(၁၃)နှစ်အရွယ်နှင့် ကလေးအဖေ ဖြစ်လာခဲ့သူ အဲလ်ဖီးပက်တန်ကြောင့်
ဗြိတိန်နိုင်ငံ၏ ကလေးသူငယ်များအား မိဘများက အုပ်ထိန်းနေသည့် ပုံစံစနစ်ကို
မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ကြောင်း သိရှိရသည်။ အဲလ်ဖီးသည်
အသက်(၁၅)နှစ်အရွယ်ရှိ ၎င်း၏ချစ်သူ ချန်တယ်လာစတိဒ်မန်းနှင့် သမီးလေးတစ်ဦးကို
မွေးဖွားခဲ့ပြီဖြစ်သည်။ အဲလ်ဖီးက ၎င်းတို့နှစ်ဦးသည် ချန်တယ်လာတွင်
ကိုယ်ဝန်ရှိနေကြောင်း သိရှိခဲ့ချိန်က ဖျက်ချပစ်ရန် ကြံစည်ခဲ့သေးကြောင်း
ဝန်ခံခဲ့သည်။ သို့သော်လည်း ၎င်းတွင်မုန့်ဖိုးငွေ အလုံအလောက် မရှိသောကြောင့်
ထိုကိစ္စ အထမမြောက်ခဲ့ကြောင်း အဲလ်ဖီးက ပြောကြားခဲ့သည်။ အဲလ်ဖီး၏ဖခင်သည်
၎င်းအား တခါတရံမှသာ (၁၀)ပေါင်ခန့် မုန့်ဖိုးပေးလေ့ရှိသည်။ အဲလ်ဖီးသည်
အရပ်(၄)ပေသာရှိသေးသည့် ပီဘိကလေးငယ်တစ်ဦးဖြစ်ပြီး ၎င်း၏မိခင်သည် ၎င်းတို့၏
ကိုယ်ဝန်အကြောင်းကို သိရှိသွားမည်ကို အလွန်ကြောက်ရွံ့မိခဲ့ကြောင်း
ပြန်လည်ပြောကြားခဲ့သည်။
(အဲလ်ဖီးဇနီးမောင်နှံနှင့် ၎င်းတို့၏သမီးငယ်)
ကလေးငယ်ကို မွေးလိုခဲ့သော်လည်း ပတ်ဝန်းကျင်၏ တုန့်ပြန်မှုများကို
ကြောက်ရွံ့ခဲ့မိပါသည်ဟု အဲလ်ဖီးကဆိုသည်။ အဲလ်ဖီး၏အကြောင်းကို
ကြားသိခဲ့ပြီးနောက် ဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ပြီး ဗြိတိန်ကလေးငယ်များ၏
အနာဂတ်အတွက် စိုးရိမ်မှုမှာ မြင့်တက်လာခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်
ဂေါ်ဒွန်ဘရောင်းကမူ အဆိုပါဖြစ်ရပ်အတွက် မှတ်ချက်ပြုရန် ငြင်းဆန်ခဲ့သည်။
ဖေဖော်ဝါရီလ (၉)ရက်နေ့က မွေးဖွားခဲ့သည့် အဲလ်ဖီး၏ သမီးလေးသည်
မွေးဖွားချိန်တွင် (၇)ပေါင်၊ (၃)အောင်စမျှ အလေးချိန်ရှိပြီး
မေဆီရော့ဆယ်နီဟု အမည်ပေးထားသည်။ မေဆီလေးအား ဆေးရုံတွင်
သွားရောက်မွေးဖွားခဲ့ခြင်းဟုလည်း အဲလ်ဖီးက ပြောကြားခဲ့သည်။
အရှေ့ဆက်ဆက်စ်ရှိ အက်စဘော်နီဆေးရုံမှ တာဝန်ရှိသူများက ကလေးငယ်မှာ
ကျန်းမာရေး ကောင်းမွန်နေပါသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ လက်ရှိအချိန်တွင်
အဲလ်ဖီး၏ မိသားစုများက အဲလ်ဖီးကို ကျောင်းမှထုတ်ပယ်လိုက်မည်ကို
စိုးရိမ်နေကြသည်။ ကလေးမွေးသည့်နေ့က အဲလ်ဖီးသည် တစ်ညလုံး ဆေးရုံတွင်
နေခဲ့ပြီးမှ နောက်တစ်နေ့တွင် ကျောင်းဝတ်စုံကို လဲလှယ်ပြီး
ကျောင်းသွားတက်ခဲ့သည်။
(ကလေးကိုနို့ဗူးတိုက်နေသည့် ၁၃နှစ်သားကလေးအဖေ အဲလ်ဖီး)
အဲလ်ဖီးသည် ကလေးအဖေ ဖြစ်လာခဲ့သည့်တိုင် ကွန်ပျူတာဂိမ်းကစားခြင်းကို
စွဲလန်းနေသည့် ကလေးတစ်ဦးမျှသာ ရှိနေသေးကြောင်း အဲလ်ဖီး၏ဖခင် ဒင်းနစ်က
ညည်းတွားပြောဆိုခဲ့သည်။ အဲလ်ဖီးကမူ ၎င်းအနေနှင့် ဖခင်ကောင်းတစ်ယောက်
ဖြစ်လာချင်ပါကြောင်း ပြောကြားထားသည်။ ရဲတပ်ဖွဲ့က အသက်မပြည့်ဘဲ ကလေးရသည်အထိ
ကျူးကျူးလွန်လွန် ဖြစ်ခဲ့သည့်တိုင် အဲလ်ဖီးတို့စုံတွဲကို အရေးယူမည် မဟုတ်ဟု
