Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Saturday, November 9, 2013

အသံပြဲပြဲကြိုက်သူများအတွက်

 

သယ်ရင်းတို့အသုံးပြုနေတဲ့ computer မှာ အသံတိုးတိုးလေး ဖြစ်နေလို့ စိတ်ညစ်နေလား။ဒါလေးကို
Down ပြီး Run လိုက်ပါ အုံးအုံးအုံး ဝုန်းဝုန်းဝုန်း ဖြစ်သွားမယ်။မယုံရင် စမ်းကြည့်လိုက်...
Audio Enhancer လေးပါ full version ဖြစ်အောင် +keygen+Patch ပါထည့်ပေးထားပါတယ်
လေးစားစွာဖြင့်
       Rဗြဲ
                                          MediafireMighty  ၊  Mirrorcreator

MP3 StreamEditor 3.4.4.2500 Full + Patch.rar


mp3 edit လုပ်ချင်တဲ့သူများ အတွက်တင်ပေးလိုက်ပါတယ်။ လုပ်နည်းကတော့မပြောပြတော့ဘူးနော် မသိလို့...အဟီး။
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Friday, November 8, 2013

U-G 18 မောင်လှမျိုး(ချင်းချောင်းခြံ) pdf (၈၈၈၈ ဖြစ်ရပ်မှန်)

တစ်နေ့ ညီငယ်တစ်ယောက်မေးလာတယ်။ " ရှစ်လေးလုံးဆိုတာ ဘာလဲဟင်အစ်ကို"တဲ့ သူ့အသက်မေး
ကြည့်တော့ ၁၉ နှစ်။ကျွန်တော်လည်း အဲဒီအချိန်တုန်းက ၈ နစ် ၉ နှစ်အရွယ် နယ်မှာရောက်နေတဲ့အတွက် ရှစ်လေးလုံးကို ဂဃနဏ မထိတွေ့လိုက်ရတော့ " ရှစ်လေးလုံး ဆိုတာ လူထုအုံကြွမူ့ကြီးပေါ့ကွာ "လို့ အကြမ်းဖျင်း ပြောပြလိုက်ရတယ်။သူ့မျက်နှာကြည့်လိုက်တော့ ကျွန်တော့အဖြေကိုသိပ်ကျေနပ်ပုံမရဘူးဗျ။
ကဲ ..ညီလေးရေ ရှစ်လေးလုံး အကြောင်းသေချာသိချင်ရင်တော့ မောင်လှမျိုး(ချင်းချောင်းခြံ)ရေးထားတဲ့
U-G 18 သာ ဒေါင်းပြီးဖတ်ကြည့်ပေတော့။ ၂၁ရာစု လူငယ်တွေ ဂဃနဏ သိအောင် ဆရာမောင်လှမျိုး 
ဖွင့်ထုတ် ပေးလိုက်ပါပြီ။
လေးစားစွာဖြင့်
        Rဗြဲ
                                                         Google Drive ၊  ISSUU
from amyokaungtar

Thursday, October 31, 2013

Nero Burning ROM 2014 Portable

ခွေ Burn  ချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး Burn လို့ရအောင် Nero Final Update Portable လေး
ဝေမျှလိုက်ပါတယ်။ Click နှစ်ချက်တောက်ဖွင့်လိုက်တာနဲ့ အသုံးပြုလို့ရပါပြီ။ဖိုင်ဆိုဒ်က 110 Mb ရှိပါတယ်။
Download Link မှာ Password တွေ့ရင် rvare  လို့ရိုက်ထည့်လိုက်ပါ။ 
လေးစားစွာဖြင့်
         Rဗြဲ
                                            Mediafire  ၊ Megashares  ၊  Mirrorcreator

Wednesday, October 30, 2013

Hard Disk သန့်ရှင်းရေးလမ်းညွှန်စာအုပ်

ဘယ်အရာမဆို အစဉ်ထာဝရ တည်မြဲတယ်ဆိုတာမရှိပါဘူး။ တရားသဘောနဲ့ပြောမယ်ဆိုရင် ဖြစ်ပြီးရင်
ပျက်စီးပါမယ်။အနှေးနဲ့အမြန်ပဲကွာပါတယ်။ ထိန်းသိမ်းမူ့ ရှိရင်တော့ ပျက်စီးမူ့နှေးမယ် မထိန်းသိမ်းရင်
ပျက်စီးမူ့မြန်မယ် ဒါပါပဲ။ Computer Hard disk အချိန်အကြာကြီး အသုံးပြုနိုင်ရန်အတွက် သန့်ရှင်းရေး
လုပ်ပြီးထိန်းသိမ်းရင် ဥပမာ ၁ နှစ်ခံမယ့် ပစ္စည်းဟာ ၂ နှစ် လောက်ခံမယ် ဒီသဘောတရားပါပဲ။ဘယ်လို
သန်ရရှင်းရမယ်မှန်းမသိတဲ့ သူများအတွက် Hard Disk သန့်ရှင်းရေးလမ်းညွှန် စာအုပ်လေးအတိုင်း
လုပ်ဆောင်နိုင်ပါတယ်။
                                                 Zippyshare ၊  Megashares (P>> rvare <<)

Fruity Loop Studio 10 With Creak Full Version


သယ်ရင်းတို့ ဂီတသံစဉ်တွေ ကိုယ်တိုင်ဖန်တီးဖို့ ဝါသနာပါရင်တော့ D Software ကအထောက်အကူပေး
သွားပါလိမ့်မယ်။ သယ်ရင်းတို့ Computer မှာ System Specification ရှိရမဲ့ ပမာဏ ကို အောက်မှာလေ့လာလိုက်ပါ။ ကျွန်တော်က ဘုန်းကြီးကျောင်းထွက်ဆိုတော့
 မြန်မာလိုဘာသာမပြန်နိုင်တာနားလည် ပေးပါ။ Software ဖိုင်ဆိုဒ်က 233 Mb ရှိပါတယ်.....
အသုံးမပြုတတ်သောသူများ အသုံးပြုရန်လမ်းညွှန် စာအုပ်လေးပါတင်ပေးလိုက်ပါတယ်။

  လေးစားစွာဖြင့်
         Rဗြဲ


FL Studio system requirements:



