Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Showing posts with label အင်တာဗျူး. Show all posts
Showing posts with label အင်တာဗျူး. Show all posts

Tuesday, February 12, 2013

အဖြေမရသေးသော မေးခွန်းများ (အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်ရေးသားသူ ဦးခင်အောင်နှင့် အင်တာဗျူး)






Who Killed Aung San? စာအုပ်ကို ရေးသားပြုစုသူ ဦးခင်အောင်သည်
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ကော်မတီ (သြစတြေးလျ) တွင်
၁၉၈၈ မှ ၁၉၉၂ အထိ ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံတကာဆိုင်ရာ ကော်မတီ၏ ဒုဥက္ကဋ္ဌ
တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ တွင် အမျိုးသားညွန့်ပေါင်း အစိုးရ၏
သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဦးခင်အောင်၏ ဖခင်မှာ ဗိုလ်ချုပ် (ရဲချုပ်) ဦးထွန်းလှအောင်ဖြစ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရစဉ်က ဘုရင့်
ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်းရေးဌာန၏ ဒုရဲချုပ်ဖြစ်သည်။ ဦးစောနှင့်
အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန်
ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။ ဦးခင်အောင်သည် ဗမာ့ လွတ်လပ်ရေး
တပ်မတော်နှင့် ဗမာ့ ရေတပ်မတော်တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။
စစ်ပြီးခေတ်တွင် ပင်လယ်ကူးသင်္ဘောကုမ္ပဏီတခု၌ အလုပ်လုပ်ကိုင်ခဲ့သည်။
အမေရိကန်တွင် ၁၂ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ
ကင်ဘာရာမြို့တွင် ၁၉၈၃ မှစ၍ အခြေချ နေထိုင်သည်။

ဦးခင်အောင်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ
လုပ်ကြံခံရမှုကြီးတွင် ပါဝင်ခဲ့သူတချို့နှင့် ပတ်သက်၍လည်းကောင်း၊
ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လည်းကောင်း ကိုယ်တိုင်
အတွေ့အကြုံရှိခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရချိန်တွင်
ဦးခင်အောင်သည် အတွင်းဝန်ရုံးနှင့် မျက်နှာချင်းဆိုင် တဖက်ကမ်းရှိ ရေတပ်ကမ်းနားဌာနချုပ် ပြုလုပ်ထားသော စိန့်ပေါလ်ကျောင်းဝင်းတွင်
ရေတပ်အရာရှိတဦးအဖြစ် တာဝန်ကျနေသည်။ ဗြိတိသျှ မော်ကွန်းတိုက်ရှိ
အထောက်အထားများနှင့် စာအုပ်စာတမ်းများကို လေ့လာ၍ Who Killed Aung San?
စာအုပ်ကို ရေးသားပြုစုခဲ့သည်။ လုပ်ကြံမှုဖြစ်ပွားစဉ်က ဗိုလ်ချုပ်
အောင်ဆန်း၏ ဘေးတွင် ကပ်ထိုင်နေခဲ့ပြီး ကျည်ဆန် ချော်ထွက်သွားသောကြောင့်
အသက်မသေခဲ့သည့် ဦးခင်အောင်၏ ဦးလေးဖြစ်သူ ဦးရွှေဘော်ကိုယ်တိုင်
ပြန်ပြောပြခဲ့ခြင်းက ဤ စာအုပ်ရေးသားရန် လှုံ့ဆော်ခဲ့သည့် အကြောင်းရင်း
ဖြစ်သည်ဟု စာအုပ်အမှာတွင် ရေးသားထားသည်။ သြစတြေးလျတွင် နေထိုင်လျက်ရှိသော
ဦးခင်အောင်ကို ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကျော်စွာမိုးက မေးမြန်းထားပါသည်။


မေး ။    ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်တဲ့ နေရာမှာ ဘာကြောင့်
ဗြိတိသျှက အဓိက ပါနေတယ်လို့ သုံးသပ်ရပါသလဲ။


ဖြေ ။    ။ ဗိုလ်အောင်ဆန်းက လွတ်လပ်ရေး လိုချင်တယ်။ နိုင်ငံ
ကြီးပွားစေချင်တယ်။ ဆိုတော့ ရှိတဲ့ တောင်ပေါ်သားတွေနဲ့ အကုန်လုံး
ပေါင်းရမယ်လေ။ အဲဒီလိုမျိုး စိတ်ရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဝန်ကြီးတွေကို သတ်ဖို့အထိကတော့ အသေအချာ ဘာမှ မရှိဘူး။ နောက်ကျတော့ ဘင်ဂလေ
[John Stewart Bingley: ဗြိတိသျှကောင်စီ ကိုယ်စားလှယ်] နဲ့ တခြား
ဗြိတိသျှ ခေါင်းဆောင်တွေ ပါလာတယ်။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေကလည်း သူတို့
မြန်မာပြည်မှာ ဆက်နေဖို့ အရေးကြီးတယ်။ လွတ်လပ်ရေး မရဖို့ အရေးကြီးတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဆိုရှယ်လစ်ဇင်ကို သဘောကျသလို ပြောလာတယ်။
ဒီကုမ္ပဏီတွေကို နေရှင်နယ်လိုက်ဇ် (နိုင်ငံပိုင်) လုပ်မယ်၊
မြန်မာအကျိုးရှိရင် ဘာမဆို အကုန်လုံး လုပ်မယ်ဆိုပြီး ဗြိတိသျှတွေက
ပြောလာတယ်။


မေး ။    ။ ဗိုလ်ချုပ်အောင်ဆန်းက တတိုင်းတပြည်လုံးကို စုစည်းနိုင်တဲ့
လူတယောက်ဖြစ်တယ်။ နောက်ပြီးတော့ လက်ဝဲယိမ်းတယ်လို့ ပြောလို့ရတယ်။ အဲဒီ
အချက်နှစ်ချက်က တော်တော် အဓိကကျနေတယ်ပေါ့။ တခြားအချက်တွေရော ရှိသေးလား။


ဖြေ ။    ။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေက လုပ်ကြံမှု နောက်ကွယ်မှာ ငွေနဲ့
ထောက်ပံ့တယ်ဆိုတာ ဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ကို မလိုလားတဲ့
နိုင်ငံရေးသမားတွေကို ကြီးကြီးကျယ်ကျယ် ထောက်ပံ့နိုင်တာပေါ့ဗျာ။
တခြားနည်းမရှိဘူး။ အင်္ဂလိပ်အစိုးရ ကိုယ်တိုင်ကလည်း ပထမ ဗြိတိသျှ
ဝန်ကြီးချုပ် ချာချီ (Winston Churchill)၊ နောက် အက်တလီ (Clement Atlee)၊
သူတို့ အနေနဲ့ကလည်း  ဒီလောက်မပေးဘူး။ အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း
မပေးဘူး။ တိတ်တိတ်ခိုးပြီး ကြီးကြီးကျယ်ကျယ် ပေးနိုင်တာက
အင်္ဂလိပ်ကုမ္ပဏီတွေပဲ။ ဦးစောကို ပိုက်ဆံပေးတာတော့ ပေးမှာပဲ။ ဦးစောကလည်း
တောင်းမှာပဲ။ အဲဒီအချိန်မှာ ဦးစောရဲ့ညီ မောင်မောင်ကြီးကလည်း
လန်ဒန်မှာရှိတယ်။ နောက်တဆင့်ကျတော့ ဘလက်မားကက် (မှောင်ခိုဈေးကွက်) ဆိုတာစစ်ပြီးခေတ်မှာ ပေါ်လာတယ်။ ကျနော်တို့က အဲဒီအချိန်မှာ တပ်ထဲရောက်နေပြီ။
ရေတပ်ထဲမှာ။ တပ်ထဲရောက်နေတော့  ဒီအကြောင်းတွေ ကောင်းကောင်း သိတယ်။
ကုန်ကူးနိုင်တဲ့ လူတွေကလည်း တွေ့ကရာ ကုန်ကူးတာ။ နည်းနည်း မှတ်သားစရာနဲ့
ရယ်စရာလေးပေါ့ဗျာ။ ရဲဘော်သုံးကျိပ်မှာ ပါတဲ့  ဗိုလ်စင်္ကြာက လေကြောင်း
ကုမ္ပဏီလေးတခု သူထောင်တယ်။ အခု အာဏာရနေတဲ့လူတွေလည်း ဘိန်းတွေဘာတွေချ၊
ကျောက်စိမ်းသွင်းရင်သွင်း အမျိုးမျိုးလုပ်နေတာလိုပဲ၊ အဲဒီ
ခေတ်ကလူတွေကလည်း မီးခြစ်ကျောက်လို အသေးအဖွဲတွေက အစ သွင်းတာ။
ကျနော်ပြောချင်တာက တွေ့ကရာ လုပ်ကြတာ။ အင်္ဂလိပ်စစ်ဗိုလ်တွေက ဘာလုပ်လဲဆို
သူတို့ရဲ့ လက်နက်တွေ စင်ကာပူကို ပြောင်းနေရတယ်။ မြန်မာပြည်ကို လွတ်လပ်ရေး
ပေးတော့မယ်ဆိုတော့ စင်ကာပူကို ပြောင်းနေရတယ်။ ဒီကြားထဲမှာ သူတို့က
ရောင်းစားတယ်ဗျာ။ မရှင်းဂန်း၊ တော်မီဂန်းတွေ။ အဲဒီမှာရှိတဲ့ လက်နက်တွေ
အမျိုးမျိုး ရောင်းစားတော့ သူတို့ဆီကနေ ဦးစောက ဝယ်တယ်ဗျာ။


မေး ။    ။ ဗိုလ်မှူး စီ ဟင်နရီ ရန်း [Maj. C. Henry Young:
အိန္ဒိယတပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံ တပ်ခွဲ၏
တပ်မှူး] တို့ ဗိုလ်မှူး လန့်စ်လော့ ဒိန်း [Maj. Peter Lancelot Daine:
မင်္ဂလာဒုံ ပင်မ ခဲယမ်းမီးကျောက်တိုက်၏ တပ်မှူး] တို့က ရိုင်ဖယ်တွေ၊
ပစ္စတိုတွေနဲ့ ခဲယမ်းမီးကျောက်တွေ အဓိကထောက်ပံ့တဲ့ ဗြိတိသျှအရာရှိတွေလား။
တချို့ကပြောတော့ လန့်စ်လော့ ဒိန်းက တကယ် လက်နက်ထောက်ပံ့သူ မဟုတ်ဘဲ
ဗိုလ်မှူး ရန်း ဆီကပဲ ဦးစောက လက်နက်တချို့ ရလိုက်တယ်လို့ ပြောတယ်။


ဖြေ ။    ။ ပုလိပ်က ကျနော့်အဖေရဲ့ စီအိုင်ဒီဌာနက ကြားတာလား မသိဘူး။
စီအိုင်ဒီက ဌာနကလည်း စစ်အတွင်းက အလုပ်လုပ်လာတဲ့ ရဲဘော်တွေနဲ့ ချဲ့နေပြီ။
သူတို့ကလည်း ထောက်လှမ်းရေး ဆိုတော့ အမျိုးမျိုး ထောက်လှမ်းကြတာပေါ့။
နောက်တော့ အဲဒီမှာ လက်နက်တွေ ပျောက်ပျောက်နေတာ ပေါ်လာတယ်။ ဦးနု၊
ဦးကျော်ငြိမ်းတို့ အပြင် ဗိုလ်ချုပ်ကရော ဘုရင်ခံဆီ သွားသွား
တိုင်ကြတယ်ခင်ဗျ။ ဘုရင်ခံကလည်း ဘာမှ မလုပ်ဘူး။


မေး ။    ။ သွားတိုင်တယ်ဆိုတာက လက်နက်တွေ ပျောက်ပျောက်နေတယ်၊ ဦးစောက
လက်ခံရယူနေတယ် ဆိုတာ သိပြီးမှ သွားတိုင်တာလား။

ဖြေ ။    ။ ဟုတ်တယ်။ ကျနော့် အဖေရဲ့ စီအိုင်ဒီဌာနက သတင်းပေးတာ။ ကျနော့်
အဖေ ဌာနက လူတွေက မျိုးစုံရှိတယ်။ ဦးစောကို ဖမ်းမယ့် အချိန်မှာ
နိုင်ငံရေးသမားတွေရဲ့  အိမ်တွေမှာ လူတွေ ချောင်းနေတယ်။ လက်နက်တွေ
ပျောက်တာတို့ဘာတို့ အကြီးအကျယ် သိလာတဲ့အခါကျတော ဦးနုတို့က
ဦးကျော်ငြိမ်းတို့က တခုခုတော့ ဖြစ်တော့မယ်ဆိုတာ သိတယ်။ သတင်းတွေက
အမျိုးမျိုး ဖြစ်နေတယ်။


မေး ။    ။ ဗိုလ်မှူး ရန်း ကနေ ထောက်ပံ့တဲ့ လက်နက်တွေနဲ့ တကယ်
ဗိုလ်ချုပ်ကို သတ်ခဲ့တာမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ သတ်ခဲ့တာက
တခြားလက်နက်တွေလို့ ပြောတယ်။ ဟုတ်ပါသလား။

ဖြေ ။        ။ အဲဒီ လူသတ်သမားက ၄ ယောက်ပဲ။ အဲဒီတော့ လေးယောက်ထဲမှာ
တော်မီဂန်းနဲ့က ၃ ယောက်။ တယောက်က စတင်းဂန်းနဲ့။ အငယ်ဆုံးလူ ရန်ကြီးအောင်
က စတင်းဂန်းကိုင်တယ်။ နောက်ကျတော့ လက်နက်တွေကို ကုလားပြည်ယူသွားပြီး
သူတို့စစ်တာပဲဗျ။ အမျိုးမျိုး စစ်တာပဲ။


မေး ။    ။ အဲဒီတော့ ဘာတွေတွေ့ခဲ့ရသလဲ။

ဖြေ ။    ။ ဘာတွေတွေ့လဲဆိုတော့ စစ်တပ်ရဲ့  လက်နက်တွေဗျ။ အသေအချာ ဘယ်သူ
ရောင်းသလဲ၊ ဘယ်ဝါ ရောင်းသလဲ။ နောက်ကျတော့ သူတို့ကို တိတ်တိတ်ခိုးပြီး
သူတို့နိုင်ငံကို ပြန်လွှတ်လိုက်တာပေါ့။ ရန်ကုန်မှာ ရှိနေတုန်းကတော့
ဗီဗီယန်း [Captain David Vivian: မြန်မာ လက်နက်ကိုင် ပုလိပ်တပ်ဖွဲ့
လက်နက်အကြံပေး] ကလွဲလို့ ဘယ်သူမှ အဖမ်း မခံရဘူး။ ဗီဗီယန်းက
အဖမ်းခံရရုံတင် မကဘူး၊ လျှောက်ပြီးတော့ ဘာလုပ်တယ်တို့၊ အရပ်ရှည်ရှည်နဲ့
လူဆီ သွားပါတို့ အပြင်ကို မက်ဆေ့ခ်ျတွေ ပို့တယ်။ အဲဒီ အရပ်ရှည်ရှည်နဲ့လူက
ဘင်ဂလေ။ ဗြိတိသျှကောင်စီက ဘင်ဂလေ။ တော်တော်တော့ ရှုပ်တဲ့ ရာဇဝင်။


မေး ။    ။ ဗြိတိသျှ ခေါင်းဆောင် ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့
တခြား မြန်မာ ခေါင်းဆောင်တွေကို ဘယ်လို သဘောထားရှိလဲ ခင်ဗျ။

