသူ ကိုအကူအညီတောင်းပြီး ဖြေရှင်းနိုင်ပါတယ်။ဖိုင်ဖြည်လို့ Password တောင်းရင် rvare လို့ရိုက်ထည့်လိုက်ပါ။
                                                        

                                                               Filebox                                                     RaR Password = rvare

မိဘများ စဉ်းစားကြဖို့ပါ




                                           { မိဘများ စဉ်းစားကြဖို့ပါ }
                                          ===============

မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...

" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။

ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။

အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။

တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....

" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "

ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ

လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။

" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "

မိဘများလည်း စဉ်းစားကြဖို့ပါ။

ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ..

သည်းထန် - The Yangon Times Daily

Credit to : The Yangon Times Daily
လေးစားစွာဖြင့်
Rဗြဲ

Friday, July 19, 2013

Window 7 Loader

မင်္ဂလာပါ
သယ်ရင်းတို့ window 7 Background Screen မှာ အမဲရောင်ကြီးဖြစ်သွားရင်၊အမဲရောင်ကြီးဖြစ်သွားပြီး
တော့ Background ပုံတစ်ပုံ သယ်ရင်းတို့ပြန် Change လိမ့်မယ်။ Change ပြီးသွားလို့ မကြာပါဘူး
ပြန်မဲသွားခဲ့ရင် ဘာမှလုပ်စရာမလိုပါဘူး။ဒါလေးသာDown ပြီး Run လိုက်ပါ မမဲတော့ပဲ နဂိုအတိုင်းပြန်ကောင်းသွားပါလိမ့်မယ်။အောက်ကလင့်များမှာDown နိုင်ပါပြီ။
လေးစားစွာဖြင့်
   Rဗြဲ
                                                          Link(1)Link(2)

Window 7 Manager 4.2.9 Final Update

မင်္ဂလာပါ
Win 7 သုံးသူသယ်ရင်းများအတွက် Window 7 Manager Final Update လေးတင်ပေးလိုက်ပါတယ်။
ဘာအတွက်သုံးတယ်ဆိုတာ သယ်ရင်းတို့သိပြီးဖြစ်ပါလိမ့်မယ်။ 7 သုံးသောသူများဆောင်ထားသင့်ပါတယ်။
 Full သုံးလို့ရအောင် Keygen ပါထည့်ပေးထားပါတယ်။အောက်က Link များမှာ Down နိုင်ပါပြီ။
လေးစားစွာဖြင့်
     R ဗြဲ
                                                              
                                                       
                                                Link(1)  ၊  Link(2)  ၊ Link(3)

