အောင်လ - ကျွန်တော့်ရဲ့နာမည်အရင်းက ဇွဲရန်အောင်လှပါ။ ကျွန်တော်က ၁၉၈၅၊ ၉ လပိုင်း၊ ၁၇ ရက်နေ့မှာ မွေးပါတယ်။ ပြီးတော့ ကျွန်တော်က ဒီ Reason Band မှာ သီချင်းဆိုပါတယ်။
Ossie - ကျွန်တော့်နာမည်က Ossie လို့ခေါ်ပါတယ်။ နာမည်အရင်းကလည်း Ossie ပါပဲ။ ကျွန်တော်က ဒီ Reason Band မှာ Drum တီးပါတယ်။ ကျွန်တော့်ရဲ့ မွေး သက္ကရာဇ်ကတော့ ၁.၄.၈၃ ဖြစ်ပါတယ်။
ရဲမြတ်ကျော် - ကျွန်တော့်နာမည် အရင်းကတော့ ရဲမြတ်ကျော်ဖြစ်ပါတယ်။ အနုပညာ နာမည်လည်း ရဲမြတ်ကျော်ပါပဲ။ အဓိကကတော့ Base Guitar တီးပါတယ် Reason Band မှာ။ ကျွန်တော့်ရဲ့ မွေးနေ့ကတော့ ၁၉၈၄၊ ၄ လပိုင်း၊ ၂၄ ရက်နေ့ဖြစ်ပါတယ်။
Jone Jone - ကျွန်တော်ကတော့ Jone Jone ပါ။ ဒီ Reason Band မှာ ကျွန်တော် Second Guitar တီးပါတယ်။ ကျွန်တော့်နာမည်အရင်းကတော့ ရဲဝင့်ဌေးပါ။ မွေးနေ့ ကတော့ ကျွန်တော် ၂၆ ရက်၊ ၅ လပိုင်း၊ ၁၉၈၆ မှာမွေးပါတယ်။
Wille - ဟုတ်ကဲ့။ ကျွန်တော့်နာမည် Wille ပါ။ ကျွန်တော့်နာမည်အရင်းကလည်း Wille ပဲဖြစ်ပါတယ်။ ကျွန်တော် ဒီ Reason Band မှာ Lead Guitar တီးပါတယ်။ ကျွန်တော့် မွေးနေ့ကတော့ ၂၃.၁၂.၁၉၈၀ ဖြစ်ပါတယ်။
မိုမို - အကိုတို့တွေ တစ်ယောက်ချင်းစီပေါ့နော် ဒီအနုပညာလောကထဲကို ဘယ်လိုဝင်ရောက်လာခဲ့တာလဲဆိုတာ သိပါရစေရှင်။
အောင်လ - ကျွန်တော်ဝင်တာ ၂၀၀၃ - ၂၀၀၄ လောက်ကပေါ့နော်။ ကျွန်တော်သီချင်းရေးတယ်။ သီချင်းဆိုတယ်။ ၀ါသနာအရမ်းကြီးလို့ ရောက်လာတာပါ။
Ossie - ကျွန်တော်က ဒီ Reason မှာ စ၀င်လာတော့ ကျွန်တော် ၂၀၀၇ မှာ စ၀င်လာတာပေါ့နော်။ ကျွန်တော် ၉၉ ကတည်းကနေပြီးတော့ ကျွန်တော် ဒီ Drum ပညာကိုသင်ပြီးတော့၊ မန္တလေးက ဆရာဦးဌေးလှိုင်ဆီမှာ သင်ပြီးတော့ ကျွန်တော်ဒီ Music လောကထဲကို ၀င်လာတာပါ ၂၀၀၇ ထဲကနေပြီးတော့။
ရဲမြတ်ကျော် - ကျွန်တော်က ၁၀ တန်းပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ Base Guitar စပြီးတော့ တီးဖူးပြီးတော့ ဒီလို Section တွေ လိုက် တီးပြီးတော့ နောက်ပိုင်းမှ Reason မှာ အတည်တကျ ၀င်ဖြစ်တာပါ။
Jone Jone - ကျွန်တော်လည်း ၁၀ တန်းအပြီး ဆိုင်တွေမှာလိုက်ပြီး တီးနေရင်းနဲ့ ဒီ Music လောကထဲကို ရောက်လာတာပါ။
Wille - ဟုတ်ကဲ့.. ကျွန်တော် Guitar ကို ၁၉၉၉ မှာ မန္တလေးကဆရာဦးဌေးလှိုင်(ဧဒင် Guitar Training Class) မှာ ကျွန်တော် သင်ယူခဲ့ပါတယ်။ အဲဒီကနေပြီးတော့ ကျွန်တော် Section Player အနေနဲ့ လိုက်တီးရင်းနဲ့ ကျွန်တော် ဒီ Reason က ညီအကိုတွေနဲ့ တွေ့ပြီး ဒီ Reason မှာ Lead Guitar တီးဖြစ်ခဲ့ပါတယ်။
မိုမို - Reason ဆိုတဲ့ အဖွဲ့လေးကိုရော ဘယ်အချိန်တုန်းက ဘယ်လိုဖွဲ့ဖြစ်သွားတာလဲဆိုတာ သိခွင့်ရနိုင်မလားရှင်။
အောင်လ - Reason က ၂၀၀၇၊ November အဲမှာ စဖွဲ့ဖြစ်တာပါ။
မိုမို - တခြား Band တွေနဲ့ မတူပဲ အကိုတို့ Band နာမည်လေးက ထူးထူးခြားခြားနဲ့ Reason လို့ ပေးဖြစ်သွားပုံလေး ပြောပြပေးပါဦး။
အောင်လ - Reason ဆိုတဲ့ဟာ.. သူ့ရဲ့အဓိပ္ပါယ်အတိုင်းပဲပေါ့နော်။ အကြောင်းပြချက်ကိုယ်စီနဲ့ ကျွန်တော်တို့က ဒီ Music ကိုလုပ်တယ်။ အကြောင်းပြချက်ကိုယ်စီနဲ့ပဲ ဒီ Reason ဆိုပြီးတော့ ဖွဲ့ဖြစ်တာပေါ့နော်။ Reason အဖွဲ့ဆိုပြီး ဖွဲ့ဖြစ်တာ။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့ အကြောင်းပြချက်လေးကို ဒီ Band နာမည်ပေးလိုက်တာပါ.. ဟုတ်။
မိုမို - Reason ဆိုတဲ့ အဖွဲ့ဖြစ်လာဖို့အတွက်နဲ့ အဖွဲ့ဝင်တွေအားလုံး စိတ်တူကိုယ်တူဖြစ်အောင် ဘယ်လိုမျိုးစုစည်းခဲ့ရပါလဲရှင်။
အောင်လ - အဖွဲ့အားလုံး စုစည်းဖို့ဆိုတာတော့ ဘယ်လိုပြောမလဲ.. တဖြည်းဖြည်းနဲ့ ရင်းနှီးတယ်။ တဖြည်းဖြည်းနဲ့ အကြိုက်ချင်းလည်း တူလာတယ်။ တဖြည်းဖြည်းနဲ့လည်း ဒီလိုမျိုးပေါ့နော်.. ဟို.. သူ့အကြိုက်၊ ကိုယ့်အကြိုက်လေးတွေပေါ့။ အဲလိုမျိုး မျှလုပ်ရတာလေးတွေ ရှိတယ်။
Wille - ဘယ်လိုလဲဆိုတော့ ပထမပိုင်းတော့ ကျွန်တော်တို့တအား တစ်ယောက်နဲ့တစ်ယောက် In-touch သိပ်မဖြစ်ဘူး။ Link လည်း သိပ် မချိတ်မိဘူးပေါ့။ နောက်ပိုင်း ဒီတီးရင်းတီးရင်းတီးရင်းနဲ့ အားလုံးက ညီအကိုမောင်နှမလိုပဲ တရင်းတနှီး စိတ်တူကိုယ်တူဖြစ်လာတာပေါ့။
မိုမို
- အခုခေတ်က သီချင်းဆိုတဲ့နေရာမှာ တီးဝိုင်းတွေဖွဲ့ပြီး သီချင်းတွေဆို
ကြတယ်ပေါ့နော်။ ဒါပေမဲ့ အဖွဲ့တော်တော်များများက ခဏလေးနဲ့ တစ် ကွဲတစ်ပြား
ကွဲသွားကြတာ တွေရပါတယ်။ အကိုတို့ရဲ့ ဒီ Reason Band ကိုရော
ခိုင်ခိုင်မြဲမြဲ စည်းစည်းလုံးလုံးနဲ့ နေရာတစ်ခုကို ရယူနိုင်အောင်
ဘယ်လိုကြိုးစားခဲ့လဲရှင်။အောင်လ - အဓိကက ကျွန်တော်တို့ Band က လူလည်း များတယ်။ ခြောက်ယောက်ပေါ့နော်။ Band က လူနည်းရင်တောင်မှပဲ ကွဲပြဲနိုင်တယ် ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ခြောက်ယောက်က မကွဲဘူးဆိုတာက ဘယ်လိုပြောမလဲ.. အဓိကကတော့ ကျွန်တော်တို့အခြေခံက Music မှာ အခြေခံတာ။ ဒီ Music က ခုနက ကို Wille ပြောသလိုပဲပေါ့။ တွဲတာ ကြာလည်းကြာရော အဓိကကတော့ ဒီ Music ကြောင့်ပေါ့။ တွဲလာတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလေးတွေ ရလာတယ်။ တစ်ယောက် နဲ့တစ်ယောက်လည်း အချိတ်အဆက် Link ချိတ်မိလာတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီ Music လုပ်နေရရင်ကို ပျော်တယ်။ အဲဒါကြောင့် အဓိကအချက်က အဲဒီအကြောင်းအရာလေးပဲ ထင်ပါတယ်။