2Ghz Intel Pentium 4 / AMD Athlon 64 (or later) compatible CPU with full SSE2 support. The faster your CPU and more cores it has the more you will be able to do simultaneously. Download and test the demo!
32 or 64 Bit versions of Windows 8, Windows 7, Vista, XP (with service pack 3)
(or) Intel Mac with Boot Camp / Windows.
Running XP (with service pack 3), Vista or Windows 7 (in 32 or 64 Bit)
(or) Intel Mac with OS X 10.8 for the FL Studio Mac OS X BETA (Crossover Wrapped)
1 Gb or more RAM recommended
1 Gb free disk space
Soundcard with DirectSound drivers. ASIO/ASIO2 compatible required for audio recording (FL Studio installs with generic ASIO4ALL drivers)

                                                           
                                              Mighty Mirrorcreator

Friday, October 18, 2013

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ


 ၁။ စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
 ၂။  ဦးဘဦး (16.3.1952 - 13.3.1957)
 ၃။   မန်းဝင်းမောင် (13.3.1957 - 2.3.1962)
 ၄။   ဦးနေ၀င်း (2.3.1974 - 9.11.1981)
 ၅။   ဦးစန်းယု (9.11.1981 - 25.7.1988)
 ၆။   ဦးစိန်လွင် (25.7.1988 - 12.8.1988)
 ၇။  ဦးအေးကို(ယာယီ)  (12.8.1988 - 19.8.1988)(ဓါတ်ပုံထဲတွင်မပါ)
 ၈။(၇) ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
 ၉။(၈)   ဦးသိန်းစိန် (4.2.2011 - လက်ရှိ)
      မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့်
 နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။
 ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း 
အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် 
ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ 
လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့်
 ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ 
ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် 
သမ္မတတာဝန် ယူခဲ့သူများမှာ-

    စ၀်ရွှေသိုက်
    ဦးဘဦး
    မန်းဝင်းမောင်

တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် 
အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့်
 ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ 
ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး 
အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ 
ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-

    ဦးနေ၀င်း
    ဦးစန်းယု
    ဦးစိန်လွင်
    ဦးအေးကို
    ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။
 ၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ 
ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် 
ဗိုလ်ချုပ်ကြီးစောမောင် နှင့်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် 
ဖွဲ့စည်းပုံအခြေခံဥပဒေအား 
လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊
 နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို 
ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ
 နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊
 ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် 
စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ 
ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
       နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
 ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ်
 ဖြည့်စွက်ခြင်း ပြုနိုင်သည်။
 ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည်
 နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား 
လည်းကောင်း တာဝန်ခံရမည်။နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
    အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ 
လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
    ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် 
သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် 
လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် 
ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ 
မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။
      နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ 
ထုတ်ပယ်ခြင်း ပြုနိုင်သည်။နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်
 အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော
 အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို 
ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
    ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော
 အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ
 စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ 
စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု 
လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် 
အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ 
အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှတ်ပေးပို့ခွင့် ရှိသည်။
လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ
 ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။
 
သုတကမ္ဘာ

Thursday, October 10, 2013

Connectify Hotspot Pro v4.2.0.26088 With Serial Full Version

WiFi Share သုံးချင်တဲ့ သယ်ရင်းများအတွက် Connectify Hotspot လေးတင်ပေးလိုက်ပါတယ်။
100% အလုပ်လုပ်ပါတယ်။Full သုံးလို့ရအောင် Serial Key ဖိုင်လေးပါထည့်ပေးလိုက်ပါတယ်။
Install လုပ်တဲ့အခါ Anti Virus နဲ့ Internet ခတ္တပိတ်ထားပါ။သြော်...မေ့လို့ Computer ကနေ Phone ကို
အင်တာနက် ခွဲသုံးတာနော် မေးတဲ့သူရှိလို့ လက်ညောင်းခံပြီး တစ်ခါတည်းရေးပေးလိုက်ပါတယ်။အဆင်မပြေတားလေး ရှိခဲ့ရင် Cbox မှာအော်ခဲ့ပါနော်။
ဖိုင်ဆိုဒ်က 5Mb ရှိပါတယ် .....Internet သုံးနေသူ Computer ပိုင်ရှင်များ ဆောင်ထားသင့်တဲ့ Software လေးကို အောက်မှာ လွယ်ကူစွာဒေါင်းယူလို့ ရပါပြီ.....
လေးစားစွာဖြင့်
    Rဗြဲ

                                                           Mightyupload 
                                                            Megashares 
                                                            Mediafire  

Window Screen Lock အသုံးပြုလိုသူများအတွက်(Only Window)

D Software လေးက Android Phone Screen မှာ မိမိဖုန်းလုံခြုံရေးအတွက် Pattern Lock ချထားသလိုမျိုး Computer မှာလည်း အသုံးပြုလို့ရပါတယ်။ မိမိမရှိတုန်း စက်ကိုသူများကလိမှာကြောက်တဲ့ သူတွေဆောင်ထားသင့်ပါတယ်။ Full သုံးလို့ရအောင် Keygen ပါထည့်ထားပေးပါတယ်။Keygen ဖွင့်တဲ့အခါ Antivirus ခတ္တ ပိတ်ထားပါ။ အသုံးပြုရတာ ရိုးရှင်း
လှတဲ့အတွက် သယ်ရင်းတို့ အလွယ်တကူအသုံးပြုနိုင်မှာပါ။သယ်ရင်းတို့ မှတ်မိနိုင်လောက် တဲ့ သင်္ကေတ
ကိုထည့်ပါ။ ကိုယ်ထည့်လိုက်တဲ့ သင်္ကေတ ကို မှတ်မိဖို့အရေးကြီးပါတယ်။ သုံးမတတ်ပါက Cbox မှာ အော်ခဲ့လို့ရပါတယ်။အချိန်မရတဲ့အတွက် ScreenShot မရိုက်ပြတော့တာနားလည်ပေးပါ။စမ်းသုံးကြည့်ချင်သူများ အောကမှာဒေါင်းယူလို့ ရပါပြီ။ ဖိုင်ဆိုဒ်က
1.25 Mb ပဲရှိပါတယ်.....
လေးစားစွာဖြင့် 
     Rဗြ
         

                                     Mediafire  ၊ Mightyupload ၊  Mirroecreator

Wednesday, October 9, 2013

ဦးသန့် (၁၉ဝ၉ – ၁၉၇၄)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (၁၉၆၁ – ၁၉၇၁)