Wednesday, July 17, 2013

Blogger ဘ၀ နှင့် စေတနာ

ကျွန်တော်ဒီနေ့တော့ ဘလော်ဂါများရဲ့ ကိုယ်စား နည်းနည်းလောက်ပြောချင်ပါတယ်
ကျွန်တော်တို့ မြန်မာနိုင်ငံက အခြားနိုင်ငံတွေထက် အစစအရာရာ နောက်ကျခဲ့တဲ့အလျောက်
နည်းပညာ ပိုင်းမှာလည်း အရမ်းကို နှောင့်နှေးပါတယ် လက်ရှိအချိန်ထိပေါ့
အဲဒီလို နည်းပညာပိုင်းအားနည်းမှုတွေကြောင့် တကယ်တော်သူတွေ
တကယ်ထက်မြက်သူတွေက မြန်မာနိုင်ငံမှာ အလုပ်မလုပ်ကြပါဘူး
သူတို့ ပညာနဲ့ တန်မယ့် လခကို ယူဖို့အတွက် အခြားသောတိုင်းပြည်ကို
ထွက်သွားကြပါတယ် ဒါပေမယ့် မြန်မာလူမျိုးတွေကိုတော့ သူတို့ တိုးတက်စေချင်ကြပါတယ်
ဒါကြောင့် သူတို့ သိတာလေးတွေကို မသိတဲ့သူတွေအတွက် ဝေမျှဖို့
blog တွေလုပ် website တွေ ရေး Facebook မှာ Group တွေဖွဲ့ပြီးတော့
လုပ်ပေးကြပါတယ်။ ဒါက သူတို့ရဲ့ အချိန်တွေတစ်စွန်းတစကို အခြားသူတွေအတွက်
ပေးဆပ်နေတာပါ မြန်မာပြည်ကနေဘလော့ရေးနေသူတွေလည်း အများကြီးပါ
လိုင်းကောင်းလို့ ဘလော့ရေးသူတွေရှိသလို လိုင်းမကောင်းပေမယ့် 
မရရအောင် ဖုန်းဘေတွေအကုန်ခံပြီး အချိန်တွေ အကြာကြီးပေးဆပ်နေသူတွေလည်း
ကျွန်တော်အပါအ၀င်အများကြီးပါ နိုင်ငံခြားက ဘလော့တင်သူတွေက အင်တာနက်လိုင်းကောင်း
တော့အဆင်ပြေကြတယ်  ငွေကြေးလည်း သိပ်မကုန်ကျပါဘူး။။
ကျွန်တော်တို့ကျတော့ ကောင်းတစ်ခါ မကောင်းတစ်လှည့်နဲ့
ရေးနေကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်သိတာလေးတွေကို အများကို မျှဝေစေချင်တဲ့
ဆန္ဒတွေနဲ့သာ လျှောက်လှမ်းနေကြတာပါ အဲဒီအတွက် ကျွန်တော်တို့မှာ
အချိန်တွေ ငွေကြေးတွေ အများကြီးရင်းနှီးထားရပါတယ်။ ကိုယ်ပိုင်အချိန်အချို့ကိုတောင်
လျစ်လျူရှုထားရပါတယ် .. ဒါက စေတနာတွေပေါ့
ဒါဆို ကျွန်တော်တို့ရော ဘာပြန်ရသလဲ ငွေမရပါဘူးဗျာ ဘလော်ဂါတိုင်းကိုမေးကြည့်ပါ
အခုအချိန်ထိ ဘလော့ကနေ ငွေဘယ်လောက်ရပြီးပြီလဲလို့
ငွေရဖို့ဒီအလုပ်တွေလုပ်နေတာမဟုတ်ပါဘူး ဒါပေမယ့် website ပေါ်မှာ
ကြော်ငြာတင်တာလေးတွေခေတ်စားတော့ မိမိဆိုဒ်လေးတွေ ဘလော့လေးတွေကို
အထိုက်အလျှောက်ကြော်ငြာလေးတွေ သွင်းထားခဲ့ကြတယ်
ငါတို့အတွက်တင်ပေးနေလို့ donate လေး လစဉ်လုပ်မယ်လို့လည်း
ပြောမယ့်သူတွေမရှိပါဘူး မရလို့ပြောတာမဟုတ်ပါဘူး ကျွန်တော်တို့မှာ
ဘာမှမရဘူးလို့ပြောချင်တာပါ ။။ ဘာမှမရရင်နေပါ ကျွန်တော်တို့တင်ပေးတာလေး
တွေ ထဲက မိမိအတွက် တစ်ခုခုလောက် အသုံးဝင်မယ် တစ်ခုခုလောက်ပိုသိသွားရင်ပဲ
ကျွန်တော်တို့ကျေနပ်လှပါပြီ။ နောက်ပြီး ရင်းနှီးမှုတွေ ပိုရလာတယ်။
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ ပေါများလာတယ် ။ ဒါတွေက