Wille - ဟုတ်ပါတယ်။ အောင်လပြောသလိုပါပဲ။ ကျွန်တော်တို့ တခါတလေကျရင်တော့ အချင်းချင်း နားလည်မှုတွေလွဲပြီးတော့ စကား များကြတာ၊ တယောက်နဲ့တယောက် စိတ်ဆိုးပြီးတော့ အော်ကြဟစ်ကြတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီ Music ဆိုတဲ့ဟာ ၀င်လာရင် ကျွန်တော်တို့ အဲဟာတွေအားလုံးကို ခ၀ါချပြီးတော့ ပုံမှန်အတိုင်း ကျွန်တော်တို့အလုပ်လုပ်ပါတယ်။
မိုမို - Stage Show တွေနဲ့ ပက်သက်ပြီးတော့ အကိုတို့အဖွဲ့ ပထမဆုံး စင်ပေါ်တက်ပြီး ပရိတ်သတ်ကြားထဲ ထိုးဖောက်ခဲ့ရတဲ့အချိန်မှာ ရရှိတဲ့အတွေ့အကြုံနဲ့ ပီတိလေးတွေကိုလည်း မျှဝေပေးပါဦးနော်။
အောင်လ - အတွေ့အကြုံကတော့ Show တစ်ပွဲတိုင်း၊ တစ်ပွဲတိုင်းစီမှာရှိတယ်။ တစ်ပွဲတက်တိုင်း အတွေ့အကြုံတစ်ခုကတော့ အမြဲတမ်း ရတာပေါ့နော်။ ကျွန်တော်တို့အတွက် အမြဲတမ်း အသစ်အဆန်းဖြစ်တဲ့ အတွေ့အကြုံမျိုးတွေရတယ်။ အဲဒီအတွေ့အကြုံမျိုး၊ အမှားတွေ ပေါ့နော်။ အဲဒီအမှားတွေကို ကျွန်တော်တို့ တတ်နိုင်သလောက်ပြင်တယ်။ တတ်နိုင်သလောက်ပြင်လည်း တဖက်ဖက်က အမြဲတမ်းတခုခုတော့ လိုနေတုန်းပဲပေါ့နော်။ ကျွန်တော်တို့ အဲဒါကိုရအောင် ဖြည့်ရင်းဖြည့်ရင်းနဲ့ အတွေ့အကြုံကတော့ တော်တော်များတယ်ဗျ။ ပြီးတော့ Show တစ်ပွဲတီးလို့ အောက်ကလက်ခုပ်သံကြားရတဲ့ အခါမျိုးကျရင်တော့ ကျွန်တော့်စိတ်ထဲမှာဆိုလို့ရှိရင် မျက်လုံးကပြာသွားတာပဲ။ လက်ခုပ်သံ ကြားလိုက်လို့ရှိရင် တော်တော်ပီတိဖြစ်တယ်။ အဲဒါ ပီတိလေးပါပဲ.. ဟုတ်။
Ossie - အတွေ့အကြုံတွေကတော့ များတော့များပါတယ်။ ဒါပေမယ့် တစ်ချို့ဟာတွေကျလည်း ရယ်စရာကောင်းပါတယ်။ ဘယ်လိုပဲ ရယ်စရာကောင်းကောင်း ပရိသတ်ဆဲလည်း ကျွန်တော်တို့ ဒီစင်ပေါ်က Music သမားတွေဆိုတော့ အမြဲတမ်းခံနေရတာပဲ။ ဒါပေမယ့် အဲဒါလည်းစိတ်မဆိုးပါဘူး။ Reason မှာ စပြီးတော့ Show ပွဲ တီးတိုင်းတီးတိုင်း အတွေ့အကြုံတွေက အမြဲတမ်း အသစ်အဆန်းတွေချည်း ပဲပေါ့။
မိုမို - အဲလို Show တွေဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှအောင် ဘယ်လိုရိုင်းပင်းကူညီကြပါလဲရှင်။
အောင်လ - အပေးအယူမျှဖို့က အဓိကကတော့ Practise ပေါ့နော်။ အဓိကက သီချင်းတွေကို ကြေညက်ဖို့ပေါ့။ အဲဒါ အဓိကပဲ။ သီချင်းတွေကို ကျွန်တော်တို့က ဒီခွေကို စမလုပ်ခင်ကတည်းက သီချင်းအကုန်လုံးက သီချင်းတွေက Demo လုပ်ပြီးသားလေ။ Demo လုပ်ပြီးသားမှာ ဒီသီချင်းတွေကို ကျွန်တော်တို့ Recording ၀င်ရင်လည်း ဒီသီချင်းတွေက ချက်ချင်းကိုတထိုင်တည်း တီးလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့က Demo ကို သေချာစိတ်ကြိုက်လုပ်ပြီးတော့မှ တီးတာ။ ပြီးတော့ Practise ကလည်း ကျွန်တော်တို့ရှိတော့ အခုဆိုလို့ရှိရင် Show တက်လို့ရှိရင် ကျွန်တော်တို့သီချင်းတောင် တိုက်စရာမလိုဘူး။ ဘယ်သီချင်းဘယ်သီချင်း ဆိုမယ်ဆိုတာ စင်ပေါ်ရောက်မှ ဆုံးဖြတ်တာပေါ့နော်။ အဲလိုမျိုး တွေရှိတော့ ကျွန်တော်တို့အတွက်က အပေးအယူက မျှပြီးသားပေါ့။
Ossie - Band တစ် Band မှာ စင်ပေါ်မှာဆိုလို့ရှိရင် အားလုံးက Practise makes perfect ကတော့ အဓိကပါပဲ။
မိုမို
- Show ပွဲတစ်ခုနဲ့ တစ်ခုမှာလည်း တခြား Band တွေနဲ့မတူအောင် ဘယ်လို
performance တွေနဲ့ ပရိတ်သတ်တွေကို တင်ဆက်လဲဆိုတာ ပြောပေးပါနော်။အောင်လ - Performance က ကျွန်တော်တို့ အဓိကအားနည်းချက်ပေါ့။ အဲဒီ Performance ကို ကျွန်တော်တို့အခု သေချာပေါ့။ ကျွန်တော်တို့မှာ အခုအဲဟာလေးတစ်ခုကို ကျွန်တော်တို့သေချာ အခုသေချာလုပ်ဖို့ လုပ်ထားပါတယ်။ ကျွန်တော်တို့ ဘယ်လိုလဲဆိုတော့ Performance တစ်ခု သီးသန့်တိုက်ဖို့ ကျွန်တော်တို့စီစဉ်ထားတယ်။ ကျွန်တော်တို့ တစ် Band လုံး ညီအောင်ပေါ့နော်။ အောက်ကပရိသတ်ကလည်း ကျွန်တော်တို့ကို သီချင်းရရုံတင် မဟုတ်ဘဲနဲ့ ကျွန်တော်တို့ကို ကြည့်ရတာကို ကျေနပ်တဲ့အထိကို ကျွန်တော်တို့ ဖျော်ဖြေချင်တယ်။ အဲဒါမျိုးစိတ်ကူးလေး ကျွန်တော်တို့မှာရှိတယ်။
ရဲမြတ်ကျော် - ကျွန်တော်လည်း အဲလို Performance တိုက်မယ်ဆိုတဲ့စကားကို ကျွန်တော်က အများကြီးအဲလို နည်းနည်း performance ကို ဘယ်လိုပြောမလဲ။ ၀ါသနာလည်းပါတာပေါ့။ performance ကို စင်ပေါ်မှာတက်ပြီးတော့ Guitar မတီးခင်ကတည်းကနေ အဲဒီလို စပြီးတော့ Guitar မတီးခင်ကတည်းက သူများတွေတီးပြီးတော့ကဲတာကို အရမ်းကြိုက်တယ်လေ။ အဲလို ပုံစံမျိုး။ အဲဒါကြောင့် ကျွန်တော်တို့ ဆံပင်တွေဘာတွေ အရှည်ကြီးထားထားပြီး performance ကြောင့် ပေါ့နော်။ (ရယ်လျှက်)
