Blogger Tips and TricksLatest Tips And TricksBlogger Tricks
Shwedagon Pagoda (Yangon) the most famous pagoda in Myanmar
Shwedagon Pagoda (Yangon) the most famous pagoda in Myanmar
Showing posts with label ဟာသစာအုပ်များ. Show all posts
Showing posts with label ဟာသစာအုပ်များ. Show all posts
Thursday, November 29, 2012
ဝါးဟားဟားဟားဟာသများ
မှားတဲ့အခါလည်းမှားပေမပေါ့
 "Me : နေကောင်းလား သုနန္ဒာ
Thu Nanda: ကောင်းပါဧ။်
Me : ဘာလုပ်နေလဲ?
Thu Nanda: စာဖတ်နေသည်
Me : နာမည်လေးက ချစ်စရာလေးနော်..
သု၊ ဒါမှမဟုတ် နန္ဒာ လို့ခေါ်မယ်နော်..
Thu Nanda: ကြိုက်သလိုသာခေါ်ပါလေ
Me : နာမည်အပြည့်အစုံကဘယ်လို့ခေါ်လဲဟင်?
Thu Nanda: ဦးသုနန္ဒာ လင်္ကာရ
Me : OMG!!! I thought you're a girl..sorry..အဲ
ကန်တော့..ဦးတင်ပါတယ်ဘုရား။ ကန်တော့..ကန်တော့ ဟူသတည်း။
အလွဲအမှား
Post  Cristiano on Wed Jul 13, 2011 5:05 pm
မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
> မေးပါတယ်။
>
> သူနာပြုဆရာမလေးက ပြုံးပြီး …
> “အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
>
> “ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
>
> “ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
>
> “ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
> အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
> လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။
>
> သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
> ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
> သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
> မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
>့ မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
> မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
>့ မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
> ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို
>့ ပါတဲ့လေ။
>
> “ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”
>
> “ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
>
> “အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
> ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
>
> လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
> သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
> တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
> စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
>
> “ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
> ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
>
> “ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
>
> “ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
>
> မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
>့  မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
>
> “ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
>
> “သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
> တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
> အမြဲတမ်းသွားနေတော့တာပေါ့။”
>
> လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
> အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
> သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
>
> “ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
>
> ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
> ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။
>
> “အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
> ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”
>
> ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
> တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။
>
> “အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
>
> “ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
> ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”
>
> သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
>
> “ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”
သြော်ဖြစ်ရလေတယ်။
နုတ်ထွက်စာနှင့်ပြန်ကြားစာ
သို့ /
အကြောင်းအရာ။..........။ ချစ်သူရာထူးမှ နုတ်ထွက်ခြင်း
ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။ နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။
တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန် ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည် အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။ သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။
ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။ နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့် သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။
တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့် အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန် သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့၏။
တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင် အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။
သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့် ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် တောင်းဆိုလျှောက်တင်ပါသည်။
သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့် သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။ သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက် ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။ လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော သခင့်စကားကို သူတို့နားဆင်ရ၏။
သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊ ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း မရှိခဲ့၊........ ၊ ......
ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။
လေးစားစွာဖြင့်
သခင့်အပေါ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့သော
ဝန်ထမ်းတစ်ဦး
၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉ ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉
သို့ /
အကြောင်းအရာ။.........။ ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ
ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန် လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏ ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။
ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့် သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက် ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့် အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့် အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့ ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော အခွင့်အရေးဖြစ်သည်။
နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ် မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့် ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့ အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား ခေတ္တခဏ ဖြေဖျောက်နိုင်သည်။
ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ- သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင် လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည် လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။
ဤတစ်နှစ်သာ ကာလအတွင်း အသင်၏ကြိုးစားမှုအား ကျေးဇူးတင်ပါသည်။
အထက်မိဘ လူကြီးများကိုယ်စား
အဖွဲ့ဝင်တစ်ဦး
တွေးတွေးပြီးရယ်
Post  Cristiano on Sat Jun 18, 2011 5:28 pm
(၁)
တစ်ခါက ခရီးသွားတစ်ဦးဟာ လူသားစားတိုင်းပြည်ရဲ့ စားသောက်ဆိုင်ထဲ ရောက်သွားခဲ့တယ်။ စားသောက်ဆိုင်ရဲ့ ကြော်ငြာဆိုင်းပုဒ်မှာ ဟင်းအမည်နဲ့ဈေးနှုန်းတွေ ရေးကပ်ထားတာကို သူတွေ့လိုက်တယ်။
ဖာသာအသား = ၃ ဒေါ်လာ
မုဆိုးအသား = ၄ ဒေါ်လာ
သူဌေးအသား = ၅ ဒေါ်လာ
နိုင်ငံအကြီးအကဲအသား = ၂၅ ဒေါ်လာ
နိုင်ငံအကြီးအကဲအသားက တခြားအသားတွေထက် ဈေးကြီးနေလို့ ခရီးသွားက သိချင်စိတ်နဲ့ ဆိုင်ရှင်ကို မေးလိုက်ပါတယ်။
"နိုင်ငံအကြီးအကဲအသားက တခြားအသားထက် ဆေးကျောရတာ လက်ဝင်တာကြောင့် ပိုဈေးကြီးရတာပါ" ဆိုင်ရှင်က ပြန်ဖြေပါတယ်။
(၂)
ဖခင်တစ်ဦးဟာ သားကြီးလာရင် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့တယ်။ စမ်းသပ်မှုမှာ ဖခင်က စားပွဲခုံပေါ် ပစ္စည်း(၃)မျိုးတင်လိုက်တယ်။
၁ဝတန်ဒေါ်လာတစ်ရွက်---- ဘဏ်လုပ်ငန်းရှင် ကိုယ်စားပြုပါတယ်။
ကျမ်းစာတစ်အုပ် -------- ဘာသာရေးအကြီးအကဲ ကိုယ်စားပြုပါတယ်။
ဝီစကီတစ်ပုလင်း -------- အရက်သမား ကိုယ်စားပြုပါတယ်။
ဖခင်ဟာ စားပွဲပေါ်ပစ္စည်းတွေတင်ပြီး သားပြန်အလာကို တံခါးနောက်ကနေ ချောင်းကြည့်နေခဲ့တယ်။ တအောင့်နေတော့ သားဟာ လေလေးချွန်ပြီး ပြန်လာပါတယ်။ စားပွဲပေါ်က ပစ္စည်းတွေကိုတွေ့တော့ ဘေးဘီကို လှည့်ကြည့်လိုက်တယ်။ အခန်းထဲမှာ တစ်ယောက်မှမရှိမှန်း သိတော့ ဒေါ်လာကိုယူပြီး အလင်းမှာထောင်ကြည့်လိုက်တယ်။ ပြီးတော့ ကျမ်းစာကို လှန်လျောကြည့်တယ်။ ပြီးတော့ ဝီစကီပုလင်းကိုဖွင့်ပြီး နမ်းကြည့်တယ်။ အဲဒီနောက် ပိုက်ဆံကို အိတ်ကပ်ထဲထည့်၊ ကျမ်းစာကို လက်မောင်းကြားညှပ်ပြီး ဝီစကီပုလင်း မ,ပြီး လေလေးချွန်လို့ ပြန်ထွက်သွားတယ်။
သားအပြုအမှုကို ကြည့်ပြီး ဖခင်ဖြစ်သူ လန့်သွားတယ်။ ပါးစပ်ကလည်း စကားတစ်ခွန်း ခုန်ထွက်ပါလာတယ်။
"အလို... သူ နိုင်ငံအကြီးအကဲ လုပ်မှာပါလား!"
(၃)
ကုန်သည်တစ်ဦးဟာ သူ့လုပ်ငန်းကောင်းစွာ လည်ပတ်နိုင်ဖို့ နိုင်ငံအကြီးအကဲတစ်ဦးကို ကားတစ်စီးလက်ဆောင်ပေးပြီး လာဘ်ထိုးသတဲ့။ ဒါပေမယ့် အကြီးအကဲက မျက်နှာမာနဲ့ "ဒီမှာ... ဒီလိုအပြုအမှုဟာ ငါ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်တယ်ဗျ၊ ဒီလိုလာဘ်ထိုးတာကို ငါလုံးဝ လက်မခံနိုင်ဘူး"လို့ဆိုတယ်။
ကုန်သည်က ပျာပျာသလဲ "ဒါကို ကျွန်တော်နားလည်ပါတယ်။ ဒါဆို ဒီလိုလုပ်ပါလား ခင်ဗျား။ ဒီကားကို(၁ဝ)ဒေါ်လာနဲ့ ကျွန်တော်ရောင်းပေးမယ်။ ဘယ်လိုလဲ?"