ကျွန်တော်တို့အတွက် အမြတ်တွေပါ ငွေရတာမရတာ အသာထား
ဒီလိုမျိုး ခင်မင်ရင်းနှီးမှုရတာတွေက တကယ့်ကို ပျော်ရွှင်စေတာပါ
မိမိဘလော့လေး လူဝင်များနေရင် ကြိတ်ပီး ပီတိဖြာနေသူပါ။။
ကော်ပီပို့စ်တင်တယ်လို့ အချို့သူတွေက ဘလော်ဂါတွေကို
ပြောကြပါတယ် ဟုတ်ပါတယ် အားလုံးက copy တွေပါ
ဘယ်သူက စဦး တီထွင်ခဲ့လို့လဲ ကိုယ့်ဆိုဒ်မှာတင်ထားတာတွေက
ကျွန်တော်တို့ကိုယ်တိုင် တီထွင်ခဲ့တဲ့ ဆော့ဝဲတွေလား
နည်းပညာတွေလား မဟုတ်ပါဘူး ဒီလိုပဲ တစ်ဆင့်ခြင်း လက်ဆင့်ကမ်း
ယူလာခဲ့ကြတာပါ ဘယ်လိုပဲဖြစ်ဖြစ် ကော်ပီတင်သူလည်း
သူ့မှာအချိန်တွေတော့ ပေးဆပ်ရတာပါပဲ ။။ ဒါလေးတော့ သိစေချင်ပါတယ်ဗျာ။
ကျွန်တော် အဓိကပြောချင်တာကတော့ အွန်လိုင်းမှာ ဘလော့ရေးနေတာ
အားယားနေလို့မဟုတ်ကြပါဘူး ကိုယ်ပိုင်အလုပ်တွေရှိကြပါတယ်။
အဲဒီလူတွေရဲ့ စေတနာကို ကျေးဇူးမတင်ရင်နေပါ မစော်ကားကြပါနဲ့
မြန်မာစကားပုံလိုပေါ့ " ကျေးဇူးမတင်ဖင်လှန်ပြ" ဆိုသလိုတော့
မလုပ်ကြပါနဲ့ အဲဒီပြဿနာတိုင်းက ဘလော်ဂါတွေခံစားရပါတယ်
အချို့သူများဆိုလျှင် အဲဒီအရာတွေကို စိတ်နာပြီး ဘလော့တောင် မရေးကြတော့ပါဘူး။
အားလုံးရဲ့ ကိုယ်စားကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်။
မိမိအတွက် တစ်စုံတစ်ခုမှမရရင်နေပါ မဆဲပါနဲ့ရိုင်းဆိုင်းတဲ့
စကားမျိုးတွေ မပြောကြပါနဲ့ တစ်ခါ ကျွန်တော့် page လေးမှာ
windows 8 မှာ screen shot အလွယ်ရိုက်နည်းလေးတင်ပေးဖူးပါတယ်
အောက်မှာ လူတစ်ယောက် ကော်မန့်တက်လာတယ်
"အခုမှ လာဟောင်နေတယ် ဒီကဖြင့်ရိုက်လွန်းလို့ ကီးဘုတ်ခလုတ်တွေတောင်ပျက်နေပီ"
တဲ့ သူ့စကားက မဆဲပေမယ့် စော်ကားသလိုဖြစ်နေပါတယ် 
ကျွန်တော်သူတစ်ယောက်တည်းအတွက် တင်ပေးနေတာမဟုတ်ပါဘူး
မသိသူတွေ အများကြီးရှိကြပါတယ် မိမိက သိနေတယ်ဆိုရင်
အဲဒီရေးသားသူတွေရဲ့ ဘလော့တွေ page တွေကို ၀င်မကြည့်ပါနဲ့
ကိုယ်နဲ့မှ မဆိုင်တာ ကိုယ့်လောက်မသိသူတွေ ရေးနေတဲကဘလော့ကို
ကိုဝင်ကြည့်စရာမလိုဘူးလေ အဲလိုပဲနေပေးပါ ၀င်ကြည့်ပြီး
အပစ်ကြီးပဲ ဆိုမယ်ဆိုရင် လူတိုင်းမှာ အပြစ်တွေတစ်ပုံကြီးပါ
အဲဒီအပြစ်တွေပြောသူတွေကရော တကယ်အပြစ်ကင်းကြတယ်ပေါ့
ဘယ်လိုပဲဖြစ်ဖြစ် မိမိက သူများလိုမလုပ်နိုင်ရင်နေပါ
လုပ်ပေးနိုင်သူတွေကို မစော်ကားပါနဲ့လို့ အွန်လိုင်းမှာ
မျှဝေနေသူတွေ အားလုံးရဲ့ ကိုယ်စားကျွန်တော် အောင်ကျော်ခိုင် ကပဲ
တောင်းပန်ပါရစေခင်ဗျာ။။
~~~~~~~
ဒီပို့စ်လေးကို မိမိတတ်နိုင်သလောက် ပြန်ရှယ်ပေးပါခင်ဗျာ
~~~~~~~~~~~~~~~~
အောင်ကျော်ခိုင်(ပုသိမ်)
www.aungkyaw.net 
၂၆.၆.၂၀၁၃