ဦးသန့် (၁၉ဝ၉ – ၁၉၇၄)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် (၁၉၆၁ – ၁၉၇၁)

 (ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာ ဗမာပြည်သာ ဦးသန့်၏ ၁၀၄ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဖော်ပြပါသည်။)
မြန်မာနိုင်ငံ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့ မြေပိုင်ရှင်၊ ဆန်စက် ပိုင်ရှင် အဖ ဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင် တို့ က ၁၉ဝ၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွေးဖွားသည်။ မွေးချင်း ၄ ဦး ရှိသည်။ ပန်းတနော်မြို့ဆရာကြီး ဦး ဘဟန် မြန်မာကျောင်းကို ဦးသန့် အသက် ၅ နှစ် အရွယ်တွင် စတင် တက်ရောက် ပညာ သင်ကြားသည်။ အ င်္ဂ လိပ် – မြန်မာ နှစ်ဘာသာသင် YMBA ကျောင်းကို ပထမတန်းမှ စ၍ တက်ခဲ့ရသည်။ ငယ်စဉ်က အင်္ဂလိပ်စာ စာ သင်ရသော အိမ်ရှိ ဖခင်ကြီး၏ စာအုပ်စင်မှ အင်္ဂလိပ် စာအုပ်များက များစွာ အထောက်အကူ ပြုခဲ့သည်။ ဖ ခင် ကြီး ဦးဖိုးနှစ်သည် ကာလကတ္တားရှိ ဟန်းတား ကောလိပ် (Hunter’s College) မှ ဥပစာတန်းနှင့် ညီမျှ သည့် ပညာရေးကို ရရှိထားသူ ဖြစ်သည်။ ကျောင်းသားငယ် ဦးသန့်သည် ကျောင်းစာ လုပ်ပြီးတိုင်း ဖခင်ကြီး စာ အုပ်စင် ရှိရာသို့ ရောက်တော့သည်။ Sir Arthur Conan Doyle ၏ ထင်ရှားသော Sherlock Holmes စုံထောက် ဝတ္ထုများ၊ စာရေး ဆရာကြီး William Shakespeare ၏ စာပေများ အပြင်၊ ထင် ရှားသော သမိုင်းဝင် မြန်မာ စာဆိုတော် အတော် များများ၏ လက်ရာများကို ငယ်စဉ်ကပင် ဖတ်ရှု မြည်းစွမ်းခွင့် ရခဲ့သည်။
၁၉၂၆ ခုနှစ်တွင် ဆယ်တန်း အောင်ပြီး တက္ကသိုလ် ဥပစာတန်း ပထမနှစ် တက်သည်။ မြန်မာစာနှင့် အင်္ဂလိပ်စာ တို့ကို အဓိက ဘာသာတွဲ၊ မြန်မာ အနု စာပေသမိုင်း၊ သင်္ချာနှင့် လောဂျစ် တို့ကို အပို ဘာသာများ အဖြစ် ယူ သည်။ ဖခင်ကြီး ဦးဖိုးနှစ်သည် ဦးသန့် ၁၄ နှစ်သား အရွယ်ကပင် ကွယ်လွန်ခဲ့သည်။ ထို့ကြောင့် မိခင်ကြီးကို လုပ်ကြွေး လိုသည်က တကြောင်း၊ ၁ဝ တန်း အောင်လာသည့် ညီငယ် ဦးခန့် (ဂန္ထလောက မဂ္ဂဇင်း၏ သက် တမ်း ရှည် မြန်မာပိုင်း အယ်ဒီတာ) ၏ ပညာရေးကို ဦးစားပေး လိုသည်က တကြောင်း တို့ကြောင့်၊ ၁၉၂၈ ခုနှစ် တွင် ဥ ပစာတန်း ပြီးသည်နှင့် ဦးသန့် ကျောင်းထွက် လိုက်သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကျောင်း ဆရာ ပြန် လုပ်သည်။
ဦးနု (နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း) ပန်းတနော် အမျိုးသားကျောင်း ကျောင်းအုပ်ကြီး တာဝန်ကိုမ ထမ်းဆောင်တော့သော အခါ၊ ဦးသန့် သည်အသက် ၂၂ နှစ် အရွယ်တွင် ကျောင်းဆရာကြီး (Headmaster) အပြင်၊ ကျောင်းအုပ်ကြီး (Superintendent) တာဝန် ကိုပါ ပူးတွဲ ယူခဲ့ရသည်။သူရိယနှင့် မြန်မာ့အလင်း မ ဂ္ဂ ဇင်း တို့၌ စာများ ရေးသား ခဲ့သည်။ အင်္ဂလိပ်စာ အခြေခံ ကောင်းခဲ့သော ဦးသန့်သည် ဂန္ထလောက မဂ္ဂဇင်း တွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများစွာ ရေးသား ခဲ့သည်။ အထူးသဖြင့် ဦးသန့်သည် ပညာရေး၊ လူမှုရေး၊ စာပေနှင့် ကျေးလက် တောရွာ ပြုပြင်ရေး တို့နှင့် စပ်လျဉ်း၍ ဂန္ထလောက From my school window (ကျွန်တော်၏ ကျောင်း ပြတင်းမှ) အင်္ဂလိပ် ဘာသာ ကဏ္ဍ အောက်မှ ဆောင်းပါးများစွာ ရေးခဲ့သည်။
၁၉၃ဝ ခုနှစ်က မြန်မာနိုင်ငံ အစိုးရ ပညာရေး ဌာနမှ ပြုလုပ်သော အထက်တန်း ဆရာဖြစ် စာမေးပွဲကို ဝင်ရောက် ဖြေဆို ခဲ့ရာတွင် ဦးသန့်သည် ပထမ ရခဲ့ဖူး လေသည်။ ထိုနှစ် ၌ပင် အင်္ဂလိပ် ကဗျာ ဆရာ Robert Browning ၏ The pied-piper of Hamelin ကဗျာရှည်ကြီးကို ဘာသာပြန် ထားသည့် “စလေ အညာ က မြွေဆရာ” ကို ဂန္ထလောက ဘာသာပြန် ပြိုင်ပွဲသို့ ပေးပို့ခဲ့ရာ ပထမဆု ရခဲ့ပြန်သည်။မြန်မာ ကလေးများ အ တွက် ရည်စူး၍ ဥရောပတိုက် ရာဇဝင်တွင် ထင်ရှားသော မြို့ကြီးများ အကြောင်း ကိုလည်း မြို့ပြ ပုံပြင်များ ခေါင်း စဉ်ဖြင့် လပေါင်းများစွာ ဘာသာပြန် ရေးသားခဲ့သည်။ ပုံပြင်များမှာ Eileen and Rhoda Power တို့၏ Cities and their stories – An Introduction to History ကို ဘာသာပြန်ပြုပြင်ရေး သားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ ပညာ ပြန့်ပွားရေး အသင်းက ယင်းပုံပြင် များကိုပင် “အိမ်တွင်း သိပ္ပံကျောင်း” (The University at Home) စာစု ခေါင်းစဉ်ဖြင့် မြို့ကြီး တမြို့စီ အတွက် သီးခြား စာအုပ်ငယ် ကလေးများ ပုံနှိပ် ထုတ်ဝေခဲ့သည်။ ဆရာကြီး ဦးဖေမောင်တင်နှင့် ဆရာကြီး ဖာနီဗဲလ် တို့ က တည်းဖြတ် ပေးခဲ့ကြ သည်။ နောက် ပိုင်းတွင် ပုံပြင်များကို စုပေါင်း၍ ကာလကတ္တားမြို့ မက်မင် ပုံနှိပ်တိုက်မှ ထုတ်ဝေခဲ့ရာ ကျောင်းစာ အုပ် အဖြစ် ပြ ဋ္ဌာန်းခြင်း ခံခဲ့ရသည်။ ဦးသန့်၏ ဘာသာပြန် ရေးသားမှုများ အနက် အအောင်မြင်ဆုံးဟု ဆိုရပါမည်။