အကြီးအကဲ ခဏစဉ်းစားလိုက်တယ်။ ပြီးတော့ ပြောလိုက်ပါတယ်။
"အင်း..ဒီလိုဆိုရင် ငါနှစ်စီးယူမယ်"
(၄)
အမျိုးသမီးတစ်ဦးဟာ လွတ်တော်အဆောက်အဦး တစ်ခုထဲရောက်သွားတယ်။ လှေကားတက်ချိန်မှာ မတော်တဆ ခြေချော်ပြီး လဲကျသွားတယ်။ ဒါကို လွတ်တော်အမတ်တစ်ဦးက သွားထူလိုက်တယ်။
"ကျေးဇူးတင်ပါတယ်ရှင်"
"ကျေးဇူးတင်စရာမလိုပါဘူး။ ရွေးကောက်ပွဲကျရင် ကျွန်တော့်ကို မဲထည့်ပါ"
"ခြေချော်တာက ခြေထောက်ပဲ နာသွားတာပါ။ ကျွန်မ ဦးနှောက်ကို မထိခိုက်သွားပါဘူး"
(၅)
အသစ်တက်တဲ့ အကြီးအကဲတစ်ဦးက ပြောင်းရွေ့သွားရမယ့် အကြီးအကဲဟောင်းကို မေးတယ်။
"ကျွန်တော့်ကို ဘာလျှို့ဝှက်ချက်တွေများ ဝေငှာပေးခဲ့ချင်ပါသလဲ?"
"လျှို့ဝှက်ချက်က သိပ်မများပါဘူး။ ပထမတစ်နှစ်မှာ ရိုးသားကြိုးစားပါ။ နာမည်ကောင်းယူပါ။ ဒုတိယနှစ်ရောက်ရင် မသိမသာစားပါ။ လူတွေ မသိအောင်စားပါ။ တတိယရောက်ရင် စားချင်သလောက်စားပါ။ အရင်(၂)နှစ်စလုံး နာမည်ကောင်းရထားတော့ ဘယ်လောက်စားစား လူတွေ သံသယမဖြစ်နိုင်တော့ဘူး"
"ဟာ... ရွှေထည့်ဖို့၊ ငွေထည့်ဖို့သေတ္တာတွေ ကျွန်တော်ပြင်ဆင်ထားတာ လွန်ခဲ့တဲ့(၃)နှစ်ကတည်းကဗျ၊ ဘာဖြစ်လို့ နောက်ထပ်(၃)နှစ် ကျွန်တော်စောင့်ဦးမလဲ!"
ဖုန်းထဲလက်ခံရတာတွေ ဘာသာပြန် မျှဝေပါတယ်။
နိုင်းနိုင်းစနေ ဘာသာပြန်သည်။
ဖတ်ပြီးတော့တွေးပေါ့....
Post  Cristiano on Wed Jul 13, 2011 5:07 pm
အေးချမ်းစွာရှင်သန်ခြင်း♥♥
တစ်ခါက ဥရောပတိုက်ဘက်မှာ ဘုရင်တစ်ပါးရှိတယ်။ အဲဒီဘုရင်ဟာ
သူ့ဥယျာဉ်ထဲမှာရှိတဲ့ ပန်းပင်တွေ၊
သစ်ပင်တွေနဲ့ စကားပြောလေ့ရှိတယ်။ သူဟာ ဥယျာဉ်ထဲရောက်တဲ့ အခါတိုင်း
အပင်တွေကို အရမ်းပွင့်၊
အရမ်းသီးခိုင်းလေ့ ရှိတယ်။ တစ်နေ့မှာ သူဟာ ဥယျာဉ်ကြီးထဲကို ရောက်သွားတယ်၊
ဝက်သစ်ချပင်ကြီးဟာ ညှိုးပြီး
ခြောက်သွေ့ နေတယ်၊ အဲဒီတော့ "ဘာဖြစ်တာလဲ" လို့ သူက မေးလိုက်တယ်၊ ၀က်သစ်ချပင်ကြီးက
"ဘယ်လိုဖြစ်ရမှာတုံး၊ ကျုပ်က ထင်းရှူးပင်ကိုတုပြီး အပေါ်ကို တက်တော့
ထင်းရှူးပင် မဟုတ်လေတော့
အမြစ်အားက မခံနိုင်တော့ သေရတာပေါ့"။ အဲဒါနဲ့ ထင်းရှူးပင်ဆီကို
သွားပြန်တော့ ထင်းရှူးပင်ကြီးက
ကိုင်းပြီးကွေးကျနေတယ်။ အဲဒီတော့ ထင်းရှူးပင်ကြီးကို "ဘယ်လိုဖြစ်တာလဲ"
လို့ဘုရင်ကြီးက မေးလိုက်ပြန်တယ်။
အဲဒီတော့ ထင်းရှူးပင်ကြီးက "ကျုပ်ကလည်း စပျစ်ပင်ကြီးကို အားကျပြီး
အသီးတွေ အရမ်းသီးလိုက်တယ်၊ စပျစ်ပင်
မဟုတ်လေတော့ မခံနိုင်တော့ဘဲ အခုလို အရမ်း ကွေးသွားတာပေါ့" လို့ပြောတယ်။
စပျစ်ပင်ကြီးကလည်း
သေမလိုဖြစ်နေတယ်၊ "ဘယ်လိုဖြစ်တာလဲ" လို့မေးတော့ "ကျုပ်က နှင်းဆီပင် ကို
အားကျပြီး သူလို လိုက်ပွင့်တာဗျို့၊
အဲဒီတော့ စပျစ်သီးလည်း မသီးတော့ဘူး၊ နှင်းဆီပန်းလဲ မပွင့်တော့ပဲ အခုလို
သေလုမျောပါး ဖြစ်သွားရတာပဲ"
လို့ပြောပြန်တယ်။ အဲဒီမှာ ဘုရင်ကြီးက ဆက်ပြီးလျှောက်သွားတဲ့ အခါမှာ
အပင်လေးတစ်ပင်ကို တွေ့တယ်။ အပင်က
သိပ်မကြီးပါဘူး။ အရွက်လေးတွေ အကိုင်းအခက်လေးတွေလည်း စိုစိုပြေပြေနဲ့၊
အပွင့်က ရနံ့လေးတွေကလည်း
သင်းပျံ့လို့၊ အဲဒီအပင်ရဲ့ နာမည်က Heart's Ease (နှလုံးအေးချမ်း ပန်း)
လို့ခေါ်လေ့ ရှိတဲ့ အပင်လေးပါပဲ။
ဘုရင်ကြီးက အဲဒီအပင်လေးကို ကြည့်ပြီး "ငါ့ရဲ့ ဥယျာဉ်တစ်ခုလုံး မှာရှိတဲ့
အပင်တွေ သေတာတွေ သေကုန်ပြီ၊
တချို့လည်း သေလုမျောပါ ဖြစ်နေပြီ။ နှလုံးအေးချမ်းရယ်… မင်းကတော့
ရှင်သန်စိုပြေလို့ ပါလား… ဘာကြောင့်လဲ"
လို့မေးလိုက်တယ်။ အဲဒီမှာ အပင်ကလေးက ဘာပြန်ပြောသလဲ ဆိုတော့ "အသင်မင်းကြီး
ကျွန်ုပ်ကို ဒီဥယျာဉ်မှာ
စိုက်ကတည်းက နှလုံးအေးချမ်းကို နှလုံးအေးချမ်းလိုပဲ ဖြစ်စေချင်ပုံရပါတယ်…
ဝက်သစ်ချပင်လို မဖြစ်စေချင်ဘူး…
ဒါကြောင့် ၀က်သစ်ချပင်ကိုလည်း အားမကျခဲ့ဘူး… အဲဒီလိုပဲ
ထင်းရှူးပင်မြင့်မြင့်ကြီးတွေကို လည်း အားမကျခဲ့ဘူး…
အသီးတွေပြွတ်နေအောင်သီးတဲ့ စပျစ်ပင်ကိုလည်း အားမကျခဲ့ဘူး… အပွင့်ကြီးတွေ ဝေဆာနေတဲ့
နှင်းဆီပင်ကိုလည်း အာမကျခဲ့ဘူး… နှလုံးအေးချမ်းဟာ နှလုံးအေးချမ်းလိုပဲ
နေခဲ့တယ်… နှလုံးအေးချမ်းလိုပဲ
ရှင်သန်ခဲ့တယ်… အားကျပြီး ဘာကိုမှမလုပ်ခဲ့ဘူး… ဒါကြောင့် နှလုံးအေးချမ်း အဖြစ်နဲ့ပဲ
ရှင်သန်ရပ်တည်နေနိုင်တာပေါ့ … တခြားဘာမှမဟုတ်ဘူး" လို့ပြန်ပြီးပြောလိုက်တယ်… .
ကဲဒီပုံပြင်လေးရဲ့ ဆိုလိုရင်းကလည်းရှင်းလှပါတယ်နော် .... သူတဖက်သားကို
အတုယူပြီးအားကြပြီး လိုက်တုတာ မကောင်းသောအကြင့်လို့ မဆိုလိုနိုင်ပေမဲ့
.... မတုရင် တုလို့ မရတာတွေ အများကြိီးပါရှင် .. ဒါကြောင့်
ကိုပိုင်ဆိုင်တဲ့ အရည်ချင်း ကိုရထားတဲ့ ဘ၀ကိုသာ ပိုမိုကောင်းမွန်အောင်
ကြိုးစားမယ်ဆိုရင် ... ဒီပုံပြင်လေးထဲက နှလုံးအေးချမ်း အပင်လေးလို့ပဲ
နှလုံးအေးချမ်းစွာ ရှင်သန်ရပ်တည်နေနိုင်မှာပါ ရှင် ...