ကြေငြာထားခဲ့သည်။ ဗြိတိန်နိုင်ငံ၏ အသက်အငယ်ဆုံး ကလေးအဖေအဖြစ်
စံချိန်တင်ထားသူမှာ အသက်(၁၂)နှစ်အရွယ် ရှောင်စတီးဝပ်ဆိုသူဖြစ်ပြီး
အသက်(၁၅)နှစ်ရှိ ချစ်သူမန်းကလေး အီမာဝက်ဘ်စတာနှင့် (၁၉၉၈)ခုနှစ်အတွင်းက
ရှန်ဘရွတ်ခ်တွင် ကလေးတစ်ဦး ရခဲ့သော်လည်း (၆)လအကြာတွင် လမ်းခွဲခဲ့ကြသည်။
(ဂိမ်းဆော့ရင်းကလေးထိန်းနေသည့် အဲလ်ဖီးတို့ဇနီးမောင်နှံ)
From----အိမ်မက်ချို
ညီငယ်ညီမငယ်များအားကျအတုယူစရာမဟုတ်ပါ
အစ်ကိုကြီး
Rဗြဲ
Shwedagon Pagoda (Yangon) the most famous pagoda in Myanmar
Shwedagon Pagoda (Yangon) the most famous pagoda in Myanmar
Showing posts with label သတိပေးချက်များ. Show all posts
Showing posts with label သတိပေးချက်များ. Show all posts
Saturday, September 21, 2013
Thursday, September 5, 2013
Facebook ကို လုံခြုံစိတ်ချစွာအသုံးပြုခြင်း
ယခုအချိန်တွင် အင်တာနက် အသုံးပြုတတ်သူ လူတိုင်းနီးပါးသည် wifi ပါ smart phone များ ကိုင်ဆောင်ကာ Internet WiFi အခမဲ့ ဝန်ဆောင်မှုပေးသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် စားရင်း သောက်ရင်း အင်တာနက် အသုံးပြုမှု များပြားလာကြပါသည်။ သို့သော်လည်း မိမိ အသုံးပြုနေသော WiFi network ထဲရှိ အခြား အသုံးပြုသူတစ်ယောက်က မိမိ၏ facebook ကို smart phone မှ တဆင့် ဖောက်ထွင်း၍ ရနိုင်ကြောင်းကို facebook အသုံးပြုသူ အတော်များများ မသိကြကြောင်းကို mobile phone ပညာရှင် တစ်ယောက်မှ CJMyanmar သို့ ပြောကြားသည်။
ယင်း ပညာရှင်မှပင် Android OS သုံး smart phone တွင် ထည့်သွင်းထားသော facebook ကို ဖောက်နိုင်သော App (software) ကို လက်တွေ့ စမ်းသပ်ပြရာတွင် http://www.facebook.com ဖြင့် အသုံးပြုနေသော သူများ၏ facebook account များကို မိနစ်ပိုင်း အတွင်း ဖောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ https://www.facebook.com ဖြင့် အသုံးပြုသူများ၏ account ကိုမူ ဖောက်ထွင်းရန် ခက်ခဲသေးကြောင်း ယင်းပညာရှင်မှပင် ပြောကြားသည်။
ယင်းကဲ့သို့ WiFi network တစ်ခုတည်း အတွင်းမှ အခြားသူများ မိမိ၏ facebook account ခိုးယူ သုံးစွဲခြင်းမှ ကွင်းဝေးစေရန် facebook တွင် အောက်ပါ အချက်များ ပြင်ဆင်ထားသင့်သည်။
၁. facebook.com အပြာရောင် ဘားတန်း ညာဘက်ဆုံးရှိ အောက်ကို ပြနေသော မြှားကို နှိပ်ပြီး Account Settings ကိုရွေးပါ။
၂. Security ကို click လုပ်ပါ။
၃. Secure browsing ပေါ် click လုပ်ပါ။
၎. Browse Facebook on a secure connection (https) when possible အရှေ့တွင် ရှိသော လေးထောင့် အကွက်ထဲတွင် အမှန်ခြစ် ရှိအောင် လုပ်ပါ။ အမှန်ခြစ် ရှိပြီးသား ဖြစ်ပါက click ထပ်နှိပ်ရန် မလိုပါ။
၅. Save Changes ကို နှိပ်ပါ။