Wille - Performance ကိုပဲ.. ဟုတ်ပါတယ်။ စောနက အောင်လပြောသလိုပဲ ကျွန်တော်တို့မှာ အားအနည်းဆုံးပါပဲ။ ဒါပေမယ့် Band မှာ performance အားအနည်းဆုံးက ကျွန်တော်လို့ထင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်တီးတဲ့အချိန်မှာ performance လုပ်ရင် Bounce မကိုက်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တီးတာကိုပဲ အာရုံထားနေတော့ အဲတော့ performance ကို အာရုံထားလိုက်ရင် ကျွန်တော်တီးတာလွဲတယ်။ တီးတာအာရုံထားလိုက်ရင် performance က မကောင်းတော့ဘူး။ (ရယ်လျှက်)
မိုမို - အကိုတို့အားလုံးရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး ထွက်ထားတဲ့ ဘ၀သစ်ရဲ့မာတိကာဆိုတဲ့ အခွေကတော်တော်လေးကို အောင်မြင်တယ်နော်။ အဲဒီအခွေကို အကိုတို့စိတ်ကြိုက်ဖြစ်အောင် ဘယ်လိုမျိုးကြိုးစားပြီးတော့ ပရိသတ်လက်ထဲကို ထည့်ခဲ့တာလဲရှင့်။
အောင်လ - ကျွန်တော်တို့ ခုနကပြောသလိုပဲပေါ့နော်။ ကျွန်တော်တို့ Demo ကို အရင်ဆုံးလုပ်တယ်။ ကျွန်တော်တို့က recording တီးရင်သာ မြန်တာပေါ့နော်။ Demo လုပ်လို့ရှိရင် အရမ်းကြာတယ်။ ဘာလို့လည်းဆိုတော့ စိတ်ကြိုက်မဖြစ်မချင်း ကို Wille ပေါ့နော်.. သူကတော့ စိတ်ကြိုက်မဖြစ်မချင်း သူ့အိမ်မှာ အမြဲတမ်းတီးနေတာ။ Guitar Chords တွေကို သူအမြဲတမ်းရှာတယ်။ အဲလိုမျိုးလည်း တစ် Band လုံးကလည်း သီချင်းတွေအကုန်လုံးက အများကြီးရှိတယ်ပေါ့နော်။ ဒီအခွေထဲမှာ ထည့်ဖို့သီချင်းတွေ တော်တော်များများ ရွေးရတယ်ပေါ့နော်။ ရွေးရတဲ့ဟာလည်း အားလုံးရဲ့ဆုံးဖြတ်ချက်နဲ့ရွေးရတယ်။ ပြီးတော့ နောက်တစ်ခုက ဒီ.. ကျွန်တော်တို့ပေးတဲ့ဟာကို ကျွန်တော်တို့ အကောင်းဆုံးဖြစ်အောင် ပေးချင်တယ်။ အဓိကကတော့ အဲဒါပဲ။ ကျွန်တော်တို့ ဒီ.. အောင်မြင်တယ်လို့ မအောင်မြင်တယ်လို့ အဓိက မကျဘူးပေါ့နော်။ အဓိကက ကျွန်တော်တို့က ကိုယ်လုပ်ထားတဲ့ Music Quality ကို ကိုယ့်ဟာကို တာဝန်ယူရဲချင်တယ်။ အဲဒါကြောင့်မို့ ကျွန်တော်တို့ ကြိုးစားခဲ့တာပါ။ အဲဒါလေးတစ်ခုတော့ ကျွန်တော်တို့ ၀မ်းသာပါတယ်။
မိုမို - အကိုတို့ရဲ့ အခွေထဲမှာ English သီချင်းတွေလည်းပါသေးတယ်နော်။ အဲဒီသီချင်းတွေကို ကိုကျားပေါက်နဲ့ ကိုအောင်လက ရေးထားတယ် ပေါ့နော်။ ဒီလိုမျိုး English သီချင်းတွေကို အခွေထဲမှာ ထည့်ဖို့ ဘယ်လိုစိတ်ကူးရပြီး လုပ်ဖြစ်သွားတာလဲရှင့်။
အောင်လ - English သီချင်းက ကျွန်တော်တို့ထည့်ဖို့က အစောကြီးကတည်း အစီအစဉ်ရှိတယ်ပေါ့နော်။ ဘာလို့အစီအစဉ်ရှိလဲဆိုတော့ ကျွန်တော်တို့ Music ကို.. ဥပမာ ဗမာစကား နားမလည်တဲ့သူ နားထောင်လို့ရှိရင် English လိုလည်း နားလည်နိုင်တယ်။ ပြီးတော့ ဒီအခွေထဲမှာ နှစ်ပုဒ်ထည့်တယ်ဆိုတာကလည်း အမှန်အတိုင်း ပြောလို့ရှိရင် အဲဒီ English သီချင်း နှစ်ပုဒ်နေရာမှာ ကျွန်တော်ဗမာသီချင်း ပေါက်နိုင်မယ့်သီချင်းနှစ်ပုဒ် အစားထိုးလို့ရတာပေါ့နော်။ ဒါဆိုရင် ပိုပြီးတော့ Strong ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ရတယ်။ ပြဿနာမရှိဘူး။ ကျွန်တော်တို့ International ထိရောက်ဖို့ မမျှော်လင့်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို သီချင်းလေးတွေကို နားစွန် နားဖျားလေး ကြားလိုက်ရင်တောင်မှပဲပေါ့နော်.. နားလည်သွားတယ်ဆိုတဲ့ဟာမျိုးလေး ကျွန်တော်လိုချင်လို့ပါ။ အဲဒါကြောင့်.. ဟုတ်။
မိုမို - နောက်ထပ် Reason Band အနေနဲ့ အခွေတွေထွက်ဖို့ စီစဉ်ထားသေးလားရှင်။အောင်လ - ရှိတယ်။ ကျွန်တော်တို့ အခု Second Single ကျွန်တော်တို့စပြီး ပြင်ဆင်နေပြီ ပေါ့နော်။ ပြီးသွားရင်အခု အေးဆေးပဲဆိုတဲ့ အခွေရှိတယ်။ အေးဆေးပဲမှာ Wanted, Idiots, Reason, ခန့်ဖြိုးပေါ့နော်။ လေးယောက်.. အဲဒါတစ်ခွေရှိတယ်။ ပြီးတော့ SIR ဆိုတဲ့ တစ်ခွေ ရှိတယ်။ ကျွန်တော်တို့ ဟိုဟာပေါ့နော်.. Scarlet, Rickage, Big Bag, Idiots, Wanted, Reason.. အဲဒါရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ မင်းအတွက် (၃) ဆိုတဲ့ ခွေထဲမှာလည်း ပါထားတယ်။
မိုမို - အကိုတို့အခွေထဲမှာပါတဲ့ တောင်းပန်တယ်သီချင်းက အရမ်းကိုအောင်မြင်ခဲ့တယ်နော်။ ညီမတို့ radio မှာဆိုရင် အဲဒီသီချင်းကို တစ်နေ့တစ်နေ့ လာတောင်းကြတာမနည်းဘူး။ အဲဒီ သီချင်းလေးကို ဘယ်လိုရေးစပ်ဖြစ်သွားတယ် ဆိုတာကိုလည်း ပြောပြပေးပါရှင့်။
အောင်လ - အဲဒီသီချင်းကို ရေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အဲဒီသီချင်းလေးက ကျွန်တော်တို့ခွေထဲမှာ မထည့်ဖြစ်ဘူး။ ကျွန်တော်တို့ သီချင်းတစ်ခွေလုံးမှာပေါ့ Producer က ကျွန်တော်တို့ကိုပြောတယ်။ ပြောတော့ ဒီသီချင်းလေးကို ကျွန်တော်တို့သီချင်းတွေက အဆူတွေ များတာကိုး။ အဆူတွေများတော့ သီချင်းတစ်ပုဒ်လောက် ထည့်ပေးပါလို့ပြောတော့ ကျွန်တော်က အဲဒီသီချင်းလေးကို ပြကြည့်တယ်။ ကျွန်တော် ကို Wille အိမ်ကိုသွားတယ်။ ကို Wille အိမ်ကိုသွားပြီးတော့ ကျွန်တော် အဲဒီသီချင်းလေးကို ဆိုပြတော့ သူတို့ကြိုက်ကြတယ်။ အကုန်လုံး ကြိုက်ကြတာပေါ့နော်။ အဲဒီသီချင်းလေး.. ဒီတစ်ပုဒ်ပဲ ထူးထူးခြားခြား။ ဒီတစ်ခွေလုံးမှာ ဒီတစ်ပုဒ်ပဲ ပါတာပေါ့နော်။ အဲဒီ အေးအေးလေးဆိုလို့။