ဒီပုံပြင်လေးကတော့ ဟာသလေးနဲ့ ဆုံးမထားတဲ့ ရိုးရိုးရှင်းရှင်းပုံပြင်လေးပါ
ပဲရှင် .. လွယ်ကူလွန်းတဲ့ အတွက်သဘောပေါက်လဲ လွယ်ကူလှပါတယ်
ဖတ်ကြည့်ကြအုံးနော် ...
ကိုယ့်ကိုကိုယ် အရင်ပြင်♥♥♣♥
တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။
"ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ…
မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံးရှင့်"
ဆိုပြီး လာပြောတယ်။
ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ "နောက် တစ်လလောက် နေမှ ပြန်လာခဲ့"
လို့ပြောလိုက်တယ်။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။
အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီး "သားလေး…
အချိုတွေ သိပ်မစားနဲ့" လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။
အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး "ဟုတ်ကဲ့" လို့ပြောလိုက်တယ်။
အဲလိုနဲ့ ကလေး အမေက "ဂန္ဒီကြီးရယ် ဒါလေးပြောတာများ အရင်လတည်းက
ပြောလိုက်ရောပေါ့" လို့ပြန်ပြောလိုက်မိတယ်။
အဲဒီတော့မှ ဂန္ဒီကြီးက "ငါလည်း အရင်တုံးက အချိုတွေသိပ်စားတယ်… ဒါပေမယ့်
အရင်တလက စပြီး ငါအချိုတွေ မစားတော့ဘူး… ရှောင်လိုက်ပြီ… ဒီကလေးကို
အချိုမစားနဲ့ လို့ ဆုံးမဖို့ ဆိုတာက ငါက အရင်ဦးဆုံး အချိုမစားတဲ့သူ
ဖြစ်ရမယ်။"
ကဲ ... ဘယ်လိုလဲ သူငယ်ချင်းတို့ ရေ ... ပုံပြင်လေးကပြောထားတာတော့
ရှင်းရှင်းလေးပါပဲ ... သူများကို ဆုံးမပြုပြင်ပေးချင်ရင်
အရင်ဆုံးကိုကိုတိုင်လည်းပြန်ဆုံးမပြူပြင်ထားပို့ လိုအပ်တယ်ဆိုတဲ့
အကြောင်းလေးပေါ့ရှင်...
အသည်းကွဲသူ
တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို
"ဆိုကရေးတီး"ကတွေ့တော့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက်
ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။
အသည်းကွဲသူက "ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့
အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။ သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက
တဟားဟား အော်ရယ်ပြီး "မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။
အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး
"ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင်
ရီနေရသလား" လို့ ပြောတော့ "မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ
မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ.. မင်းကို မချစ်တဲ့
လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို
ဆုံးရှုံးတဲ့အပြင် လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့
ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။
ဒေါသ
တစ်နေ့မှာ နာမည်ကြီးဖာသာတစ်ဦးဟာ ပန်းခြံထဲမှာထိုင်ပြီး
ရိုသေကိုင်းရှိုင်းစွာ ဆုတောင်းဝတ်ပြုနေတယ်။ အဲဒီအချိန်မှာ ကလေးပျောက်လို့
လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ဦး ထိတ်ထိတ်ပြာပြာနဲ့ အနားကဖြတ်ပြေးသွားတယ်။
အမျိုးသမီးဟာ ကလေးဇောကြောင့် မြေကြီးပေါ်မှာထိုင်ပြီး ဆုတောင်းနေတဲ့
ဖာသာကိုမမြင်ဘဲ တိုက်လိုက်မိတယ်။ ဒါပေမယ့် ဖာသာကို တောင်းပန်စကား
တစ်ခွန်းမှမပြောဘဲ ထွက်သွားခဲ့တယ်။
အတိုက်ခံရတဲ့ ဖာသာဟာ ဒေါသစိတ်ဖြစ်မိတယ်။ ၀တ်ပြုပြီးတဲ့နောက်
ကလေးငယ်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ လာနေတဲ့ သူ့ကိုတိုက်သွားတဲ့
အမျိုးသမီးကို မြင်တော့ "ခုနားက မင်းအပြုအမှုကို ရှင်းပြစမ်းပါဦး" လို့
မေးလိုက်တယ်။ ဒေါသတကြီးပြောလာတဲ့ ဖာသာကိုမြင်တော့ အမျိုးသမီးဟာ အနည်းငယ်
ထိတ်လန့်သွားခဲ့တယ်။ ပြီးမှ "ခွင့်လွတ်ပါဖာသာ.. အခုနားက ကျွန်မကလေး
တစ်ခုခုဖြစ်နေလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဖာသာကို သတိမထားလိုက်မိဘူး။
အဲအချိန်တုန်းက ဖာသာလည်း ၀တ်ပြုဆုတောင်းနေတာပဲ မဟုတ်လား? ဆုတောင်းတာကလည်း
သတ္တ၀ါအားလုံး အေးချမ်းကျန်းမာဖို့ပဲ မဟုတ်လား..? ဖာသာ ဘာဖြစ်လို့
ကလေးဇောနဲ့ စိုးရိမ်ပူပန်နေတဲ့ကျွန်မကို မမြင်ခဲ့တာလဲ" လို့
ပြန်ပြောလိုက်တယ်။
Hans Christian Andersen၏ ပုံပြင်များ
တစ်ခါက ရွာတစ်ရွာမှာ ဆင်းရဲသား လင်မယားနှစ်ဦးရှိတယ်။ တစ်နေ့တော့ သူတို့ဟာ
ပိုင်ဆိုင်သမျှထဲက တန်ဖိုးအရှိဆုံးဖြစ်တဲ့ မြင်းကိုရောင်းပြီး
လိုအပ်တာတွေဝယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ အဘိုးအိုက ဈေးထဲမှာ
မြင်းကို နွားတစ်ကောင်နဲ့ လဲလိုက်တယ်။ ခဏနေတော့ အဘိုးအိုက နွားကို
ဆိတ်နဲ့ လဲလိုက်ပြန်တယ်။ ဆိတ်ကို ငန်းနဲ့ ငန်းကိုကြက်နဲ့ ကြက်ကို
ပန်းသီးတွေနဲ့ လဲလိုက်ပြန်တယ်။ အဘိုးအိုက ပစ္စည်းတစ်ခုကနေ တစ်ခုလဲနေရခြင်း
အကြောင်းရင်းက အဘွားအိုကို အံသြမှုတွေ ပေးချင်လို့ပဲဖြစ်တယ်။
အဘိုးအိုဟာ လဲလို့ရတဲ့ ပန်းသီးတွေကို ထမ်းပြီး အိမ်အပြန်လမ်းက
အရက်ဆိုင်တစ်ဆိုင်မှာ နားနေတုန်း အင်္ဂလိပ်နှစ်ယောက်နဲ့ ဆုံခဲ့တယ်။ အလာပ
သလာပတွေ ပြောရင်း သူလဲခဲ့တဲ့ ပစ္စည်းတွေအကြောင်း ပြောပြတော့ အင်္ဂလိပ်တွေက
အဘိုးအိုကို တုံးအတယ်ဆိုပြီး ရီကြတယ်။ အိမ်ပြန်ရောက်ရင် အဘွားအိုရဲ့
အဆူခံရမယ်ဆိုတဲ့အကြောင်းကို ပြောတော့ အဘိုးအိုက အဆူခံရမှာ မဟုတ်ကြောင်း
ငြင်းပါတယ်။ ဒါကို အင်္ဂလိပ်နှစ်ယောက်က တကယ်လို့ အဘွားအိုရဲ့ အဆူကို
မခံရရင် သူတို့မှာပါတဲ့ ငွေတွေပေးခဲ့မယ် ဆိုတဲ့အကြောင်း လောင်းကြတော့တယ်။
ဒီလိုနဲ့ ၃ယောက်သား အဘိုးအို အိမ်ကိုရောက်လာခဲ့ကြတယ်။
အဘွားအိုက အဘိုးအိုပြန်လာတာတွေ့တော့ ၀မ်းသာအားရ ထွက်ကြိုပြီး အဘိုးအို
ချွေးသုတ်ဖို့ ပုဝါကမ်းပေး၊ ရေကမ်းပေးနဲ့ အဘိုးအိုကို အမောဖြေစေတယ်။
ပြီးမှ အဘိုးအို ပြောပြတဲ့ အဖြစ်တွေကို စိတ်ဝင်တစား နားထောင်တယ်။
ပစ္စည်းတစ်ခုကနေ နောက်တစ်ခု လဲပြောင်းပုံကို အဘိုးအို ပြောပြတဲ့အချိန်မှာ
အဘွားအိုက ၀မ်းသာအားရနဲ့ ...