World Championship Snooker 2004 (PC GAME)

မင်္ဂလာပါ
အခုကျွန်တော်တင်ပေးလိုက်တဲ့ Software က ဘိလိယက် ထိုးတဲ့ Game လေးပါ။ သယ်ရင်းတို့ 
ဆိုင်မှာသွားကစားရင် လက်လည်းညောင်းမယ် ဆိုင်ရှင်သတ်မှတ်ထားတဲ့ အကောက်ကြေးလည်းပေးရဦး
မယ်။ ဆိုင်လည်းမသွားရအောင် လက်လည်းမညောင်းအောင် ကိုယ့်အခန်းမှာ စိတ်ကြိုက်ဆော့လို့ရပါပြီ။
ဒေါင်းမတတ်သေးတဲ့ ဘော်ဒါများ ဒီကိုနှိပ်ပြီး ဒေါင်းရန်လမ်းညွှန် ကိုကြည့်ပြီးဒေါင်းပါ။
လေးစားစွာဖြင့်
        Rဗြဲ

                                                           Download Here

Tuesday, July 16, 2013

Samsung Galaxy phone ကိုင်သူတွေ သတိထားရန်

Samsung Galaxy phone သုံးသူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြန်ပြီ။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။


သူမသည် လုပ်ငန်းခွင်အတွင်း ဆေးသုတ်နေရင်း ရုတ်တရက် ကျယ်လောင်စွာ ပေါက်ကွဲသည့်အသံကို ကြားလိုက်ရပါတယ်။ ဗျောက်အိုးဖောက်သံကဲ့သို့ ကျယ်လောင်စွာပေါက်ကွဲသံဟာ သူမဆီက ထွက်ပေါ်လာမှန်း သတိပြုမိလိုက်ချိန်မှာပဲ မီးခိုးညော်နံ့များနှင့်အတူ အခြားဓာတုဗေဒပစ္စည်းမီးလောင်ကျွမ်းသဘ့် အနံ့ဆိုးများကိုပါ ခံစားလိုက်ရပါတယ်။ ထိုအချိန်မှာပဲ သူမ၏ ဘောင်းဘီစမှာ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။


သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။






Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။



Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy  ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။


Thursday, July 4, 2013

Uniblue Speed Up Pc With Serial Full Version

မင်္ဂလာပါ...
အကြောင်းအမျိုးမျိုးကြောင့် ဆိုဒ် ကိုလှည့်မကြည့်ဖြစ်လို့ Download Link တွေသေကုန်တာ လာလည်ကြတဲ့သယ်ရင်းများကို တောင်းပန်ပါတယ်။ တဖြည်းဖြည်း Update လုပ်ပေးနေပါတယ်။
အခုသယ်ရင်းတို့အတွက် မျှဝေပေးလိုက်တဲ့ Software က Window Cleaner ပါ။ ဒီ Software လိုမျိုး
သယ်ရင်းတို့အတွက် အရင်ကလည်းတင်ပေးခဲ့ဖူးပါတယ်။ ဒီကောင်လည်း လေးလံနေတဲ့စက်အတွက်
မြန်ဆန်အောင်စွမ်းဆောင်ပေးပါလိမ့်မယ်။စမ်းသုံးကြည့်ခြင်ရင်တော့ အောက်မှာ Down သွားလိုက်ပါ။
Full သုံးလို့ရအောင် Serial Key ထည့်ပေးထားပါတယ်။
လေးစားစွာဖြင့်
        Rဗြဲ
                                                                
                                                           Mediafire

Saturday, June 1, 2013

မိမိနဲ. တူတဲ့သူ နာမည်တူသူကိုရှာမယ် ရုပ်ချင်းပါတူတာနော်

လောကကြီးမှာ လူတူမရှား နာမည်တူမရှားဆိုတာ သူငယ်ချင်းတို.ကြားဖူးကြမှာပါ..တွေ.လဲတွေ.ဖူးချင်
ကြမှာပေါ့နော်...တကယ်လို. တွေ.သွားရင်လဲ ဟာ..တွေ၊ ဟင်....တွေဖြစ်သွားလောက်ရအောင်ကို အံသြ.
ကြရမှာပါ...ဘာလို.လဲဆိုတော့ ကိုယ်နဲ.တော်တော်တူနေလို.ပါပဲ....ကဲ..အခု online ပေးတဲ့ဒီလင့်ခ်လေး
ကိုဖွင့်ကြည့်ပြီး.. ကိုယ်နဲ့နာမည်တူတဲ့သူ..ရုပ်ချင်းတူတဲ့သူကိုရှာကြည့်လို့ရပါတယ်...။

စိတ်ကူးမလွဲနဲ့နော်...ကြည့်ဖြစ်အောင်ကြည့်လိုက်ပါအုံး...သိပ်မခက်ပါဘူး..။ first name နဲ့ last name
ရိုက်ထည့်ပြီး citizen box မှာselect countryလုပ်လိုက်ယုံပါဘဲ။ ပြီးရင် search databaseကိုနှိပ်လိုက်
ရင်.ကိုယ်နဲ့နာမည်တူ...ရုပ်ချင်းတူတဲ့ သူရဲ့မှတ်ပုံတင်ကဒ်နဲ့အတူပုံကိုတွေ့ရမှာပါ...ကိုယ်နဲ့ နာမည် တူယုံ
တင် ဘယ်ဟုတ်မလဲ မသိရင်အမွှာလို့ တောင်ထင်မှတ်ရပါတယ်...ရှာကြည့်လိုက်နော် ....ကိုယ်နဲ.တူတဲ့
သူကို တွေ့ ရတယ်ဆို တာ ရှားပါတယ်...ပျော်ရွှင်ကြပါစေ။

http://www.scrolllock.nl/passport/ကိုနှိပ်လိုက်နော် ။

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