Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Showing posts with label နည်းပညာစာအုပ်များ. Show all posts
Showing posts with label နည်းပညာစာအုပ်များ. Show all posts

Wednesday, October 30, 2013

Hard Disk သန့်ရှင်းရေးလမ်းညွှန်စာအုပ်

ဘယ်အရာမဆို အစဉ်ထာဝရ တည်မြဲတယ်ဆိုတာမရှိပါဘူး။ တရားသဘောနဲ့ပြောမယ်ဆိုရင် ဖြစ်ပြီးရင်
ပျက်စီးပါမယ်။အနှေးနဲ့အမြန်ပဲကွာပါတယ်။ ထိန်းသိမ်းမူ့ ရှိရင်တော့ ပျက်စီးမူ့နှေးမယ် မထိန်းသိမ်းရင်
ပျက်စီးမူ့မြန်မယ် ဒါပါပဲ။ Computer Hard disk အချိန်အကြာကြီး အသုံးပြုနိုင်ရန်အတွက် သန့်ရှင်းရေး
လုပ်ပြီးထိန်းသိမ်းရင် ဥပမာ ၁ နှစ်ခံမယ့် ပစ္စည်းဟာ ၂ နှစ် လောက်ခံမယ် ဒီသဘောတရားပါပဲ။ဘယ်လို
သန်ရရှင်းရမယ်မှန်းမသိတဲ့ သူများအတွက် Hard Disk သန့်ရှင်းရေးလမ်းညွှန် စာအုပ်လေးအတိုင်း
လုပ်ဆောင်နိုင်ပါတယ်။
                                                 Zippyshare ၊  Megashares (P>> rvare <<)

Thursday, October 3, 2013

I.D.M နဲ့ ကွန်ပြူတာ Auto Shut-Down လုပ်နည်း

မင်္ဂလာပါ....
ဒီနေ့ ကျွန်တော်တင်မယ့် Post က ဘာမှတော့ခက်ခက်ခဲခဲ မရှိဘူးဗျ လွယ်လွယ်လေးပါ။
အခြားဆိုဒ်တွေမှာသိပ်မတွေ့လို့ မျှဝေလိုက်ပါတယ်။ သိတဲ့သူ နည်းပါလိမ့်မယ်.....ကျွန်တော် အဲလို
ပြောလို့  "ဒီကောင်ကဆရာကြီးလားကွ"  ဆိုပြီး မထင်လိုက်ပါနဲ့ ကျွန်တော်ဘာကောင်မှ မဟုတ်ပါဘူး။
ကိုယ်သိတာလေးကို ပြန်မျှဝေတာပါ။ IDM နဲ့ Computer Auto Shut-Down ပြုလုပ်တာလေးပါ။ သိသောသူများ ကျော်သွားပါ။မသိသေးသော သူများလေ့လာပါ။ သယ်ရင်းတို့ ဒေါင်းထားတဲ့ ဖိုင်ဆိုဒ်ကအရမ်းကြီးနေတယ် အိပ်ကလဲအိပ်ချင်နေပြီ  ဆိုရင် ကွန်ပြူတာကို ပိတ်ပြီးအိပ်ဖို့မလိုပါဘူး ဒီနည်းလေး သုံးကြည့်ပါ။ အောက်မှာသယ်ရင်းတို့ရှင်းအောင် Screen Shot  ရိုက်ပြထားပေးပါတယ်။ ပြထားသော ပုံမမြင်ရပါက ပုံပေါ်ကို နှိပ်ကြည့်ပါ......

 1။ Options on completion ကို Click ပါ

  2။ Show download complete dialog ဆိုတာကို အမှန်ခြစ်ဖြုတ်ပါ
 3။ Turn off computer when done နဲ့ Force processes to teminate နှစ်ခုလုံးကိုအမှန်ခြစ်ပါ။ပြီးပါပြီ။
ကိုယ်လိုချင်သော Application လဲရ.....မနက်မိုးလင်းရင် ပြည့်ဖြိုးသောမျက်နှာလေးနဲ့ လည်း အလုပ်ဆင်းနိုင် .....ကဲ...ဘယ်လောက်ကောင်းလဲနော.....
လေးစားစွာဖြင့်
           Rဗြဲ