Wille - အဲဒါ ကျွန်တော်တို့ ဒီခွေရဲ့ Final Track ပေါ့။ အမှန်ကရှေ့မှာ အားလုံးသီချင်းက Fix ပြီးပြီ။ အဲ့မှာ Producer က တစ်ပုဒ်လောက်။ သူကအဲလို Pop Rock လေးတစ်ပုဒ်လောက် ထည့်ပေးပါဆိုလို့ သက်သက် duty ယူပြီးမှ နောက်ဆုံးပြန်တီးရတဲ့ သီချင်းပေါ့။
မိုမို - အကိုတို့ Reason Band အနေနဲ့ အကိုတို့ပရိသတ်တွေကို တခြား band တွေနဲ့မတူဘဲ အကိုတို့ကိုယ်ပိုင် ဘယ်လိုပုံစံမျိုးနဲ့ ဂီတကို ချပြချင်လဲဆိုတာလေး ပြောပြပေးပါနော်။
အောင်လ - ဂီတကတော့ ကျွန်တော်တို့အခု တီးနေတယ်ဆိုတဲ့ Rock ဂီတဆိုတာလည်း မြန်မာပြည်ကစတာ မဟုတ်ဘူးလေ။ အဲတော့ Reference လေးတွေတော့ ပါတာပေါ့။ Influence လေးတွေလည်းပါတယ်။ တစ်ချို့ကိုယ်ကြိုက်တဲ့ နှစ်သက်တဲ့ Band တွေက Mood လေးတွေတော့ ပါတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့အားလုံး ပေါင်းလိုက်ရင်တော့ Mood တွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ အဲဒီတော့ အားလုံးပေါင်းလိုက်လို့ရှိရင်တော့ Reason ရဲ့ Mood တော့ ထွက်ပါတယ်။
Ossie - ကျွန်တော် ဒီ Reason မှာဆိုလို့ရှိရင် ကျွန်တော်လည်း ကျွန်တော်ကြိုက်တဲ့ Band တွေက Drummer တွေရဲ့ ဒီဘယ်လိုခေါ်မလဲ.. Color ကို ယူတီးတယ်ပေါ့နော်။ ဒီ Reason ရဲ့ သီချင်းတွေမှာ။ အဲဒါကြောင့်မို့လို့ ဒီ Reason က တစ်ယောက်နဲ့တစ်ယောက် Players တွေက တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း.. ဘယ်လိုခေါ်မလဲ။ နားထောင်တာလည်း မတူကြတော့ ဒီ နောက်ဘိတ်ဆုံး Reason သီချင်းကို ဖန်တီးလိုက်တဲ့ အချိန်ကျတော့ Reason ရဲ့ Mood ကိုတော့ ရမှာပေါ့နော်။
မိုမို - အခုခေတ် ဂီတလောကအပေါ် အကိုတို့ရဲ့ အမြင်လေးကိုလည်း သိပါရ စေရှင်။အောင်လ - အဲဒါကတော့ ကျွန်တော်တို့ ပြောလို့ရှိရင်တော့ ကြီးပါတယ်။ ဘယ်လိုပြောမလဲ။ ဂီတလောကအပေါ် အမြင်ဆိုတော့ ဂီတလောကက တော့ မြန်မာပြည်မှာဆိုလို့ရှိရင်တော့ အရမ်းကိုအားနည်းတယ်ပေါ့။ ဘာလို့ လည်းဆိုတော့ ဒီမှာက ခိုးကူးခွေတွေလည်းရှိတယ်။ ပြီးတော့ Music သမားတစ်ယောက် ရပ်တည်ဖို့ ဘ၀ကြမ်းတယ်။ ၀ါသနာအရကြောင့်သာ ကျွန်တော်တို့ လုပ်နေရတာပေါ့နော်။ တစ်ကယ့်တစ်ကယ်တမ်းကျတော့ ကျွန်တော်တို့ လုပ်ရတဲ့အလုပ်က အရမ်းခက်ခဲပါတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်လုပ်ရတဲ့ အတိုင်းအတာနဲ့ ကိုယ့်အိမ်က စီးပွားရေးနဲ့ကျတော့ သိပ်မကိုက်ချင်ဘူးလေ။ ၀ါသနာကြောင့်သာ အဓိကအရင်းခံပြီး လုပ်နေတဲ့အခါကျတော့ ဒီမြန်မာပြည်ရဲ့ ဂီတလောကက ဟို.. ဘယ်လိုပြောမလဲ။ အနုပညာရှင် အကုန်လုံးက အဲဒီဒုက္ခလေးတော့ ခံစားရတာပေါ့.. ဟုတ်။
Wille - ကျွန်တော့်ကိုဆိုလည်း အဲလိုပဲ။ တစ်ချို့ Guitar ၀ါသနာပါတဲ့ ညီလေးတွေပဲဖြစ်ဖြစ်၊ အကိုတွေပဲဖြစ်ဖြစ် ကျွန်တော့်ကိုလာလာ မေးကြပါတယ်။ မေးကြတယ်ဆိုတော့ သူတို့ Guitar တီးချင်တယ်ပေါ့။ ဘယ်နှစ်လပြတ်နဲ့ သင်လို့ရမလဲ။ ဘယ်နှစ်နှစ်ပြတ်နဲ့ သင်လို့ရမလဲ ပေါ့နော်။ အဲလိုမျိုးမေးကြတယ်။ ဒါပေမယ့် သူတို့ဝါသနာပါတယ်ဆိုလို့ ကျွန်တော်က ကိုယ်အားတဲ့အချိန်မှာ သင်ပေးနိုင်လို့ သင်ပေးခဲ့ရင်တော့ သင်ပေးချင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းကြီးကို လျှောက်မယ်ဆိုရင်တော့ ကျွန်တော်ကတော့ သိပ်အားမပေးချင်ဘူးပေါ့။ ဘာလို့လည်း ဆိုတော့ တော်တော်ကြီး အချိန်လည်းပေးရမယ်။ နောက် ဒီစီးပွားရေး ဘာညာအတွက်လည်းဆိုရင် ကိုယ်နေတဲ့ မိဘတွေဘာတွေလည်း အားပေးဦးမှဖြစ်မှာကိုး။
Jone Jone - ဒီမှာကတော့ ပြောရလို့ရှိရင် အဓိကကအဲဒီခိုးကူးတို့ ဘာတို့ကြောင့်ပေါ့နော်။ လုပ်ချင်တဲ့ Band တွေကလည်း၊ အဆိုတော် တွေကလည်း အများကြီးပါပဲ။ ဒါပေမယ့် ဒီလိုခိုးကူးတွေဘာတွေကြောင့် ထုတ်လုပ်သူတွေကလည်း အများကြီးကို စဉ်းစားလာကြတယ်။ အဲဒီအခါကျတော့ ဟို..ပြောရရင် Music က သိပ်ပြီးတော့ လုပ်ရတာ မလွယ်ဘူးပေါ့။
ရဲမြတ်ကျော် - ဒီမြန်မာနိုင်ငံမှာက ခိုးကူးခွေတွေ ရှိနေသရွေ့ကတော့ Producer တွေက ရှားနေမှာပဲလေ။ Producer တွေကလည်း တစ်ခွေတစ်ခွေကို သိန်းရာချီပြီးတော့လုပ်ပြီးတော့ ခိုးကူးခွေက ထွက်သွားတယ်ဆိုတော့ ဘယ် Producer ကမှလည်း သိပ်ပြီးတော့ ထုတ်ချင်တော့မှာမဟုတ်ဘူး။ အဲဒီ Producer တွေ ရှားသွားတာက ဘာဖြစ်သွားလည်းဆိုတော့ တစ်ကယ့် Music ကို. တစ်ကယ့်ကို လုံးဝ ရေရေလည်လည် လုပ်နိုင်တဲ့လူတွေ၊ တစ်ကယ့်တော်တဲ့လူတွေ၊ ရွက်ပုန်းသီးတွေက အများကြီးကျန်ခဲ့တယ် ပြတ်ပြီးတော့။ အဲဒါလေး တစ်ခုတော့ သိပ်စိတ်မကောင်းဘူးဗျာ။
မိုမို - အခုဂီတလောကမှာ Hip Hop, rock, metal တို့ဆိုပြီးတော့ အမျိုးအစားတွေ အများကြီးရှိလာတယ်နော်။ အဲဒီဂီတအမျိုးအစားအလိုက် တချို့ပရိသတ်တွေက ကိုယ်မကြိုက်တဲ့ ဂီတဆိုရင် ပြင်းပြင်းထန်ထန် ဝေဖန်တာမျိုးတွေ ရှိတတ်တယ်လေ။ အဲဒါတွေကိုရော အကိုတို့အနေနဲ့ ဘယ်လိုမြင်ပါလဲရှင်။