မြန်မာ နိုင်ငံတွင်း ဂျပန်တို့ ဝင်ရောက်လာပြီး မကြာလှ ၁၉၄၂ ခုနှစ် မေလတွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် ထွန်းအုပ် တို့က ခေါ်၍ ဦးသန့် ရန်ကုန်သို့ လာရသည်။ မြန်မာ့ ပညာရေး ပြန်လည် ပြုစုရေး ကော်မတီ အ တွင်းရေးမှူး အဖြစ် တာဝန် ပေးအပ် ခံရသည်။ “မြန်မာ့ ပညာရေး စီမံကိန်းသစ်” ကို ၂ လနှင့် အပြီ ပြုစုပြီး ပန်း တနော်သို့ ပြန်သည်။
၁၉၄၃ ခုနှစ်၊ အောက်တိုဘာလ သီတင်းကျွတ် ကျောင်းပိတ်ရက် ခေတ်သစ် ပညာရေး သင်တန်းကြီး တခု ဆ ရာ၊ ဆရာမများ အတွက် ရန်ကုန်မြို့ စည်ပင်သာယာရေး ရုံး၌ ပြုလုပ်သည်။ အောက်တိုဘာ ၂၆ ရက်နေ့မှ စ တင် သည့် အဆိုပါ သင်တန်းကြီးသည် ၁၂ ရက်မျှ ကြာ၍ ပန်းတနော် ကျောင်းအုပ် ဆရာကြီး ဦးသန့်က “ပြည် သူ့ တာဝန်” နှင့် ပတ်သက်သည့် ဟောပြော ပို့ချမှု ပြုလုပ်ခဲ့သည်။
ဂျပန်ခေတ် အပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရရန် လပိုင်းမျှ အလို ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့တွင် ဦးသန့် သည် မိသားစုနှင့် အတူ ရန်ကုန်သို့ ပြောင်းရွှေ့လာသည်။ သည်တကြိမ်ကား၊ သူ၏ ဆန္ဒ အလျောက် ရန်ကုန် သို့ လာခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ သူ အလွန် စိတ်အား ထက်သန် နေသည့် အင်္ဂလိပ် ဘာသာဖြင့် မဂ္ဂဇင်း တစောင်ထုတ်ရန် ဖြစ်သည်။ ရန်ကုန် ရောက်ပြီး ၁ဝ ရက်မျှ အကြာ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရ သည်။ ဆာဟူးဘရန့်စ်၏ တာဝန် ပေးချက် အရ၊ ဦးနု ဦးဆောင်ကာ အစိုးရ အဖွဲ့သစ် ဖွဲ့သည်။ ဦးနုက သူ၏ ဖဆပလ အဖွဲ့ချုပ် တွင် ပြန်ကြားရေး အရာရှိ လုပ်ပေးရန် ဦးသန့်ကို ခေါ်လေ တော့သည်။
နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းချိန် ဖဆပလ အဖွဲ့ချုပ်ကြီးနှင့် လူထု အကြား ဆက်သွယ်ရေး မည်မျှ အရေး ပါကြောင်း ဦးသန့် သဘော ပေါက်သည်။ ထို့ကြောင့် ကမ်းလှမ်းချက်ကို လက်ခံ လိုက်သည်။ သူ၏ မဂ္ဂဇင်း ထုတ်ဝေရန် ပြုစု ပျိုးထောင် ခဲ့သော ရည်ရွယ်ချက်များမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် အတူ မြှပ်နှံ လိုက်ရပြီး လည်း ဖြစ်လေသည်။
သြဂုတ်လ ၂၆ ရက်နေ့တွင် ဝန်ကြီးချုပ် ဦးဆောင်၍ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း (စာပေ ဗိမာန်) ကို တည်ထောင်သည်။ ဦးသန့်က အုပ်ချုပ်ရေး ကောင်စီ၏ အကျိုးဆောင် အတွင်းရေးမှူး ဖြစ်လာသည်။ ဦး သန့် လည်း လွတ်လပ်ရေး ရပြီးနောက် ပြန်ကြားရေး ဌာန ဒုတိယ အတွင်းဝန်၊ နောက် ၁၉၄၉ ခုနှစ်တွင် အတွင်း ဝန် ဖြစ်လာသည်။
၁၉၅၄ ခုနှစ်တွင် ဦးနု၏ အတွင်းဝန် ဖြစ်လာသည်။ ၁၉၅၅ ခုနှစ်မှာ မြန်မာ့ စီးပွားရေးနှင့် လူမှုရေး ဘုတ် အဖွဲ့၏ အတွင်းရေးမှူး အဖြစ် ပူးတွဲ တာဝန် ယူခဲ့သည်။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ၏တာဝန် ပေးချက်အရ၊ ပစ္စုပ္ပန်မြန် မာနိုင်ငံ သမိုင်း သက်ရောက်သော ဗမာ ကျိုးပမ်းမှု ကျမ်းတစောင် ဖြစ်သည့် “ပြည်တော်သာ ခရီး” ကို စ တင် ပြု စုသည်။ ပြည်တော်သာ ခရီးကို ၄ နှစ်မျှ အချိန်ယူ ပြုစုခဲ့ပြီး နောက်ဆုံးနှင့် တတိယပိုင်းကို ဦးသန့်သည် သူ ကုလ သမဂ္ဂ ဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပြီး တနှစ် အကြာ ၁၉၅၈ ခုနှစ် နှစ်ကုန်ပိုင်း တွင်မှ အပြီး သတ် နိုင် ခဲ့သည်။
၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ် အထိ ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ကု လ သမဂ္ဂအထွေထွေညီလာခံဒုတိယ ဥက္ကဋ္ဌ၊ ၁၉၅၉ ခုနှစ်တွင် ကုလ သမဂ္ဂ ကွန်ဂို ပြဿနာ ဖျန်ဖြေရေး ကော် မရှင် ဥက္ကဋ္ဌ ဖြစ်သည်။
၁၉၆၁ ခုနှစ်တွင် အတွင်းရေးမှူးချုပ် ဒက်ဟမ္မားရှိုး ကွန်ဂို နိုင်ငံ ကိစ္စ ခရီးသွားစဉ် လေယာဉ် ပျက်ကျ သေ ဆုံး ရာ၊ ၁၉၆၁ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့တွင် ဦးသန့်ကို အတွင်းရေးမှူးချုပ် အဖြစ် အများ သဘောတူ ရွေးချယ် ခန့်အပ်သည်။ ငါးနှစ် သက်တမ်း နှစ်ကြိမ် ထမ်းဆောင်ပြီး၊ ၁၉၇၁ ခု၊ ဒီဇင်ဘာတွင် ရာထူးမှ အနားယူသည်။
၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ အစိုးရ ဧည့်သည်တော် အဖြစ် မြန်မာနိုင်ငံသို့ ၃ ရက် မျှ ပြန်ရောက် ခဲ့သည်။ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ကွယ်လွန်သည့် ရက်ပိုင်း နှင့်လည်း တိုက်ဆိုက် နေ၏။ ဆရာကြီး၏ ရုပ်ကလာပ် ထားရှိရာ စမ်းချောင်း နေအိမ်သို့ ဦးသန့် သွားရောက်၍ ဂါရဝ ပြုခဲ့သည်။
၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် နိုင်ငံတော် အစိုးရ ဧည့်သည်တော် အဖြစ် ဦးသန့် မြန်မာနိုင်ငံသို့ တဖန် ပြန် လည် ရောက်ရှိ လာပြန်သည်။ဦးသန့်သည် အတွင်းရေးမှူးချုပ် အဖြစ် တတိယ ကမ္ဘာစစ် အထိ ဖြစ်ပွား နိုင် သည့် ကျူးဘား ဒုံးပျံ အရေးအခင်းကို အောင်မြင်စွာ ဖျန်ဖြေ စေ့စပ် ပေးနိုင်ခဲ့သည်။ ထိုအပြင် ဦးသန့်သည် နိုင် ငံတ ကာ ပြဿနာ များကို ကုလ သမဂ္ဂအား ကိုယ်စားပြု၍ ဖြေရှင်းရာတွင် ကျွမ်းကျင် လိမ္မာပြီး၊ ဘက်ပေါင်းစုံ သင့် တင့်အောင် ဆက်ဆံနိုင်သူ အဖြစ် ထင်ရှား ခဲ့သည်။