"ဟာ... ကျုပ်တို့ နွားနို့သောက်ရပြီပေါ့"
"အင်း... ဆိတ်နို့လည်း မဆိုးပါဘူး"
"အော်... ငန်းမွေးတွေက သိပ်လှတာ"
"အင်း... ကျုပ်တို့ ကြက်ဥစားရပြီပေါ့"
စတာတွေ ပြောတယ်။ နောက်ဆုံး အဘိုးအိုက သူလဲလာတဲ့ ပန်းသီးကိုပြတော့
အဘွားအိုက စိတ်ပျက်သွားပုံ မပြဘဲ " အင်း.. ဒီည ကျုပ်တို့ ပန်းသီးကိတ်
လုပ်စားကြတာပေါ့" လို့ ပြောပြီး အဘိုးအိုကို အားရပါးရ နမ်းလိုက်တော့တယ်။
ပုံပြင်ရဲ့ နောက်ဆုံးက ပြောစရာမလိုတော့ပါဘူး။ အင်္ဂလိပ်နှစ်ယောက်
ပါသမျှငွေတွေ ပေးခဲ့ရတယ်။
ပုံပြင်က ရိုးရိုးလေးပါ။ ပုံပြင်ကို ဖတ်စက သူ့ရဲ့ဆိုလိုရင်းကို
နားမလည်ခဲ့ဘူး။ စာရေးဆရာက တုံးအတဲ့ ဆင်းရဲသား လင်မယားကို
ကဲ့ရဲ့ဝေဖန်ထားတာလား? ဒါမှမဟုတ် လောင်းကြေးငွေတွေ အနိုင်ရအောင်
ဇာတ်တိုက်ထားတာလားလို့ တွေးခဲ့မိတယ်။ တကယ်တော့ ပုံပြင်က
အိမ်ထောင်တစ်ခုမှာ အခြေခံဖြစ်တဲ့ လင်မယားနှစ်ယောက်ရဲ့
ခွင့်လွတ်သည်းခံခြင်း၊ လေးစားယုံကြည်ခြင်းကို ပြချင်တာပဲဖြစ်တယ်။
အချစ်ဆိုတာ အနုပညာတစ်မျိုး
ခွင့်လွတ်ခြင်းက အချစ်ရဲ့ ကျောရိုးတဲ့
ပြင်ပလောကမှာ အဘိုးအိုလို တုံးအတဲ့ အပြုအမှုမျိုးက တကယ်မရှိနိုင်ပါဘူး။
လင်မယားနှစ်ယောက်ရဲ့ ချစ်ခင်မှု၊ နားလည်ခွင့်လွတ်မှုတွေက
အိမ်ထောင်တည်မြဲဖို့အတွက် အကောင်းဆုံးနည်းတွေဖြစ်တယ် ။ တစ်ယောက်ရဲ့
အမှားကို တစ်ယောက်က နားလည်ပေးမယ်၊ အပြစ်မမြင်ဘူး
ခွင့်လွတ်သည်းခံမယ်ဆိုရင် အိမ်ထောင်ရေးဟာ ပုံပြင်ထဲကအတိုင်း
လှပနိုင်ပါတယ်။
အရည်အချင်းနှင့် လက်တွေ့
လူငယ်တစ်ဦးသည် ကုမ္ပဏီတစ်ခုတွင် အလုပ်စ၀င်လေသည်။ လုပ်ဖော်ကိုင်ဖက်ထဲတွင်
သူသည် ပညာအရည်အချင်း အမြင့်ဆုံးဖြစ်သည်။
တစ်နေ့တွင် သူသည် နားခိုရာ အဆောင်နောက်ရှိ ငါးကန်တွင် ငါးသွားမျှားလေသည်။
သူ၏ လက်ယာနှင့် လက်ဝဲဘက်တွင် လုပ်ဖော်ကိုင်ဖက်နှစ်ဦးက သူ့ထက်
ရောက်နှင့်နေသည်။ သူတို့နှစ်ဦးကို ခေါင်းညိတ်ပြုံးပြပြီး စိတ်ထဲတွင်
"ရိုးရိုးဘွဲ့ရထားတဲ့ လူတွေနဲ့ ငါ့မှာ ဆွေးနွေးစရာအကြောင်းမရှိ" ဟု
စဉ်းစားမိသည်။
တအောင့်ကြာသော် လက်ယာဖက်လူက ခါးကြောဆန့်ရင်း ငါးမျှားတံကို ချကာ
ရေပေါ်လမ်းလျှောက်ပြီး မျက်နှာချင်းဆိုင်ရှိ စည်းရိုးခြားထားသော
နားနေဆောင်သို့ အပေါ့အပါးသွားလေသည်။ ထိုလူ ရေပေါ်လျှောက်သွားသည်ကို
ကြည့်ပြီး လူငယ်မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်မိသည်။
အပြန်တွင် သူသည် ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး ပြန်လာသည်။
လူငယ်မှာ ဘာကြောင့် ရေပေါ်လမ်းလျှောက်နိုင်သည်ကို မေးချင်သော်လည်း
"ငါကသူတို့ထက် ပညာတတ်တယ်" ဆိုပြီး ပညာမာန်နှင့် သွားမမေးခဲ့ချေ။
တအောင့်အကြာတွင် လက်ဝဲဘက်လူကလည်း ထိုနည်းအတိုင်း ရေပေါ်လမ်းလျှောက်ပြီး
အပေါ့အပါး သွားလေသည်။ "သိုင်းတတ်တဲ့ ကုမ္ပဏီထဲ ငါရောက်နေပါလား..
မဖြစ်နိုင်ပါဘူးလေ" လူငယ်မှာ မူးမေ့မတတ် အံ့သြမိသည်။
ခဏအကြာတွင် လူငယ်မှာ အပေါ့အပါးသွားချင်လာသည်။ ငါးကန်ကိုပတ်ပြီး
နားနေဆောင်သို့ (၁၀)မိနစ်ခန့် လမ်းလျှောက်ရဦးမည်။ ထိုသူနှစ်ဦးကိုလည်း
မမေးချင်။ အောင့်နိုင်သမျှ အောင့်ပြီး မအောင့်နိုင်သည့်အဆုံး လူငယ်သည်
"သူတို့တောင် လုပ်နိုင်သေးရင် ငါက ဘာလို့ မလုပ်နိုင်ရမလဲ" ဟု တွေးပြီး
ရေပေါ်သို့ ခြေလှမ်း လှမ်းလိုက်သည်။ လှမ်းလိုက်သည်နှင့် ရေထဲသို့
ပြုတ်ကျသွားလေသည်။ ဘေးက လူနှစ်ယောက်က အမြန်ဆယ်ပြီး ဘယ်လို့
ရေထဲခုန်ချရသလဲဟု မေးလေသည်။
"ခင်ဗျားတို့ကျတော့ ရေပေါ် လမ်းလျှောက်နိုင်တယ် ဘာလို့လဲဟင်"
လူငယ်နှစ်ဦးမှာ ရယ်ရင်း "ငါးကန်ထဲမှာ တံတားတစ်ခုရှိတယ်။ ရှေ့နှစ်ရက်က
မိုးရွာလို့ တံတားမြုပ်သွားခဲ့တယ်။ ကျွန်တော်တို့က တံတားနေရာကို သိလို့
အခုလို လျှောက်သွားနိုင်တာပါ။ ဘာဖြစ်လို့ ကျွန်တော်တို့ကို မမေးတာလဲဗျာ"
ဟု ပြန်ဖြေလေသည်။
ကျောင်းပြီးလို့ ပြင်ပအလုပ် စ၀င်ပြီချိန်တွင် ဘာနှင့်ပဲ
ကျောင်းပြီးခဲ့ပြီးခဲ့ အလုပ်အတွေ့အကြုံ၏ စိန်ခေါ်ခြင်းကို
ရင်ဆိုင်ရစမြဲပင်။ ထိုအတွေ့အကြုံများသည် ကျောင်းသင်္ခန်းစာထဲတွင် သင်ယူလို့
မရနိုင်ပေ။ ထိုအတွေ့အကြုံများသည် အမြဲမပြတ် သင်ယူလေ့လာခြင်း၏
ရလဒ်ပင်ဖြစ်သည်။
"သူတို့ထက်ငါ ရာထူးပိုကြီးတယ်။ သူတို့ထက် ငါဘွဲ့ဘယ်နှစ်ခု ရထားတယ်။
သူတို့ထက် ငါစာပိုဖတ်တယ်။ ပိုတော်တယ်။ ........" စသည်ဖြင့် ပညာမာန်
တက်နေရာမလိုပေ။ အတွေ့အကြုံရှိသူကို လေးစားပြီး ပညာရှိသူကို
ချည်းကပ်ရမည်ပင်။
ပန်းတစ်ပွင့်က ပြောပါတယ်....
အဖြူရောင် ပန်းတွေဟာ များသောအားဖြင့် မွှေးကြတယ်။ ပန်းတွေဟာ အရောင်အသွေး
စုံလေလေ ရနံ့ကင်းမဲ့လေ ဖြစ်တယ်။ လူ့ဘ၀ဟာလည်း ဒီလိုပါပဲ..
ရိုးရိုးရှင်းရှင်းနဲ့ ရိုးသားလေလေ သူ့ရဲ့ စိတ်ဟာ ဖြူစင်လေဖြစ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
ညမွှေးပန်းဟာ ညမှမွှေးတာ မဟုတ်ပါဘူး။ နေ့လည်း မွှေးပါတယ်။ ဒါပေမဲ့
လူအနည်းငယ်ကသာ နေ့အခါမှာ ရှုရှိုက်မိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေ့အခါမှာ
လူတွေရဲ့ စိတ်ဟာ ပျံ့လွှင့်နေလို့ပါ။ တကယ်လို့ လူတွေရဲ့ စိတ်ဟာ
နေ့အခါမှာလည်း တည်ငြိမ်နေမယ်ဆိုရင် ညမွှေးပန်းဟာ အရမ်းပူပြင်းတဲ့
နေ့ခင်းမှာတောင် မွှေးပါတယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ၀ယ်ပါ။ နံနက်ခင်းဟာ
ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ
မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။
လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက
လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ
မဟုတ်ဘူး။
ပန်းတစ်ပွင့်က ပြောပါတယ်....