အောင်လ - ဒါကတော့ နားထောင်တဲ့လူတွေရဲ့ စိတ်ကြိုက်ပေါ့နော်။ နားထောင်တဲ့လူတွေမှာ သူတို့မှာသူတို့ Free Style သူတို့ရွေးခွင့်ရှိတယ်။ မကြိုက်ခွင့်လည်းရှိသလို ကြိုက်ခွင့်လည်းရှိတယ်ပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ဘာမှ မမြင်ပါဘူး။ Hip Hop လည်း ဂီတပဲပေါ့နော်။ အကုန်လုံး.. အဲဒီ Rock လည်း ဂီတပဲ။ Metal လည်း ဂီတပဲ။ Metal ကို ကြိုက်တဲ့သူက Metal ကို ပြောလို့ရတယ်။ အဲလိုပဲ.. Metal ကို မကြိုက်တဲ့သူကလည်း Metal ကို မကြိုက်ဘူးလို့ ပြောခွင့်ရှိတယ်။ ဒါကတော့ ကျွန်တော်အဲလိုပဲထင်တယ်။ နားထောင်တဲ့လူမှာက လွတ်လွတ်လပ်လပ် ရွေးပိုင်ခွင့်ရှိပါတယ်။
Ossie - ကျွန်တော်ကတော့ ဒီလိုရွေးတယ်ဆိုတာ ကျွန်တော်ကတော့ ပရိသတ်တွေရဲ့ ဘယ်လိုခေါ်မလဲ။ သူတို့ရဲ့ စိတ်ကြိုက်ပေါ့နော်။ သူတို့ရဲ့ လွတ်လပ်ပိုင်ခွင့်ပေါ့။ ကျွန်တော်တို့ ဒီ.. အနုပညာသမားတွေက Rap ကော၊ ဒီ Pop ကော၊ Metal ကိုကော ကျွန်တော်တို့ ဒီအနုပညာသမားတွေ အတွက်ကတော့ အကုန်လုံးက ဒါကဂီတပါပဲ။ အဲလိုပဲ လက်ခံထားပါတယ်။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ Music အားလုံးကို ကျွန်တော် ခံစားလို့ရပါတယ်။ Hip Hop လည်း ကျွန်တော်ခံစားလို့ရပါတယ်။ Mono တွေလည်းရပါတယ်။ တကယ်တမ်းပြောလို့ရှိရင် ကျွန်တော်အကုန်လုံးကို ကျွန်တော်ခံစားပါတယ်။ (ရယ်လျှယ်)
မိုမို
- Underground ဂီတလောကမှာဆိုရင် Hip Hop တို့ဘာတို့သာ များတယ်လေ။ Rock
သီချင်းတွေက တော်တော်နည်းတယ်နော်။ အဲဒီအပေါ်မှာရော အကိုတို့ရဲ့အမြင်လေး
ပြောပြ ပေးပါဦး။အောင်လ - Underground မှာ Hip Hop တွေများတာ မဟုတ်ဘူးဗျ။ Metal တွေလည်းများတယ်။ Rock တွေလည်းများပါတယ်။ ဒါပေမယ့် Hip Hop နဲ့ Rock နဲ့ကျတော့ ဘယ်လိုနည်းနည်း ကွဲသွားလည်းဆိုတော့ Rock ကကျတော့ သူကသီချင်း.. တစ် Band ဆိုလို့ရှိရင်ဗျာ.. လေးယောက်လောက်တော့ ရှိတာပေါ့နော်။ အဲဒီတော့ Rock Band က နည်းတော့နည်းလိမ့်မယ်။ ဒါပေမယ့် လူအင်အားတော့ ပိုများတယ်ပေါ့နော်။ Hip Hop ကကျတော့ သူကတစ်ယောက် သို့မဟုတ် နှစ်ယောက်၊ သုံးယောက်ပေါ့နော်။ အဲလောက်ရှိတဲ့ အခါကျတော့ Hip Hop Underground လည်းရှိသလို Rock Underground တွေလည်း ရှိပါတယ်။ အဲလိုမျိုး များတာ၊ မများတာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီအပေါ် အမြင်ကတော့ ဘယ်လိုလည်းဆိုတော့.. Underground ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် အခွေမထွက်သေးတဲ့လူတွေပေါ့။ အဲဒါကို Underground လို့ခေါ်တာ။ အဲတော့ ခွေမထွက်သေးတဲ့သူတွေက ဘာလို့မထွက်တာလဲဆိုတော့ သူတို့မထုတ်နိုင်လို့ပေါ့နော်။ ရှင်းနေတာပဲ။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က သူတို့ရဲ့ Music ကို သူတို့ချပြချင်တယ်။ ချပြချင်တဲ့အခါကျတော့ သူတို့ Underground မှာပေါ့။ အဲဒီ Show ပွဲလေးတွေမှာ သူတို့တက်တယ်။ အောင်လ - Underground မှာ Hip Hop တွေများတာ မဟုတ်ဘူးဗျ။ Metal တွေလည်းများတယ်။ Rock တွေလည်းများပါတယ်။ ဒါပေမယ့် Hip Hop နဲ့ Rock နဲ့ကျတော့ ဘယ်လိုနည်းနည်း ကွဲသွားလည်းဆိုတော့ Rock ကကျတော့ သူကသီချင်း.. တစ် Band ဆိုလို့ရှိရင်ဗျာ.. လေးယောက်လောက်တော့ ရှိတာပေါ့နော်။ အဲဒီတော့ Rock Band က နည်းတော့နည်းလိမ့်မယ်။ ဒါပေမယ့် လူအင်အားတော့ ပိုများတယ်ပေါ့နော်။ Hip Hop ကကျတော့ သူကတစ်ယောက် သို့မဟုတ် နှစ်ယောက်၊ သုံးယောက်ပေါ့နော်။ အဲလောက်ရှိတဲ့ အခါကျတော့ Hip Hop Underground လည်းရှိသလို Rock Underground တွေလည်း ရှိပါတယ်။ အဲလိုမျိုး များတာ၊ မများတာတော့ မရှိဘူးပေါ့နော်။ ဒါပေမယ့် အဲဒီအပေါ် အမြင်ကတော့ ဘယ်လိုလည်းဆိုတော့.. Underground ဆိုတာက ပြောရမယ်ဆိုလို့ရှိရင် အခွေမထွက်သေးတဲ့လူတွေပေါ့။ အဲဒါကို Underground လို့ခေါ်တာ။ အဲတော့ ခွေမထွက်သေးတဲ့သူတွေက ဘာလို့မထွက်တာလဲဆိုတော့ သူတို့မထုတ်နိုင်လို့ပေါ့နော်။ ရှင်းနေတာပဲ။ အဲဒီအတွက်ကြောင့်မို့လို့ သူတို့က သူတို့ရဲ့ Music ကို သူတို့ချပြချင်တယ်။ ချပြချင်တဲ့အခါကျတော့ သူတို့ Underground မှာပေါ့။ အဲဒီ Show ပွဲလေးတွေမှာ သူတို့တအတွဲခွေလေးတွေမှာ လိုက်မယ်။ အဲလိုမျိုးပေါ့နော်။ ဒါ Underground ကနေ စတယ်ဆိုတော့ အဲဒီအပေါ် အမြင်ကတော့ ကောင်းပါတယ်။ ကြိုးစားမှုလေးကို မြင်ရတာပေါ့နော်.. ဟုတ်။
Wille - ကျွန်တော့်အနေနဲ့ Underground ကို ကျွန်တော်အားပေးပါတယ်။ အားပေးတယ်ဆိုတာက သူတို့လုပ်ချင်တဲ့ဟာလေးကို ဒီ Underground ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ လုပ်ရတဲ့အတွက် သူတို့လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါကျွန်တော်တို့တက်ခဲ့ရတဲ့ ပုံစံမျိုးပါပဲ။ ပြီးတော့ အတွဲခွေလေးတွေမှာ လိုက်မယ်။ အဲလိုမျိုးပေါ့နော်။ ဒါ Underground ကနေ စတယ်ဆိုတော့ အဲဒီအပေါ် အမြင်ကတော့ ကောင်းပါတယ်။ ကြိုးစားမှုလေးကို မြင်ရတာပေါ့နော်.. ဟုတ်။