ဖြေ ။    ။ ပထမ ချာချီက တောက်လျှောက် စစ်အတွင်းမှာ အုပ်စိုးမိတာကိုး။
ပထမဆုံး ချိန်ဘာလိန် (Neville Chamberlain) က ဝန်ကြီးချုပ်။ အဲဒီ
ဝန်ကြီးချုပ်က နာဇီ ဟစ်တလာကိုသွားပြီး လျှော့လျှော့ပေးနေတာ။
စစ်မဖြစ်ချင်ဘူး။ သူတို့က ရှုံးမှာကြောက်နေတာ။ ဂျာမနီကလည်း တော်တော်
အားကောင်းနေတာ။ အဲတော့ ချိန်ဘာလိန်က လျှော့လျှော့ပေးနေတဲ့ အခါမှာ
ချာချီကတော့ တိုင်းသူပြည်သားတွေက သူ့ကို မြှောက်စားလိုက်တော့
ဝန်ကြီးချုပ် ဖြစ်သွားတယ်။ အဲဒီတော့ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့
နိုင်နိုင်နင်းနင်း လုပ်လိုက်တာ သူတို့ စစ်နိုင်သွားတာပဲ။ ဒုတိယ ကမ္ဘာစစ်
တုန်းက ချာချီက ဝန်ကြီးချုပ်ပဲလေ။ စစ်ပြီးကာလ ရောက်လာတော့ အက်တလီတို့ဘက်က
ဆိုရှယ်လစ် ပေါ့လေ။ ချာချီက ရီပတ်ဗလစ်။ အက်တလီလူတွေက တက်လာပြီးတော့
ရွေးကောက်ပွဲမှာ နိုင်သွားတယ်။ မြန်မာပြည်နဲ့ ပတ်သက်တာ ဘယ်လိုလဲဆိုတော့
ချာချီက ဘယ်လိုနည်းနဲ့မှ ပေးမှာ မဟုတ်ဘူး။ လွတ်လပ်ရေး မပေးဘူး။ ဗြိတိသျှက
ကိုလိုနီတွေကို ဒိုမီနီယံ အုပ်ချုပ်ရေးတွေပေးတော့ကျမှ ဦးစောက
သွားပြီတော့ ချာချီကို တောင်းပန်တယ် မဟုတ်လား။ ဒိုမီနီယံ
အုပ်ချုပ်ရေးပေးလို့ရှိရင် ကျနော်တို့ ထောက်ခံပါ့မယ် ဆိုတော့
ဂရုတောင်မစိုက်ဘူး။ ဒါပေမယ့် တို့စစ်ပြီးတဲ့ အခါကျတော့ တို့နဲ့
တိုင်ပင်ပေါ့တဲ့ လာတောင်းပေါ့၊ တောင်းရင် တို့ကြည့်မယ်တဲ့။
စစ်ပြီးတဲ့အခါကျမှ သူက ရွေးကောက်ပွဲ ရှုံးသွားတယ်။ ရှုံးသွားတဲ့အခါမှာ
အက်တလီက တက်လာတော့ ဗြိသျှအင်ပါယာကြီး ခွဲပြဲပြီးတော့ သူက လက်လွှတ်ပစ်တာပဲ။
အင်္ဂလန်ကလည်း မနိုင်တော့ဘူးလေ။ အင်္ဂလန်က နိုင်တာကတော့ စစ်တော့နိုင်တယ်။
ဒါပေမယ့် နိုင်ငံကို ဆက်ပြီးတော့ အုပ်စိုးဖို့ မတတ်နိုင်ဘူး။ အဲဒါကြောင့်
ဗမာပြည်ဟာ ချာချီ ဆက်နေလို့ရှိရင် မဖြစ်နိုင်တော့ဘူး။
လွတ်လပ်ရေးမရတော့ဘူး။

 

မေး ။    ။ ဦးစော ကျတော့ရော။

ဖြေ ။    ။ ဦးစောက သက်သက် တကိုယ်ကောင်းဗျ။ ပညာလည်း မရှိဘူး။ သူက
ရာထူးတွေဘာတွေ ရနေတယ်။ နိုင်ငံရေးမှာ ခြေထိုးပြီး အမျိုးမျိုး
တက်လာကြတယ်။ အဲဒါကို တချို့ အင်္ဂလိပ်တွေက သဘောကျပြီးတော့ အသုံးပြုတဲ့
အပိုင်းလည်း ပါလိမ့်မယ်။


မေး ။    ။ သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အောင်ဆန်း အက်တလီ
စာချုပ်ချုပ်ဖို့ လန်ဒန်ကိုသွားတယ်။ သူပါသွားတော့ လက်မှတ်မထိုးဘူးဆိုတာက
အဓိကကတော့ ဗိုလ်ချုပ်ကို မနာလိုတဲ့သဘောလား၊ ဒါမှမဟုတ်ရင် မူအရ လက်မခံတဲ့
သဘောလား။


ဖြေ ။    ။ စာချုပ်ဆိုတာဗျာ သိတဲ့အတိုင်းပဲ။ ဘာစာချုပ်ဖြစ်ဖြစ်
အမျိုးစုံရှိတယ် မဟုတ်လား။ အပိုဒ်တွေ မျိုးစုံရှိတယ်။ အဲဒီတော့
အပြစ်ရှာချင်ရင်၊ မလုပ်ချင်ရင် အလွယ်တကူ နောက်ဆုတ်သွားလို့ ရတာပဲဆိုတော့
သူက အောင်ဆန်း-အက်တလီ သဘောတူညီချက်တွေကို ဟိုဟာ မကြိုက်ဘူး၊
ဒီဟာမကြိုက်ဘူး အပြစ်ရှာပြီးတော့ နောက်ဆုတ်တာပဲ။ သခင်ဗစိန်လည်း ပါနေတာပဲ။
တချိန်လုံး သခင်ဗစိန်ရယ်၊ သခင်ထွန်းအုပ်ရယ်။ သခင်ထွန်းအုပ်က ဗိုလ်ချုပ်က
သထုံမှာ သူကြီးကို သတ်တယ်ဆိုပြီးတော့တောင် ဒုက္ခဖြစ်အောင် ထောင်ကျအောင်
လုပ်သေးတယ်မဟုတ်လား။


မေး ။    ။ ချာချီက ဗိုလ်ချုပ်အသတ်ခံရပြီးနောက်ပို


င်းမှာ တခုခုပြောတယ်။
အဲဒါကို မှတ်မိမလား မသိဘူး။

ဖြေ ။    ။ သူက အောင်ဆန်း၊ ရဲဘော်သုံးကျိပ်နဲ့ သခင်တွေက တို့ကို
ပုန်ကန်ထားတဲ့လူတွေ။ အဲဒီလူတွေကို ဘာဖြစ်လို့ အဆက်သွယ်လုပ်ရမှာလဲ၊ ဘာလို့
အကူညီပေးရမှာလဲ၊ အဲဒီလို ပြောတာ။ သူတို့က House of Common
(အောက်လွှတ်တော်) မှာ Debate အမြဲရှိနေတာကိုး။ ရှိနေတော့ စစ်ပြီးတဲ့
အခါကျရင် ဘယ်လိုလုပ်ကြမှာလဲ၊ ဘယ်လို စီစဉ်ကြမှာလဲပေါ့လေ။ လောဒ့်
မောင့်ဘက်တန် [Lord Mountbatten: အိန္ဒိယ ဘုရင်ခံချုပ်] မပါလို့ရှိရင်
ဘာမှဖြစ်မှာ မဟုတ်ဘူး။

ချာချီ ပြောတာက ပုန်ကန်ထကြွထားတယ်။ မြန်မာပြည်ကို ဘာမှ
ကူညီစရာမလိုဘူးလို့ ပြောတာပေါ့နော်။ ကုလားပြည် စဉ်းစားမယ်၊ မြန်မာပြည်
စဉ်းစားမယ် ဘာလုပ်ရမလဲပေါ့လေ။ စစ်အပြီးမှာဆိုတော့ Debate ထဲမှာ
ပါလာလိမ့်မယ်။ ဒါပေမယ့် မောင့်ဘက်တန်ကတော့ မြန်မာပြည်ဘက်မှာ တော်တော်
ကူညီလိုက်တယ်။ သူကတော့ တော်တော်ကောင်းတယ်။ ဗိုလ်ချုပ် အောင်ဆန်းတောင်မှ
နိုင်ငံရေးသမား ဆက်ပြီးလုပ်ချင်ရင် စစ်ရေးက ထွက်ရမယ်၊ စစ်ဗိုလ်လုပ်လို့
မရဘူးလို့ အကြံပေးတာနဲ့ ဗိုလ်ချုပ်က အဲဒီမှာ ထွက်သွားတာ။


မေး ။    ။ တကယ်လို့များ ဗိုလ်ချုပ်တို့သာ လုပ်ကြံ မခံရဘူး၊
အသတ်မခံရဘူးဆိုရင် မြန်မာပြည်မှာ ဘယ်လိုဖြစ်သွားမယ်လို့ ထင်သလဲ။


ဖြေ ။    ။ အများကြီး ပိုကောင်းမှာပေါ့။ ဗိုလ်ချုပ် အောင်ဆန်းကတော့
ပြောတာပဲ။ သူ ဘုရားမဟုတ်ဘူးတဲ့။ ဒါပေမယ့် အများကြီး ပိုကောင်းမယ်ပေါ့ဗျ။
ဦးနုတယောက်ပဲ သူ့ကို နားထောင်မယ့်သူ ရှိမယ်။ ဦးကျော်ငြိမ်း။
သခင်သန်းထွန်း၊ ဦးဗဆွေတို့ကို ထိန်းရမယ်။ သခင်စိုးကိုလည်း ထိန်းရမယ်။

မေး ။    ။ သူနဲ့ အတိုက်အခံဖြစ်တဲ့ လူတွေနဲ့ ဗိုလ်ချုပ်က ဖြစ်ပါ့မလား။

ဖြေ ။    ။ သူ့ကို လေးစားတဲ့ စစ်တပ်ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့
ရေတပ်။ ရေတပ်က နည်းနည်းလေးရယ်။ ဒါပေမယ့် ကောင်းကောင်း လေ့ကျင့်ထားတယ်။
စည်းကမ်း သေဝပ်တယ်၊ လူတော်တွေ အများကြီးရှိတယ်။ လေတပ်မှာလည်း
ပညာတတ်တွေရှိတယ်။ လေတပ်နဲ့ ရေတပ်လိုဟာမျိုးက သူ့ကို ထောက်ခံတယ်။ ဒါကိုကျနော် ကိုယ်တိုင် ပြောနိုင်တယ်။ ကျနော်တို့လူတွေလည်း အကုန်သိတာပဲ။
ကွန်မြူနစ်တွေက စစ်တပ်ထဲက လူတွေကို မွေးနေပြီ။ အဲဒီ အချိန်မှာ
မွေးလို့မရတဲ့လူတွေကတော့ ရေတပ်နဲ့ လေတပ်တို့ အများကြီးရှိတယ်။
အဲဒီလူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံမှာပဲ။ စစ်တပ်ထဲမှာလည်း
တော်တော်များများ ရှိလိမ့်မယ်။ ကရင်ရှိတယ်၊ ကချင်ရှိတယ်
ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံနေပြီ။


မေး ။    ။ အခု ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆိုရင်ရော ဘယ်လိုကွာတယ်လို့ ထင်သလဲ။ သူတို့ နှစ်ယောက်ကြားမှာ။


ဖြေ ။    ။ သူ့သမီးကိုကတော့ ကံအားလျော်စွာ သူ့အမေ နေမကောင်းလို့
ပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့ အခါမှာ သူ့အချိန်နဲ့ သူ့အခါနဲ့။
သူ့အမေကြီး ဆုံးသွားတဲ့အခါမှာ သူက ခေါင်းဆောင်လုပ်လိုက်တာ။ ရုပ်ရည်ကလည်း
ခပ်ဆင်ဆင်။သူ့ဘောထားကလည်း ကောင်းတယ်။ သူပြောတာတွေလည်း ကောင်းတယ်။
လူတွေကလည်း သဘောကျတယ်။ ပညာလည်း ရှိတယ်။ အဲလိုလူမျိုးတွေ မြန်မာပြည်မှာ
တခြား ဘယ်နှယောက်ရှိလဲဗျာ။ အဲဒီ လူတွေထဲမှာ လူတော်လို့ ပြောရမယ်
ပညာရှိလို့ ခေါ်ရမယ်ပေါ့ဗျာ။
 လူဗိုလ်ဟူသည်မှ ကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်
Rဗြဲ

Thursday, November 29, 2012

အဆိုတော်အောင်လနှင့်အင်တာဗျူး

မိုမို - မင်္ဂလာပါရှင်။ ညီမကတော့ MYMC online radio မှ interviewer မိုမို ဖြစ်ပါတယ်။ အခု Interview လေးမစခင်မှာ ရင်းရင်းနှီးနှီး ဖြစ်သွားအောင် မိတ်ဆက် လိုက်ကြ ရအောင် နော်။ အကိုတို့ရဲ့ နာမည် အရင်း၊ မွေးနေ့နဲ့ အကိုတို့ Reason Band မှာ ပါဝင်လှုပ်ရှား နေတဲ့ Role တွေကိုလည်း ပရိတ်သတ်သိအောင် ပြောပြပေးပါဦးရှင်။
အောင်လ - ကျွန်တော့်ရဲ့နာမည်အရင်းက ဇွဲရန်အောင်လှပါ။ ကျွန်တော်က ၁၉၈၅၊ ၉ လပိုင်း၊ ၁၇ ရက်နေ့မှာ မွေးပါတယ်။ ပြီးတော့ ကျွန်တော်က ဒီ Reason Band မှာ သီချင်းဆိုပါတယ်။
Ossie - ကျွန်တော့်နာမည်က Ossie လို့ခေါ်ပါတယ်။ နာမည်အရင်းကလည်း Ossie ပါပဲ။ ကျွန်တော်က ဒီ Reason Band မှာ Drum တီးပါတယ်။ ကျွန်တော့်ရဲ့ မွေး သက္ကရာဇ်ကတော့ ၁.၄.၈၃ ဖြစ်ပါတယ်။
ရဲမြတ်ကျော် - ကျွန်တော့်နာမည် အရင်းကတော့ ရဲမြတ်ကျော်ဖြစ်ပါတယ်။ အနုပညာ နာမည်လည်း ရဲမြတ်ကျော်ပါပဲ။ အဓိကကတော့ Base Guitar တီးပါတယ် Reason Band မှာ။ ကျွန်တော့်ရဲ့ မွေးနေ့ကတော့ ၁၉၈၄၊ ၄ လပိုင်း၊ ၂၄ ရက်နေ့ဖြစ်ပါတယ်။
Jone Jone - ကျွန်တော်ကတော့ Jone Jone ပါ။ ဒီ Reason Band မှာ ကျွန်တော် Second Guitar တီးပါတယ်။ ကျွန်တော့်နာမည်အရင်းကတော့ ရဲဝင့်ဌေးပါ။ မွေးနေ့ ကတော့ ကျွန်တော် ၂၆ ရက်၊ ၅ လပိုင်း၊ ၁၉၈၆ မှာမွေးပါတယ်။
Wille - ဟုတ်ကဲ့။ ကျွန်တော့်နာမည် Wille ပါ။ ကျွန်တော့်နာမည်အရင်းကလည်း Wille ပဲဖြစ်ပါတယ်။ ကျွန်တော် ဒီ Reason Band မှာ Lead Guitar တီးပါတယ်။ ကျွန်တော့် မွေးနေ့ကတော့ ၂၃.၁၂.၁၉၈၀ ဖြစ်ပါတယ်။


မိုမို - အကိုတို့တွေ တစ်ယောက်ချင်းစီပေါ့နော် ဒီအနုပညာလောကထဲကို ဘယ်လိုဝင်ရောက်လာခဲ့တာလဲဆိုတာ သိပါရစေရှင်။

အောင်လ - ကျွန်တော်ဝင်တာ ၂၀၀၃ - ၂၀၀၄ လောက်ကပေါ့နော်။ ကျွန်တော်သီချင်းရေးတယ်။ သီချင်းဆိုတယ်။ ၀ါသနာအရမ်းကြီးလို့ ရောက်လာတာပါ။
Ossie - ကျွန်တော်က ဒီ Reason မှာ စ၀င်လာတော့ ကျွန်တော် ၂၀၀၇ မှာ စ၀င်လာတာပေါ့နော်။ ကျွန်တော် ၉၉ ကတည်းကနေပြီးတော့ ကျွန်တော် ဒီ Drum ပညာကိုသင်ပြီးတော့၊ မန္တလေးက ဆရာဦးဌေးလှိုင်ဆီမှာ သင်ပြီးတော့ ကျွန်တော်ဒီ Music လောကထဲကို ၀င်လာတာပါ ၂၀၀၇ ထဲကနေပြီးတော့။
ရဲမြတ်ကျော် - ကျွန်တော်က ၁၀ တန်းပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ Base Guitar စပြီးတော့ တီးဖူးပြီးတော့ ဒီလို Section တွေ လိုက် တီးပြီးတော့ နောက်ပိုင်းမှ Reason မှာ အတည်တကျ ၀င်ဖြစ်တာပါ။
Jone Jone - ကျွန်တော်လည်း ၁၀ တန်းအပြီး ဆိုင်တွေမှာလိုက်ပြီး တီးနေရင်းနဲ့ ဒီ Music လောကထဲကို ရောက်လာတာပါ။
Wille - ဟုတ်ကဲ့.. ကျွန်တော် Guitar ကို ၁၉၉၉ မှာ မန္တလေးကဆရာဦးဌေးလှိုင်(ဧဒင် Guitar Training Class) မှာ ကျွန်တော် သင်ယူခဲ့ပါတယ်။ အဲဒီကနေပြီးတော့ ကျွန်တော် Section Player အနေနဲ့ လိုက်တီးရင်းနဲ့ ကျွန်တော် ဒီ Reason က ညီအကိုတွေနဲ့ တွေ့ပြီး ဒီ Reason မှာ Lead Guitar တီးဖြစ်ခဲ့ပါတယ်။