ရှားပါးပြီး တန်ဖိုးကြီးတဲ့ ပန်းဟာ ညှိုးနွမ်းလွယ်တယ်။ လူတွေလည်း
နုပျိုငယ်ရွယ်တဲ့ အချိန်ဟာ အဖိုးတန် ပန်းလေးတစ်ပွင့်လိုပါပဲ။
ကောင်းကောင်း မပြုစု မပျိုးထောင်ရင် ပျက်စီးလွယ်တယ်။
ပန်းတစ်ပွင့်က ပြောပါတယ်....
နှင်းဆီပန်းတိုင်းမှာ ဆူးပါတယ်။ နှင်းဆီပန်းကို ကြိုက်နှစ်သက်ရင်
သူ့ဆူးကို မချိုးပါနဲ့။ ဆူးမစူးမိအောင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကိုပဲ
သင်ယူပါ။ လူတွေတိုင်းမှာလည်း မာနကိုယ်စီရှိကြတယ်။ သည်းမခံနိုင်တဲ့
စကားတွေနဲ့ သူတစ်ပါးကို ထိခိုက်အောင် မပြောမိပါစေနဲ့။
လနှင့် ဠကြီး…
“ ဟဲ့…ပေါ်ဦး၊ တောင်ငါးလုံးပိတ်ဖုံးကာခို ရာဇဂြိုလ် ရွှေပြည်ကြီးလို့ အများသူငါ
ခေါ်ဝေါ်သမုတ်ကြတဲ့ မင်းနေပြည်ကြီးကို ကာရံပတ်ခြုံနေတဲ့ တောင်ငါးလုံးအနက်
နောက်ဆုံးတောင်ကို ဂိစ္စကုဋ်တောင်လို့ခေါ်တာဟာ တောင်ကိုက လင်းတနဲ့တူလို့လား၊
သို့မဟုတ် တောင်ထိပ်မှာ လင်းတတွေနေလို့လား မောင်မင်း ”
“ မှန်လှပါ၊ တောင်ငါးလုံးရဲ့အမည်တွေကတော့ ပဏ္ဍာ၊ ဝေဘူလ၊ ဝေဘာလ၊
ဣသီဂီလ၊ ဂိစ္စကုဋ်တို့ ဖြစ်ကြောင်းပါ ဘုရား…”
“ အနို့…ဂိစ္စကုဋ် ခေါ်ရခြင်းကကောကွယ်”
“ တောင်ရဲ့ အထွတ်မှာ လင်းတတွေ ကျက်စားပါသဖြင့် ပါဠိဝေါဟာရအားဖြင့်
ဂစ္စခေါ်ခြင်း ဖြစ်ကြောင်းပါဘုရား…”
“ အေးကွယ်၊ သို့သော်လည်း ကိုယ်တော့်စိတ်ထဲ မရှင်းတာရှိနေတယ်၊ လင်းတ
အခေါ်အဝေါ်မှာ တစ်ချို့က လကလေးနဲ့ လင်းတ ရေးကြပြီး တစ်ချို့ကလည်း
ဠကြီးနဲ့ ဠင်းတရေးကြတယ် မောင်မင်း၊ ၀ိဝါဒ မကွဲဘူး မောင်မင်း”
“ မှန်လှပါ၊ ဘုန်းတော်ကြောင့်…”
…ဦးပေါ်ဦးက လက်အုပ်ချီပြီး ပါးစပ်ပြင်ရုံရှိသေးတယ်။ ဘာတစ်လုံးမှ
မတင်ရသေးခင် နောက်အမေးက ဆင့်လာတယ်။
“ ဘောက်မဲ့ကြောင့် ရေးသားရသတုန်း မောင်မင်း၊ ခွဲထားရှိသလားဟဲ့”
…ခွဲထားဆိုတာ ကျွတ်ကျွတ်ဆူနဲ့ ကြက်သတ္တ၀ါ၊ ကြန်အင်လက္ခဏာ အကြံအစည်နဲ့
အကျန်အကြွင်းမှာ ကျွက်နဲ့ ကြွက်၊ ကြန်နဲ့ ကြံတို့ဟာ အသံထွက်တူပြီး အဓိပ္ပါယ်
မတူတာကို ခေါ်တာပဲ။ အဲဒါဟာ ခွဲထားပဲ။ အဲဒါလိုဟာမျိုး မှန်သမျှဟာ ခွဲထားပေါ့။
“ ခွဲထား မရှိကြောင်းပါဘုရား…”
…မင်းတရားကြီး မကျေလည်သေးပါ။ အမေးတော်က ထပ်ဆင့်လာပြန်ချေသေးရဲ့။
“ ခွဲထား မရှိဘဲနဲ့ ဠ ကြီးနဲ့ ရေးတဲ့အကြောင်း ကိုယ်တော်သိချင်တယ် မောင်မင်း”
…အတော်ခွကျသည့် အမေးတော်ဖြစ်တယ်။ အတူခစားနေသော အခြားအမတ်တွေလည်း
ဦးပေါ်ဦးကို လှမ်းကြည့်ကြတယ်။ အမတ်ကြီး ဘယ်လိုများ ဖြေမှာပါလိမ့်။
“ လ ကလေးနဲ့ ဠ ကြီးကို ဘယ်နေရာမှာ ဘာသုံးရမယ်ဆိုတဲ့ အဆိုအမိန့်များ၊
စာပေကျမ်းဂန်များမှာ မတွေ့ဖူးကြောင်းပါ ဘုရား။ သို့ရာတွင် ကျွန်တော်မျိုး၏
သဘောအရမူ ငှက်တကာတို့ထက် အကျည်းတန်တဲ့ ဠင်းတကို အက္ခရာတကာတို့ထက်
အရုပ်ဆိုးတဲ့ ဠ ကြီးနဲ့ ရေးမှသာ လိုက်ဖက်သင့်လျော်မည် ထင်မိကြောင်းပါဘုရား…”
…မင်းတရားကြီးမှာ ရွှေဘောတော်ကျသွားတယ်။ “ ဟုတ်ပေသားပဲ” ဆိုကာ ရယ်မောတယ်။
အမတ်တွေလည်း ခိုးခိုးခွိခွိ ဖြစ်ကုန်လေရဲ့…..
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း
ဆရာမ။             ။ ကလေးတို့ရေ။ ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။
ပီတာ။               ။ ဝေလငါးနဲ့အိပ်လို့ပါ။
ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။
ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခုမေးလေသည်။
ဆရာမ။          ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။
အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။
ပီတာ။             ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။
                               ******************************************
လက်ဖြန့်လို့မဖြစ်ဘူး….
ပထမဆုံးကလေးအား မွေးဖွားရက်နီးကပ်လာသဖြင့် ဂျော်နီအမည်ရှိ ဖခင်တစ်ဦးကဗေဒင်ဆရာ
ထံသွားမေးလေသည်။
ဂျော်နီ။                    ။မွေးလာမယ့်ကလေးရဲ့ ဇာတာကိုသိချင်လို့ပါ။
ဗေဒင်ဆရာ။           ။ယောက်ျားလေးမွေးမယ်၊ လက်သီးဆုပ်ပြီးမွေးလာရင် သူခိုးဖြစ်မယ်။လက်ဖြန့်
                             ပြီးမွေးလာရင် ပညာရှိဖြစ်မယ်။
ဂျော်နီ။                 ။ဟုတ်ကဲ့..........ဟုပြောပြီးပြန်လာသည်။
ရက်အနည်းငယ်အတွင်း ဇနီးဖြစ်သူကသားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကိုပွေ့ချီပြီး
အပြင်ဘက်ထုတ်လာရာ-
သူနာပြု။               ။ကဲ..အဖေဖြစ်သူ ကလေးကြည့်လို့ရပြီ။
အလျင်အမြန် ကလေးငယ်ကိုကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထားတွေ့ရသဖြင့်-
ဂျော်နီ။                  ။သား…လက်ဖြန့်လိုက်
သားငယ်။            ။လက်ဖြန့်လို့မဖြစ်ဘူး….သားလက်ထဲမှာ ဆရာမလက်စွပ်ရှိတယ် ....ကဲ့
                                                       ********************************
သူကစဉ်းစားနေတာ.....
မာဖီးယား ခေါင်းဆောင် က ပြောသည် ။
” ရော့  ဟောဒီ အတာချီကေ့စ် ကို ယူသွား ၊ အထဲ မှာ ဒေါ်လာ တစ်သန်း ပါတယ် ၊
ကျုပ် ကို ထောင်   ဒဏ် တစ်နှစ် ပဲ ချဖို့ တရားသူကြီး ကို စည်းရုံးပါ ။ ”
” ကျွန်တော် စဉ်းစား ပါရစေ ”
” ဘာမှ စဉ်းစား မနေနဲ့ ၊ ခင်ဗျား စဉ်းစားတာ ကျုပ် စိတ်မ၀င်စားဘူး ၊ ပိုက်ဆံ ယူပြီး
ကျုပ် ခိုင်းတာလုပ် ၊ ဒါပဲ ”
 ပရိသတ်တွေ အတော် များများ ရောက်နေကြသည် ။ တရားသူကြီး က စီရင်ချက် ကို ဖတ်ကြားသည် ။
” ထောင်ဒဏ် တစ်နှစ် ကျ ခံ စေ ”
” မှန်မှန် ပြောစမ်းပါ ။ ထောင်ဒဏ် တစ်နှစ် ပဲ ပေးဖို့ တရားသူကြီး ကို သိမ်းသွင်း ရတာ အတော် ခက်သလား ”
” ခက်တာတော့ မပြောနဲ့ တော့ ။ သူ က ခင်ဗျား ကို ကွင်းလုံးကျွတ် လွှတ်မလို့ စဉ်းစားထားတာ...