Wille - ကျွန်တော့်အနေနဲ့ Underground ကို ကျွန်တော်အားပေးပါတယ်။ အားပေးတယ်ဆိုတာက သူတို့လုပ်ချင်တဲ့ဟာလေးကို ဒီ Underground ဆိုတဲ့ ဒီခေါင်းစဉ်အောက်မှာ လုပ်ရတဲ့အတွက် သူတို့လည်း ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။
မိုမို - အကိုတို့အနေနဲ့ တစ်ယောက်ချင်းစီ တစ်ကိုယ်တော် အနုပညာလုပ်ငန်းတွေ လှုပ်ရှားဖို့ရော ရှိပါလားရှင်။
အောင်လ - အနုပညာအလုပ်ကတော့ ကျွန်တော်ကတော့ ဒီသီချင်းအရေးနဲ့အဆိုကို အဓိက၀ါသနာပါတာပေါ့နော်။ ပြီးတော့ ကျွန်တော် Director အလုပ်လည်း ၀ါသနာပါပါတယ်။ (ရယ်လျှက်)
Ossie - ကျွန်တော်ကတော့ ဒီ့ပြင်အနုပညာလှုပ်ရှားမှုကတော့ ဒီလို Section Drum ခေါ်တီးလို့ရှိရင် ကျွန်တော်လိုက်တီးပေးပါတယ်။ အဲဒါ လောက်ပါပဲ။
ရဲမြတ်ကျော် - တစ်ကိုယ်တော် အနုပညာလှုပ်ရှားမှုဆိုတော့ Section လောက်ပဲ ရှိမယ်ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်က Base သမားဆိုတော့ တစ်ကိုယ်တော်ထုတ်မယ်ဆိုရင် Base Only Instrumental ထုတ်နိုင်မှဖြစ်မှာလေ။ (ရယ်လျှက်)
Jone Jone - ကျွန်တော်ကတော့ အခုတစ်ကိုယ်တော်ဆိုတော့.. အဲလိုမျိုးမရှိပါဘူး။ ဒီ ကျွန်တော့်တို့ Reason က Family နဲ့ပဲ လုပ်ချင် တာပေါ့။ တခြားအပြင်မှာ ၀ါသနာပါလို့ တခြားအလုပ်တွေ လုပ်တာမျိုးလောက်ပဲ စိတ်ဝင်စားပါတယ်.. ဟုတ်။ Music အနေနဲ့ကတော့ အဲလိုမျိုး မရှိပါဘူး။
Wille - ကျွန်တော့်အနေနဲ့ဆိုရင်တော့ Guitar Instrumental ခွေလေး လုပ်ချင်တယ်ဗျ။
မိုမို - အကိုတို့ရဲ့ ၀ါသနာနဲ့ အားလပ်ချိန်မှာ ဘာတွေလုပ်တတ်တယ်ဆိုတာလည်း ပြောပြပေးပါဦး။
အောင်လ - ၀ါသနာကတော့ အများကြီးရှိတယ်။ ကျွန်တော်ဆိုလို့ရှိရင် ကျွန်တော်ရုပ်ရှင်ကြည့်တာ ၀ါသနာပါတယ်။ ရုပ်ရှင်အရမ်းကြည့်တယ်။ ပြီးတော့ ရေကူးတာ ၀ါသနာပါတယ်။ ကျွန်တော်ရေကူးလို့ရှိရင် ဘယ်သူမှကျွန်တော့်လောက် လိုက်မကူးနိုင်ဘူး။ ကျွန်တော်တစ်နေ့ ရေတစ်ခါကူးရင် အနည်းဆုံး ကျွန်တော် ၆ နာရီလောက်ကူးတာ။ (ရယ်လျှက်)
Ossie - ကျွန်တော်ကတော့ ကျွန်တော်အိမ်မှာဆိုရင် တစ်နေ့ကုန် ရုပ်ရှင်ထိုင်ကြည့်တယ်။ ပြီးလို့ရှိရင် Game နှိပ်တယ်။ အဲဒါကျွန်တော့်ရဲ့ အဓိက၀ါသနာပေါ့။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ အစုံလုပ်တယ်။ ရေကူးတာလည်း ၀ါသနာပါတယ်။ ဘောလုံးဆိုလည်း ကန်ချင်တယ်။ Game ဆိုလည်း ဆော့ချင်တယ်။ အဲ့လိုပေါ့။ ပြီးတော့ တခြား.. ခွေကြည့်တာလည်း ၀ါသနာပါတယ်။ စာဆိုရင်လည်း ဟာသစာတွေ များသောအားဖြင့် ဖတ်တယ်။ ခွေဆိုလည်း ဟာသကားတွေကြိုက်တယ်။ အဲ့လိုမျိုးပေါ့။
Wille - ကျွန်တော်ကတော့ အဓိကကတော့ အမ်.. ရုပ်ရှင်ကြည့်မယ်။ သီချင်းနားထောင်မယ်။ Online သုံးမယ်ပေါ့။
Jone Jone - ကျွန်တော်ကတော့ အားတဲ့အချိန်က စာဖတ်တာပိုပြီးတော့ ၀ါသနာပါပါတယ်။ဟာသအတိုလေးတွေ ဖတ်ရတာကြိုက်တယ်။ နောက်.. အားကစားအနေနဲ့ဆိုလို့ရှိရင် ကျွန်တော်အဲလို စက်ဘီးစီးရတာတို့ဘာတို့ သဘောကျတယ်။
မိုမို - အကိုတို့အဖွဲ့အနေနဲ့ ပြည်ပခရီးစဉ်တွေရော စီစဉ်ထားတာမျိုး ရှိပါလားရှင်။အောင်လ - ပြည်ပခရီးစဉ်ကတော့ ကိုယ့်ဟာကိုယ်တော့ စီစဉ်နေတာပဲပေါ့နော်။ ဒါပေမယ့် ကိုယ့်ဟာကိုယ်စီစဉ်တာက ကိုယ့်ဟာကိုယ်တော့ စီစဉ်နေတာပဲ။ (ရယ်လျှက်) ဒါပေမယ့် မရောက်သေးတာပေါ့နော်။
Ossie - ကျွန်တော်တို့ စီစဉ်တာက တစ်ကမ္ဘာလုံးတော့ နှံ့သွားပြီဗျ။ (ရယ်လျှက်)
Jone Jone - မရောက်သေးတာပဲရှိတယ်။
ရဲမြတ်ကျော် - လောလောဆယ်ကတော့ ဘယ်လိုပြောရမလဲဆိုတော့ လောလောဆယ်ကတော့ နားထဲမှာတော့ ပြောရသံမကြားသေးဘူး အခုထက်ထိ။ (ရယ်လျှက်)
မိုမို - ဟုတ်ကဲ့။ အကိုတို့အနေနဲ့ အားကျအတုယူရတဲ့ ပြည်တွင်းပြည်ပ အဆိုတော်တွေ၊ band တွေရှိရင်လည်း ပြောပြပေးပါဦး။
အောင်လ - အဲဒါတွေကတော့ အများကြီးပဲဗျ။ ဘာလို့လည်းဆိုတော့ ဒီပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ ဆရာတွေပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမှာကကျောင်း လည်း မရှိဘူးလေ။ ကျောင်းလည်းမရှိတော့ ဒီလိုသီချင်းများများနားထောင်။ သူတို့ဘယ်လို တီးလည်း လိုက်လေ့လာပေါ့နော်။ ဘယ်လိုဆိုလည်း လိုက်လေ့လာ။ အဲဒါမျိုးပါပဲ။ အားကျတဲ့ Band တွေကတော့ အများကြီးပဲဗျ။ ကျွန်တော်ပြောပြလို့ရှိရင် မလောက်လောက်ဘူး။ အများကြီးပဲ။ ပြည်တွင်းမှာလည်း အများကြီးဖြစ်သလို ပြည်ပမှာလည်း အများကြီးပါပဲ။
Ossie - ကျွန်တော်က ဒီပြည်ပဆိုလို့ရှိရင်တော့ Drummer နှစ်ယောက် ကြိုက်တယ်ခင်ဗျ။ ကျွန်တော် Mike Portnoy နဲ့ Simon Philips ကိုကြိုက်တယ်။ ဒီပြည်တွင်းမှာဆိုလို့ရှိရင်တော့ IC ကို ကြိုက်တယ်ပေါ့နော်။ ပြီးတော့ ဒီ့ပြင် ဒီ Underground တွေမှာလည်း ကောင်းတဲ့ Band တွေရှိပါတယ်။ အဲဒါတွေကိုလည်း ကျွန်တော်ကြိုက်တယ်။
ရဲမြတ်ကျော် - ကျွန်တော်လည်း ဒီပြည်တွင်းပြည်ပ အကုန်လုံးတော့ ကျွန်တော်ကြိုက်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် IC ကို အဓိကထားပြီး ကျွန်တော်ကြိုက်ပါတယ်။ Emperor လည်း ကြိုက်တယ်။ ကျွန်တော့်.. တော်တော်များများ ကျွန်တော်ကြိုက်ပါတယ်။ ဟိုဟာ.. ပြည်ပမှာ ဆိုရင်တော့ ကျွန်တော်က Base သမားဆိုတော့ Base ကို အများကြီးတီးတဲ့ McBain တို့၊ Mr.Big တို့၊ Dream Theater တို့ ကြိုက်ပါတယ် ကျွန်တော်.. ဟုတ်။