မိုမို - Reason ဆိုတဲ့ အဖွဲ့လေးကိုရော ဘယ်အချိန်တုန်းက ဘယ်လိုဖွဲ့ဖြစ်သွားတာလဲဆိုတာ သိခွင့်ရနိုင်မလားရှင်။

အောင်လ - Reason က ၂၀၀၇၊ November အဲမှာ စဖွဲ့ဖြစ်တာပါ။

မိုမို - တခြား Band တွေနဲ့ မတူပဲ အကိုတို့ Band နာမည်လေးက ထူးထူးခြားခြားနဲ့ Reason လို့ ပေးဖြစ်သွားပုံလေး ပြောပြပေးပါဦး။
အောင်လ - Reason ဆိုတဲ့ဟာ.. သူ့ရဲ့အဓိပ္ပါယ်အတိုင်းပဲပေါ့နော်။ အကြောင်းပြချက်ကိုယ်စီနဲ့ ကျွန်တော်တို့က ဒီ Music ကိုလုပ်တယ်။ အကြောင်းပြချက်ကိုယ်စီနဲ့ပဲ ဒီ Reason ဆိုပြီးတော့ ဖွဲ့ဖြစ်တာပေါ့နော်။ Reason အဖွဲ့ဆိုပြီး ဖွဲ့ဖြစ်တာ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အကြောင်းပြချက်လေးကို ဒီ Band နာမည်ပေးလိုက်တာပါ.. ဟုတ်။

မိုမို - Reason ဆိုတဲ့ အဖွဲ့ဖြစ်လာဖို့အတွက်နဲ့ အဖွဲ့ဝင်တွေအားလုံး စိတ်တူကိုယ်တူဖြစ်အောင် ဘယ်လိုမျိုးစုစည်းခဲ့ရပါလဲရှင်။

အောင်လ - အဖွဲ့အားလုံး စုစည်းဖို့ဆိုတာတော့ ဘယ်လိုပြောမလဲ.. တဖြည်းဖြည်းနဲ့ ရင်းနှီးတယ်။ တဖြည်းဖြည်းနဲ့ အကြိုက်ချင်းလည်း တူလာတယ်။ တဖြည်းဖြည်းနဲ့လည်း ဒီလိုမျိုးပေါ့နော်.. ဟို.. သူ့အကြိုက်၊ ကိုယ့်အကြိုက်လေးတွေပေါ့။ အဲလိုမျိုး မျှလုပ်ရတာလေးတွေ ရှိတယ်။
Wille - ဘယ်လိုလဲဆိုတော့ ပထမပိုင်းတော့ ကျွန်တော်တို့တအား တစ်ယောက်နဲ့တစ်ယောက် In-touch သိပ်မဖြစ်ဘူး။ Link လည်း သိပ် မချိတ်မိဘူးပေါ့။ နောက်ပိုင်း ဒီတီးရင်းတီးရင်းတီးရင်းနဲ့ အားလုံးက ညီအကိုမောင်နှမလိုပဲ တရင်းတနှီး စိတ်တူကိုယ်တူဖြစ်လာတာပေါ့။


2မိုမို - အခုခေတ်က သီချင်းဆိုတဲ့နေရာမှာ တီးဝိုင်းတွေဖွဲ့ပြီး သီချင်းတွေဆို ကြတယ်ပေါ့နော်။ ဒါပေမဲ့ အဖွဲ့တော်တော်များများက ခဏလေးနဲ့ တစ် ကွဲတစ်ပြား ကွဲသွားကြတာ တွေရပါတယ်။ အကိုတို့ရဲ့ ဒီ Reason Band ကိုရော ခိုင်ခိုင်မြဲမြဲ စည်းစည်းလုံးလုံးနဲ့ နေရာတစ်ခုကို ရယူနိုင်အောင် ဘယ်လိုကြိုးစားခဲ့လဲရှင်။
အောင်လ - အဓိကက ကျွန်တော်တို့ Band က လူလည်း များတယ်။ ခြောက်ယောက်ပေါ့နော်။ Band က လူနည်းရင်တောင်မှပဲ ကွဲပြဲနိုင်တယ် ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ခြောက်ယောက်က မကွဲဘူးဆိုတာက ဘယ်လိုပြောမလဲ.. အဓိကကတော့ ကျွန်တော်တို့အခြေခံက Music မှာ အခြေခံတာ။ ဒီ Music က ခုနက ကို Wille ပြောသလိုပဲပေါ့။ တွဲတာ ကြာလည်းကြာရော အဓိကကတော့ ဒီ Music ကြောင့်ပေါ့။ တွဲလာတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ ရလာတယ်။ တစ်ယောက် နဲ့တစ်ယောက်လည်း အချိတ်အဆက် Link ချိတ်မိလာတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီ Music လုပ်နေရရင်ကို ပျော်တယ်။ အဲဒါကြောင့် အဓိကအချက်က အဲဒီအကြောင်းအရာလေးပဲ ထင်ပါတယ်။
Wille - ဟုတ်ပါတယ်။ အောင်လပြောသလိုပါပဲ။ ကျွန်တော်တို့ တခါတလေကျရင်တော့ အချင်းချင်း နားလည်မှုတွေလွဲပြီးတော့ စကား များကြတာ၊ တယောက်နဲ့တယောက် စိတ်ဆိုးပြီးတော့ အော်ကြဟစ်ကြတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီ Music ဆိုတဲ့ဟာ ၀င်လာရင် ကျွန်တော်တို့ အဲဟာတွေအားလုံးကို ခ၀ါချပြီးတော့ ပုံမှန်အတိုင်း ကျွန်တော်တို့အလုပ်လုပ်ပါတယ်။


မိုမို - Stage Show တွေနဲ့ ပက်သက်ပြီးတော့ အကိုတို့အဖွဲ့ ပထမဆုံး စင်ပေါ်တက်ပြီး ပရိတ်သတ်ကြားထဲ ထိုးဖောက်ခဲ့ရတဲ့အချိန်မှာ ရရှိတဲ့အတွေ့အကြုံနဲ့ ပီတိလေးတွေကိုလည်း မျှဝေပေးပါဦးနော်။
အောင်လ - အတွေ့အကြုံကတော့ Show တစ်ပွဲတိုင်း၊ တစ်ပွဲတိုင်းစီမှာရှိတယ်။ တစ်ပွဲတက်တိုင်း အတွေ့အကြုံတစ်ခုကတော့ အမြဲတမ်း ရတာပေါ့နော်။ ကျွန်တော်တို့အတွက် အမြဲတမ်း အသစ်အဆန်းဖြစ်တဲ့ အတွေ့အကြုံမျိုးတွေရတယ်။ အဲဒီအတွေ့အကြုံမျိုး၊ အမှားတွေ ပေါ့နော်။ အဲဒီအမှားတွေကို ကျွန်တော်တို့ တတ်နိုင်သလောက်ပြင်တယ်။ တတ်နိုင်သလောက်ပြင်လည်း တဖက်ဖက်က အမြဲတမ်းတခုခုတော့ လိုနေတုန်းပဲပေါ့နော်။ ကျွန်တော်တို့ အဲဒါကိုရအောင် ဖြည့်ရင်းဖြည့်ရင်းနဲ့ အတွေ့အကြုံကတော့ တော်တော်များတယ်ဗျ။ ပြီးတော့ Show တစ်ပွဲတီးလို့ အောက်ကလက်ခုပ်သံကြားရတဲ့ အခါမျိုးကျရင်တော့ ကျွန်တော့်စိတ်ထဲမှာဆိုလို့ရှိရင် မျက်လုံးကပြာသွားတာပဲ။ လက်ခုပ်သံ ကြားလိုက်လို့ရှိရင် တော်တော်ပီတိဖြစ်တယ်။ အဲဒါ ပီတိလေးပါပဲ.. ဟုတ်။
Ossie - အတွေ့အကြုံတွေကတော့ များတော့များပါတယ်။ ဒါပေမယ့် တစ်ချို့ဟာတွေကျလည်း ရယ်စရာကောင်းပါတယ်။ ဘယ်လိုပဲ ရယ်စရာကောင်းကောင်း ပရိသတ်ဆဲလည်း ကျွန်တော်တို့ ဒီစင်ပေါ်က Music သမားတွေဆိုတော့ အမြဲတမ်းခံနေရတာပဲ။ ဒါပေမယ့် အဲဒါလည်းစိတ်မဆိုးပါဘူး။ Reason မှာ စပြီးတော့ Show ပွဲ တီးတိုင်းတီးတိုင်း အတွေ့အကြုံတွေက အမြဲတမ်း အသစ်အဆန်းတွေချည်း ပဲပေါ့။


မိုမို - အဲလို Show တွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှအောင် ဘယ်လိုရိုင်းပင်းကူညီကြပါလဲရှင်။
အောင်လ - အပေးအယူမျှဖို့က အဓိကကတော့ Practise ပေါ့နော်။ အဓိကက သီချင်းတွေကို ကြေညက်ဖို့ပေါ့။ အဲဒါ အဓိကပဲ။ သီချင်းတွေကို ကျွန်တော်တို့က ဒီခွေကို စမလုပ်ခင်ကတည်းက သီချင်းအကုန်လုံးက သီချင်းတွေက Demo လုပ်ပြီးသားလေ။ Demo လုပ်ပြီးသားမှာ ဒီသီချင်းတွေကို ကျွန်တော်တို့ Recording ၀င်ရင်လည်း ဒီသီချင်းတွေက ချက်ချင်းကိုတထိုင်တည်း တီးလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့က Demo ကို သေချာစိတ်ကြိုက်လုပ်ပြီးတော့မှ တီးတာ။ ပြီးတော့ Practise ကလည်း ကျွန်တော်တို့ရှိတော့ အခုဆိုလို့ရှိရင် Show တက်လို့ရှိရင် ကျွန်တော်တို့သီချင်းတောင် တိုက်စရာမလိုဘူး။ ဘယ်သီချင်းဘယ်သီချင်း ဆိုမယ်ဆိုတာ စင်ပေါ်ရောက်မှ ဆုံးဖြတ်တာပေါ့နော်။ အဲလိုမျိုး တွေရှိတော့ ကျွန်တော်တို့အတွက်က အပေးအယူက မျှပြီးသားပေါ့။
Ossie - Band တစ် Band မှာ စင်ပေါ်မှာဆိုလို့ရှိရင် အားလုံးက Practise makes perfect ကတော့ အဓိကပါပဲ။


3မိုမို - Show ပွဲတစ်ခုနဲ့ တစ်ခုမှာလည်း တခြား Band တွေနဲ့မတူအောင် ဘယ်လို performance တွေနဲ့ ပရိတ်သတ်တွေကို တင်ဆက်လဲဆိုတာ ပြောပေးပါနော်။
အောင်လ - Performance က ကျွန်တော်တို့ အဓိကအားနည်းချက်ပေါ့။ အဲဒီ Performance ကို ကျွန်တော်တို့အခု သေချာပေါ့။ ကျွန်တော်တို့မှာ အခုအဲဟာလေးတစ်ခုကို ကျွန်တော်တို့သေချာ အခုသေချာလုပ်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်တို့ ဘယ်လိုလဲဆိုတော့ Performance တစ်ခု သီးသန့်တိုက်ဖို့ ကျွန်တော်တို့စီစဉ်ထားတယ်။ ကျွန်တော်တို့ တစ် Band လုံး ညီအောင်ပေါ့နော်။ အောက်ကပရိသတ်ကလည်း ကျွန်တော်တို့ကို သီချင်းရရုံတင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ကြည့်ရတာကို ကျေနပ်တဲ့အထိကို ကျွန်တော်တို့ ဖျော်ဖြေချင်တယ်။ အဲဒါမျိုးစိတ်ကူးလေး ကျွန်တော်တို့မှာရှိတယ်။
ရဲမြတ်ကျော် - ကျွန်တော်လည်း အဲလို Performance တိုက်မယ်ဆိုတဲ့စကားကို ကျွန်တော်က အများကြီးအဲလို နည်းနည်း performance ကို ဘယ်လိုပြောမလဲ။ ၀ါသနာလည်းပါတာပေါ့။ performance ကို စင်ပေါ်မှာတက်ပြီးတော့ Guitar မတီးခင်ကတည်းကနေ အဲဒီလို စပြီးတော့ Guitar မတီးခင်ကတည်းက သူများတွေတီးပြီးတော့ကဲတာကို အရမ်းကြိုက်တယ်လေ။ အဲလို ပုံစံမျိုး။ အဲဒါကြောင့် ကျွန်တော်တို့ ဆံပင်တွေဘာတွေ အရှည်ကြီးထားထားပြီး performance ကြောင့် ပေါ့နော်။ (ရယ်လျှက်)
Wille - Performance ကိုပဲ.. ဟုတ်ပါတယ်။ စောနက အောင်လပြောသလိုပဲ ကျွန်တော်တို့မှာ အားအနည်းဆုံးပါပဲ။ ဒါပေမယ့် Band မှာ performance အားအနည်းဆုံးက ကျွန်တော်လို့ထင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တီးတဲ့အချိန်မှာ performance လုပ်ရင် Bounce မကိုက်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တီးတာကိုပဲ အာရုံထားနေတော့ အဲတော့ performance ကို အာရုံထားလိုက်ရင် ကျွန်တော်တီးတာလွဲတယ်။ တီးတာအာရုံထားလိုက်ရင် performance က မကောင်းတော့ဘူး။ (ရယ်လျှက်)


မိုမို - အကိုတို့အားလုံးရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး ထွက်ထားတဲ့ ဘ၀သစ်ရဲ့မာတိကာဆိုတဲ့ အခွေကတော်တော်လေးကို အောင်မြင်တယ်နော်။ အဲဒီအခွေကို အကိုတို့စိတ်ကြိုက်ဖြစ်အောင် ဘယ်လိုမျိုးကြိုးစားပြီးတော့ ပရိသတ်လက်ထဲကို ထည့်ခဲ့တာလဲရှင့်။
အောင်လ - ကျွန်တော်တို့ ခုနကပြောသလိုပဲပေါ့နော်။ ကျွန်တော်တို့ Demo ကို အရင်ဆုံးလုပ်တယ်။ ကျွန်တော်တို့က recording တီးရင်သာ မြန်တာပေါ့နော်။ Demo လုပ်လို့ရှိရင် အရမ်းကြာတယ်။ ဘာလို့လည်းဆိုတော့ စိတ်ကြိုက်မဖြစ်မချင်း ကို Wille ပေါ့နော်.. သူကတော့ စိတ်ကြိုက်မဖြစ်မချင်း သူ့အိမ်မှာ အမြဲတမ်းတီးနေတာ။ Guitar Chords တွေကို သူအမြဲတမ်းရှာတယ်။ အဲလိုမျိုးလည်း တစ် Band လုံးကလည်း သီချင်းတွေအကုန်လုံးက အများကြီးရှိတယ်ပေါ့နော်။ ဒီအခွေထဲမှာ ထည့်ဖို့သီချင်းတွေ တော်တော်များများ ရွေးရတယ်ပေါ့နော်။ ရွေးရတဲ့ဟာလည်း အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ရွေးရတယ်။ ပြီးတော့ နောက်တစ်ခုက ဒီ.. ကျွန်တော်တို့ပေးတဲ့ဟာကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ပေးချင်တယ်။ အဓိကကတော့ အဲဒါပဲ။ ကျွန်တော်တို့ ဒီ.. အောင်မြင်တယ်လို့ မအောင်မြင်တယ်လို့ အဓိက မကျဘူးပေါ့နော်။ အဓိကက ကျွန်တော်တို့က ကိုယ်လုပ်ထားတဲ့ Music Quality ကို ကိုယ့်ဟာကို တာဝန်ယူရဲချင်တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ။ အဲဒါလေးတစ်ခုတော့ ကျွန်တော်တို့ ၀မ်းသာပါတယ်။