                                                                    ********************************
ဘဲနင်းမိသူ....
 လူသုံးယောက်ကွယ်လွန်ပြီးနောက် ကောင်းကင်ဘုံကိုရောက်လာတယ်။
 ဂိတ်ဝမှာစိန့်ပီတာ(ဂိတ်ဝစောင့်တဲ့တမန်တော်)ရပ်နေတယ်(ဝင်ခွင့်ဗီဇာစစ်တယ်ပေါ့ဗျာ)။
 ကောင်းပြီအချက်အလက်ပြည့်စုံတယ်…မောင်မင်းတို့ကောင်းကင်ဘုံကိုဝင်နိုင်ပြီ။
** တစ်ခုတော့မှာချင်တယ်.........ဒီမှာ"ဘဲ"တွေသိပ်ပေါများတယ်…ဒါပေမယ့်…"ဘဲ"တွေကို
 တက်မနင်းမိစေနဲ့လို့စိန့်ပီတာကအသေအချာမှာကြားပြီးဂိတ်တံခါးဖွင့်ပေးလိုက်တယ်။
***ကောင်းကင်ဘုံမှာခြေချဘို့တောင်အတော်ခက်ခဲအောင်"ဘဲ"တွေကိုဖွေးဖွေးလှုပ်မြင်ရတာ
 အံ့စရာပါတဲ့။ ၅မိနစ်လောက်ကြာတော့လူသုံးယောက်ထဲက တစ်ယောက် "ဘဲ" တစ်ကောင်
ကိုနင်းမိတယ်။ ချက်ချင်းဆိုသလို စိန့်ပီတာရောက်လာတယ်။
 အဲဒီလူနဲ့ရုပ်ဆိုးလွန်းတဲ့အမျိုးသမီးတစ်ဦးကိုအတူတွဲချည်ပြီး
 "ကဲ…ဘဲကိုတက်နင်းမိသူ မောင်မင်း ရရှိသင့်တဲ့အပြစ်ဒဏ်က ဒီအမျိုးသမီးနဲ့သံသရာတိုင်
အောင်ပေါင်းသင်းနေထိုင်စေသတည်းတဲ့"။
၁၀မိနစ်လောက်ကြာပြန်တော့နောက်တစ်ယောက်က "ဘဲ"ကို နင်းမိပြန်တာပေါ့။
 မြန်လိုက်တဲ့စိန့်ပီတာ လှစ်ခနဲရောက်လာတယ်။
 ဒီတစ်ခါပိုလို့တောင်ရုပ်ဆိုးတဲ့ အမျိုးသမီးပါလာတယ်။
ထုံးစံအတိုင်းအပြစ်ဒဏ်ကတော့.
 မကွဲမကွာအနှီအမျိုးသမီးနဲ့ ရာသက်ပန်ပေါင်းသင်းစေသတည်းပေါ့။ နောက်ဆုံးလူကတော့
 အတော်သွေးပျက်နေတယ်     ။ ရုပ်ဆိုးတဲ့မိန်းမနဲ့အိမ်ထောင်ကျမှာသူသိပ်ကြောက်တယ်။
"ဘဲ"မနင်းမိအောင်အရမ်းကို ဂရုတစိုက်နေလိုက်တာအတော်ကြာကြာဘဲတဲ့။
သူကောင်းကင်ဘုံရောက်တဲ့နှစ်ပါတ်လည်နေ့ ရောက်တော့ စိန့်ပီတာရောက်လာတယ်။
 ညနေဆည်းဆာမှာသူ့ကိုသာယာလှပတဲ့ကမ်းစပ်ကိုခေါ်သွားတယ်။ အဲဒီမှာအလွန်ချောမော
လှပတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့ရတယ်တဲ့။ သေချာတာကတော့ သူနဲ့အဲဒီအမျိုးသမီးနဲ့
စုံဖက်ပေးတော့မှာပါ။
 စိတ်လှုပ်ရှားစွာနဲ့ စိန့်ပီတာကိုမေးလိုက်တယ်…
 "အရှင်အဘယ်အမှုအရာတွေကြောင့်ကျွန်တော်မျိုးအနှီကောင်းချီးမင်္ဂလာနှင့်ထိုက်တန်ရပါသလဲ"။
 စိန့်ပီတာမဖြေခင်ဘဲ အမျိုးသမီးကဝင်ဖြေလိုက်တယ်…
 "ရှင့်ကိစ္စကိုတော့မသိပါဘူး…ကျွန်မအပြစ်ကတော့တချက်ကလေးသတိလက်လွတ်ဖြစ်ပြီးအဲဒီ
သောက်ဘဲတစ်ကောင်ကိုနင်းမိတာပါဘဲ"လို့စိတ်ဆိုးမာန်ဆိုးပြောလိုက်သတဲ့။
 ကဲ…နောက်ဆုံးတတိယလူဘယ်လိုဆိုတာသဘောပေါက်မယ်လို့
 ထင်ပါတယ်။ လက်စသတ်တော့သူကိုယ်တိုင်က ရုပ်ဆိုးအကျည်းတန်သူဖြစ်နေတော့တာကိုး။
 လူဆိုတာက ကိုယ့်အားနည်းချက်ကိုသိပ်မစဉ်းစားကြဘူးနော်။သူရဲ့ထိုက်တန်မှုကြောင့်ကောင်း
မှုခံစားကြတယ်လို့တဘက်သတ်ထင်ကြတာကလား။ ဘာဘဲဖြစ်ဖြစ်ပေါ့လေ…ရုပ်ဆိုးလို့စိတ်ဓါတ်
တော့မကျနဲ့ပေါ့ဗျာ။ "ဘဲ"နင်းမိသူတွေထဲကချောမောလှပသူလေးတွေရနိုင်ပါသေးတယ်
                                          *******************************************
တစ်ခါက
လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကိုအားလပ်ရက်ခရီးထွက်ခဲ့
ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါ
လေသည်။ တစ်ရက်သောမနက်ခင်းမှာအချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက
တရေးတမောအိပ်ရန်ဆုံးဖြတ်လိုက်သည် ။မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ရေကန်ထဲတွင်
လှေထုတ်လှော်သည်။
ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ.......စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ........
“မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
မိန်းကလေးက.......
“စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
“ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
“ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
“မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေတယ်”
“………”
“မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
“ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့
ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲရလိမ့်မယ်” ဟု
မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”အရာရှိကကြောက်လှန့်တကြားပြောလိုက်၏။
”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ
အစုံအလင်ပါနေတာပဲမဟုတ်လား” ပာုပြောလိုက်လေသည်....
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
   ဆေးစာရေးမပေးပါနဲ့ 
       ဆေးခန်းသို့ ရောက်ရှိလာသောလူနာအားဆရာဝန်ကဆေးစာတစ်စောင်
ရေးပေးလိုက်လေသည် ။
လူနာ ။     ။ ဆေးစာရေးမပေးပါနဲ့ ဆရာ ။
ဆရာဝန်။  ။ ဘာလို့ လဲ ။
လူနာ ။     ။သိကြားမင်းနှုတ်ခမ်းမွှေး ရှာခိုင်းလိုက်တာက ဆေးရှာရတာထက်
              ပိုလွယ်ဦးမယ် ။
                      ××××××××××××××××××××××× 
    အမှန်အတိုင်း
        တရားရုံးတော်သို့ ခိုးမှုနှင့် ရောက်ရှိလာသောတရားခံအား တရားသူကြီး
         ကမေးလိုက်၏ ။
     " မောင်မင်းဘာကြောင့် တရားရုံးတော်ကိုရောက်လာတာလဲ ။"
     " မှန်တာကိုပြောရရင် ရဲကဖမ်းခေါ်လာခဲ့လို့ ပါပဲ ။"
                ××××××××××××××××××××××××
       အသန့် ရှင်းဆုံးဆု
    တစ်ခါက ဘောလုံးပွဲအပြီးဆုရရှိသော အသင်းများကို ဆုချီးမြှင့်သော အခမ်း
    အနားသို့  ကြည့်ရှုအားပေးနေမိသည်။
  "  အသန့် ရှင်းဆုံးဘောလုံးအသင်းဆုကိုအမှတ်(၃)ရပ်ကွက် ဘောလုံးအသင်း
       မှရရှိပါတယ် ။"
   အခမ်းအနားမှူးကကြေငြာပြီး အသင်းခေါင်းဆောင်ကဆုတက်ယူသည် ။
                  " အဲဒီအသင်းကို မပေးသင့်ဘူးဗျ" "ဘာလို့ လဲ"
 " သူတို့ ကစားတဲ့ နေ့ တုံးကမိုးရွာတယ်လေ ။ဒါကြောင့် တစ်ကိုယ်လုံးဗွက်တွေ
    လူးပြီးလူရုပ်မပေါ်အောင် ပေရေနေတာဗျ။ဘယ်မှာ သန့် ရှင်းလို့ လဲ ။"
             ××××××××××××××××××××××××××××
          အခက်ဆုံး
    " သားစက်ဘီးစီးသင်တာ အတော်လေးတက်နေပြီဆို ။ ဘယ်နေရာမှာစက်ဘီး
      စီးရတာ အခက်ဆုံးလည်း အဖေ့ကိုပြောစမ်း ။"
                         " ပလက်ဖေါင်းပေါ်မှာပါဖေဖေ "
 .