Saturday, September 21, 2013

Photoshop ဖြင့် Animation ဖန်တီးခြင်း---PDF

Photoshop ဝါသနာပါသောဘော်ဒါများအတွက် မောင်သာဗျောရဲ့ Animation ဖန်တီးပုံလေးကို မျှဝေလိုက်ပါတယ်။
လေးစားစွာဖြင့်
      Rဗြဲ
                                                             ISSUU

Friday, September 20, 2013

ကွန်ပြူတာလက်စွဲ----PDF



ကွန်ပြူတာသမားတိုင်း ဆောင်ထားသင့်တဲ့ စာအုပ်ကောင်းလေးပါ။ပြန်လည်ဝေမျှလိုက်ပါတယ်။

                                                                ၊ ISSUU

လေးစားစွာဖြင့်
       Rဗြဲ

Monday, August 19, 2013

Windows ၏ လျှို့ဝှက်ချက်များ

Windows မှာ Command Prompt သုံးရ ကောင်းမှန်း သိတဲ့သူတွေ အတော်လေးရှားလာပါပြီ။ Command Prompt အကြောင်း သိရင် ပြဿနာအတော်များများကို ဖြေရှင်း နိုင်ပါတယ်။ Windows ကို command ပေး ပြီး ဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

ပထမဦးဆုံး Commanc Prompt ကိုဖွင့်နည်း

Command Prompt ကို Command Line လို့လည်းခေါ်တယ်။ Windows 7 နဲ့ Vista ကို သုံးနေသူတွေဆိုရင် Start ကို အရင်သွားပါ။ အောက်ဆုံးနားက Search အကွက်ထဲမှာ cmd လို့ ရိုက်ထည့်လိုက်ပါ။  ထိပ်ဆုံးနားမှာ cmd.exe ဆိုတဲ့ icon ပေါ် လာရင် အဲဒီအပေါ်မှာ right-click လုပ်ပြီး တော့ “Run as administrator” ကို ရွေးလိုက်ပါ။ Windows Command Processor က system ကို ပြောင်းလဲခွင့်ပြုသလားလို့ မေးပါလိမ့်မယ်။ Yes ကို click လုပ်လိုက်ပါ။ ဒီအဆင့်ကတော့ သာမန် user တွေနဲ့ မတူတဲ့ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ command ထဲ ကို ဝင်လိုက်တဲ့သဘောဖြစ်ပါတယ်။
Windows XP ကိုပဲသုံးသူတွေဆိုရင် တော့ Start > Run ကို သွားပြီး cmd ကို ရိုက်ထည့်၊ ပြီးရင် Enter နှိပ်လိုက်တာနဲ့ရပါတယ်။
Command Prompt ကို သုံးရင် တစ်ခုခု ရိုက်ထည့်ပြီးတိုင်း Enter ကို နှိပ်ဖို့ မမေ့ပါနဲ့။

အခြားကွန်ပျူတာကို Shut down လုပ်ချင်ရင်


အခြား PC ကို command prompt သုံး ပြီး shut down သို့မဟုတ် restart လုပ်လို့ရ ပါတယ်။ အဲဒီ ကွန်ပျူတာနဲ့ network ချိတ်ဆက်ထားဖို့တော့ လိုမယ်။
ပထမဦးဆုံး ကိုယ်ကလှမ်းပြီး ထိန်းချုပ်ချင်တဲ့ ကွန်ပျူတာ ဖွင့်ထားသလား ကြည့်ပါ။ ပြီးတော့ network ရသလားကြည့် ပါ။ အဲဒီ ကွန်ပျူတာရဲ့ အမည် (hostname) ကို သိဖို့လိုပါတယ်။ သူ့ hostname ကို သိရင် ကိုယ့်ကွန်ပျူတာမှာ cmd ကို ဖွင့်ပြီး shutdown/i လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီ အချိန်မှာ Remote Shutdown Dialog box တစ်ခုပေါ်လာလိမ့်မယ်။ Add ကို click လုပ်လိုက်ပါ။ အဲဒီမှာ ကိုယ်လှမ်းပိတ်ရမယ့် ကွန်ပျူတာရဲ့ hostname ကို ရိုက်ထည့်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ပျော်စရာ နောက်ပြောင်လို့ရပါတယ်။ ဘာမှန်းမသိ ကွန်ပျူတာ ပိတ်သွားလို့ပါ။
Shutdown လုပ်မှာလား၊ Restart လုပ်မှာလားရွေးပါ။ ချက်ချင်းပိတ်ချင်ရင် command prompt မှာ shutdown/s/m\\ လို့ ရိုက်ပြီးရင် ကိုယ်လှမ်းပိတ်မယ့် PC ရဲ့ hostname ကို ရိုက်ထည့်ပါ။
ဥပမာ shutdown/s/m\\RobertsPC လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ ဟိုဘက်က PC ကို လှမ်းပိတ်လိုက်ပါပြီ။
တကယ်လို့ Restart လုပ်ချင်ရင်တော့ Shutdown/r/m//.... ဆိုပြီး ရိုက်ထည့်နိုင်ပါတယ်။
ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ Network နဲ့ PC အကြောင်း သိချင်ရင်