မိုမို - အကိုတို့ရဲ့ အခွေထဲမှာ English သီချင်းတွေလည်းပါသေးတယ်နော်။ အဲဒီသီချင်းတွေကို ကိုကျားပေါက်နဲ့ ကိုအောင်လက ရေးထားတယ် ပေါ့နော်။ ဒီလိုမျိုး English သီချင်းတွေကို အခွေထဲမှာ ထည့်ဖို့ ဘယ်လိုစိတ်ကူးရပြီး လုပ်ဖြစ်သွားတာလဲရှင့်။
အောင်လ - English သီချင်းက ကျွန်တော်တို့ထည့်ဖို့က အစောကြီးကတည်း အစီအစဉ်ရှိတယ်ပေါ့နော်။ ဘာလို့အစီအစဉ်ရှိလဲဆိုတော့ ကျွန်တော်တို့ Music ကို.. ဥပမာ ဗမာစကား နားမလည်တဲ့သူ နားထောင်လို့ရှိရင် English လိုလည်း နားလည်နိုင်တယ်။ ပြီးတော့ ဒီအခွေထဲမှာ နှစ်ပုဒ်ထည့်တယ်ဆိုတာကလည်း အမှန်အတိုင်း ပြောလို့ရှိရင် အဲဒီ English သီချင်း နှစ်ပုဒ်နေရာမှာ ကျွန်တော်ဗမာသီချင်း ပေါက်နိုင်မယ့်သီချင်းနှစ်ပုဒ် အစားထိုးလို့ရတာပေါ့နော်။ ဒါဆိုရင် ပိုပြီးတော့ Strong ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရတယ်။ ပြဿနာမရှိဘူး။ ကျွန်တော်တို့ International ထိရောက်ဖို့ မမျှော်လင့်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို သီချင်းလေးတွေကို နားစွန် နားဖျားလေး ကြားလိုက်ရင်တောင်မှပဲပေါ့နော်.. နားလည်သွားတယ်ဆိုတဲ့ဟာမျိုးလေး ကျွန်တော်လိုချင်လို့ပါ။ အဲဒါကြောင့်.. ဟုတ်။

4မိုမို - နောက်ထပ် Reason Band အနေနဲ့ အခွေတွေထွက်ဖို့ စီစဉ်ထားသေးလားရှင်။
အောင်လ - ရှိတယ်။ ကျွန်တော်တို့ အခု Second Single ကျွန်တော်တို့စပြီး ပြင်ဆင်နေပြီ ပေါ့နော်။ ပြီးသွားရင်အခု အေးဆေးပဲဆိုတဲ့ အခွေရှိတယ်။ အေးဆေးပဲမှာ Wanted, Idiots, Reason, ခန့်ဖြိုးပေါ့နော်။ လေးယောက်.. အဲဒါတစ်ခွေရှိတယ်။ ပြီးတော့ SIR ဆိုတဲ့ တစ်ခွေ ရှိတယ်။ ကျွန်တော်တို့ ဟိုဟာပေါ့နော်.. Scarlet, Rickage, Big Bag, Idiots, Wanted, Reason.. အဲဒါရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ မင်းအတွက် (၃) ဆိုတဲ့ ခွေထဲမှာလည်း ပါထားတယ်။

မိုမို - အကိုတို့အခွေထဲမှာပါတဲ့ တောင်းပန်တယ်သီချင်းက အရမ်းကိုအောင်မြင်ခဲ့တယ်နော်။ ညီမတို့ radio မှာဆိုရင် အဲဒီသီချင်းကို တစ်နေ့တစ်နေ့ လာတောင်းကြတာမနည်းဘူး။ အဲဒီ သီချင်းလေးကို ဘယ်လိုရေးစပ်ဖြစ်သွားတယ် ဆိုတာကိုလည်း ပြောပြပေးပါရှင့်။
အောင်လ - အဲဒီသီချင်းကို ရေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အဲဒီသီချင်းလေးက ကျွန်တော်တို့ခွေထဲမှာ မထည့်ဖြစ်ဘူး။ ကျွန်တော်တို့ သီချင်းတစ်ခွေလုံးမှာပေါ့ Producer က ကျွန်တော်တို့ကိုပြောတယ်။ ပြောတော့ ဒီသီချင်းလေးကို ကျွန်တော်တို့သီချင်းတွေက အဆူတွေ များတာကိုး။ အဆူတွေများတော့ သီချင်းတစ်ပုဒ်လောက် ထည့်ပေးပါလို့ပြောတော့ ကျွန်တော်က အဲဒီသီချင်းလေးကို ပြကြည့်တယ်။ ကျွန်တော် ကို Wille အိမ်ကိုသွားတယ်။ ကို Wille အိမ်ကိုသွားပြီးတော့ ကျွန်တော် အဲဒီသီချင်းလေးကို ဆိုပြတော့ သူတို့ကြိုက်ကြတယ်။ အကုန်လုံး ကြိုက်ကြတာပေါ့နော်။ အဲဒီသီချင်းလေး.. ဒီတစ်ပုဒ်ပဲ ထူးထူးခြားခြား။ ဒီတစ်ခွေလုံးမှာ ဒီတစ်ပုဒ်ပဲ ပါတာပေါ့နော်။ အဲဒီ အေးအေးလေးဆိုလို့။
Wille - အဲဒါ ကျွန်တော်တို့ ဒီခွေရဲ့ Final Track ပေါ့။ အမှန်ကရှေ့မှာ အားလုံးသီချင်းက Fix ပြီးပြီ။ အဲ့မှာ Producer က တစ်ပုဒ်လောက်။ သူကအဲလို Pop Rock လေးတစ်ပုဒ်လောက် ထည့်ပေးပါဆိုလို့ သက်သက် duty ယူပြီးမှ နောက်ဆုံးပြန်တီးရတဲ့ သီချင်းပေါ့။


မိုမို - အကိုတို့ Reason Band အနေနဲ့ အကိုတို့ပရိသတ်တွေကို တခြား band တွေနဲ့မတူဘဲ အကိုတို့ကိုယ်ပိုင် ဘယ်လိုပုံစံမျိုးနဲ့ ဂီတကို ချပြချင်လဲဆိုတာလေး ပြောပြပေးပါနော်။
အောင်လ - ဂီတကတော့ ကျွန်တော်တို့အခု တီးနေတယ်ဆိုတဲ့ Rock ဂီတဆိုတာလည်း မြန်မာပြည်ကစတာ မဟုတ်ဘူးလေ။ အဲတော့ Reference လေးတွေတော့ ပါတာပေါ့။ Influence လေးတွေလည်းပါတယ်။ တစ်ချို့ကိုယ်ကြိုက်တဲ့ နှစ်သက်တဲ့ Band တွေက Mood လေးတွေတော့ ပါတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ပေါင်းလိုက်ရင်တော့ Mood တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ အဲဒီတော့ အားလုံးပေါင်းလိုက်လို့ရှိရင်တော့ Reason ရဲ့ Mood တော့ ထွက်ပါတယ်။
Ossie - ကျွန်တော် ဒီ Reason မှာဆိုလို့ရှိရင် ကျွန်တော်လည်း ကျွန်တော်ကြိုက်တဲ့ Band တွေက Drummer တွေရဲ့ ဒီဘယ်လိုခေါ်မလဲ.. Color ကို ယူတီးတယ်ပေါ့နော်။ ဒီ Reason ရဲ့ သီချင်းတွေမှာ။ အဲဒါကြောင့်မို့လို့ ဒီ Reason က တစ်ယောက်နဲ့တစ်ယောက် Players တွေက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း.. ဘယ်လိုခေါ်မလဲ။ နားထောင်တာလည်း မတူကြတော့ ဒီ နောက်ဘိတ်ဆုံး Reason သီချင်းကို ဖန်တီးလိုက်တဲ့ အချိန်ကျတော့ Reason ရဲ့ Mood ကိုတော့ ရမှာပေါ့နော်


5မိုမို - အခုခေတ် ဂီတလောကအပေါ် အကိုတို့ရဲ့ အမြင်လေးကိုလည်း သိပါရ စေရှင်။
အောင်လ - အဲဒါကတော့ ကျွန်တော်တို့ ပြောလို့ရှိရင်တော့ ကြီးပါတယ်။ ဘယ်လိုပြောမလဲ။ ဂီတလောကအပေါ် အမြင်ဆိုတော့ ဂီတလောကက တော့ မြန်မာပြည်မှာဆိုလို့ရှိရင်တော့ အရမ်းကိုအားနည်းတယ်ပေါ့။ ဘာလို့ လည်းဆိုတော့ ဒီမှာက ခိုးကူးခွေတွေလည်းရှိတယ်။ ပြီးတော့ Music သမားတစ်ယောက် ရပ်တည်ဖို့ ဘ၀ကြမ်းတယ်။ ၀ါသနာအရကြောင့်သာ ကျွန်တော်တို့ လုပ်နေရတာပေါ့နော်။ တစ်ကယ့်တစ်ကယ်တမ်းကျတော့ ကျွန်တော်တို့ လုပ်ရတဲ့အလုပ်က အရမ်းခက်ခဲပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်လုပ်ရတဲ့ အတိုင်းအတာနဲ့ ကိုယ့်အိမ်က စီးပွားရေးနဲ့ကျတော့ သိပ်မကိုက်ချင်ဘူးလေ။ ၀ါသနာကြောင့်သာ အဓိကအရင်းခံပြီး လုပ်နေတဲ့အခါကျတော့ ဒီမြန်မာပြည်ရဲ့ ဂီတလောကက ဟို.. ဘယ်လိုပြောမလဲ။ အနုပညာရှင် အကုန်လုံးက အဲဒီဒုက္ခလေးတော့ ခံစားရတာပေါ့.. ဟုတ်။
Wille - ကျွန်တော့်ကိုဆိုလည်း အဲလိုပဲ။ တစ်ချို့ Guitar ၀ါသနာပါတဲ့ ညီလေးတွေပဲဖြစ်ဖြစ်၊ အကိုတွေပဲဖြစ်ဖြစ် ကျွန်တော့်ကိုလာလာ မေးကြပါတယ်။ မေးကြတယ်ဆိုတော့ သူတို့ Guitar တီးချင်တယ်ပေါ့။ ဘယ်နှစ်လပြတ်နဲ့ သင်လို့ရမလဲ။ ဘယ်နှစ်နှစ်ပြတ်နဲ့ သင်လို့ရမလဲ ပေါ့နော်။ အဲလိုမျိုးမေးကြတယ်။ ဒါပေမယ့် သူတို့ဝါသနာပါတယ်ဆိုလို့ ကျွန်တော်က ကိုယ်အားတဲ့အချိန်မှာ သင်ပေးနိုင်လို့ သင်ပေးခဲ့ရင်တော့ သင်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကြီးကို လျှောက်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ သိပ်အားမပေးချင်ဘူးပေါ့။ ဘာလို့လည်း ဆိုတော့ တော်တော်ကြီး အချိန်လည်းပေးရမယ်။ နောက် ဒီစီးပွားရေး ဘာညာအတွက်လည်းဆိုရင် ကိုယ်နေတဲ့ မိဘတွေဘာတွေလည်း အားပေးဦးမှဖြစ်မှာကိုး။
Jone Jone - ဒီမှာကတော့ ပြောရလို့ရှိရင် အဓိကကအဲဒီခိုးကူးတို့ ဘာတို့ကြောင့်ပေါ့နော်။ လုပ်ချင်တဲ့ Band တွေကလည်း၊ အဆိုတော် တွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် ဒီလိုခိုးကူးတွေဘာတွေကြောင့် ထုတ်လုပ်သူတွေကလည်း အများကြီးကို စဉ်းစားလာကြတယ်။ အဲဒီအခါကျတော့ ဟို..ပြောရရင် Music က သိပ်ပြီးတော့ လုပ်ရတာ မလွယ်ဘူးပေါ့။
ရဲမြတ်ကျော် - ဒီမြန်မာနိုင်ငံမှာက ခိုးကူးခွေတွေ ရှိနေသရွေ့ကတော့ Producer တွေက ရှားနေမှာပဲလေ။ Producer တွေကလည်း တစ်ခွေတစ်ခွေကို သိန်းရာချီပြီးတော့လုပ်ပြီးတော့ ခိုးကူးခွေက ထွက်သွားတယ်ဆိုတော့ ဘယ် Producer ကမှလည်း သိပ်ပြီးတော့ ထုတ်ချင်တော့မှာမဟုတ်ဘူး။ အဲဒီ Producer တွေ ရှားသွားတာက ဘာဖြစ်သွားလည်းဆိုတော့ တစ်ကယ့် Music ကို. တစ်ကယ့်ကို လုံးဝ ရေရေလည်လည် လုပ်နိုင်တဲ့လူတွေ၊ တစ်ကယ့်တော်တဲ့လူတွေ၊ ရွက်ပုန်းသီးတွေက အများကြီးကျန်ခဲ့တယ် ပြတ်ပြီးတော့။ အဲဒါလေး တစ်ခုတော့ သိပ်စိတ်မကောင်းဘူးဗျာ။


မိုမို - အခုဂီတလောကမှာ Hip Hop, rock, metal တို့ဆိုပြီးတော့ အမျိုးအစားတွေ အများကြီးရှိလာတယ်နော်။ အဲဒီဂီတအမျိုးအစားအလိုက် တချို့ပရိသတ်တွေက ကိုယ်မကြိုက်တဲ့ ဂီတဆိုရင် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ရှိတတ်တယ်လေ။ အဲဒါတွေကိုရော အကိုတို့အနေနဲ့ ဘယ်လိုမြင်ပါလဲရှင်။
အောင်လ - ဒါကတော့ နားထောင်တဲ့လူတွေရဲ့ စိတ်ကြိုက်ပေါ့နော်။ နားထောင်တဲ့လူတွေမှာ သူတို့မှာသူတို့ Free Style သူတို့ရွေးခွင့်ရှိတယ်။ မကြိုက်ခွင့်လည်းရှိသလို ကြိုက်ခွင့်လည်းရှိတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ဘာမှ မမြင်ပါဘူး။ Hip Hop လည်း ဂီတပဲပေါ့နော်။ အကုန်လုံး.. အဲဒီ Rock လည်း ဂီတပဲ။ Metal လည်း ဂီတပဲ။ Metal ကို ကြိုက်တဲ့သူက Metal ကို ပြောလို့ရတယ်။ အဲလိုပဲ.. Metal ကို မကြိုက်တဲ့သူကလည်း Metal ကို မကြိုက်ဘူးလို့ ပြောခွင့်ရှိတယ်။ ဒါကတော့ ကျွန်တော်အဲလိုပဲထင်တယ်။ နားထောင်တဲ့လူမှာက လွတ်လွတ်လပ်လပ် ရွေးပိုင်ခွင့်ရှိပါတယ်။
Ossie - ကျွန်တော်ကတော့ ဒီလိုရွေးတယ်ဆိုတာ ကျွန်တော်ကတော့ ပရိသတ်တွေရဲ့ ဘယ်လိုခေါ်မလဲ။ သူတို့ရဲ့ စိတ်ကြိုက်ပေါ့နော်။ သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်ပေါ့။ ကျွန်တော်တို့ ဒီ.. အနုပညာသမားတွေက Rap ကော၊ ဒီ Pop ကော၊ Metal ကိုကော ကျွန်တော်တို့ ဒီအနုပညာသမားတွေ အတွက်ကတော့ အကုန်လုံးက ဒါကဂီတပါပဲ။ အဲလိုပဲ လက်ခံထားပါတယ်။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ Music အားလုံးကို ကျွန်တော် ခံစားလို့ရပါတယ်။ Hip Hop လည်း ကျွန်တော်ခံစားလို့ရပါတယ်။ Mono တွေလည်းရပါတယ်။ တကယ်တမ်းပြောလို့ရှိရင် ကျွန်တော်အကုန်လုံးကို ကျွန်တော်ခံစားပါတယ်။ (ရယ်လျှယ်)