ကမ္ဘာ့ ငြိမ်းချမ်းရေး ဗိသုကာကြီး ဦးသန့် တခါက ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းချက် အမှတ်တ ရ ဖြစ် ရပ်တခု ရှိခဲ့ပါသည်။ ဖဆပလ ပြန်ကြားရေး ဌာန အတွင်းဝန် ဖြစ်ပြီးနောက် ၁၉၄၉ – ၅ဝ ခုနှစ်မှာ လက် နက် ကိုင် တော်လှန်မှု များကြောင့် ပြည်တွင်း မငြိမ်သက်သည့် ကာလ ဖြစ်သည်။ ပြည်တွင်း ငြိမ်းချမ်းရေး တရား ဥ ပဒေ စိုးမိုးရေးနှင့် ဒီမိုကရေစီ ရေးရာ များကို မြန်မာ့ အသံမှ ဦးသန့် မှန်မှန် အသံလွှင့် ပြောကြားရသည်။ ထို အ ချိန်တွင် ဦးနု၏ တာဝန်ပေးချက် အရ၊ ဦးသန့်သည် ယာဉ်မောင်းနှင့် နှစ်ယောက်တည်း လက်နက်ကိုင်တော် လှန် သူများ ဌာနချုပ် ရှိရာ အင်းစိန်သို့ စွန့်စွန့်စားစား သွားရောက်ပြီး၊ တော်လှန်ရေး ခေါင်းဆောင် ၂ ဦး ဖြစ်သော စောဟန်သာမွှေးနှင့် စောဘဦးကြီး (မအူပင် ပညာအုပ်ဟောင်း) တို့နှင့် တွေ့ရသည်။ အပစ်အ ခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ကိစ္စများ ဆွေးနွေးသည်။ သို့သော်လည်း အခြေအနေ အရ ကြိုးစားမှု မအောင်မြင် ခဲ့ပေ။
ဦးသန့်သည် ဒေါ်သိန်းတင်နှင့် လက်ထပ်ခဲ့ပြီး၊ တဦးတည်းသော သမီး ဖြစ်သူ အေးအေးသန့် ထွန်းကားခဲ့သည်။
ဦးသန့်သည် ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ၂၅ ရက်နေ့အသက် ၆၅ နှစ်အရွယ်တွင်အမေရိကန်နိုင်ငံ နယူးယောက် မြို့မှာ ကွယ်လွန်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့တွင် ဦးသန့် ရုပ်ကလာပ် မြန်မာနိုင်ငံသို့ ရောက် ရှိလာသည်။ ဗိုလ်နေဝင် ဦးဆောင်သည့် စစ်အစိုးရက ပြီးစလွယ် မြင်းပြိုင် ကွင်းဟောင်းတွင် ထားကာ၊ ဒီဇင်ဘာ လ ၅ ရက်နေ့၊ နေ့လည် ၁ နာရီ အချိန်မှာ ကြံတော သင်္ချိုင်းသို့ ပို့ဆောင် သင်္ဂြိုဟ်မည့် အစီအစဉ်ကို ကျောင်း သားများ ဦးဆောင်သည့် ရဟန်း ရှင်လူ ပြည်သူ အပေါင်းက လက်မခံနိုင်ဘဲ၊ ဦးသန့် ရုပ်ကလာပ်ကို တက္ကသိုလ် နယ်မြေ ဘွဲ့နှင်းသဘင် ခန်းမရှေ့သို့ သယ်ဆောင် လာပြီး၊ ကျောင်းသား သမဂ္ဂ အဆောက်အဦဟောင်း နေ ရာမှာ ငြိမ်းချမ်းရေး ဂူဗိမာန် တည်ဆောက် သင်္ဂြိုဟ်ခဲ့ရာမှ ဦးသန့် အရေးအခင်း ဖြစ်ပွား ခဲ့ရသည်။ မတတ်သာ သည့် အဆုံးတွင်မှ ဗိုလ်နေဝင်း ဦးဆောင်တဲ့ စစ်အစိုးရက ဦးသန့် ရုပ်ကလာပ်ကို ကန်တော်မင် ပန်းခြံတွင် သင်္ဂြိုဟ်ခဲ့သည်။
ဦးသန့်အား မြန်မာနိုင်ငံ အစိုးရက ၁၉၄၉ ခုနှစ်တွင် ဝဏ္ဏကျော်ထင်၊ ၁၉၅၃ ခုနှစ်တွင် သီရိပျံချီ၊ ၁၉၅၇ ခုနှစ် တွင် စည်သူဘွဲ့၊ ၁၉၆၁ ခုနှစ်တွင် မဟာသရေစည်သူဘွဲ့များ ချီးမြှင်ခဲ့ပြီး၊ ယူဂိုဆလပ်နိုင်ငံ မာရှယ်တီးတိုးက ယူဂိုဆလပ်တံခွန်ဘွဲ့ ချီးမြှင့်ခဲ့သည်။
ကုလ သမဂ္ဂ ကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတဲ့ ဦးသန့်၏ အတ္ထုပ္ပတ္တိ စာမျက်နှာတွင်၊ ဦးသန့် အား အောက်ဖော်ပြပါ တက္ကသိုလ် များ က ဂုဏ်ထူးဆောင် ဘွဲ့များ (LL.D.) ပေးအပ် ချီးမြှင့် ခဲ့ကြောင်း ဖော်ပြထားသည်။
- Carleton University, Ottawa, Canada (25 May 1962);
- Williams College, Williamstown, Massachusetts (10 June 1962);
- Princeton University, Princeton, New Jersey (12 June 1962);
- Mount Holyoke College, South Hadley, Massachusetts (2 June 1963);
- Harvard University, Cambridge, Massachusetts (13 June 1963);
- Dartmouth College, Hanover, New Hampshire (16 June 1963);
- University of California at Berkeley, California (2 April 1964);
- University of Denver, Denver, Colorado (3 April 1964);
- Swarthmore College, Swarthmore, Pennsylvania (8 June 1964);
- New York University, New York (10 June 1964);
- Moscow University, Moscow, Soviet Union (30 July 1964);
- Queen’s University, Kingston, Ontario (22 May 1965);
- Colby College, Waterville, Maine (6 June 1965);
- Yale University, New Haven, Connecticut (14 June 1965);
- University of Windsor, Windsor, Ontario, Canada (28 May 1966);
- Hamilton College, Clinton, New York (5 June 1966);
- Fordham University, Bronx, New York (8 June 1966);
- Manhattan College, New York (14 June 1966);
- University of Michigan, Ann Arbor, Michigan (30 March 1967);
- Delhi University, New Delhi, India (13 April 1967);
- University of Leeds, England (26 May 1967);
- Louvain University, Brussels, Belgium (10 April 1968);
- University of Alberta, Edmonton, Canada (13 May 1968);
- Boston Unversity, Boston, Massachusetts (19 May 1968);
- Rutgers University, New Brunswick, New Jersey (29 May 1968);
- University of Dublin (Trinity College), Dublin, Ireland (12 July 1968);
- Laval University, Quebec, Canada (31 May 1969);
- Columbia University, New York City (3 June 1969);
- The University of the Philippines (11 April 1970);
- Syracuse University (6 June 1970).