ယင်းသို့ setting များပြင်ပြီးပါက https://www.facebook.com ပေါ်နေသော address bar ထဲတွင် cursor ချပြီး https://www.facebook.com ဖြစ်သွားလား သေချာအောင် စစ်ဆေးပါ။ https://www.facebook.com မဖြစ်သေး http://www.facebook.com ဖြစ်နေပါက အပေါ် အဆင့် (၅) အတိုင်း ပြန်လည် လုပ်ဆောင်ပေးရန် လိုပါသည်။
ချင်းတောင်တန်း
Sunday, July 28, 2013
မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ
၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း
တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်. ..
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ...
ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ
ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ
ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး
အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ်
အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက်
အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်.. . သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ြ ပီး
ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက
ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့
အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===---------- ---
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း....
From
www.mmdailystar.com
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....
၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ...
၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...
၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်..
လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ြ
၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...
ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...
-------------===----------
ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...
သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း....
From
www.mmdailystar.com
Saturday, July 27, 2013
မိဘများ စဉ်းစားကြဖို့ပါ
{ မိဘများ စဉ်းစားကြဖို့ပါ }
===============
မိတ်ဆွေ တစ်ယောက် ပိုင်တဲ့ အင်တာနက်ဆိုင်ကို ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နက်ဝက် ဂိမ်းကစားနေတဲ့ ကလေးတွေအားလုံးကို မောင်းထုတ် နေတာပါပဲ။ ( မင်းဘာလုပ်နေတာလဲ ) ဆိုတော့ ( ဒီကောင်တွေ ဂိမ်းကစားတာ တစ်နာရီ ပြည့်သွားလို့ ပြန်ခိုင်းနေတာ .. မောင်းမထုတ်ရင် တစ်နေကုန်ကစားနေမှာကွ ) တဲ့။ ( တစ်နေကုန် ကစားတော့ မင်းပိုက်ဆံရတာပေါ့ ) ဆိုတော့ ...
" ဟေ့ကောင် .. မင်းသူ့မိဘနေရာက စဉ်းစား၊ ဒီကောင်တွေ တနေကုန် ကစားနေလို့ ဘာအကျိုးကျေးဇူးမှ မရဘူး။