6မိုမို - Underground ဂီတလောကမှာဆိုရင် Hip Hop တို့ဘာတို့သာ များတယ်လေ။ Rock သီချင်းတွေက တော်တော်နည်းတယ်နော်။ အဲဒီအပေါ်မှာရော အကိုတို့ရဲ့အမြင်လေး ပြောပြ ပေးပါဦး။
အောင်လ - Underground မှာ Hip Hop တွေများတာ မဟုတ်ဘူးဗျ။ Metal တွေလည်းများတယ်။ Rock တွေလည်းများပါတယ်။ ဒါပေမယ့် Hip Hop နဲ့ Rock နဲ့ကျတော့ ဘယ်လိုနည်းနည်း ကွဲသွားလည်းဆိုတော့ Rock ကကျတော့ သူကသီချင်း.. တစ် Band ဆိုလို့ရှိရင်ဗျာ.. လေးယောက်လောက်တော့ ရှိတာပေါ့နော်။ အဲဒီတော့ Rock Band က နည်းတော့နည်းလိမ့်မယ်။ ဒါပေမယ့် လူအင်အားတော့ ပိုများတယ်ပေါ့နော်။ Hip Hop ကကျတော့ သူကတစ်ယောက် သို့မဟုတ် နှစ်ယောက်၊ သုံးယောက်ပေါ့နော်။ အဲလောက်ရှိတဲ့ အခါကျတော့ Hip Hop Underground လည်းရှိသလို Rock Underground တွေလည်း ရှိပါတယ်။ အဲလိုမျိုး များတာ၊ မများတာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီအပေါ် အမြင်ကတော့ ဘယ်လိုလည်းဆိုတော့.. Underground ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် အခွေမထွက်သေးတဲ့လူတွေပေါ့။ အဲဒါကို Underground လို့ခေါ်တာ။ အဲတော့ ခွေမထွက်သေးတဲ့သူတွေက ဘာလို့မထွက်တာလဲဆိုတော့ သူတို့မထုတ်နိုင်လို့ပေါ့နော်။ ရှင်းနေတာပဲ။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က သူတို့ရဲ့ Music ကို သူတို့ချပြချင်တယ်။ ချပြချင်တဲ့အခါကျတော့ သူတို့ Underground မှာပေါ့။ အဲဒီ Show ပွဲလေးတွေမှာ သူတို့တက်တယ်။
အောင်လ - Underground မှာ Hip Hop တွေများတာ မဟုတ်ဘူးဗျ။ Metal တွေလည်းများတယ်။ Rock တွေလည်းများပါတယ်။ ဒါပေမယ့် Hip Hop နဲ့ Rock နဲ့ကျတော့ ဘယ်လိုနည်းနည်း ကွဲသွားလည်းဆိုတော့ Rock ကကျတော့ သူကသီချင်း.. တစ် Band ဆိုလို့ရှိရင်ဗျာ.. လေးယောက်လောက်တော့ ရှိတာပေါ့နော်။ အဲဒီတော့ Rock Band က နည်းတော့နည်းလိမ့်မယ်။ ဒါပေမယ့် လူအင်အားတော့ ပိုများတယ်ပေါ့နော်။ Hip Hop ကကျတော့ သူကတစ်ယောက် သို့မဟုတ် နှစ်ယောက်၊ သုံးယောက်ပေါ့နော်။ အဲလောက်ရှိတဲ့ အခါကျတော့ Hip Hop Underground လည်းရှိသလို Rock Underground တွေလည်း ရှိပါတယ်။ အဲလိုမျိုး များတာ၊ မများတာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီအပေါ် အမြင်ကတော့ ဘယ်လိုလည်းဆိုတော့.. Underground ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် အခွေမထွက်သေးတဲ့လူတွေပေါ့။ အဲဒါကို Underground လို့ခေါ်တာ။ အဲတော့ ခွေမထွက်သေးတဲ့သူတွေက ဘာလို့မထွက်တာလဲဆိုတော့ သူတို့မထုတ်နိုင်လို့ပေါ့နော်။ ရှင်းနေတာပဲ။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က သူတို့ရဲ့ Music ကို သူတို့ချပြချင်တယ်။ ချပြချင်တဲ့အခါကျတော့ သူတို့ Underground မှာပေါ့။ အဲဒီ Show ပွဲလေးတွေမှာ သူတို့တအတွဲခွေလေးတွေမှာ လိုက်မယ်။ အဲလိုမျိုးပေါ့နော်။ ဒါ Underground ကနေ စတယ်ဆိုတော့ အဲဒီအပေါ် အမြင်ကတော့ ကောင်းပါတယ်။ ကြိုးစားမှုလေးကို မြင်ရတာပေါ့နော်.. ဟုတ်။
Wille - ကျွန်တော့်အနေနဲ့ Underground ကို ကျွန်တော်အားပေးပါတယ်။ အားပေးတယ်ဆိုတာက သူတို့လုပ်ချင်တဲ့ဟာလေးကို ဒီ Underground ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ လုပ်ရတဲ့အတွက် သူတို့လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကျွန်တော်တို့တက်ခဲ့ရတဲ့ ပုံစံမျိုးပါပဲ။ ပြီးတော့ အတွဲခွေလေးတွေမှာ လိုက်မယ်။ အဲလိုမျိုးပေါ့နော်။ ဒါ Underground ကနေ စတယ်ဆိုတော့ အဲဒီအပေါ် အမြင်ကတော့ ကောင်းပါတယ်။ ကြိုးစားမှုလေးကို မြင်ရတာပေါ့နော်.. ဟုတ်။
Wille - ကျွန်တော့်အနေနဲ့ Underground ကို ကျွန်တော်အားပေးပါတယ်။ အားပေးတယ်ဆိုတာက သူတို့လုပ်ချင်တဲ့ဟာလေးကို ဒီ Underground ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ လုပ်ရတဲ့အတွက် သူတို့လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။

မိုမို - အကိုတို့အနေနဲ့ တစ်ယောက်ချင်းစီ တစ်ကိုယ်တော် အနုပညာလုပ်ငန်းတွေ လှုပ်ရှားဖို့ရော ရှိပါလားရှင်။
အောင်လ - အနုပညာအလုပ်ကတော့ ကျွန်တော်ကတော့ ဒီသီချင်းအရေးနဲ့အဆိုကို အဓိက၀ါသနာပါတာပေါ့နော်။ ပြီးတော့ ကျွန်တော် Director အလုပ်လည်း ၀ါသနာပါပါတယ်။ (ရယ်လျှက်)
Ossie - ကျွန်တော်ကတော့ ဒီ့ပြင်အနုပညာလှုပ်ရှားမှုကတော့ ဒီလို Section Drum ခေါ်တီးလို့ရှိရင် ကျွန်တော်လိုက်တီးပေးပါတယ်။ အဲဒါ လောက်ပါပဲ။
ရဲမြတ်ကျော် - တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုဆိုတော့ Section လောက်ပဲ ရှိမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က Base သမားဆိုတော့ တစ်ကိုယ်တော်ထုတ်မယ်ဆိုရင် Base Only Instrumental ထုတ်နိုင်မှဖြစ်မှာလေ။ (ရယ်လျှက်)
Jone Jone - ကျွန်တော်ကတော့ အခုတစ်ကိုယ်တော်ဆိုတော့.. အဲလိုမျိုးမရှိပါဘူး။ ဒီ ကျွန်တော့်တို့ Reason က Family နဲ့ပဲ လုပ်ချင် တာပေါ့။ တခြားအပြင်မှာ ၀ါသနာပါလို့ တခြားအလုပ်တွေ လုပ်တာမျိုးလောက်ပဲ စိတ်ဝင်စားပါတယ်.. ဟုတ်။ Music အနေနဲ့ကတော့ အဲလိုမျိုး မရှိပါဘူး။
Wille - ကျွန်တော့်အနေနဲ့ဆိုရင်တော့ Guitar Instrumental ခွေလေး လုပ်ချင်တယ်ဗျ။


မိုမို - အကိုတို့ရဲ့ ၀ါသနာနဲ့ အားလပ်ချိန်မှာ ဘာတွေလုပ်တတ်တယ်ဆိုတာလည်း ပြောပြပေးပါဦး။

အောင်လ - ၀ါသနာကတော့ အများကြီးရှိတယ်။ ကျွန်တော်ဆိုလို့ရှိရင် ကျွန်တော်ရုပ်ရှင်ကြည့်တာ ၀ါသနာပါတယ်။ ရုပ်ရှင်အရမ်းကြည့်တယ်။ ပြီးတော့ ရေကူးတာ ၀ါသနာပါတယ်။ ကျွန်တော်ရေကူးလို့ရှိရင် ဘယ်သူမှကျွန်တော့်လောက် လိုက်မကူးနိုင်ဘူး။ ကျွန်တော်တစ်နေ့ ရေတစ်ခါကူးရင် အနည်းဆုံး ကျွန်တော် ၆ နာရီလောက်ကူးတာ။ (ရယ်လျှက်)
Ossie - ကျွန်တော်ကတော့ ကျွန်တော်အိမ်မှာဆိုရင် တစ်နေ့ကုန် ရုပ်ရှင်ထိုင်ကြည့်တယ်။ ပြီးလို့ရှိရင် Game နှိပ်တယ်။ အဲဒါကျွန်တော့်ရဲ့ အဓိက၀ါသနာပေါ့။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ အစုံလုပ်တယ်။ ရေကူးတာလည်း ၀ါသနာပါတယ်။ ဘောလုံးဆိုလည်း ကန်ချင်တယ်။ Game ဆိုလည်း ဆော့ချင်တယ်။ အဲ့လိုပေါ့။ ပြီးတော့ တခြား.. ခွေကြည့်တာလည်း ၀ါသနာပါတယ်။ စာဆိုရင်လည်း ဟာသစာတွေ များသောအားဖြင့် ဖတ်တယ်။ ခွေဆိုလည်း ဟာသကားတွေကြိုက်တယ်။ အဲ့လိုမျိုးပေါ့။
Wille - ကျွန်တော်ကတော့ အဓိကကတော့ အမ်.. ရုပ်ရှင်ကြည့်မယ်။ သီချင်းနားထောင်မယ်။ Online သုံးမယ်ပေါ့။
Jone Jone - ကျွန်တော်ကတော့ အားတဲ့အချိန်က စာဖတ်တာပိုပြီးတော့ ၀ါသနာပါပါတယ်။ဟာသအတိုလေးတွေ ဖတ်ရတာကြိုက်တယ်။ နောက်.. အားကစားအနေနဲ့ဆိုလို့ရှိရင် ကျွန်တော်အဲလို စက်ဘီးစီးရတာတို့ဘာတို့ သဘောကျတယ်။
7မိုမို - အကိုတို့အဖွဲ့အနေနဲ့ ပြည်ပခရီးစဉ်တွေရော စီစဉ်ထားတာမျိုး ရှိပါလားရှင်။
အောင်လ - ပြည်ပခရီးစဉ်ကတော့ ကိုယ့်ဟာကိုယ်တော့ စီစဉ်နေတာပဲပေါ့နော်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်စီစဉ်တာက ကိုယ့်ဟာကိုယ်တော့ စီစဉ်နေတာပဲ။ (ရယ်လျှက်) ဒါပေမယ့် မရောက်သေးတာပေါ့နော်။
Ossie - ကျွန်တော်တို့ စီစဉ်တာက တစ်ကမ္ဘာလုံးတော့ နှံ့သွားပြီဗျ။ (ရယ်လျှက်)
Jone Jone - မရောက်သေးတာပဲရှိတယ်။
ရဲမြတ်ကျော် - လောလောဆယ်ကတော့ ဘယ်လိုပြောရမလဲဆိုတော့ လောလောဆယ်ကတော့ နားထဲမှာတော့ ပြောရသံမကြားသေးဘူး အခုထက်ထိ။ (ရယ်လျှက်)


မိုမို - ဟုတ်ကဲ့။ အကိုတို့အနေနဲ့ အားကျအတုယူရတဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေ၊ band တွေရှိရင်လည်း ပြောပြပေးပါဦး။
အောင်လ - အဲဒါတွေကတော့ အများကြီးပဲဗျ။ ဘာလို့လည်းဆိုတော့ ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဆရာတွေပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာကကျောင်း လည်း မရှိဘူးလေ။ ကျောင်းလည်းမရှိတော့ ဒီလိုသီချင်းများများနားထောင်။ သူတို့ဘယ်လို တီးလည်း လိုက်လေ့လာပေါ့နော်။ ဘယ်လိုဆိုလည်း လိုက်လေ့လာ။ အဲဒါမျိုးပါပဲ။ အားကျတဲ့ Band တွေကတော့ အများကြီးပဲဗျ။ ကျွန်တော်ပြောပြလို့ရှိရင် မလောက်လောက်ဘူး။ အများကြီးပဲ။ ပြည်တွင်းမှာလည်း အများကြီးဖြစ်သလို ပြည်ပမှာလည်း အများကြီးပါပဲ။
Ossie - ကျွန်တော်က ဒီပြည်ပဆိုလို့ရှိရင်တော့ Drummer နှစ်ယောက် ကြိုက်တယ်ခင်ဗျ။ ကျွန်တော် Mike Portnoy နဲ့ Simon Philips ကိုကြိုက်တယ်။ ဒီပြည်တွင်းမှာဆိုလို့ရှိရင်တော့ IC ကို ကြိုက်တယ်ပေါ့နော်။ ပြီးတော့ ဒီ့ပြင် ဒီ Underground တွေမှာလည်း ကောင်းတဲ့ Band တွေရှိပါတယ်။ အဲဒါတွေကိုလည်း ကျွန်တော်ကြိုက်တယ်။
ရဲမြတ်ကျော် - ကျွန်တော်လည်း ဒီပြည်တွင်းပြည်ပ အကုန်လုံးတော့ ကျွန်တော်ကြိုက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် IC ကို အဓိကထားပြီး ကျွန်တော်ကြိုက်ပါတယ်။ Emperor လည်း ကြိုက်တယ်။ ကျွန်တော့်.. တော်တော်များများ ကျွန်တော်ကြိုက်ပါတယ်။ ဟိုဟာ.. ပြည်ပမှာ ဆိုရင်တော့ ကျွန်တော်က Base သမားဆိုတော့ Base ကို အများကြီးတီးတဲ့ McBain တို့၊ Mr.Big တို့၊ Dream Theater တို့ ကြိုက်ပါတယ် ကျွန်တော်.. ဟုတ်။
Jone Jone - ကျွန်တော်ကလည်း ပြည်တွင်းပြည်ပဆိုတော့ ဟိုကြိုက်တဲ့ Band တွေဆိုရင်တော့ အများကြီးပါပဲပေါ့။ ဒါပေမယ့် အဓိက ပြောရမယ်ဆိုရင် ကျွန်တော့်ဆရာပေါ့။ ကျွန်တော့်ဦးလေးကို ပိုပြီးတော့ပြောချင်တယ်။ နောက်.. တခြားနိုင်ငံခြားဆိုလို့ရှိရင် ပြည်ပ Band အနေနဲ့ဆိုရင် Dream Theater တို့၊ Buckethead Guitar သမားကို ကြိုက်တယ်ပေါ့.. ဟုတ်။
Wille - ကျွန်တော့်အကြိုက်လည်း အဲလိုပါပဲ။ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော် Guitar ကို ကျွန်တော်လွှမ်းမိုးမှု အများဆုံးနဲ့ ကျွန်တော် Practise လုပ်ခဲ့တာကတော့ Buckethead, Mason နောက် John Petrucci, Steve Vai, Joe Satriani ပေါ့။ ဒါပြည်ပနော်။ ပြည်တွင်း မှာကလည်း အဲလိုမျိုး အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ် Prefer အဖြစ်ဆုံးကတော့ IC ပေါ့။ ကျန်တဲ့ String Instrument တီးတဲ့ Players ကိုလည်း လေးစားပါတယ်။
8မိုမို - အကိုတို့အနေနဲ့ ဒီအနုပညာကိုပဲ ဇောက်ချလုပ်သွားမှာလား။ တခြားစီးပွားရေးတွေ ဘာတွေ ကော လုပ်ဖို့ရှိသေးလားရှင့်။
အောင်လ - အင်း အနုပညာက ဇောက်ချလုပ်မှာပါ။ တခြားစီးပွားရေးကတော့ Site ပေါ့နော်။ ကျွန်တော်တို့ရဲ့ Site age ပေါ့။ ကျွန်တော် တို့အဲဒီ တခြားအလုပ်ကတော့ လောလောဆယ်တော့ မစဉ်းစားရသေးပါဘူး။
Ossie - ဟုတ်.. ကျွန်တော်လည်း ဒီအနုပညာအလုပ်နဲ့ပဲ ထမင်းစားမှာပါ။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ တတ်နိုင်ရင် စီးပွားရေးပါတွဲပြီးတော့ အနုပညာလည်း လုပ်ချင် တာပေါ့။
Jone Jone - စီးပွားရေးလည်း လုပ်ချင်ပါတယ်။ တွဲပြီးတော့ပေါ့။
Wille - လောလောဆယ် ကျွန်တော့်မှာတော့ ဒီအနုပညာအလုပ်ပဲ ရှိပါသေးတယ်။
မိုမို - ကိုအောင်လက Reason အဖွဲ့ရဲ့ အဓိကအဆိုပေါ့နော်။ အကို့အနေနဲ့ တခြားအနုပညာ လုပ်ငန်းတွေ လုပ်ဖို့ရော စိတ်ကူးရှိသေးလားရှင့်။
အောင်လ - အဲလိုမျိုးတော့ မရှိဘူး၊ တခြားအနုပညာလုပ်ငန်း ဆိုလို့ရှိရင်တော့ ကျွန်တော်ဝါသနာ ပါတာလေးတော့ရှိတယ်။ အဲဒီခုန ကျွန်တော်ပြောသလို ဒါရိုက်တာအလုပ်လေးပေါ့နော်။ အဲဒါ ကလည်း ကျွန်တော်စီးပွားဖြစ်လုပ်မှာ မဟုတ်ပါဘူး။ ၀ါသနာအရလေးပေါ့။ ပြီးတော့ ဘာမှလည်း မလေ့လာရသေးပါဘူး၊ အခုလောလော ဆယ်တော့ ကျွန်တော် Idiots အဖွဲ့ကို ကျွန်တော်ရိုက်ပေးဖို့တော့ ရှိပါတယ်.. ဟုတ်။