ကိုယ့်ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတွေ၊ internet connection တွေ၊ website တွေ အကြောင်းသိချင်ရင် အမြန်ဆုံးနဲ့ အန္တရာယ်အကင်းဆုံး စုံစမ်းနိုင်တာ command prompt နည်းပါ။ cmd ကို ခေါ် ပြီးရင် ipconfig/all ဆိုတာ ရိုက်ထည့်ကြည့်ပါ။ IP နဲ့ DNS server address တွေအားလုံး ကျလာပါလိမ့်မယ်။
 
ကိုယ့်ကွန်ပျူတာထဲက system ကို သိချင်ရင်လည်း ကြည့်လို့ရပါတယ်။ Install လုပ်တဲ့ နေ့စွဲ၊ boot time နဲ့ memory ဘယ်လောက်ရနိုင်သလဲဆိုတာတွေကို သိချင်ရင် systeminfo လို့ ရိုက်ထည့်ပြီး Enter ခေါက်ကြည့် လိုက်ပါ။
ပျက်နေတဲ့ System File တွေကို ပြင်ချင်ရင်

Windows က ကောင်းကောင်း အလုပ် မလုပ်တော့ဘူး။ DLL ဖိုင်တွေပျောက်ရင် error message တွေ မကြာခဏပေါ်လာ တတ်ပါတယ်။ ဒါဆိုရင် System File Checker ကိုဖွင့်ပြီးတော့ ပြဿနာကို ဖြေရှင်း ခိုင်းရပါတယ်။ Command Prompt ကို ဖွင့်ပါ။ Administrator mode ထဲကို ဝင်ရပါ မယ်။ ရှေ့ပိုင်းမှာ ဝင်ပုံဝင်နည်း ပြောခဲ့ပြီးပြီ။ sfc/scannow လို့ ရိုက်ထည့်လိုက်ပါ။ ဖိုင်တွေပျက်နေတာတွေကို system ထဲဝင် ပြီးတော့ ပြင်ပေးသွားပါလိမ့်မယ်။ အနည်းဆုံး စစ်ဆေးပြင်ဆင်ချိန် မိနစ် ၂ဝ လောက် ကြာတတ်ပါတယ်။ စိတ်ရှည်စွာနဲ့ စောင့်ဖို့ လိုပါတယ်။