၁။ ခန္ဓာကိုယ်ချည့်နဲ့လာမယ်။
၂။ ရိုင်းစိုင်းကြမ်းတမ်းတတ်လာမယ်။
ဟိုကောင်ပြေးလာပြီ ဓားနဲ့ထိုး၊ နောက်ကကောင်ကို ဝင်ရိုက်လိုက်၊ ယီးတဲ့မှပဲ . မအေရိုး .. ဆိုတာတွေ မင်းမှ မကြားဖူးပဲ ..." တဲ့။ ( တခါတလေ ဖေ့ဘုတ် အကောင့်ဖွင့်ပြီး သုံးနေတာ၊ ပွန်းဆိုက်တွေ လိုက်ကြည့်နေတာလည်း တွေ့ရတတ် ပါတယ်။ ဒါဆိုဘာလို့ သူတို့ကို မင်းဆိုင်မှာ ကစားခွင့် ပေးနေသေးလည်း ဆိုတော့ တစ်နာရီလောက် စိတ်ထွက်ပေါက် ပေါ့ကွာတဲ့။ မင်းဆီမကစားရလည်း တခြားသွားဆော့မှာပဲ ဆိုတော့ ဒါတော့ ဘယ်တတ်နိုင်မလဲတဲ့။
ချတ်တင်ထိုင်ရင်း အသက် ၄၀ လောက် လူတစ်ယောက်နဲ့ ငြိစွန်းသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် အကြောင်း trust ရုပ်ရှင်ကလည်း သင်ခန်းစာပါ။ facebook ကနေ လူကုန်ကူးမှု ဖြစ်သွားတာတွေ၊ လိင်ဖျော်ဖြေမှု လုပ်ငန်းဘက် ရောက်သွားတာတွေလည်း ကျနော်တို့ဆီမှာ မြင်တွေ့နေရပြီ။
အခု ပိုဆိုးလာတော့မယ့် ပြသနာက ၁၅၀၀ ဖုန်းတွေ။ အရင်က ကျနော့ ကျူရှင်ကို ဖုန်းယူလာ တတ်တာဟာ ၁၀ တန်းသမားတွေပဲ ရှိပေမယ့် အခုဆို ၈ တန်း၊ ၉တန်း ကလေးတွေပါ ဖုန်းကိုင်လာကြပါပြီ။ ဆရာအလစ် ဂိမ်းခိုးနှိပ် တယ်။ မက်ဆေ့နဲ့ ချတ်တယ်။ ဒါနဲ့ ကျူရှင်ကို ဖုန်းမယူလာဖို့ ဖုန်းမြည်သံ ကြားရင် အပြီးသိမ်းမယ်လို့ စည်းကမ်း ထုတ်လိုက်ရပါတယ်။ ဒါလည်း ခိုးယူလာ ကြတာပါပဲ။
တစ်ရက်တော့ နဝမတန်း စာသင်ခန်းထဲမှာ ဖုန်းမြည်သံ ကြားတာနဲ့ အကုန် လိုက်စစ်လိုက်တော့ ဖုန်းငါးလုံးရတယ်။ မိန်းကလေးက သုံးလုံး၊ စိတ်ပေါက်ပေါက်နဲ့ မက်ဆေ့တွေ အကုန်ဖွင့် ဖတ်လိုက်တော့ မက်ဆေ့ အားလုံးရဲ့ တူညီတဲ့အချက်က ....
" အရမ်း သတိရတာပဲ " .... ... "ဘယ်နေ့ တွေ့ခွင့် ရဦးမှာလဲ " .. .. "အရင်နေရာကို လာခဲ့ရဦးမှာလား "
ဒါမျိုးတွေချည်းပါ။ မိဘများကိုယ်စား အလွန်ရင်ပူ မိပါတယ်။ မိဘတွေကရော မိမိတို့ ကလေးတွေရဲ့ လွယ်အိတ်တွေ ဖုန်းတွေ ဘယ်နှစ်ခါများ စစ်ဆေးဖူးကြ ပါသလဲ။ မဝယ်ပေးနဲ့ မဟုတ်ပါဘူး၊ ဝယ်ပေးကြပါ။ စစ်လည်း စစ်ဆေးကြပါ။ ကလေးတွေရဲ့ အသိဥာဏ် ရင့်သန်အောင်လည်း လေ့ကျင့်တည့်မတ် ပေးကြပါဦး။ ကျနော်တို့ မရှိတော့ရင် ဒီကလေးတွေရဲ့ လက်ထဲမှာ အရာရာ အားလုံး ချန်ထားခဲ့ရမှာပါ။ ကျနော်ကတော့ သူတို့အားလုံးကို အရွယ်မတိုင်မှီ
လမ်းမလွဲကြဘဲ ရင့်ကျက်တည်ငြိမ်စွာနဲ့ လျှောက်လှမ်းနိုင်သူတွေ ဖြစ်စေချင်တာ ပါပဲ။
" သိပ်ချစ်လွန်းလို့ ၈ တန်း ကျောင်းသားလေးကို ဆိုင်ကယ် ဝယ်ပေးတာဟာ သင်္ချိုင်းကုန်းမှာ မြေဝယ်ပေးလိုက် သလိုပါပဲ။ သိပ်ချစ်လွန်းလို့ ၈ တန်း၊ ၉ တန်း ကျောင်းသူလေးကို ဖုန်းဝယ်ပေး လိုက်တာဟာ အနာဂါတ်ကို တွင်းတူး မြှပ်နှံ လိုက်သလိုပါပဲ ... .. "
မိဘများလည်း စဉ်းစားကြဖို့ပါ။
ကိုယ့် ကလေးတွေကို ခေတ်နဲ့ လျော်ညီအောင်လည်း နေပါစေ။ မျက်ခြေလည်း မပြတ်ပါစေနဲ့လို့ အကြံပြု လိုက်ပါတယ် ခင်ဗျာ ..