မိုမို - အကိုက စုံတွဲသီချင်းတွေလည်း ဆိုတာတွေ့ရတယ်နော်။ အကိုရဲ့အတွေ့အကြုံနဲ့ ဆိုဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦးနော်။

အောင်လ - စုံတွဲသီချင်းက ကျွန်တော်အဲလိုမျိုး တစ်ယောက်တည်း ခွဲထွက်ပြီးဆိုဖို့တော့ မရှိဘူးဗျ။ အဓိကကတော့ မေသူပေါ့။ မေသူက ကျွန်တော့်သူငယ်ချင်းလည်း ဖြစ်နေတော့ သူက သူ့အခွေမှာ အတင်းပူဆာတယ်။ ပူဆာတော့ ကျွန်တော်ဆိုပေးလိုက်ရတယ်။ ဆိုပြီးတဲ့ နောက်ပိုင်းမှာ တော်တော်များများက ကျွန်တော့်ကို လာဆိုခိုင်းကြတော့တယ်။ အဲ့ကျတော့ ငြင်းလို့မရတော့ဘူးပေါ့နော်။ အရှေ့မှာကိုယ်က တစ်ပုဒ်ဆိုပေးထားပြီး သူ့ကျမဆိုပေးဘူး ဖြစ်နေမှာဆိုးလို့။ အဲ့ဒါကြောင့်မို့လို့ပါ။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျွန်တော်တွဲမဆိုတော့ပါဘူး။

မိုမို - နောက်ပြီး အကိုရဲ့ သီချင်းတွေကလည်း ကိုယ်တိုင်ရေးတွေနော်။ ဘယ်လိုခံစားချက်တွေနဲ့ ရေးစပ်ဖြစ်တယ်ဆိုတာလည်း သိပါရစေနော်။

အောင်လ - ခံစားချက်ကတော့အစုံပေါ့။ ဘယ်လိုပြောရမလဲ ကိုယ့်ဟာကို ရုပ်ရှင်ကြည့်ရင်းနဲ့လည်းရတယ်။ တကယ့်အဖြစ်အပျက်တွေလည်း ပါတယ်။ ပြီးသွားတော့ စာဖတ်ရင်လည်းပါတယ်။ ပြီးတော့ပတ်ဝန်းကျင်မှာ တွေ့နေတဲ့ဟာတွေ.. ဥပမာ ကျွန်တော်တို့ music သမားဘ၀က ကြမ်းတာကိုး။ ကြမ်းတော့ စလာကတည်းက ဘတ်စ်ကား တိုးစီးတယ်ဆိုလို့ရှိရင် အဲဒီဘတ်စ်ကားပေါ်မှာ ကားကြပ်တာကအစ အကြောင်းအရာလေးတွေ ဖြစ်လာတယ်။ ဘတ်စ်ကားမှာ ကားကြပ်တယ်။ အင်း.. ပြီးသွားတော့ လမ်းမှာတွေ့တဲ့လူတွေ၊ အဆင်မပြေ တာလေးတွေ၊ ဟာသလေးတွေ ရှိတာတွေ့တယ်။ အဲဒါလေးတွေက ခံစားချက်ပါပဲ.. ဟုတ်။
9မိုမို - ဒါဆို personal လေး နည်းနည်းမေးမယ်နော်။ အစ်ကိုတို့မှာ ချစ်ရတဲ့ သူ၊ ရည်ရွယ်ထားတဲ့သူ ရှိလားမသိဘူးရှင့်။ မရှိသေးဘူးဆိုလည်း ဘယ်လို မိန်းကလေးမျိုးကို စိတ်ကူးထားလဲဆိုတာ ပြောပြပေးပါဦး။
အောင်လ - ကျွန်တော့်မှာရှိပါတယ်။ အင်း... ကျွန်တော့်ကောင်မလေးက Australia မှာပေါ့နော်။ ဟုတ်
Ossie - အင်းကျွန်တော့်ကတော့ ဒီလိုပါပဲ။ (ရယ်လျှက်)
ရဲမြတ်ကျော် - တစ်ခုတော့ ကြေညာလိုက်မယ်။ ကျွန်တော်က ခုထက်ထိ ရည်းစားမထားဘူးသေးဘူးဗျ။ ဒါပေမယ့် ရည်ရွယ်ထားတာတော့ ရှိတယ်။ ပြောပြလို့တော့ မဖြစ်ဘူးထင်တယ်။
Jone Jone - ကျွန်တော်ကတော့ မရှိသေးပါဘူး၊ အဲလိုစိတ်ကူးထားတာမျိုး ဆိုတာ ထွေထွေထူးထူး အဲလိုစံထားတာမျိုးတော့ မရှိပါဘူး.. ဟုတ်ကဲ့။
Wille - ကျွန်တော့်အချစ်ရေးကတော့ အေးဆေးပါပဲ။
အော်ဒါနဲ့ ခုမှသတိရလို့ ကျွန်တော်တို့ ဒီနေ့ တစ် Band လုံး စုံတာမှာ Keyboard မီးမီး ပါမလာတာလည်း request လုပ်ပါတယ်။ သူမအားလို့ ပါတဲ့။


မိုမို - အကိုတို့ကို ချစ်တဲ့ပရိသတ်တွေက အကိုတို့ကို ဆက်သွယ်လို့ရနိုင်မယ့် email ဖြစ်ဖြစ်၊ facebook, website ဖြစ်ဖြစ်ရှိရင်လည်း ပြောပြပေးပါဦးရှင့်။

အောင်လ- အင်း ကျွန်တော်တို့ အခု Reason ဆိုပြီး website တစ်ခုလုပ်ဖို့ ကျွန်တော်စီစဉ်နေပါတယ်။ အဲဒါ Biography လေးတွေစုပြီး ကျွန်တော်သေသေချာချာလေး လုပ်ချင်လို့ ကျွန်တော်မစဖြစ်သေးတာပေါ့နော်။ လောလောဆယ်တော့ Facebook ထဲမှာ Reason ဆိုပြီး ရှာကြည့်လိုက်ရင်တော့ ကျွန်တော်တို့ Site ရှိပါတယ်။ အဲ့ထဲမှာ ကျွန်တော်တို့ရဲ့ Information အကုန်ပါတယ်။ ကျွန်တော်တို့သီချင်းတွေလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ Photo တွေလည်းပါတယ်.. အဲ့ထဲမှာဟုတ်။
Wille - Reason Musician/Band ဆိုပြီးတော့။ Reason ၀င်လိုက်ရင် တခြား Reason တွေလည်း ထွက်လာမှာဆိုးလို့။


မိုမို - ညီမတို့ Myanmar Youth Media Club လိုမျိုး ပြည်တွင်းပြည်ပကပရိသတ်တွေနဲ့ အကိုတို့လို အနုပညာရှင်တွေကို ဆက်သွယ် ပေးနေတဲ့ Online media တွေကိုရော ဘယ်လိုမြင်လဲမသိဘူးရှင်။ ထင်မြင်ချက်နဲ့ အကြံဥာဏ်လေးကိုလည်း သိပါရစေ။

အောင်လ- အင်း media ဆိုတာကတော့ ဘယ်လိုပြောမလဲ ပရိသတ်နဲ့ အနုပညာရှင်နဲ့ ပေါင်းကူးပေးတဲ့ တံတားလေးပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒီမြန်မာပြည်မှာ ဆိုလို့ရှိရင်လည်း ဒီ ရေဒီယိုလိုင်း မဟုတ်ပဲနဲ့ပေါ့။ ဒီဂျာနယ်တွေ ဘာတွေကလည်း ဒီလိုပါပဲ။ ဒါပေမယ့် အဝေးရောက်နေတဲ့ ပရိသတ်တွေကျတော့ ဒီ Online Radio က တကယ့်ကို အဆင်ပြေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က Internet မှာ Click တစ်ချက်ထောက်ရုံနဲ့ သူတို့သိချင်တဲ့ အကြောင်းအရာတွေကို သိနိုင်တာပေါ့နော်။ အဲဒီ့အတွက်ကြောင့်မို့လို့ အရမ်းကောင်းပါတယ်။ အဲဒီ့အစီအစဉ်က Worldwide ဖြစ်တာပေါ့။ တကမ္ဘာလုံးမှာရှိတဲ့ တကမ္ဘာလုံး အဝေးရောက်နေတဲ့ ပရိသတ်တွေအကုန်လုံးနဲ့ ကျွန်တော်တို့ ရင်းနှီးသွားသလို ခံစားရပါတယ်။ အဲဒီတော့ အရမ်းကျေးဇူးတင်ပါတယ်။
Ossie - ဟုတ်.. တကယ်တမ်း ဒီအစီအစဉ်က ကောင်းပါတယ်။ မြန်မာပရိသတ်တွေလည်း Online မှာ ဘယ်သူမဆိုလည်း တကမ္ဘာလုံးက လူတွေအကုန်လုံးလည်း ၀င်ကြည့်လို့ရတဲ့အတွက် ဒါကတော့ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။
ရဲမြတ်ကျော် - ဟုတ်ကဲ့.. ကောင်းပါတယ်ခင်ဗျ။
Jone Jone - ကျွန်တော်တို့က အရမ်းသဘောကျပါတယ်.. ဒီအစီအစဉ်ကို။
Wille - ကျွန်တော်လည်း ဒီအစီအစဉ်ကို အရမ်းသဘောကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခု Interview က ကျွန်တော်တို့အတွက် နဲနဲလေး ကြီးကျယ်ခမ်းနားတယ်လို့ ကျွန်တော်ထင်ပါတယ်။


10မိုမို - မေးခွန်းတွေကလည်း တော်တော်များနေပြီဆိုတော့ နောက်ဆုံး အနေနဲ့ အကိုတို့ကိုချစ်တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် လေး ပြောခဲ့ပေးပါဦးနော်။

အောင်လ - ဟုတ် ကျွန်တော်တို့က ဒီ့ထက်မကပိုပြီး ကြိုးစားသွားပါမယ် လို့ ကျွန်တော်ပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကိုချစ်တဲ့ ပရိတ်သတ်တွေ ကျွန်တော်တို့ကို ဒီ့ထက်မက ပိုချစ်ပေးပါလို့.. ဟဲဟဲ။
Ossie - ဟုတ်... ကျွန်တော်တို့အနေနဲ့ ဒီ Reason ကနေပြီးတော့ ပရိတ်သတ်တွေအတွက် music တွေကော နောက်ထပ်လုပ်မယ့် အစီအ စဉ်တွေကိုလည်း အကုန်လုံး အကောင်းဆုံး လုပ်သွားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ရဲမြတ်ကျော် - အင်း ကျွန်တော်တို့ ဒီပထမအခွေကိုလည်း အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့။ Second Single အခွေ ကိုလည်း အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။
Jone Jone - Reason ကိုချစ်တဲ့ ပရိသတ်ကြီးအားလုံး ပျော်ရွင်နိုင်ကြ ပါစေလို့ ဆုတောင်းပါတယ်။
Wille - Reason ပရိသတ်အားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ နောက်ကျွန်တော်တို့ အခုဒီ ပထမဦးဆုံး Reason မာတိကာ။ ပြီးတော့ ကျွန်တော်တို့ ဒုတိယအခွေအတွက်လည်း ကျွန်တော်တို့ကြိုးစားပြီးတော့ Demo တွေ စပြီး Record လုပ်နေပါပြီ။


မိုမို - အခုလိုမျိုး ညီမမေးသမျှ မေးခွန်းတွေကို အချိန်ပေးပြီး ဖြေကြားပေးတဲ့ အကိုတို့ Reason တစ်ဖွဲ့လုံးကိုလည်း အရမ်းပဲ ကျေးဇူး တင်ပါတယ်နော်။ ဒီထက်ပိုပြီးတော့ အောင်မြင်မှုတွေရပါစေလို့ MYMC တစ်ဖွဲ့လုံးရဲ့ကိုယ်စား ဆုတောင်းပေးပါတယ်ရှင်။

Reason - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်။ MYMC အနေနဲ့ ဒီထက်ကောင်းတဲ့ Program လေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ပါစေလို့.. ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။

MYMCမှကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်Rဗြဲ

နောနော်နဲ့ခဏတဖြုတ်






ကြာတော့ ကြာခဲ့ပါပြီ။ Max Studio မှာ ကျွန်တော် Demo သွားတီးတုန်းက အီးတီက ပြောခဲ့တာ။ ဂစ်တာနဲ့အဆိုကောင်းတဲ့ ကချင် ကောင် လေးတစ်ယောက် သူတွေ့ထားတယ်တဲ့။ အကြောင်း ကြောင်းကြောင့် မဆုံဖြစ်လိုက်ဘူး။ သူက 'နောနော်'။ သူ့ရဲ့ ပထမ 'အတိုင်းထက်အလွန်' Tape & CD ထွက်အပြီး VCD ပြင်ဆင်တဲ့အချိန်မှာ သူတို့ Blaze ကိုဗျူးတော့ သူနဲ့ဆုံဖြစ်တယ်။ ဒီလိုပဲ ရင်ချင်းနီးတော့ အလင်္ကာတွေထဲမှာ နောနော်က အဆင်ပြေပြေ စီးဝင် လာပါတယ်။ သူ့ရဲ့ 'အတိုင်းထက်အလွန်' VCD အတိုင်းအတာကတော့ ဘယ်လောက်အထိ ရောက်ခဲ့ တယ်ဆိုတာ အလင်္ကာတွေ သိပြီး၊ ကြားပြီး၊ မြင်ပြီး သားပါ။ အခု သူတို့ြူဖေန ရဲ့ ဒုတိယအနေနဲ့ နော နော်ရဲ့စကားတချို့ကို နောနော်ပရိသတ် အလင်္ကာ တွေအတွက် တင်ဆက်လိုက်ပါတယ်။
Q: နောနော်ရဲ့ ဒုတိယအခွေအကြောင်း ပြောပါဦး။
A: ဒုတိယအခွေအကြောင်းမပြောခင် ပထမဆုံး ကျွန် တော့်ကို လက်ခံအားပေးတဲ့ ပရိသတ်ကို အရမ်း ကျေးဇူးတင် ကြောင်းပြောချင်ပါတယ်။ ဒုတိယအခွေ ကတော့ ပထမအခွေအတိုင်းပဲ Blaze နဲ့ Max နဲ့ Mixing ကိုမြင့်ဇော် ပဲဖြစ်မှာပါ။ အားလုံးကတော့ Rock ပုံစံတွေပါပဲ။ ပထမခွေရဲ့ ပုံစံအတိုင်းမှာ နည်းနည်း လေးပြောင်းထားတာတွေတော့ ပါပါတယ်။ ၁ဝ ပုဒ်ပဲထုတ်ဖြစ်မယ်ထင်ပါတယ်။ ခေါင်းစဉ်ကတော့ အခု အစ်ကိုမေးတဲ့အချိန်မှာ စဉ်းစားတုန်းပဲဗျ။ နောက် တစ်လနှစ်လလောက်မှာတော့ အကုန်ပြီးမယ်မှန်းထား ပါတယ်။
Q: Blaze ကရော လူအပြောင်းအလဲရှိလား။
A: မရှိပါဘူး။ ဂစ်တာသမားတစ်ယောက်ကတော့ ထပ် တိုးထားတယ်။ ခွာသောင်တဲ့။ သူတီးတာလည်း ကျွန်တော်ကြိုက်လို့ပါ။ Show တွေ ဘာတွေမှာလည်း နှစ်ယောက်တီးတော့ ပိုအဆင်ပြေအောင်လို့ပါ။
Q: ဒုတိယအခွေမှာ ဝင်ရေးပေးထားတဲ့ လူတွေကရော။
A: ကျွန်တော်ပါမယ်။ ရန်နောင်ဆိုတဲ့ တစ်ယောက်ပါမယ်။ ခွာသောင်ပါမယ်။ နောက် သားကြီးပါမယ်။
Q: နောနော် တခြားလူတွေ အတွက် သီချင်းတွေ ရေး ပေးထားသေးလား။ ဘာပုံစံတွေလဲ။
A: ကိုလေးဖြူ ကိုနှစ်ပုဒ်။ ကိုအငဲကိုတော့ လေးပုဒ်ပေး ထားပါတယ်။ ဘယ်သီချင်းတွေ သုံးမယ် ဆိုတာတော့ မသိသေးပါဘူး။ သီချင်းတွေကတော့ Rock ထဲက ပုံစံတွေပါပဲ။
Q: နောနော်ရဲ့ ပထမခွေထဲက ဂစ်တာသံတွေက ဘယ် လိုချိန်ထားတာလဲ။
A: ကျွန်တော် အမှန်အတိုင်းပြောရရင် ကျွန်တော် ချိန်တာ မဟုတ်ဘူးဗျ။ ပထမ Max က ကိုဂျမား ချိန်ပေးတယ်။ နောက် Mixing မှာ ကိုမြင့်ဇော်က ထပ်ချိန်ပေးတယ်။ ကျွန်တော်က အဲဒီလိုချိန်တာတွေကို သိပ်နား မလည်ဘူး။ အဆင်ပြေသလို ချလိုက်တာပဲဗျ။
Q: နောနော်ရဲ့ အဆိုလေ့ကျင့်ပုံက ဘယ်လိုပုံစံလဲ။A: ကျွန်တော်ကတော့ သူများသီချင်းတွေကို လိုက်ဆိုတာပဲ။ ကိုလေးဖြူ၊ ကိုအငဲ၊ ကိုမျိုးကြီးတို့ရဲ့ သီချင်းတွေကို အော်ကျင့်တာပဲ။ တခြားသီချင်းတွေကိုလည်း အဲလိုပဲ အော်ကျင့်တာပဲဗျ။
Q: နောနော်ရဲ့ Show ဆိုတဲ့အချQ: နောနော်ရဲ့ Show ဆိုတဲ့အချိန်မှာ ပရိသတ်ရဲ့ Feel ကိုသတိထားမိလား။
A: ကျွန်တော်ကတော့ Show ပေါ်တက် ရင် ဂစ်တာလည်း တီး၊ သီချင်းလည်းဆို ဆိုတော့ ကိုယ့်ဟာနဲ့ ကိုယ်တိုင်ပတ်နေ တော့ပရိသတ်ကို သိပ်သတိမထား ဖြစ်ဘူးဗျ။ သတိ နည်းနည်းထား မိတာက တောင်ကြီးသင်္ကြန်မှာ သတိထားမိတယ်။Show တွေမှာ ပရိသတ်ရဲ့ Feeling က မိုက်တယ်ဗျ။
Q: နောနော်ရဲ့ ဒုတိယခွေ cover design ရောစဉ်းစားပြီးပြီလား။
A: စဉ်းတော့ စဉ်းစားပြီးပြီဗျ။ ဒါပေ မယ့် ပုံပြမှရမှာဆိုတော့ ဒီအတိုင်း ရှင်းပြလို့မလွယ်ဘူး။ ထွက်လာ ရင်တော့ တွေ့မှာပါ။
Q: နောနော်ကို ရူးသွပ်တဲ့ ဆယ် ကျော်သက်တစ်ယောက်က နောနော်လို သီချင်းရေးချင် တယ်ဆိုရင် ဘယ်လို ပြောမလဲ။A: ကျွန်တော်က ဂီတသက်တမ်း လည်း နုသေးတော့ သိပ်တော့ မသိဘူးဗျ။ ကျွန်တော် နားလည်သလောက် ပြောရရင်တော့ သီချင်းများများနားထောင်၊ နောက်များများရေး၊ စာလည်း များ များဖတ်ပေါ့။ အဲဒါဆိုရင် အဆင်ပြေ သွားလိမ့်မယ်။ ကြိုးစားရင် ရမှာပါ။
Q: နောနော်လည်း Underground Band တွေကြားမှာ တီးလာခဲ့တဲ့လူဆိုတော့ လက်ရှိမှာ အခွေ မထွက်နိုင်လို့ စိတ်လေ နေတဲ့ တချို့ Underground Band တွေကို ဘာပြောချင်လဲ။A: အဲဒါကတော့ မထွက်နိုင် ဘူးဆိုတာက ဟုတ်မှာပါ။ ဒီက ခိုးကူး အခြေအနေကြောင့် မူပိုင်တွေ မထုတ်ရဲတာလည်း ပါပါတယ်။ ဘာပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကတော့ ကျစရာမလိုပါဘူး။ ဒီအထဲမှာနေပြီး ဆက်ကြိုးစားဖို့၊ အချိန်တွေ ပေးဆပ်ဖို့လိုမှာပါ။ ဒီလိုသာ ဇွဲမလျှော့ ဘဲဆက်လုပ်နေရင် တစ်ချိန်ချိန် မှာဖြစ်လာမှာ ကျွန်တော် သိတယ် ဗျ။ ဖြစ်လာ ကြမှာပါ။ အချိန်တော့ လိုတာပေါ့။
Q: နောနော်နဲ့ ဂစ်တာ စတွေ့ပြီးတီးခဲ့တဲ့ ဖြတ်သန်းမှုကို အမှတ်တရ ပြန်ပြောပါဦး။
A: ကျွန်တော်က ခြောက်တန်းလောက်မှ ဂစ်တာစတီးတယ်။ အရင်က Rock ထွဏ်းထွဏ်းရဲ့ သီချင်း 'ဟိုး စိုးမိုး၊ ရင်ထဲလှုပ်ခါနိုင်စွမ်းရှိလေသူ' ဆိုတာကို တီးချင်တာက စတာဗျ။ နောက်ပိုင်း ကျွန်တော့်အစ်ကိုဆီက chord တွေဘာတွေစသင်တယ်။ ၇ တန်း၊ ၈ တန်း လောက်မှာ တော့ သီချင်းတော့ လေးငါးပုဒ်လောက် ဆိုတီးနိုင်နေပြီ။ ၉ တန်း၊ ၁ဝ တန်းလောက်မှာတော့ ဝါသနာက ရူးသွပ်မှုအထိ ရောက်သွားပြီ။ တခြား ဘာမှကို စိတ်မဝင်စားတော့ဘူး။ ဒီဟာပဲ လုပ်မယ်၊ ဖြစ်ချင်တာဖြစ်ဆိုပြီး လုပ်ခဲ့တာပဲ။ ကျွန်တော်ကတော့ အမြဲတမ်း သီချင်းဆိုလိုက် တီးလိုက်နဲ့နေတော့ အဲဒါတွေက Practice လို ဖြစ်သွားတာပေါ့။ ကျွန်တော်က လမ်းဘေးတွေမှာ သူငယ်ချင်းတွေနဲ့ အော်အော်ဆိုရတာ ပိုကြိုက်တယ်ဗျ။ အဲဒါ တွေလုပ်ရင်းနဲ့ ဂစ်တာနဲ့ကျွန်တော်နဲ့က တွဲလျက်လို ဖြစ်သွားခဲ့ တာ။
Q: နောနော် ဒီရန်ကုန် music လောကထဲစဝင်တာက ဘယ် အချိန်လောက်ကလဲ။ အမှတ်တရတွေ ဘာရှိလဲ။
A: ကျွန်တော် ၂ဝဝဝ ဝန်းကျင်လောက်မှာ စလှုပ်ရှားဖြစ်တယ်။ နောက် သူငယ် ချင်းတွေနဲ့ Demo တွေ တီးဖြစ်တယ်။ အဲဒီမှာ ရူးသွပ်တာက ထိန်းမရတော့ဘူးလေ။ နောက် အမှတ်တရတစ်ခုက မြစ်ကြီးနားမှာ အစ်ကိုတစ်ယောက် က မင်း show လုပ်မလားဆိုတော့ ခပ်တည်တည်နဲ့ One Man Show လုပ်ချလိုက်တာ။ တော်သေးတယ်၊ အောက်က ခဲတွေဘာတွေနဲ့မထုလို့။ နယ်မှာက သူငယ်ချင်းတွေချည်းပဲ ဆိုတော့ တော်သေးတာပေါ့။ ဒါပေမယ့် နောက်နေ့ကျတော့ ရှက်လို့အပြင် မထွက်ရဲဘူး။ အိမ်ထဲမှာ ပုန်းနေရတယ်။ အဲဒါ ၂ဝဝ၂ လောက်ကဗျ။ ဘာမှမစဉ်းစားဘဲ ကိုယ့်သီချင်းတွေ ကိုယ်လုပ်ဖြစ်ခဲ့တာ။ အခုမှ ပြန်တွေးပြီး ရှက်နေတာဗျ။
Q: နောနော်ရဲ့ ဒုတိယအခွေကို စောင့်နေတဲ့ အလင်္ကာတွေကို တစ်ခုခုပြောပါဦး။A: ကျွန်တော်က့ကို စောင့်နေတယ်ဆိုရင် အများကြီးကျေးဇူးတင်တယ်ဗျ။ ကျွန် တော်တို့ Blaze က အစွမ်းကုန် လုပ် ထားပါတယ်။ ကျွန်တော်က စကား သိပ် မပြောတတ်တော့ အမှားပါရင် ခွင့်လွှတ် ပါလို့။ အလင်္ကာကိုရော၊ ပရိသတ်တွေကို ရော အရမ်းကျေးဇူးတင်ပါတယ်လို့။
ကဲ . . . နောနော်ရဲ့ Blaze ကတော့ ဒုတိယခွေလာဖို့ အဆင်သင့် ဖြစ်နေပါပြီ။ 'အတိုင်းထက်အလွန်' လိုမျိုး အားပေးကြမယ်လို့ မျှော်လင့် နေပါတယ်။ တစ်ခုခုတော့ အသစ်ရမှာပါလို့ ကြိုပြော ချင်ပါတယ်။