ဟာ့ဒ်ဒစ်တွေကို defrag လုပ်ချင်ရင်

Defragmenting လုပ်တယ်ဆိုတာတော့ သိမှာပါ။ ဟာ့ဒ်ဒစ်တွေထဲက ဖိုင်တွေကို စနစ်တကျဖြစ်အောင် ပြန်ပြီး စီစဉ်တကျထားရင် ကွန်ပျူတာပိုပြီး မြန်ဆန်တတ်ပါတယ်။ မကြာမကြာလုပ်ဖို့တော့ မလိုပါဘူး။ တစ်ခါ တစ်လေ လုပ်ဖို့ပါ။ Command ထဲဝင်ပြီးရင် defrag C:/.. ဆိုပြီး ရိုက်ထည့်ပါ။ နောက်က အစက်တွေကတော့ ကိုယ် defrag လုပ်ချင် တဲ့ drive အမည်ကို ရိုက်ထည့်ဖို့ပြောတာပါ။ ဥပမာ defrag C:/d ဆိုတာမျိုးပေါ့။
အဲဒါဆိုရင် ကိုယ်ရိုက်ထည့်လိုက်တဲ့ drive ကို size ကဘယ်လောက်၊ free space က ဘယ်လောက်လိုတယ်၊ စုစုပေါင်း fragmented လုပ်ပေးမယ့် space ကဘယ် လောက်၊ defrag လုပ်ဖို့ လို-မလိုဆိုတာတွေ ကို ပြောပါ လိမ့်မယ်။
Windows Disk Defragmenter tool ဆိုတာ Windows ထဲမှာလည်း ရှိပါတယ်။ အဲဒီ application ကို တိုက်ရိုက်သုံးရင်လည်း ရပါတယ်။
Folder တစ်ခုထဲက ပါဝင်တဲ့ အကြောင်း အရာတွေကို Print လုပ်ခိုင်းချင်ရင်
Folder ထဲမှာ ဘာဖိုင်တွေရှိတယ်ဆိုတာ သိချင်ရင် လွယ်ပါတယ်။ အထူးသဖြင့် folder ထဲမှာ ဖိုင်တွေ အများကြီးထည့်ထားရင်ပေါ့။
ပထမဦးဆုံး ကိုယ်သိချင်တဲ့ folder ကို Shift အရင်နှိပ်ပြီးမှ right-click လုပ်ပါ။ “Open command window here” ဆိုတာကို ရွေးပါ။ Commanf Prompt ပေါ်လာရင် dir လို့ ရိုက်ထည့်ပါ။ အဲဒီမှာ ဖိုဒါထဲရှိတဲ့ ဖိုင် စာရင်းပေါ်လာပါလိမ့်မယ်။ နောက်တစ်ဆင့် print.txt လို့ ဆက်ရိုက်ထည့်ပါ။ Enter နှိပ်ပါ။ Notepd နဲ့ ဖိုင်စာရင်းပေါ်လာပါ လိမ့်မယ်။ ဒါဆိုရင် print ထုတ်ကြည့်လို့ရပါပြီ။
ကွန်ပျူတာပေါ်မှာ ဘာတွေ Run နေတယ် ဆိုတာ သိချင်ရင်

ကိုယ့် PC ပေါ်မှာ ဘယ်လို ပရိုဂရမ်တွေ၊ service တွေရောက်နေတယ်ဆိုတာ သိချင်ရင် command line မှာ net start လို့ ရိုက်ထည့်ကြည့်ပါ။ ကိုယ်ဆက်ပြီး run မလုပ်စေချင်တဲ့ net stop လို့ရိုက်ပြီး နောက်က ရပ်စေ ချင်တဲ့ ပရိုဂရမ်ကို ရိုက်ထည့်ရပါ လိမ့်မယ်။ ဥပမာ net stop Superfetch စသည်ဖြင့်ပေါ့။ Administrator mode ထဲ ဝင်ပြီး လုပ်မှရပါလိမ့်မယ်။
User Password ကိုပြောင်းချင်ရင်

ကိုယ်သုံးနေတဲ့ ကွန်ပျူတာမှာ password ကိုမေ့သွားရင် Command Prompt ထဲမှာ ပြင်နိုင်ပါတယ်။ ပထမဦးဆုံး command prompt ထဲမှာ net user ဆိုပြီး ရိုက်ထည့်ရပါမယ်။ နောက်တစ်ကြိမ် net user တစ်ကြိမ် ထပ်ရိုက်ထည့်ပြီးရင် user name နဲ့ password အသစ်ကို ပေးရပါလိမ့် မယ်။ ဥပမာ net user Tin ......... လို့ ရိုက် ထည့်ပေးရမယ်။ ....... တွေကတော့ password အသစ်ကို ပြောတာပါ။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ Administrator  ထဲ မှာပဲ လုပ်လို့ရတယ်။ ကိုယ်ပေးတဲ့ password ကို မှတ်ထားဖို့ လိုပါတယ်။ ကွန်ပျူတာ ပြန်ဖွင့်ရင် ပြောင်းထားတဲ့ password ကို ရိုက်ထည့်မှရပါတယ်။
Command Prompt window ကို ပုံစံပြောင်းချင်ရင်