အောက်ဖော်ပြ တက္ကသိုလ် များမှ ဦးသန့်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ပေးအပ် ချီးမြှင့် ခဲ့သည်။
- Doctor of Divinity, The First Universal Church (11 May 1970);
- Doctor of International Law, Florida International University, Miami, Florida (25 January 1971);
- Doctor of Laws, University of Hartford, Hartford, Connecticut (23 March 1971);
- Doctor of Civil Laws degree, honoris causa, Colgate University, Hamilton, New York, (30 May 1971);
- Doctor of Humane Letters, Duke University, Durham, North Carolina (7 June 1971).


Thursday, October 3, 2013

I.D.M နဲ့ ကွန်ပြူတာ Auto Shut-Down လုပ်နည်း

မင်္ဂလာပါ....
ဒီနေ့ ကျွန်တော်တင်မယ့် Post က ဘာမှတော့ခက်ခက်ခဲခဲ မရှိဘူးဗျ လွယ်လွယ်လေးပါ။
အခြားဆိုဒ်တွေမှာသိပ်မတွေ့လို့ မျှဝေလိုက်ပါတယ်။ သိတဲ့သူ နည်းပါလိမ့်မယ်.....ကျွန်တော် အဲလို
ပြောလို့  "ဒီကောင်ကဆရာကြီးလားကွ"  ဆိုပြီး မထင်လိုက်ပါနဲ့ ကျွန်တော်ဘာကောင်မှ မဟုတ်ပါဘူး။
ကိုယ်သိတာလေးကို ပြန်မျှဝေတာပါ။ IDM နဲ့ Computer Auto Shut-Down ပြုလုပ်တာလေးပါ။ သိသောသူများ ကျော်သွားပါ။မသိသေးသော သူများလေ့လာပါ။ သယ်ရင်းတို့ ဒေါင်းထားတဲ့ ဖိုင်ဆိုဒ်ကအရမ်းကြီးနေတယ် အိပ်ကလဲအိပ်ချင်နေပြီ  ဆိုရင် ကွန်ပြူတာကို ပိတ်ပြီးအိပ်ဖို့မလိုပါဘူး ဒီနည်းလေး သုံးကြည့်ပါ။ အောက်မှာသယ်ရင်းတို့ရှင်းအောင် Screen Shot  ရိုက်ပြထားပေးပါတယ်။ ပြထားသော ပုံမမြင်ရပါက ပုံပေါ်ကို နှိပ်ကြည့်ပါ......