http://amtphoto.blogspot.com မှ ကူးယူတင်ပြသည်။
လေးစားစွာဖြင့်Rဗြဲ

လေးဖြူ နှင့်ဆုံတွေ့ခိုက်

အဆိုတော် လေးဖြူသည် ဂီတလောကသို့ ၁၉၉၄ ခုနှစ်မှစ၍ “ကန္တာရလမင်း” စီးရီးဖြင့် စတင် ဝင်ရောက်ခဲ့ပြီး ၎င်းစီးရီးမှ စတင်၍ Iron Cross တေးဂီတဝိုင်း၏ ပင်တိုင် အဆိုတော် အဖြစ် ပြည်တွင်း ပြည်ပ စင်တင်ပွဲ များစွာတွင် သီဆိုဖျော်ဖြေခဲ့သည်။ တကိုယ်တော်စီးရီး ၁၃ ခွေထွက်ခဲ့ပြီး မျိုးကြီး၊ အငဲတို့နှင့်အတူ “ရာစုသစ်” “LMN” စီးရီးများ ထွက်ခဲ့သည်။ လေးဖြူသည် IC ၁၅ နှစ်ပြည့် အထိမ်းအမှတ် စင်တင်ပွဲတွင် ပါဝင်သီဆိုခဲ့ပြီး နောက်ပိုင်း ၄ နှစ်ကျော်ခန့် စတိတ်ရှိုးများတွင် လုံးဝသီဆိုခြင်း မပြုတော့ဘဲ ယခု ၂၀၀၉ နှစ်ဆန်းတွင်မှ ပြန်လည် သီဆို ခြင်းဖြစ်သည်။ ၂၀၀၈ နှစ်ကုန်ပိုင်းတွင် ၎င်း၏ ကိုယ်ပိုင်သံစဉ် “ဘင်္ဂလားပင်လယ်အော်” စီးရီးထွက်ခဲ့သည်။ မတ်လ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် IC အဖွဲ့သားများ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်းပါရ်၊ ကြိုးကြာတို့နှင့်အတူ စင်တင်ပွဲ ဖျော်ဖြေတင်ဆက်ရန် ရောက်ရှိနေစဉ် ဧရာဝတီ မဂ္ဂဇင်းက အဆိုတော် လေးဖြူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
 ဘန်ကောက်မြို့ IC ရှိုးတွင်လှည့်ရောက်ရန် စောင့်နေသည့် လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ)
မေး။ ။ ကိုလေးဖြူ နောက်ဆုံးထွက်ခဲ့တဲ့ ကိုယ်ပိုင်သံစဉ် စီးရီး ဘင်္ဂလားပင်လယ်အော် (BOB) ကို ကိုလေးဖြူရဲ့ ရော့ခ်ပရိသတ်တွေက ပျော့တယ်ပြောကြတယ်။ ဘာကြောင့် ဒီလို သီချင်းအပျော့လေးတွေကို ရွေးလုပ်တာပါလဲ။ ဖြေ။ ။ တကယ်တမ်းကျတော့ ကျနော်သီချင်းဆိုလာတဲ့ ဒီ ၁၅ နှစ်တာသက်တမ်းမှာ တနိုင်ငံလုံးက ကျနော့်ပရိသတ် တွေနဲ့ ကျနော်တို့ရဲ့ ဆက်ဆံရေးကို ကြည့်မိတယ်။ ကျနော့်ပရိသတ်တွေက IC အဖွဲ့ကို အများကြီး ထောက်ပံ့ခဲ့တယ်။ ကျနော်တို့ကို သူတို့က အားပေးလာတယ်။ ဒီနောက်ပိုင်းမှာ ကျနော်တို့ လိုက်ဖ်စတိုင်တွေပြောင်းလဲ .. ဘဝ အသက်ရှင်တဲ့ ပုံစံတွေ ပြောင်းလဲခဲ့တယ်။ အရင်တုန်းက မရဘူးတဲ့ အတွေးအမြင်တွေလည်း ရခဲ့တယ်။ ပိုပြီး ကျယ်ပြန့်တဲ့ အသိအမြင်တွေလည်းရခဲ့တယ် .. ။ ကျနော်တို့ကို သူတို့က အားပေးကြတာကိုး။ ကျနော်တို့ ထွက်လာတဲ့ စီးရီးတွေပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုတွေကို မြင်ရတယ်။
ဒီအချိန်မှာ ကျနော်တို့ အစစ အရာရာ ခက်ခဲတယ်လေ။ ဒဏ်ရာတွေနဲ့ ကမ္ဘာကြီးပေါ့ .. အရှေ့ကော အနောက်ကော တကမ္ဘာလုံးကို ပြောတာပါ။ တောမီးလောင်တဲ့သူရှိတယ်၊ ရေကြီးတဲ့သူရှိတယ်၊ တံတားကျိုးတဲ့သူရှိတယ်။ ငတ်မွတ်ခေါင်းပါးတဲ့၊ အစာရေစာ ပြတ်လပ်တဲ့သူတွေရှိတယ်။ ကုမရတဲ့ ရောဂါတွေ ဖြစ်နေတယ်။ ဒီကမ္ဘာကြီးက ဒုက္ခရောက် နေတယ်ပေါ့ဗျာ။ ဒီအချိန်မှာ ကျနော်ထွက်မယ့် အခွေထဲမှာပါတဲ့ သီချင်းလေးတွေက သူတို့ကို တထောင့် တနေရာကနေ အေးချမ်းသွားစေချင်တယ်။ ဒါကြောင့် သီချင်းအမျိုးအစားတွေကို သေချာရွေးချယ် ခဲ့တာပါ။
ဒါကို အမျိုးအစား ခွဲခြားပြီး ပျော့တယ်လို့ ပြောကြ၊ သုံးသပ်ကြတာတွေနဲ့ ပတ်သက်လို့တော့ နည်းနည်း ပြောချင်တယ်။ ကျနော့် ရည်ရွယ်ချက်ကိုတော့ ခုနက ပြောပြီးပြီ။ ကျနော်တို့ ခု နောက်ပိုင်း Recording System တွေ ကျနော်တို့သုံးတဲ့ ကြားခံ ပစ္စည်း Equipment တွေက မြန်မာပြည်မှာ ထိပ်ဆုံးဆိုတဲ့ ထဲမှာ ပါပါတယ်။ အဲဒီမှာ ကျနော်တို့က တခွေနဲ့တခွေ Splendid ဖြစ်ဖို့၊ ကွဲပြားဖို့၊ Perfect ဖြစ်ဖို့ မတူဖို့ ပုံစံတွေ ကွဲပြားဖို့ ကြိုးစားရတယ်။ အဲဒီမှာ ခု တိုးတက်နေတဲ့ ခေတ်ရဲ့အသီးအပွင့်ရှိတယ်၊ နောက် ညီလေး (ချစ်စမ်းမောင်) ရဲ့ ကြိုးစားမှုပေါ့လေ .. ။ အဲဒီမှာ ၁၀၀ ရာခိုင်နှုန်း ဒီဂျစ်တယ် ဖြစ်လာတဲ့ အနေအထားမှာ အသံတွေက ရော့ခ်ရဲ့ ပင်မဇစ်မြစ်ဖြစ်တဲ့ Analogue ထဲကနေ နည်းနည်းတော့ သွေသွားတဲ့ သဘော ရှိတယ်။ ဒါပညာရှင်စကားပြောတာပါ .. ။
ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ နည်းနည်းညက်ညောတဲ့ ဘက်ကို ပါသွားတယ်။ ဒါပေမယ့် ကျနော်စိန်ခေါ်တာတော့ မဟုတ်ဘူး .. နည်းနည်း တီးပြီး ဆိုကြည့်လိုက်ပါ .. ။ အသက်သာကြီးထဲကတော့ မဟုတ်ပါဘူး။ ကျနော်တို့ ဖွဲ့စည်းပုံ ပုံစံ .. ဖွဲ့စည်းပုံ ပုံစံဆိုတာဂီတစတိုင်နဲ့ မဆိုင်ဘူးနော်။ Composition, Trend တွေကို ကြည့်မယ်ဆိုရင် ကျနော်တို့က ရပ်နေလို့မရဘူး တကမ္ဘာလုံးက သွားနေတဲ့ လမ်းကြောင်း ရှိတယ်။ ဥပမာ – ရသေ့တောင်နားရောက်ရင် ငါးခြောက်ဝယ်ရသလို၊ ခွေးရုပ်ဘူတာနားရောက်ရင် ထမင်းစားရမယ် .. အဲလိုပေါ့လေ။
ဒါတွေက Tools တွေလေ။ ဒါတွေကို သုံးကို သုံးရပါတယ်။ အဲလို အဆင့်မြင့်ပစ္စည်းတွေကို သုံးတဲ့ အခါကျတော့ ကျနော်တို့ အဆိုတွေ အတီး color တွေ .. ရှိတယ်။ လူတွေပြောချင်တာ color ကို ပြောတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တောင် ပြောဖူးသေးတယ် ခုခေတ်လူတွေက ဂစ်တာ မကိုင်မကြတော့ဘူး ..။ ပါဝါ အွန်ပြီး တာနဲ့ မိုက်ကရိုဖုန်းကို တန်းကိုင်ကြတဲ့အခါကျတော့ နောက်ပိုင်း လူငယ်တွေမှာ Music ခံစားချက် တွေက အရင်လောက်သိပ် မပြင်းထန်ဘူး။ နည်းနည်း ကျတဲ့ ဘက်ကိုရောက်နေတယ်လို့ ပြောရမယ်။ အရင်ကလောက် မထွက်ပေါ်လာဘူး .. ။ အဲလိုကျလာတဲ့ အချိန်မှာ ကျနော်ကတော့ သေသေချာချာကို ပြောရဲတယ် ဒီ ပျော့တယ်ဆိုတာက ဘာကို ပြောတာလဲ အသေးစိတ် သေချာကြည့်ရင် ကျနော်တို့ ခဲရာခဲဆစ် လုပ်ထားရ တာတွေ အများကြီးပါ။
ပရိသတ်နှင့် အပေးအယူမျှမျှ သီဆိုနေစဉ် (ဓာတ်ပုံ – ဧရာဝတီ)
ခုနောက်ပိုင်း ကျနော်နည်းနည်း လက်ခံလာတဲ့ ဒဿနက တမျိုးပေါ့လေ။ ကျနော့် အသက်အရွယ်နဲ့လည်း ဆိုင်ပါလိမ့်မယ်။ ကျနော် စဆိုတုန်းက ၂၈ နှစ်ပဲ ရှိသေးတယ်ဗျ။ ခု ၄၄ နှစ်လေ။ ကျနော့် ခံစားမှုလည်း ပြောင်းသွားတယ်။ ဒီအချိန်မှာ ကျနော်ခံစားရသလို ရိုးရိုးသားသား လုပ်ပြချင်တာပဲ ရှိတော့တယ်။ ဒီ အသက်အရွယ်မှာ Target တခုထားပြီး ချဉ်းကပ်တာမျိုး၊ အတင်းလုပ်ယူပြီးမှ ရတဲ့ဟာမျိုးတခုကို မလုပ်ချင် တော့ဘူး။ သဘာဝကျကျ ဖွံ့ဖြိုးတိုးတက်မှုကိုပဲ လိုချင် တော့တယ်။ နှေးချင်တော့ နှေးလိမ့်မယ် .. ဒါပေမယ့် ဘယ်သူ့မှ မနာမကျင်၊ ဘယ်သူ့မှကို မထိခိုက် စေဘဲနဲ့ ကိုယ်လိုချင်တဲ့ဟာဆီ သွားတဲ့နည်းကို ပိုပြီးတော့မှ ရဲရင့်တယ်လို့ ယူဆတယ်။ ဘယ်လောက်ပဲ နိုင်ငံရေး စစ်ပွဲတွေ ဖြစ်နေပါစေ အာဂျင်တီးနားဘက်က သီချင်းတွေ ကောင်းတာပဲ။ ဘယ်လောက်ပဲ စီးပွားရေး ခက်ခဲ နေပါစေ အာဖရိက Music က ကမ္ဘာမှာ ၁ ကနေ ၅ ထဲမှာ ဝင်တာပဲ။ ပတ်ဝန်းကျင်က ဖိအားတွေရှိလိမ့်မယ် ဒါပေမယ့် အဲဒီဒဏ်တွေ ခံပြီးတော့ထွက်ပေါ်လာတာက ပိုပြီး ရဲရင့်တယ်လို့ ကျနော်ယူဆတယ်။ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ နေပြီးဖြေရှင်းကြတဲ့ နည်းကို ကျနော်တို့ ပိုပြီး နှစ်သက်ပါတယ်။
မေး။ ။ မြန်မာပြည်ရဲ့ ဂီတဈေးကွက်ပျက်ရတဲ့ အကြောင်းရင်းက ခိုးကူးခွေ တခုတည်းကြောင့်လို့ ပြောလို့ ရပါသလား။
ဖြေ။ ။ ဒီကိစ္စတွေ ပြောရရင် စာမျက်နှာ ၂၀ လောက်ဖြစ်သွားလိမ့်မယ်။ ပြောရရင်တော့ ကျနော်တို့ တိုင်းပြည်က Privacy အလေ့အထ နည်းသေးတဲ့ သဘောရှိတယ်။ Intellectual Property ကို ဘယ်နေရာမှာထားရမယ်ဆိုတဲ့ အသိအမြင် ဗဟုသုတ ကျနော်တို့ နိုင်ငံမှာနည်းပါသေးတယ်။ အဲဒါကပဲ ပိုပြီး ဒုက္ခရောက်စေတယ်လို့ ထင်ပါတယ်။ ပညာပေးပြီးတော့ အချိန် ကာလလေး တခုကို စောင့်ရမယ့် သဘော ရှိတယ်။ အနုပညာဈေးကွက်မှာ ပျက်စီးကြတယ်ဆိုတာက အမျိုးမျိုးပေါ့လေ။ ဖန်တီးတဲ့သူဘက် ကလည်း အပြစ်ရှိတာမျိုးရှိတယ်၊ ဝယ်ယူစားသုံးကြသူတွေဘက်က စည်းကမ်းမရှိတာတွေ အများကြီးပဲ။ ခု ကာလက ရှားပါးတဲ့၊ ခက်ခဲတဲ့ကာလမို့လို့ ခိုးလုပ်ကြတာတွေ၊ မသမာတဲ့သူတွေ လက်ချက်လည်း ပါပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပဲ။ ခေါင်းစဉ်ကတခုတည်း တပ်လို့မရပါဘူး။
မေး။ ။ ခု BOB ကကော စီးပွားရေးအရ အောင်မြင်ရဲ့လား။
ဖြေ။ ။ အဆင်ပြေပါတယ်။ ကျနော့်ပရိသတ်တွေက ကျနော်တို့ ဘယ်လိုသဘောထားရှိတယ် ဆိုတာ သိကြတာများပါတယ်။ ကျနော်တို့အဖွဲ့ အားသာတာ အဲဒါလေးပေါ့နော်။ ကျနော်တို့အဖွဲ့ ဘယ်လိုဖီလင် ရှိတယ် ဆိုတာ သိတာများတယ်။ ကျနော်တို့ ရင်ခုန်သံနဲ့ သူတို့ ရင်ခုန်သံ သိပ်မဝေးဘူး။ သူတို့ ဝယ်ကြ ပါတယ်။ တချို့ဆို ပါကင်တောင်မဖွင့်ဘူး ဝယ်သိမ်းကြတယ်။ တချပ်ကို နားထောင်တယ် တချပ်ကို သိမ်းထားကြတယ်လို့ ပြောတယ်။ ဒီလိုဝယ်သိမ်းရတာကိုလည်း ဂုဏ်ယူကြတယ်။ တချို့နေရာမှာလည်း ရှိတော့ ရှိမှာပေါ့။ ဒါပေမယ့် နည်းပါတယ်။ တကယ်ပြောရရင် ဘယ်လိုနည်းနဲ့တွက်တွက် ကျနော်တို့နိုင်ငံမှာ အနုပညာ ပစ္စည်းရပိုင်ခွင့်က အရမ်းနည်းတယ်။ ဘယ်လိုတွက်တွက် အနုပညာသမားတွေက ဒီထက် အများကြီး ရသင့်ပါတယ်။ ဒါ လောဘကြီးလို့ ပြောတာ မဟုတ်ပါဘူး။ ကျနော်က နေနိုင်ပါတယ်။ ဖြစ်သင့်တာ ပြောတာပါ။
မေး။ ။ ကိုလေးဖြူရဲ့ ဂီတသမား သက်တမ်းမှာ ကိုလေးဖြူနဲ့ ပတ်သက်လို့ အသံ အမျိုးမျိုး ကြားရတာတွေရှိတယ်။ ကိုလေးဖြူ ဘာလုပ်လုပ် ကောင်းတယ်ပြောတဲ့သူတွေ ရှိသလို ကိုလေးဖြူ ရဲ့ ဆက်ဆံရေးကို ဝေဖန်တာမျိုးတွေလည်း ကြားရတယ်။ အဲဒီအသံတွေနဲ့ ပတ်သက်လို့ ဘာပြောချင်ပါ သလဲ။
ဖြေ။ ။ ဒါကတော့ ကျနော်ညံ့ဖျင်းလို့ပဲလို့ ပြောမှာပါပဲ။ အမှန်အတိုင်းပြောရရင် ကျနော်တို့ အားလုံး Social Dealing သိပ်မကောင်းဘူး။ ကျနော်တို့က လာသမျှလူကို စော်ကားလွှတ်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ စိတ်ခံစားချက်ကိုက သိပ် Stable မဖြစ်ဘူး။ ကျနော်တို့ အဖွဲ့ တဖွဲ့လုံးက အင်တာဗျူးတွေ ဘာတွေကို သိပ်မကြိုက်ဘူးဗျ။ စကားဆိုတာကတော့ အမျိုးမျိုးပြောလို့ရတာပေါ့ဗျာ။ ရှင်းရှင်းပြောရရင် မယုံကြည်ဘူးဗျ။ မျက်နှာပေးရှိတယ်ဗျာ .. ၊ လေသံရဲ့ အဖော့အဖိ ရှိတယ်ဗျာ၊ စကားလုံးရွေးချယ်မှု လိုအပ်တယ်ဗျာ … ဒါတွေ ကျနော်တို့ မကျွမ်းကျင်ဘူး .. ကျနော်တို့က လိုရင်းကို တည့်တည့် ပြောတဲ့ အခါကျတော့ အဲဒါရိုင်းတယ်ဖြစ်တယ်ဗျ။ ဒါကတော့ ကြိုက် သလိုမြင်လို့ရပါတယ်။ ကျနော်ကတော့ ဒီတိုင်းပါပဲ။
“ရူးချင်ယောင် ဆောင်မနေနဲ့” ဆိုတဲ့ လေးဖြူ (ဓာတ်ပုံ – ဧရာဝတီ)
မေး။ ။ ကိုလေးဖြူရဲ့ အသက် ၄၀ ကျော်လာတဲ့ နောက်ပိုင်းမှာ လိုက်ဖ်စတိုင်ဘယ်လို ပြောင်းသွားတာလဲ။ အသက်ကြီးလာရင် ဘာတွေ ဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ကိုယ်ပိုင်သံစဉ်တွေပဲ ဆိုသွားတော့မယ်ဆိုတာမျိုး ရှိလား။ ဖြေ။ ။ အဲလိုတော့ မရှိဘူးဗျ၊ အဲလိုတော့ ကျနော်ဘယ်တော့မှ မပြောဘူး။ အရပ်စကားနဲ့ ပြောရမယ် ဆိုရင် ငရဲ ကြီးပါတယ်။ ကော်ပီကိုဘာဖြစ်တယ် ညာဖြစ်တယ် ပြောလို့မဖြစ်ဘူးဗျ၊ ကျေးဇူးက အများကြီး ရှိတယ်။ ဒါပေမယ့် ကျနော်ပြောတာကို သဘောမတူဘူး ဆိုရင်လည်း သဘောမတူလို့ ရပါတယ်။ ဒါကတော့ လွတ်လပ်ခွင့်ပဲလေ။ ကျနော့်ကိုယ်ပိုင်အယူအဆနဲ့ ပြောမယ် ဆိုရင်တော့ ဒါက ကော်ပီကို ဒီလိုတွေ ပြောနေရတာကိုက ငရဲကြီးပါတယ်။ ဒီလောက်ပဲပြောချင်တယ်။ တခြားဟာတော့ သိပ်မပြောချင်ဘူး။ ဒီကိစ္စကလည်း ပြောရမယ်ဆိုရင် စာနယ်ဇင်းသမားတွေ၊ မီဒီယာသမားတွေ လုပ်စားလို့ကောင်းအောင် ထွင်ထားတဲ့ ထွင်လုံးကြီးပါ .. ။ ဒါက ကော်ပီတွေ၊ ကိုယ်ပိုင်သံစဉ်တွေသာ လျှောက်ပြောနေတာပါ ..။ တချို့ဆို ကော်ပီဘာလဲ ကိုယ်ပိုင်သံစဉ် ဘာလဲတောင် သိပုံမရပါဘူး။ ဒါ စာနယ်ဇင်း သမားတွေရဲ့ လုပ်ကွက်ကြီးလို့ပဲ ပြောချင်တယ်။
လေးစားစွာဖြင့်Rဗြဲ

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