လေစားစွာဖြင့်Rဗြဲ
သတိထားရမဲ့ယောင်္ကျားစကား(၇)ခွန်း
ယောကျာ်းလေးနဲ.မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် ယောကျာ်းလေးတွေဟာ
မိန်းကလေးတွေရဲ.ခန်ဓာကိုယ်ကို ရရှိဖို.အတွက် အယုံသွင်းတဲ့ စကားတွေကို
နည်းမျိုးစုံနဲ. ပြောတတ်ကြတယ် အဲဒီစကားတွေကိုရှောင်နိုင်ရအောင်လို.
ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ထဲကနေ
မိန်းကလေးများအတွက်ဝေမျှလိုက်ပါတယ်
(၁) မောင်ဘယ်လိုမှမနေနိုင်လို.ပါ
အဲလိုပြောလာမယ်ဆိုရင်ပြောစရာတစ်ခွန်းပဲရှိတယ် အဲလိုဆိုလည်း လဲသေလိုက် လို.
(၂) ဘာရယ်မဟုတ်ပါဘူး နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်စကားပြောချင်လို.
ဘာမှမဟုတ်ပါဘူး စိတ်ကွယ်ရာကိုခေါ်သွားမလို.ပါ ဘယ်တော့မှမလိုက်ပါနဲ.
မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ်ပြောလို.ရပါတယ် ဒါလည်းလိမ်လည်မှုတစ်ခုပါပဲ
(၃) မင်းကို ကိုယ်တကယ်ချစ်တာပါ တကယ်လည်းတန်ဖိုးထားပါတယ်
တကယ်တော့လူတစ်ယောက်ကိုယ့်ကိုတကယ်ချစ်မချစ် တန်ဖိုးထားမထားဆိုတာ
သူ.ပါးစပ်ကထုတ်မပြောလည်း အသည်းနှလုံးနဲ.အလိုလိုသိနိုင်တာမျိုးပါ
အပြောကအရေးမကြီးပါဘူး အလုပ်ကသက်သေပြသွားမှာပါ
(၄) မောင့်ကိုတကယ်ချစ်တယ်ဆိုရင်အလိုလိုက်မှာပါနော်
ပတ်ချွဲနှပ်ချွဲ စကားကိုမယုံကြပါနဲ.
ကိုယ့်ကိုအပြစ်မကင်းသလိုခံစားရအောင်ပြောတဲ့စကားပါ
အဲဒီအချစ်ဆိုတာကြီးကိုခုတုံးလုပ်ပြီး ယောက်ျားတွေကအယုံသွင်းတာကို
သတိကြီးကြီးထားနိုင်မှ တန်ကာကျလိမ့်မယ်
(၅) တို.နှစ်ယောက်ရဲ.အချစ်ကပိုပြီးခိုင်မာလေးနက်လာမှာနော်
ဒါကကိုယ်ကစောင့်စည်းနေတဲ့အတွက်
မိမိတို.ကြားကချစ်ခြင်းမလေးနက်ဘူးလို.ထင်အောင်ဖျားယောင်းတာပါ
(၆) သူများတွေလည်း ဒီလိုပဲနေကြတာပဲဟာ
အဲလိုသူများတွေနဲ.ကိုင်ပေါက်လာပြီဆိုရင်
အဲလိုအလွယ်တကူခေါင်းငြိမ့်တတ်တဲ့သူများတွေဆီသွားလိုက်တော့
ငါနဲ.လာမပတ်သတ်နဲ.တော့လို.ရဲရဲပြောလိုက်ပါ
(၇) ဘယ်သူမှမသိစေရပါဘူး (ကိုယ်ဘယ်သူ.ကိုမှ မပြောပါဘူး ကိုယ့်ကိုယုံပါ)
အဲဒီအချိန်ကာလလေးတစ်ခုအတွက်တော့ဟုတ်လိမ့်မယ်
ချစ်စိတ်မွှန်နေတဲ့အချိန်မှာမှန်နိုင်ပေမယ့် အဲဒါတွေပြီးတဲ့နောက်မှာ သူတို.က
သူတို.အစွမ်းဘယ်လောက်ရှိလဲဆိုတာသူတို.ကြားထဲမှာပြောနေလိမ့်မယ်
အဓိကကတော့ အခုခေတ်မိန်းကလေးတွေကို ကိုယ့်ရဲ.အပျိုစင်ဘ၀ကိုတန်ဖိုးထားစေချင်တာပါ
အနောက်တိုင်းယဉ်ကျေးမှုတွေဖုံးလွှမ်းလာတဲ့နောက် မိန်းကလေးတွေဟာ
သိပ်ပြီးတော့မထူးဆန်းတဲ့ကိစလို.ထင်မှာအရမ်းစိုးရိမ်လို.ပါ
အခုဆိုလမ်းပေါ်မှာတောင် မြင်သူရှက်လောက်အောင်နေနေကြပြီဆိုရင် စိတ်ကွယ်ရာဆို
မတွေးဝံ့တော့လို.ပါ
အခုစာလေးက ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ကနေပြီး
နည်းနည်းချုံ.ပြီးပြန်ရေးတာပါ
ဖြစ်နိုင်မယ်ဆိုရင်ဒီစာအုပ်လေးကို
အရွယ်ရောက်ပြီးမိန်းကလေးတိုင်းဖတ်ရှုလိုက်နာသင့်ပါတယ်
တို.မြန်မာမလေးတွေကိုယ့်ရဲ.အပျိုစင်ဘ၀ကိုထိန်းသိမ်းနိုင်ကြပါစေ
ဘာလို.လဲဆိုတော့ မင်္ဂလာဦးညဆိုတာ
ကိုယ်တစ်သက်လုံးထိန်းသိမ်းလာတဲ့အပျိုစင်ဘ၀လေးကို ကိုယ့်ရဲ.သတို.သားကို
လက်ဆောင်ပေးတာပါ အဲဒီဘ၀လေးကိုတန်ဖိုးထားကြပါ ဒါလေးကအရမ်းအရေးကြီးတယ်။
မိုးသီဟအောင်ဆိကပါ။
အားလုံးကိုလေးစားစွာဖြင့်Rဗြဲ
အပျိုချောရဲ့ခြေသလုံး
ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။
…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။
…ဖန်နန်း၇ှင်မင်းတရားကြီးကတော့ စေတီတော်ကို ရွှေ့ချင်တယ်။ ရွှေ့မှသာ လမ်းကြီးကျယ်ဝန်း ဖြောင့်တန်းသွားမှာကိုး။ သို့သော်လည်း သူတစ်ဦးတည်း သဘောနဲ့ လုပ်ရာလည်း အရောက်မခံချင်ဘူး။ ကြံဖော်ကြံဖက် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေစေချင်တယ်။
…ဒီအတွက် ညီလာခံသဘင်မှာ ဗိုလ်ပုံစုံလင်တဲ့ အခိုက်မေးတော်မူတယ်။
…“ ကိုယ့်တော်မှာ ဆရာတော် သမားတော်များရဲ့ စကားကို ပယ်လှန်ရန်အခက်၊ စေတီတော် လမ်းနဲ့မလွတ်တာ မရွှေ့ဘဲ ထားရအခက် ဖြစ်နေတယ်မင်းကြီး၊ မင်းကြီးသဘောတင်ပါဘိ…”…အမတ်ကြီး ဦးပေါ်ဦး သိတယ်လေ။ ငါ့အရှင် မင်းတရားကြီးဟာ မရွှေ့ကောင်းဘူး သံဃာတော်တွေ မိန့်သွားပါလျက်နဲ့ မေးနေတာဟာ သူ့ဘက်က အဖော်လိုနေလို့သာ ဖြစ်ရမယ်ဆိုတာ သိတယ်လေ၊ သိတဲ့အတွက် မင်းလိုလိုက်ပြီး မင်းကြိုက် တင်တယ်။
…“ မှန်လှပါ ဘုန်းတော်ကြောင့် ဘုရင်မင်းတရားကြီးဟာ ဘုရားကို ရွှေ့ပြောင်းချင်တဲ့ ဆန္ဒတော်ပြင်းပြနေခြင်းမှာ ကောင်းမြတ်သော စိတ်နဲ့ရွှေ့လိုခြင်းသာ ဖြစ်ပါသောကြောင့် စိတ်ထားမြတ်လျှင် ကုသိုလ်လို့ နှလုံးတော်ပိုက်ပြီး ရွှေ့သာ ရွှေ့တော်မူပါဘုရား…”
…အမတ်တွေ အံ့အားသင့်သွားသော်လည်း ဖန်နန်း၇ှင်မင်းတရားကြီး ကြည်သာရွှင်ပြုံး ဖြစ်သွားတော်မူတယ်။ အဲ…ပြုံးပြုံးရယ်ရယ် ဖြစ်သွားပေမယ့် မင်းလိုလိုက်ပြီး မင်းရဲ့အကြိုက်ကိုလိုက်ပြီး တင်တာဖြစ်နိုင်ကြောင်းလည်း သတိမလစ်ဘူး။ ဒါကြောင့်ဦးပေါ်ဦးကိုပဲ မေးတော်မူတယ်။