 1။ Options on completion ကို Click ပါ

  2။ Show download complete dialog ဆိုတာကို အမှန်ခြစ်ဖြုတ်ပါ
 3။ Turn off computer when done နဲ့ Force processes to teminate နှစ်ခုလုံးကိုအမှန်ခြစ်ပါ။ပြီးပါပြီ။
ကိုယ်လိုချင်သော Application လဲရ.....မနက်မိုးလင်းရင် ပြည့်ဖြိုးသောမျက်နှာလေးနဲ့ လည်း အလုပ်ဆင်းနိုင် .....ကဲ...ဘယ်လောက်ကောင်းလဲနော.....
လေးစားစွာဖြင့်
           Rဗြဲ

Saturday, September 21, 2013

နီနီဝင်းရွှေ-သီချင်းများစုစည်းမူ

အန်တီ ဒေါ်နီနီဝင်းရွှေရဲ့ သီချင်းများကို စုပေါင်းတင်ပေးလိုက်ပါတယ်။မပြည့်စုံခဲ့ပါက Cbox မှာအော်ခဲ့နိုင်ပါတယ်။
===>>>ဘွန္တော<<<===
1 ။ ခင်းဗျားနဲ့ကျွန်တော်
2 ။ ကိုစိမ်းကားရဲ့မာယာတော
3 ။ ဘွန္တော
4 ။ မောင်မောင်(ရ)ထွေမင်းသား
5 ။ ချစ်မြှားနတ်ရှင်
6 ။ လက်ဝှေ့ပွဲ
7 ။ ဆုတောင်းမှားခဲ့လေသလား
8 ။ အင်္ဇလီသခင်သို့
9 ။ အသဲနှစ်ခါကွဲတဲ့သူပါ
10။ ၁၂ ရာစုခေတ်ကျွန်မတို့အချစ်
                                                              Mediafire
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 ===>>>ကိုယ်လိုချင်သောပန်း<<<===
1 ။ ကာယပညာတန်ဆောင်
2 ။ အတုအယောင်
3 ။ ကိုယ်လိုချင်သောပန်း
4 ။ ရွှေဘုံပေါ်မှာစံချင်သူ
5 ။ ပန်တော်ကျဒေဝီ
6 ။ ရွှေလည်တိုင်
7 ။ စောင်းသမားနဲ့ကခြေသည်
8 ။ ယုံရခက်ခက်
9 ။ နှစ်ယောက်တည်းနေချင်တယ်
10။ချစ်အဓိပ္ပာယ်
                                                              Mediafire                                                             
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
===>>>ကချေသည်<<<===1 ။ မြိုင်
2 ။ ကျွဲမ
3 ။ ခွန်းဆက်ပဏာမ
4 ။ ဆောင်းလရာသီ
5 ။ အရုပ်ဆိုးမလေး
6 ။ ကချေသည်
7 ။ ပန်းသဇင်
8 ။ မြန်မာ့အနုပညာ
9 ။ အလွမ်းမင်းသမီးလေး
10။ ဦးသ၀န်ကြောင်
                                                              Mediafire


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

===>>>ပန်းရည်ဘဏ်တိုက်<<<===
1 ။ ပန်းရည်ဘဏ်တိုက်
2 ။ တောသူအချစ်
3 ။ မေ့အချစ်မစစ်လို့လား
4 ။ အရိပ်ပမာ
5 ။ ယုံတမ်းစကား
6 ။ သံယောဇဉ်
7 ။ မောင်ပေါက်ကျိုင်းလိုလူစား
8 ။ ချစ်ဆိပ်ရည်
9 ။ ပန်းဝတ်လွှာ
10။နက်ဖြန်(သို့)ဘယ်သောအခါ
                                                                 Mediafire
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
===>>>ပန်းဒဏ္ဍာရီ<<<===
1 ။ ပိုင်စိုးမူဧကရီ
2 ။ ပျော်တယ်ဟေ့
3 ။ အလွမ်းညဟေမာန်
4 ။ နူးညံ့စွာအရှုံးပေးခြင်း
5 ။ ချစ်သူကို
6 ။ ပန်းဒဏ္ဍာရီ
7 ။ ရေလိုအေးလို့ပန်းလိုချမ်းမြေ့ပါစေ
8 ။ မင်္ဂလာနေ့မွေးဖွားခြင်း
9 ။ ဝေးလွင့်ခြင်း၏နောက်ဆုံးခြေရာ
10။ညှို့မျက်ဝန်း
11။ငြမ်းချမ်းရေးသံစဉ်
12။သဒ္ဒါ
13။ရေကြည်ရာမြက်နုရာ


ဖိုးချို၏သီချင်းများစုစည်းမှု

From ---Classic Fell Song

ဒေါ်လာ ၁၀ တန်လက်ပ်တော့ပ်များ အိန္ဒိယတီထွင်ထုတ်လုပ်မည်

ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွင် ကွာဟမှုမရှိစေရန် အတွက် ရူပီး ၅၀၀ (ဒေါ်လာ ၁၀)တန် လက်ပ်တော့ပ်များကို အိန္ဒိယနိုင်ငံမှ တီထွင်ထုတ်လုပ်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် တန်ဖိုးနည်းပစ္စည်းများ တီထွင်ထုတ်လုပ်မှုနည်းပညာတွင် နာမည်ကောင်းရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က ကမ္ဘာပေါ်တွင် တန်ဖိုးအနည်းဆုံးကားကို တီထွင်နိုင်ခဲ့သည်။ 'သင်၏မျက်စိရှေ့မှာ'ဟု အဓိပ္ပာယ်ရသော ဆက်ခ်ရှတ်အမည်ရှိ တန်ဖိုးနည်းလက်ပ်တော့ပ်များကို ပညာရေးကဏ္ဍအတွက် အဓိကထားသုံးစွဲနိုင်ရန်တီထွင်ခဲ့ပြီး ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊ သင်ခန်းစာသင်ယူခြင်းနှင့် လေ့ကျင့်ခန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။