သည်းထန် - The Yangon Times Daily

Credit to : The Yangon Times Daily
လေးစားစွာဖြင့်
Rဗြဲ
Tuesday, July 16, 2013
Samsung Galaxy phone ကိုင်သူတွေ သတိထားရန်
Samsung Galaxy phone သုံးသူတွေအတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပြန်ပြီ။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။
သူမသည်
လုပ်ငန်းခွင်အတွင်း ဆေးသုတ်နေရင်း ရုတ်တရက် ကျယ်လောင်စွာ
ပေါက်ကွဲသည့်အသံကို ကြားလိုက်ရပါတယ်။ ဗျောက်အိုးဖောက်သံကဲ့သို့
ကျယ်လောင်စွာပေါက်ကွဲသံဟာ သူမဆီက ထွက်ပေါ်လာမှန်း သတိပြုမိလိုက်ချိန်မှာပဲ
မီးခိုးညော်နံ့များနှင့်အတူ အခြားဓာတုဗေဒပစ္စည်းမီးလောင်ကျွမ်းသဘ့်
အနံ့ဆိုးများကိုပါ ခံစားလိုက်ရပါတယ်။ ထိုအချိန်မှာပဲ သူမ၏ ဘောင်းဘီစမှာ
မီးလောင်ကျွမ်းမှု စတင်ဖြစ်ပေါ်လာခဲ့ပါပြီ။
သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။
Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။
Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။
အသက် (၁၈) နှစ်အရွယ် ၊ ဆွီဇလန်နိုင်ငံသူလေး Fanny Schlatter သည် သူမ၏ Samsung ဖုန်းလေးကို ဘောင်ဘီအိတ်ထဲ ထားသို အသုံးပြုရင်း မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။
သူမရဲ့ အလုပ်ရှင်သူဌေး Stephane Kubler နဲ့ အခြားအလုပ်သမား သူမဆီရောက်လာပြီး ထိုသူတို့ အကူအညီနှင့် အနီးစပ်ဆုံး သန့်စင်ခန်းကို သယ်ဆောင်ကာ မီးငြိမ်းသတ်ပြီး ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သဖြစ် သေကံမရောက်ခဲ့ပေမဲ့ သူမ ပေါင်ရင်းမှာတော့ မီးလောင်ကျွမ်းသည့် ဒဏ်ကိုတော့ ခံခဲ့ရပါတယ်။
Third degree burn လို့ သတ်မှတ်ခံထားရသည့် အရေပြားမီးလောင်မှုနှင့်အတူ သူမရဲ့ ညာဘက်ခြေထောက်မှာလဲ အထိအတွေ့ ခံစားမှုတွေ မရှိပါဘူးလို့သူမက ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ သူမက ဩဂုတ်လ (၁၅) ရက်နေ့အထိ အလုပ်နားထားရပြီး ကိုးရီးယားနိုင်ငံလုပ် Samsung ဖုန်းကုမ္မဏီကို တရားစွဲဆိုရန် ပြင်ဆင်နေပါတယ်။
Samsung ဖုန်းရဲ့ ဘထ္ထရီပေါက်ကွဲမှုဟာ ဒါ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့် မေလကတစ်ကြိမ် Reddit ဆိုသည့် Samsung Galaxy အသုံပြုသူတစ်ဦးထဲမှလဲ သူအသုံးပြုနေသည့် ဖုန်းဘထ္ထရီပေါက်ကွဲမှုဖြစ်ခဲ့ကာ သူ့၏ အခန်းတစ်ခုလုံး မီးခိုးငွေ့များ ဖုံးလွှမ်းခဲ့ကာ ဖုန်းပေါက်ကွဲစဉ် သူ့ရဲ့ ဖုန်းကိုင်အသုံးပြုထားတဲ့ လက်ချောင်းအချို့ မီးလောင်ခံခဲ့ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းကလဲ တောင်ကိုးရီးယားနိုင်ငံသားတစ်ဦးက Samsung Galaxy ကို အင်္ကျီအိတ်ထဲ ထည့်ထားစဉ် ပေါက်ကွဲမှု ဖြစ်ခဲ့ဖူးပါတယ်ဟု ဆိုပါတယ်။
Samsung Galaxy အသုံးပြုသူအချို့ရဲ့ ထွက်ဆိုချက်များမှာတော့ Samsung Galaxy ဖုန်းများရဲ့ ဘထ္ထရီများဟာ စိတ်ချရသည့် အခြေအနေမှာ မရှိပါဘူးလို့ ဆိုကြပါတယ်။ အချိန်မရွေးထပေါက်ကွဲနိုင်တဲ့ Samsung Galaxy ဘထ္ထရီများကြောင့် အချိန်အတော်ကြာ အားသွင်းခြင်းများ ၊ညလုံးပေါက် အားသွင်းထားခြင်းများ မပြုရန် သတိရှိထားသင့်ပါတယ်။
Subscribe to:
Comments (Atom)