…“ ကောင်းပြီ၊ မင်းကြီး အခုမင်းကြီးတင်တဲ့အတိုင်း ကောင်းမြတ်တဲ့စေတနာနဲ့ ဘုရားကို ရွှေ့မယ်၊ ရွှေ့တဲ့နေရာမှာ မင်းကြီးကိုပဲ ဘုရားဖျက်ပြီး ရွှေ့ဖို့စေခိုင်းရင် မင်းကြီးက ဘုရားဖျက်သူ၊ ကိုယ်တော်ရှင်မြတ်က အဖျက်ခိုင်းသူ၊ ဒီသူ နှစ်ဦးအပါယ်လားရင် ဘယ်သူခံမည်နည်း မင်းကြီး…”
…ရယ်ရယ်မောမောနဲ့ အမေးတော်ရှိတာ ဖြစ်လေတယ်။ ဒါကြောင့် ဦးပေါ်ဦးက တင်လျှောက်တယ်။
…“ မှန်လှပါ၊ ဘုန်းတော်ကြောင့် ဘ၀ရှင်မင်းတရားကြီး မေးတော်မူတဲ့ အမေးကို ရှေးရှေးတုန်းက သားအဖနှစ်ယောက် ပုံပြင်စကားနဲ့ ဥပမာထားပြီး သံတော်ဦးတင်ပါရစေဘုရား…”
… “ သားအဖနှစ်ယောက် ပုံပြင်ကို ရွှေနားဆင်တော်မူမည် မင်းကြီး…”
“ ရွှေနားဆင်တော်မူပါဘုရား…
ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိကြပါသတဲ့ ဘုရား၊ ဖအေက တည်တည်တန့်တန့်  က္ကနြေ္ဒ သိက္ခာနဲ့နေတတ်ပေမယ့် သားကတော့ ဘလွတ်ရွတ်တ ပြောပြီး နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမော နေတတ်တဲ့ ၀ါသနာရှိသတဲ့ဘုရား…”
…တစ်နေ့ကျတော့ သားအဖနှစ်ယောက် ခရီးတစ်ခုကို အတူသွားဖြစ်ကြပါတယ်ဘုရား။ သူတို့ရှေ့မှာလည်း အပျိုချောကလေးတစ်ယောက်ကို လှုပ်လီလှုပ်လဲ့နဲ့သွားနေတာ မြင်တဲ့အခါ သားဖြစ်သူရဲ့ရင်ထဲက ယားကျိကျိဖြစ်လာင်္ပြိး…
“ အဖေ…အဖေ…ရှေ့ကသွားနေတဲ့အပျိုကို သရော်ရရင် အတော်ရယ်စရာကောင်းမှာဘဲ အဖေ…” လို့ သားဖြစ်သူက အဖေကို ပြောပါတယ်ဘုရား။ ဖအေက သူ့ထုံးစံ သူ့ဝသီအတိုင်း…
“ ဟဲ့…သား…သူတစ်ပါးကို မသရော်ချင်နဲ့ကွယ်၊ မတော်တဆ ပြန်ပြီး ဆဲလို့ရှိရင် အရှက်ကွဲတတ်တယ်ကွဲ့…”  ရယ်လို့ပြောပြီး တားမြစ်တဲ့အခါ…
“ စိုးရိမ်မနေစမ်းပါနဲ့ အဖေရာ၊ ဒီအပျိုကို ဘာပြုလို့ နိုင်အောင် မပြောနိုင်ရမှာတုန်း…”
ဆိုပြီးတော့ ရှေ့ကသွားနေတဲ့ မိန်းကလေးကြားအောင် မကြားတကြား လေသံနဲ့ ပြောပါသတဲ့ဘုရား။
“ ဘယ်လိုများ ပြောလိုက်ပါလိမ့်မင်းကြီး၊ ဆက်ပြီး တင်စမ်းပါအုံး…”
…မင်းတရားကြီးလည်း သိချင်ဇော များနေပြီလေ။
“ မှန်ပါ၊ သားဖြစ်သူ လှမ်းပြီး မကြားတကြား ပြောလိုက်ပုံကတော့ …”
“ အဖေ….အဖေ ရှေ့ကသွားနေတဲ့ မိန်းကလေးကို ကြည့်စမ်းပါအုံးဗျာ၊  မိန်းကလေး လှချင်ပါလျက်နဲ့ ခြေသလုံးကြီးက တုပ်ပွပွနဲ့ဗျာ၊ အကြည့်ရဆိုးလိုက်တာ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား၊ မိန်းကလေးက ဆတ်ဆတ်ကျဲနဲ့ သွားတိုးတာကိုးဘုရား၊ မိန်းကလေးက ချာကနဲ လှည့်ကြည့်ပြီး…
“ ကျုပ်ခြေသလုံးတုပ်တာ မောင့်အပူလား၊ မောင့်ပခုံးနဲ့ ထမ်းထားလို့ မောင်က ပြောနေတာလား…”
ပြန်ရန်တွေ့တဲ့အခါမှာ လူရွှတ်လူနောက် ကောက်ကာငင်ကာ ပြောလိုက်ပုံကတော့…
“  အို…အမိငယ်၊ အမိရဲ့ ခြေသလုံး တုပ်တုပ်ပွပွကို ငါကတော့ မထမ်းဘူးဟေ့၊ ထမ်းချင်းထမ်းရင် ငါ့အဖေ ထမ်းလိမ့်မဟ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား။ ဖအေလည်း မျက်ထောင့်ကြီးနီလာပြီး ဒေါသတကြီးနဲ့…
“ အံမာ…နှုတ်သရမ်းတာကမင်း၊ ခြေသလုံး ထမ်းဖို့ကျတော့ ငါ၊ အတော်မတရားတဲ့ကောင်…” လို့ သားကို မာန်ပါသတဲ့ဘုရား၊ ဒီအခါမှာ သားကလည်း အလျှော့မပေးသေးဘဲ…
“ အဲဒါကြောင့် အစကတည်းက အဖေ့ကို တိုင်ပင်သားပဲ၊ မထူးပါဘူး အဖေရာ၊ ဒီအခြေဆိုက်မှတော့ ခြေသလုံး တုပ်ပွပွကို ကြိုးစားပြီးသာ ထမ်းလိုက်ပေတော့…” လို့ ပြောလိုက်ကြောင်း ရှိခိုး သံတော်ဦးတင်ရကြောင်းပါဘုရား…
…အဲဒီလို အမတ်ကြီး ဦးပေါ်ဦးရဲ့  ပုံပြင်အဆုံးမှာ ဖန်နန်းရှင်မင်းတရားကြီး ရယ်ရယ်မောမောနဲ့…
“ တော်တော့…တန်တော့၊ မင်းကြီးရဲ့ စကား အပါယ်လားရင် ကြိုးစားပြီး ကိုယ်တော်ခံ ဆိုတဲ့ အဓိပ္ပာယ် ရောက်နေပြီ၊ စေတီတော်လည်း မရွှေ့ပါနဲ့တော့၊ ခြေသလုံး တုပ်ပွပွ ထမ်းတဲ့ အဖေလည်း မဖြစ်ပါရစေနဲ့…” ရယ်လို့ မိန့်တော်မူတဲ့ အတွက် မှူးတော် မတ်တော်များ ရွှင်ကြည်မစဲ တသဲသဲ ရယ်မောကြတော့တာကိုး……။
…သူငယ်ချင်းများအားလုံး ကြည်နူးချမ်းမြေ့ကြပါစေ…
ဝန်ခံချက်
အေးအေးမိုးမိကူးမှပြန်လည်ဝေမျှပါသည်
အားလုံးကိုလေးစားတဲ့Rဗြဲ
Thursday, November 22, 2012
အကြည်တော် စာအုပ်များ
အကြည်တော် စာအုပ်များ: စာဖတ်ဝါသနာပါတဲ့သယ်ရင်းများအတွက် စာရေးဆရာ အကြည်တော်ရဲ့စာအုပ်များကိုတင်ပေးလိုက်ပါတယ်ဗျား။
ကျွန်တော်ထောင်းခဲ့သောပေါင်များDownload Here
ဆွေတစ်ရာမောင်တစ်ကျိတ်Download Here
ဝါရင့်အရောင်းထိုင်းDownload Here
လှအိုးကွဲDownload Here
တခါကငယ်ငယ်လေးတွေDownload Here
တောသားကြီးDownload Here
ယောက္ခမနဲ့တထောင့်တညDownload Here
အားလုံးကိုလေးစားတဲ့Rဗြဲ
Monday, November 5, 2012
ဦးငွေကြည်ရဲ့အူလိုက်သည်းလိုက်ဟာသ-pdf
ရီချင်ရင်တော့ ဒီစာအုပ်ကလေးက သယ်ရင်းတို့ရီအောင်လုပ်ပေးပါလိမ့်မယ်   အားလုံးကိုလေးစားတဲ့RဗြဲDownload Here
မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