အန်ဒရာပရာဒေ့ရှ်တက္ကသိုလ်မှ ပရက်ဘ်ဟာကားရ်ရာအိုက ''ဆက်ခ်ရှတ်လက်ပ်တော့ပ်တွေကို မကြာခင်မှာဝယ်ယူရရှိနိုင်တော့မှာပါ။ အိန္ဒိယမှာ ဒီလိုမျိုးတန်ဖိုးနည်းဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲတွေရရှိနိုင်ဖို့ မျှော်လင့်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကျောင်းသားတွေအတွက် တန်ဖိုးနည်းလက်ပ်တော့ပ်တွေက အကျိုးရှိစေမှာပါ''ဟု ပြောကြားခဲ့သည်။ တန်ဖိုးနည်းလက်ပ်တော့ပ်များကို အိန္ဒိယရှိ ဗဲလ်လောရ် နည်းပညာသိပ္ပံ၊ ဘန်ဂလောရ်နှင့် မက်ဒရပ်စ်နည်းပညာသိပ္ပံများမှ ပညာရှင်များပူးပေါင်းပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။

From Weekly-eleven

ဗြိတိန်နိုင်ငံမှ ၁၃နှစ်သားကလေးအဖေ (amazing news)

(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့် ဗြိတိန်နိုင်ငံ၏ ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည် အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်းတို့နှစ်ဦးသည် ချန်တယ်လာတွင် ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံစည်ခဲ့သေးကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိသောကြောင့် ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏ဖခင်သည် ၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည် အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏ ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
 (အဲလ်ဖီးဇနီးမောင်နှံနှင့် ၎င်းတို့၏သမီးငယ်)

ကလေးငယ်ကို မွေးလိုခဲ့သော်လည်း ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများကို ကြောက်ရွံ့ခဲ့မိပါသည်ဟု အဲလ်ဖီးကဆိုသည်။ အဲလ်ဖီး၏အကြောင်းကို ကြားသိခဲ့ပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဗြိတိန်ကလေးငယ်များ၏ အနာဂတ်အတွက် စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းကမူ အဆိုပါဖြစ်ရပ်အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။ ဖေဖော်ဝါရီလ (၉)ရက်နေ့က မွေးဖွားခဲ့သည့် အဲလ်ဖီး၏ သမီးလေးသည် မွေးဖွားချိန်တွင် (၇)ပေါင်၊ (၃)အောင်စမျှ အလေးချိန်ရှိပြီး မေဆီရော့ဆယ်နီဟု အမည်ပေးထားသည်။ မေဆီလေးအား ဆေးရုံတွင် သွားရောက်မွေးဖွားခဲ့ခြင်းဟုလည်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အရှေ့ဆက်ဆက်စ်ရှိ အက်စဘော်နီဆေးရုံမှ တာဝန်ရှိသူများက ကလေးငယ်မှာ ကျန်းမာရေး ကောင်းမွန်နေပါသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင် အဲလ်ဖီး၏ မိသားစုများက အဲလ်ဖီးကို ကျောင်းမှထုတ်ပယ်လိုက်မည်ကို စိုးရိမ်နေကြသည်။ ကလေးမွေးသည့်နေ့က အဲလ်ဖီးသည် တစ်ညလုံး ဆေးရုံတွင် နေခဲ့ပြီးမှ နောက်တစ်နေ့တွင် ကျောင်းဝတ်စုံကို လဲလှယ်ပြီး ကျောင်းသွားတက်ခဲ့သည်။
 (ကလေးကိုနို့ဗူးတိုက်နေသည့် ၁၃နှစ်သားကလေးအဖေ အဲလ်ဖီး)

အဲလ်ဖီးသည် ကလေးအဖေ ဖြစ်လာခဲ့သည့်တိုင် ကွန်ပျူတာဂိမ်းကစားခြင်းကို စွဲလန်းနေသည့် ကလေးတစ်ဦးမျှသာ ရှိနေသေးကြောင်း အဲလ်ဖီး၏ဖခင် ဒင်းနစ်က ညည်းတွားပြောဆိုခဲ့သည်။ အဲလ်ဖီးကမူ ၎င်းအနေနှင့် ဖခင်ကောင်းတစ်ယောက် ဖြစ်လာချင်ပါကြောင်း ပြောကြားထားသည်။ ရဲတပ်ဖွဲ့က အသက်မပြည့်ဘဲ ကလေးရသည်အထိ ကျူးကျူးလွန်လွန် ဖြစ်ခဲ့သည့်တိုင် အဲလ်ဖီးတို့စုံတွဲကို အရေးယူမည် မဟုတ်ဟု ကြေငြာထားခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကလေးအဖေအဖြစ် စံချိန်တင်ထားသူမှာ အသက်(၁၂)နှစ်အရွယ် ရှောင်စတီးဝပ်ဆိုသူဖြစ်ပြီး အသက်(၁၅)နှစ်ရှိ ချစ်သူမန်းကလေး အီမာဝက်ဘ်စတာနှင့် (၁၉၉၈)ခုနှစ်အတွင်းက ရှန်ဘရွတ်ခ်တွင် ကလေးတစ်ဦး ရခဲ့သော်လည်း (၆)လအကြာတွင် လမ်းခွဲခဲ့ကြသည်။
 (ဂိမ်းဆော့ရင်းကလေးထိန်းနေသည့် အဲလ်ဖီးတို့ဇနီးမောင်နှံ)
From----အိမ်မက်ချို
ညီငယ်ညီမငယ်များအားကျအတုယူစရာမဟုတ်ပါ
အစ်ကိုကြီး
     Rဗြဲ

Photoshop ဖြင့် Animation ဖန်တီးခြင်း---PDF

Photoshop ဝါသနာပါသောဘော်ဒါများအတွက် မောင်သာဗျောရဲ့ Animation ဖန်တီးပုံလေးကို မျှဝေလိုက်ပါတယ်။
လေးစားစွာဖြင့်
      Rဗြဲ
                                                             ISSUU

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