Command Prompt က အဖြူ အမည်း ပုံစံအတိုင်းပဲတွေ့ရမှာပါ။ အဲဒါကို ရိုးတယ် ထင်လို့ ပြင်ချင်ရင် ရပါတယ်။ Command Prompt ကို ခေါ်ပြီးရင် ဘယ်ဘက် window ထိပ်နား မှာရှိတဲ့ icon ကို click လုပ်ပြီး Properties ကို ရွေးလိုက်ပါ။ Colors ဆိုတဲ့ tab ကို click ကို ရွေးလိုက်ပြီး ကိုယ့်စိတ်ကြိုက် အမျိုးမျိုး အရောင်တွေ၊ စာလုံးတွေ ကို ရွေးချယ်လို့ရပါတယ်။ Font အရွယ် အစား ပုံစံတွေလည်း ပြောင်းလို့ရတယ်။ Window အရွယ်အစားနဲ့ ပုံစံကိုလည်း ပြောင်းနိုင်ပါတယ်။

Monday, July 29, 2013

လုံခြုံစိတ်ချစွာ facebook အသုံးပြုခြင်း





facebook သုံးတဲ့သယ်ရင်းများ ဆောင်ထားရမဲ့ စာအုပ်လေးပါ။ facebook အဟပ်မခံရအောင်
ကာကွယ်ဖို့လမ်းညွှ်ပေးမဲ့ စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ။
လေးစားစွာဖြင့်
       Rဗြဲ

                                   Megashares (P--rvare)  ၊  Mighty  ၊  Mediafire


Tuesday, February 19, 2013

Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင် - Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy ofyourFacebookdata” အား Clickလုပ်ပါ။
၂ ။ သင်သည် default setting   အား  “Public”  လုပ်ထားသည်။ သို့သော် သင်၏ update  အချက် အလက်များနှင့် 
ပုဂ္ဂလိက သတင်း အချက်အလက်များ အား တစ်ကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက  “Privacy Setting “သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်
၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကိုသင်မြင်ရမှာမဟုတ်သလို၊သင်၏updateသတင်းအချက်အလက်များကိုလည်း
သင်၏သူငယ်ချင်းတစ်ချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Usersများကိုsiteအားကြာရှည်စွာအသုံးပြု
စေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန် သုံးသပ်မှုအများဆုံး Post များ
ကို သာ ဦး စားပေးမြင်သာစေသည်။
၎ ။ သင်သည် Facebook သို့ “ Signinဝင်ပြီးသည့်အခါ နောင်တွင်သင်internetsurfလုပ်သည့်အချိန်တွင်လမ်းကြောင်း
တစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင်Share / Like လုပ်ထားသော Page များအားဝင်
ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။
၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှသင်၏ Updateသတင်းအချက်အလက်များအား
တွေ့မြင်နေရသဖြင့် မသမာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည် ။ အာမခံကုမ္ပဏီများသည်Post လုပ်ထားသော
သတင်းအချက်အလက်များအား အသုံးပြု၍ ငွေအရစ်ကျပေးချေနှုန်းများတိုးမြှင့်ခြင်း၊ တောင်းဆိုမှုများအားငြင်းဆန်ခြင်း
များပြု လုပ်လေ့ရှိ ပါသည်။
၆ ။ သင်၏ စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FBမှသတင်း ကြေငြာမှုတစ်ခု
အဖြစ် သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ်Log on လုပ်သည့် အချိန်အထိ
တိုင်အောင် ဖော်ပြပေးထားပါသည်။
၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင် ဈေးဝယ်ရခြင်းအား ကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက
coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များသည် FB အားသင်၏အကြောင်းကို
ပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။
၈ ။ သင်ဂရုစိုက်သောသူငယ်ချင်းများ၏ Posts များအား လုံလောက်စွာမကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်း
များ၏ Post များအားမြင်တွေ့နေရပါသလား?