Jone Jone - ကျွန်တော်ကလည်း ပြည်တွင်းပြည်ပဆိုတော့ ဟိုကြိုက်တဲ့ Band တွေဆိုရင်တော့ အများကြီးပါပဲပေါ့။ ဒါပေမယ့် အဓိက ပြောရမယ်ဆိုရင် ကျွန်တော့်ဆရာပေါ့။ ကျွန်တော့်ဦးလေးကို ပိုပြီးတော့ပြောချင်တယ်။ နောက်.. တခြားနိုင်ငံခြားဆိုလို့ရှိရင် ပြည်ပ Band အနေနဲ့ဆိုရင် Dream Theater တို့၊ Buckethead Guitar သမားကို ကြိုက်တယ်ပေါ့.. ဟုတ်။
Wille - ကျွန်တော့်အကြိုက်လည်း အဲလိုပါပဲ။ အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော် Guitar ကို ကျွန်တော်လွှမ်းမိုးမှု အများဆုံးနဲ့ ကျွန်တော် Practise လုပ်ခဲ့တာကတော့ Buckethead, Mason နောက် John Petrucci, Steve Vai, Joe Satriani ပေါ့။ ဒါပြည်ပနော်။ ပြည်တွင်း မှာကလည်း အဲလိုမျိုး အများကြီးရှိပါတယ်။ ဒါပေမယ့် ကိုယ် Prefer အဖြစ်ဆုံးကတော့ IC ပေါ့။ ကျန်တဲ့ String Instrument တီးတဲ့ Players ကိုလည်း လေးစားပါတယ်။
မိုမို - အကိုတို့အနေနဲ့ ဒီအနုပညာကိုပဲ ဇောက်ချလုပ်သွားမှာလား။ တခြားစီးပွားရေးတွေ ဘာတွေ ကော လုပ်ဖို့ရှိသေးလားရှင့်။အောင်လ - အင်း အနုပညာက ဇောက်ချလုပ်မှာပါ။ တခြားစီးပွားရေးကတော့ Site ပေါ့နော်။ ကျွန်တော်တို့ရဲ့ Site age ပေါ့။ ကျွန်တော် တို့အဲဒီ တခြားအလုပ်ကတော့ လောလောဆယ်တော့ မစဉ်းစားရသေးပါဘူး။
Ossie - ဟုတ်.. ကျွန်တော်လည်း ဒီအနုပညာအလုပ်နဲ့ပဲ ထမင်းစားမှာပါ။
ရဲမြတ်ကျော် - ကျွန်တော်ကတော့ တတ်နိုင်ရင် စီးပွားရေးပါတွဲပြီးတော့ အနုပညာလည်း လုပ်ချင် တာပေါ့။
Jone Jone - စီးပွားရေးလည်း လုပ်ချင်ပါတယ်။ တွဲပြီးတော့ပေါ့။
Wille - လောလောဆယ် ကျွန်တော့်မှာတော့ ဒီအနုပညာအလုပ်ပဲ ရှိပါသေးတယ်။မိုမို - ကိုအောင်လက Reason အဖွဲ့ရဲ့ အဓိကအဆိုပေါ့နော်။ အကို့အနေနဲ့ တခြားအနုပညာ လုပ်ငန်းတွေ လုပ်ဖို့ရော စိတ်ကူးရှိသေးလားရှင့်။
အောင်လ - အဲလိုမျိုးတော့ မရှိဘူး၊ တခြားအနုပညာလုပ်ငန်း ဆိုလို့ရှိရင်တော့ ကျွန်တော်ဝါသနာ ပါတာလေးတော့ရှိတယ်။ အဲဒီခုန ကျွန်တော်ပြောသလို ဒါရိုက်တာအလုပ်လေးပေါ့နော်။ အဲဒါ ကလည်း ကျွန်တော်စီးပွားဖြစ်လုပ်မှာ မဟုတ်ပါဘူး။ ၀ါသနာအရလေးပေါ့။ ပြီးတော့ ဘာမှလည်း မလေ့လာရသေးပါဘူး၊ အခုလောလော ဆယ်တော့ ကျွန်တော် Idiots အဖွဲ့ကို ကျွန်တော်ရိုက်ပေးဖို့တော့ ရှိပါတယ်.. ဟုတ်။
မိုမို - အကိုက စုံတွဲသီချင်းတွေလည်း ဆိုတာတွေ့ရတယ်နော်။ အကိုရဲ့အတွေ့အကြုံနဲ့ ဆိုဖြစ်သွားပုံလေးလည်း ပြောပြပေးပါဦးနော်။
အောင်လ - စုံတွဲသီချင်းက ကျွန်တော်အဲလိုမျိုး တစ်ယောက်တည်း ခွဲထွက်ပြီးဆိုဖို့တော့ မရှိဘူးဗျ။ အဓိကကတော့ မေသူပေါ့။ မေသူက ကျွန်တော့်သူငယ်ချင်းလည်း ဖြစ်နေတော့ သူက သူ့အခွေမှာ အတင်းပူဆာတယ်။ ပူဆာတော့ ကျွန်တော်ဆိုပေးလိုက်ရတယ်။ ဆိုပြီးတဲ့ နောက်ပိုင်းမှာ တော်တော်များများက ကျွန်တော့်ကို လာဆိုခိုင်းကြတော့တယ်။ အဲ့ကျတော့ ငြင်းလို့မရတော့ဘူးပေါ့နော်။ အရှေ့မှာကိုယ်က တစ်ပုဒ်ဆိုပေးထားပြီး သူ့ကျမဆိုပေးဘူး ဖြစ်နေမှာဆိုးလို့။ အဲ့ဒါကြောင့်မို့လို့ပါ။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျွန်တော်တွဲမဆိုတော့ပါဘူး။
မိုမို - နောက်ပြီး အကိုရဲ့ သီချင်းတွေကလည်း ကိုယ်တိုင်ရေးတွေနော်။ ဘယ်လိုခံစားချက်တွေနဲ့ ရေးစပ်ဖြစ်တယ်ဆိုတာလည်း သိပါရစေနော်။
အောင်လ - ခံစားချက်ကတော့အစုံပေါ့။ ဘယ်လိုပြောရမလဲ ကိုယ့်ဟာကို ရုပ်ရှင်ကြည့်ရင်းနဲ့လည်းရတယ်။ တကယ့်အဖြစ်အပျက်တွေလည်း ပါတယ်။ ပြီးသွားတော့ စာဖတ်ရင်လည်းပါတယ်။ ပြီးတော့ပတ်ဝန်းကျင်မှာ တွေ့နေတဲ့ဟာတွေ.. ဥပမာ ကျွန်တော်တို့ music သမားဘ၀က ကြမ်းတာကိုး။ ကြမ်းတော့ စလာကတည်းက ဘတ်စ်ကား တိုးစီးတယ်ဆိုလို့ရှိရင် အဲဒီဘတ်စ်ကားပေါ်မှာ ကားကြပ်တာကအစ အကြောင်းအရာလေးတွေ ဖြစ်လာတယ်။ ဘတ်စ်ကားမှာ ကားကြပ်တယ်။ အင်း.. ပြီးသွားတော့ လမ်းမှာတွေ့တဲ့လူတွေ၊ အဆင်မပြေ တာလေးတွေ၊ ဟာသလေးတွေ ရှိတာတွေ့တယ်။ အဲဒါလေးတွေက ခံစားချက်ပါပဲ.. ဟုတ်။
မိုမို
- ဒါဆို personal လေး နည်းနည်းမေးမယ်နော်။ အစ်ကိုတို့မှာ ချစ်ရတဲ့ သူ၊
ရည်ရွယ်ထားတဲ့သူ ရှိလားမသိဘူးရှင့်။ မရှိသေးဘူးဆိုလည်း ဘယ်လို
မိန်းကလေးမျိုးကို စိတ်ကူးထားလဲဆိုတာ ပြောပြပေးပါဦး။ အောင်လ - ကျွန်တော့်မှာရှိပါတယ်။ အင်း... ကျွန်တော့်ကောင်မလေးက Australia မှာပေါ့နော်။ ဟုတ်
Ossie - အင်းကျွန်တော့်ကတော့ ဒီလိုပါပဲ။ (ရယ်လျှက်)
ရဲမြတ်ကျော် - တစ်ခုတော့ ကြေညာလိုက်မယ်။ ကျွန်တော်က ခုထက်ထိ ရည်းစားမထားဘူးသေးဘူးဗျ။ ဒါပေမယ့် ရည်ရွယ်ထားတာတော့ ရှိတယ်။ ပြောပြလို့တော့ မဖြစ်ဘူးထင်တယ်။
Jone Jone - ကျွန်တော်ကတော့ မရှိသေးပါဘူး၊ အဲလိုစိတ်ကူးထားတာမျိုး ဆိုတာ ထွေထွေထူးထူး အဲလိုစံထားတာမျိုးတော့ မရှိပါဘူး.. ဟုတ်ကဲ့။
Wille - ကျွန်တော့်အချစ်ရေးကတော့ အေးဆေးပါပဲ။
