အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။
သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။
Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။
Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။












No comments:
Post a Comment