- New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။
- သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။
- သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။
၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။

ကြော်ငြာလိုသည့်ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒရှိသည့်နေရာ၊ လုပ်ငန်းအမျိုးအစား နယ်ပယ်၊ပညာအရည်အချင်း level
စသည့် သတင်း အချက် အလက် များပေးသည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏  စံအနေအထားများနှင့် ကိုက်ညီမည့်Pages
များတွင် ကြော်ငြာများ ထည့်ပေးသည်။
၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင်
- သင်၏ Update News အားသူငယ်ချင်းများ၏ News Feedsထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10အထိ
Fee ပေး၍ပြုလုပ်နိုင်ပါသည်။
၁၁ ။ အသုံးပြုသူ အများစုဟာ  time line  ကို မကြိုက်နှစ်သက်ကြပါ။ သို့သော်timelineသည်အသုံးပြုသူများအတွက်
Shareလုပ်ရန် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အ
တွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။
၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။

ဥပမာအားဖြင့် သင်၏ Post များအားboss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။
- Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါကOption အားလုံးကို တွေ့မြင်ရပါ
လိမ့်မည်။
၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ် ထွက်ခွာခဲ့ခြင်း မပြုလုပ်ပါနှင့်။ လုပ်ငန်းခွင် တွင်
တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။

Myanmar News Update ၏ စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

Thursday, January 24, 2013

Shutdown-Restart-Logoff-Hibernate (ဖတ်ရန်)

 မင်္ဂလာပါ
နာမည်မြင်လိုက်တော့..."ဘာကြီးလည်း မသိဘူး.." ပေါ့....
ဥပမာ.. Computer ကို Shutdown ချချင်ရင်...Start Menu>>Shutdown အဲ့လိုနှိပ်ရတယ်လေ....ဒါကသမာရိုးကျ..ပါ....နည်းနည်း အထွန့်တက်ချင်သူများ အတွက်..နည်းလမ်းလေးတစ်ခု မျှဝေပေးလိုက်ပါတယ်....

ပထမဆုံးသင့်computerရဲ့ desktop ပေါ်မှာရှိတဲ့ နေရာလွတ်တစ်ခုမှာ right click လုပ်ပါ
- ပြီးရင်တော့ New - Shortcut ဆိုတာကိုရွေးလိုက်ပါ
- Shortcut ဖန်တီးဖို့  box တစ်ခုကျလာပါလိမ့်မယ်
- Type the location of the item: ဆိုတဲ့စာကြောင်းအောက်က text box ထဲမှာအောက်မှာပေးထားတဲ့ code ကို copy ကူးထည့်လိုက်ပါ

- Shutdown အတွက်ဆိုရင် shutdown.exe -s -t 0
- Restart အတွက်ဆိုရင် shutdown.exe -r -t 0
- Log off အတွက် shutdown.exe -l -t 0
- Hibernation အတွက် rundll32.exe PowrProf.dll, SetSuspendState Hibernate

- t နောက်က 0 နေရာမှာ shutdown ကျစေချင်တဲ့ second ထည့်ရေးလို့ ရပါတယ်
- ပြီးရင်တော့ Next ကိုနှိပ်
- File name ပေး ပြီးတော့ finish ကိုနှိပ်လိုက်ပါ
Desktop ပေါ်မှာ..သင်ပေးတဲ့နာမည်နဲ့ Icon တစ်ခု ကျလာပါလိ့မ်မယ်...
Icon ပုံစံလေးက နည်းနည်းရိုးနေတယ်ဆိုရင်... Icon ပေါ်မှာ Right Click ထောက်..Properties>>အောက်နားက Change Icon

ကိုနှိပ်..ကြိုက်တဲ့ ဟာလေး ရွေးပေးလိုက်ပေါ့.....
အဲ့ဒါဆိုရင် Computer ကို..Shutdown , Restart, Log off, တွေကို Start Menu ကနေ နှိပ်စရာမလိုပဲနဲ့..Desktop ပေါ်ကနေ

ထိန်းချုပ်နိုင်ပြီပေါ့... :)

edinooyin မှ ကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်Rဗြဲ

Sunday, January 13, 2013

မိမိကွန်ပြူတာကိုလုံခြုံစွာအသုံးပြုခြင်း

D စာအုပ်လေးကလည်းကွန်ပြူတာသမားတိုင်း ဖတ်ထား/မှတ်သား သင့်တဲ့စာအုပ်လေးပါပဲ။ကိုယ့်ကွန်ပြူတာကို Hacker ရန်မှဘယ်လိုကာကွယ်ရမယ် ဆိုတာကို Aသေးစိတ်
မဟုတ်တောင် အတန်အသင့် ကာကွယ်နိုင်အောင် ထောက်ပြပေးပါလိမ့်မယ်
Download Here