အော်ဒါနဲ့ ခုမှသတိရလို့ ကျွန်တော်တို့ ဒီနေ့ တစ် Band လုံး စုံတာမှာ Keyboard မီးမီး ပါမလာတာလည်း request လုပ်ပါတယ်။ သူမအားလို့ ပါတဲ့။
မိုမို - အကိုတို့ကို ချစ်တဲ့ပရိသတ်တွေက အကိုတို့ကို ဆက်သွယ်လို့ရနိုင်မယ့် email ဖြစ်ဖြစ်၊ facebook, website ဖြစ်ဖြစ်ရှိရင်လည်း ပြောပြပေးပါဦးရှင့်။
အောင်လ- အင်း ကျွန်တော်တို့ အခု Reason ဆိုပြီး website တစ်ခုလုပ်ဖို့ ကျွန်တော်စီစဉ်နေပါတယ်။ အဲဒါ Biography လေးတွေစုပြီး ကျွန်တော်သေသေချာချာလေး လုပ်ချင်လို့ ကျွန်တော်မစဖြစ်သေးတာပေါ့နော်။ လောလောဆယ်တော့ Facebook ထဲမှာ Reason ဆိုပြီး ရှာကြည့်လိုက်ရင်တော့ ကျွန်တော်တို့ Site ရှိပါတယ်။ အဲ့ထဲမှာ ကျွန်တော်တို့ရဲ့ Information အကုန်ပါတယ်။ ကျွန်တော်တို့သီချင်းတွေလည်း ပါတယ်။ ကျွန်တော်တို့ရဲ့ Photo တွေလည်းပါတယ်.. အဲ့ထဲမှာဟုတ်။
Wille - Reason Musician/Band ဆိုပြီးတော့။ Reason ၀င်လိုက်ရင် တခြား Reason တွေလည်း ထွက်လာမှာဆိုးလို့။
မိုမို - ညီမတို့ Myanmar Youth Media Club လိုမျိုး ပြည်တွင်းပြည်ပကပရိသတ်တွေနဲ့ အကိုတို့လို အနုပညာရှင်တွေကို ဆက်သွယ် ပေးနေတဲ့ Online media တွေကိုရော ဘယ်လိုမြင်လဲမသိဘူးရှင်။ ထင်မြင်ချက်နဲ့ အကြံဥာဏ်လေးကိုလည်း သိပါရစေ။
အောင်လ- အင်း media ဆိုတာကတော့ ဘယ်လိုပြောမလဲ ပရိသတ်နဲ့ အနုပညာရှင်နဲ့ ပေါင်းကူးပေးတဲ့ တံတားလေးပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒီမြန်မာပြည်မှာ ဆိုလို့ရှိရင်လည်း ဒီ ရေဒီယိုလိုင်း မဟုတ်ပဲနဲ့ပေါ့။ ဒီဂျာနယ်တွေ ဘာတွေကလည်း ဒီလိုပါပဲ။ ဒါပေမယ့် အဝေးရောက်နေတဲ့ ပရိသတ်တွေကျတော့ ဒီ Online Radio က တကယ့်ကို အဆင်ပြေပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့က Internet မှာ Click တစ်ချက်ထောက်ရုံနဲ့ သူတို့သိချင်တဲ့ အကြောင်းအရာတွေကို သိနိုင်တာပေါ့နော်။ အဲဒီ့အတွက်ကြောင့်မို့လို့ အရမ်းကောင်းပါတယ်။ အဲဒီ့အစီအစဉ်က Worldwide ဖြစ်တာပေါ့။ တကမ္ဘာလုံးမှာရှိတဲ့ တကမ္ဘာလုံး အဝေးရောက်နေတဲ့ ပရိသတ်တွေအကုန်လုံးနဲ့ ကျွန်တော်တို့ ရင်းနှီးသွားသလို ခံစားရပါတယ်။ အဲဒီတော့ အရမ်းကျေးဇူးတင်ပါတယ်။
Ossie - ဟုတ်.. တကယ်တမ်း ဒီအစီအစဉ်က ကောင်းပါတယ်။ မြန်မာပရိသတ်တွေလည်း Online မှာ ဘယ်သူမဆိုလည်း တကမ္ဘာလုံးက လူတွေအကုန်လုံးလည်း ၀င်ကြည့်လို့ရတဲ့အတွက် ဒါကတော့ ကောင်းတဲ့အလုပ်တစ်ခုပါပဲ။
ရဲမြတ်ကျော် - ဟုတ်ကဲ့.. ကောင်းပါတယ်ခင်ဗျ။
Jone Jone - ကျွန်တော်တို့က အရမ်းသဘောကျပါတယ်.. ဒီအစီအစဉ်ကို။
Wille - ကျွန်တော်လည်း ဒီအစီအစဉ်ကို အရမ်းသဘောကျပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအခု Interview က ကျွန်တော်တို့အတွက် နဲနဲလေး ကြီးကျယ်ခမ်းနားတယ်လို့ ကျွန်တော်ထင်ပါတယ်။
မိုမို
- မေးခွန်းတွေကလည်း တော်တော်များနေပြီဆိုတော့ နောက်ဆုံး အနေနဲ့
အကိုတို့ကိုချစ်တဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် လေး ပြောခဲ့ပေးပါဦးနော်။ အောင်လ - ဟုတ် ကျွန်တော်တို့က ဒီ့ထက်မကပိုပြီး ကြိုးစားသွားပါမယ် လို့ ကျွန်တော်ပြောချင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ကိုချစ်တဲ့ ပရိတ်သတ်တွေ ကျွန်တော်တို့ကို ဒီ့ထက်မက ပိုချစ်ပေးပါလို့.. ဟဲဟဲ။
Ossie - ဟုတ်... ကျွန်တော်တို့အနေနဲ့ ဒီ Reason ကနေပြီးတော့ ပရိတ်သတ်တွေအတွက် music တွေကော နောက်ထပ်လုပ်မယ့် အစီအ စဉ်တွေကိုလည်း အကုန်လုံး အကောင်းဆုံး လုပ်သွားမယ်လို့ ကျွန်တော် ပြောချင်ပါတယ်။
ရဲမြတ်ကျော် - အင်း ကျွန်တော်တို့ ဒီပထမအခွေကိုလည်း အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်လို့။ Second Single အခွေ ကိုလည်း အားပေးကြပါအုံးလို့ ပြောချင်ပါတယ်။
Jone Jone - Reason ကိုချစ်တဲ့ ပရိသတ်ကြီးအားလုံး ပျော်ရွင်နိုင်ကြ ပါစေလို့ ဆုတောင်းပါတယ်။
Wille - Reason ပရိသတ်အားလုံးကို အထူးကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ နောက်ကျွန်တော်တို့ အခုဒီ ပထမဦးဆုံး Reason မာတိကာ။ ပြီးတော့ ကျွန်တော်တို့ ဒုတိယအခွေအတွက်လည်း ကျွန်တော်တို့ကြိုးစားပြီးတော့ Demo တွေ စပြီး Record လုပ်နေပါပြီ။
မိုမို - အခုလိုမျိုး ညီမမေးသမျှ မေးခွန်းတွေကို အချိန်ပေးပြီး ဖြေကြားပေးတဲ့ အကိုတို့ Reason တစ်ဖွဲ့လုံးကိုလည်း အရမ်းပဲ ကျေးဇူး တင်ပါတယ်နော်။ ဒီထက်ပိုပြီးတော့ အောင်မြင်မှုတွေရပါစေလို့ MYMC တစ်ဖွဲ့လုံးရဲ့ကိုယ်စား ဆုတောင်းပေးပါတယ်ရှင်။
Reason - ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်။ MYMC အနေနဲ့ ဒီထက်ကောင်းတဲ့ Program လေးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်ပါစေလို့.. ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
MYMCမှကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်Rဗြဲ








No comments:
Post a Comment