Saturday, January 12, 2013

Adobe Photoshop CS3.pdf


photoshop CS3 အသုံးပြုနည်းစာအုပ် တင်ပေးလိုက်ပါတယ်။ဒီစာအုပ်ကိုအသုံးပြုပြီး Professional Designer တစ်ယောက် ဖြစ်ကြပါစေဗျား။
Download Here

How to use Office 2010

microsoft office 2010 အသုံးပြုနည်းစာအုပ်လေးကိုတင်ပေးလိုက်ပါတယ်။လိုအပ်သောသူများဒေါင်းယူနိုင်ပါပြီ။
ရတဲ့အချိန်လေးကိုဖဲ့ပြီး ဖိုင်ဆိုဒ်သေးတာတွေကိုပဲ တင်ပေးလိုက်ပါတယ်။ နားလည်တဲ့/ရင်ဘတ်ခြင်းတူတဲ့ သူများ အားပေးစားလေးတော့ မိန့်ကြားပေးခဲ့ဖို့ တောင်းဆိုပါတယ်..

လေးစားစွာဖြင့်Rဗြဲ
Download Here

How to use Window 7.PDF

ခင်ဗျား တောင့်တလို့ ကျွန်တော်ကိုယ်ထင်ပြလိုက်ပါတယ်...ဟဲ..ဟဲ

VIRTUAL DJ PRO 7--PDF


ဂီတကို ခရေဇီ ဖြစ်နေတဲ့ 21 ရာစု ညီလေးများအတွက် စာအုပ်ကြည့်ပြီး ကလိကြပေတော့။ ဆော့ဝဲကိုတင်ပေးထားတာကြာပါပြီ။လိုက်ရှာပြီး ဒေါင်းယူလိုက်ပါ။လင့်သေနေရင် CBOX မှာအကြောင်းကြားဖို့မမေ့နဲ့နော်။ပြန်တင်ပေးလိုက်မယ်။
ကဲ..စိတ်ဝင်စားရင် အောက်မှာဒေါင်းလိုက်ပါ
Download
Minus

Monday, November 5, 2012

How do U Flash song ?--pdf စာအုပ်

သယ်ရင်းတို့စိတ်ကြိုက် Flash songသီချင်းတွေဖန်တီးနိုင်စေရန်အတွက် ဒီစာအုပ်လေးက အထောက်အကူပေးပါလိမ့်မယ်           အားလုံးကိုလေးစားတဲ့Rဗြဲ                                                           Download Here

Using Network - PDF

internet ကိုဘယ်လိုအသုံးပြုမလဲ ဆိုတဲ့စာအုပ်လေးပါ  အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

How do U kill virus-pdfစာအုပ်







မိမိကွန်ပြူတာထဲမှာရှိတဲ့ virus ကိုဘယ်လိုနှိမ်နင်းမလဲ ဆိုတဲ့ ကိုညီနေမင်းရေးထားတဲ့ စာအုပ်လေးပါ             အားလုံးကိုလေးစားတဲ့Rဗြဲ              
                                                                                                            Download Here

Smart-Card knowledge.PDF

smart-cardဆိုတာဘာလဲသိချင်ရင်တော့ ဒါလေးယူပြီးဖတ်ကြည့်ပေါ့နော်                     
 အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Sunday, November 4, 2012

Microsoft office 2010--PDF စာအုပ်

microsoft office 2010အတွက် အသုံးပြုရန်လမ်းညွှန်စာအုပ် ပါဗျား       အားလုံးကိုလေးစားတဲ့Rဗြဲ                                                                             Download Here

Laptopအကြောင်းသိကောင်းစရာ

တော်တော်ကောင်းတော်တော်စုံတဲ့စာအုပ်လေးပါပဲ                    အားလုံးကိုလေးစားတဲ့Rဗြဲ

Download Here

Facebook using--pdf စာအုပ်

 Facebook အသုံးပြုရန်လမ်းညွှန်စာအုပ်လေးပါ                                  အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