Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Tuesday, February 26, 2013

TUNEUP UTILITIES 2013 PORTABLE


မင်္ဂလာပါ
စက်လေးလို့ညစ်နေတဲ့ ဘော်ဘော်များ ဒါလေးကို Down ပြီး Run လိုက်ပါ..ဘာ key မှထည့်စရာမလိုတဲ့
Portable လေးပါ။ တော်တော် good ပါလားဆိုပြီး comment ပေးဖို့လဲမမေ့နဲ့ဦးနော်..

                                                              Mediafire
                                                    Password===>>> rvare <<<

Friday, February 22, 2013

ဖုန်း ၀ယ်တော့မယ်ဆိုရင် သိထားဖို့ ပါ (ဖတ်ရန်)


( GHz, GB, Ram , 4G , MP )
GHz  ( gigahertz )
Phone Processor ( ဖုန်း  …..)  ရဲ့ မြန်နူန်းကိုတိုင်းတာတဲ့  ယူနစ်ပါ…Webside တွေကိုဝင်တဲ့အခါ နဲ့  Applications တွေကိုသုံးတဲ့အခါ ဘယ်လောက်အမြန်နူန်းနဲ့  ဘယ်လို့   ဘယ်လို တုန့် ပြန်မယ်ဆိုတာ သိနိုင်ပါတယ်.. ပုံမှန် Smartphone  မှာ 1GHz  သုံးထားပြီး ပိုမြင့်တာတွေလည်းရှိပါတယ်…..
Ram ( megabytes   ‘MB’ နဲ့ တိုင်းတာပါတယ် )
နှေသွားခြင်းမရှိပဲ  Applications ဘယ်လောက်များများကိုတစ်ချိန်ထဲမှာ အသုံးပြုနိုင်မလဲဆိုတာကို Ram  အနည်း အများကို ကြည့်ပြီး သိနိုင်ပါတယ်.. အင်တာနက်နဲ့  ဖုန်းခေါ်တာလောက်ဆိုရင်တော့ 256 MB  ဆိုရင် ရပါပြီ..ဂိမ်း ကိုပါကောင်းကောင်းဆော့ချင်တယ်ဆိုရင်တော့ 512 MB  ကိုအနည်းဆုံးထားပြီး သုံးသင့်ပါတယ်….
GB  ( Storage )
တချို့ ဖုန်းတွေမှာ Memory Card ကိုအသေ ထည့်ထားတာ ရှိတက်ပါတယ်..ထုပ်လို့ မရသလို ထပ်ပြီးထည့်လို့ လည်းမရပါဘူး..( ရှားပါတယ် ) ကျန်တဲ့ ဖုန်းတွေကတော့ 2GB   နဲ့  34  GB ကြားကြိုက်တဲ့ ကတ်ထည့်သုံးလို့ ရပါတယ်.. သိမ်းချင်တာတွေများတယ်ဆိုရင် Gb များများဝယ်သုံးပေါ့နော်..
MP ( megepixels )
‘  MP ‘ များလေ ပုံထွက်အားကောင်းလေပါပဲ ၊ ပုံပိုလှလေပါပဲ..။ အသစ်ထွက်လာတဲ့  Smartphone အများစုမှာ 5MP  နဲ့  ပိုကောင်းတာတွေသုံးထားပြီး 16 MP အထိဝယ်ယူလို့ ရပါတယ်..
3GB / 4 GB
ဖုန်းရဲ့  Data  အမြန်နူန်းကို ရည်ညွန်းပါတယ်.. ဘယ်လောက်မြန်မြန် အင်တာနက်ကို ချိတ်ဆက်နိုင်မလဲ ဆိုတာ Kbps /  Mbps  ဆိုပြီးတိုင်းတာပါတယ်.. ပုံမှန်  3G နက်ဝက်တခုဟာ 144kpbs  နဲ့   2.4mpbs ကြားမှာ ရှိပြီးတော့ 4G  နက်ဝက်ကတော့ 1 mpbs  နဲ့  25 mpbs ကြားမှာရှိပါတယ်.. ( နိုင်ငံ နဲ့  အသုံးပြုထားတဲ့  ဆက်လိုင်းတွေပေါ်မှာ မူတည်ပါတယ်..) နောင်တချိန်မှာ  4 G နက်ဝက်ကိုတော့ 100mpbs  အထိမြန်ဆန်အောင် လုပ်နိုင်မယ်လို့ ခန့် မှန်းထားပါတယ်…ဖြစ်လာခဲ့မယ်ဆိုရင်တော့ အိမ်မှာသုံးနေတဲ့ broadband ထက်ပိုမြန်မှာဖြစ်ပါတယ်…
ဘာတွေသုံးချင်တယ် ဆိုတာကလည်းအရေးကြီးပါတယ် ကင်မရာကောင်းကောင်းနဲ့ လား  ။ Battery ကြာကြာခံချင်တာလား ။ အင်တာနက် ကိုမြန်ချင်တာလား ။ Wifi   လား   3G/4G လား ။ သုံးထားတဲ့  Operation System  ။ Game / E-Mail စသည်ဖြင့်ပေါ့….
ဖုန်းတလုံးကို လည်ပတ်စေတဲ့  Operation System ကို ရွေးချယ်တဲ့ အခါ Smartphone အများဆုံးအသုံးပြုနေတာက Android ပါ ။ Apple ကတော့ Ios  ။ Microsoft Window Phone, motions’s blackberry platform.  Os ကိုလိုက်ပြီး ဒေါင်းလို့ ရတဲ့   Software/   ဂိမ်းတွေ  / Application တွေဟာကွဲပြားကြပါတယ်…..
From ShweMyoTaw 
လေးစားစွာဖြင့်
      Rဗြဲ

Wednesday, February 20, 2013

ရဲသွင် -----သမုဒ္ဒရာလမ်းမများ


ရဲသွင်<--->သမုဒ္ဒရာလမ်းမများ
01/မီးတောက်ပေါ်ကနေ့ရက်များ
02/အသဲမီးတောင်
03/မင်းတစ်ယောက်ထဲအတွက်
04/တေ
05/အသစ်နဲ့အဟောင်း
06/အကောင်းဆုံးဝိုင်
07/အချစ်တခါးခေါက်သံ
08/လပြည့်အနမ်း
09/ကျေးဇူးပဲအချစ်လေး
10/အနီရောင်မိန်းကလေး
11/အမှတ်တရရင်ခုန်သံ
12/ဘယ်အချိန် ဘယ်နေရာ ဘယ်ကမ္ဘာ
                                                               Mirrorcreator     
                                               

ပိုးဒါလီသိန်းတန်<---->ချစ်ရည်းစား

01။တစ်ပါးသူမနမ်းစေချင်
02။စတိတ်ရှိုးနဲ့တိတ်တခိုး
03။ချစ်ရည်းစား
04။အသည်းကြေငြာမောင်းခတ်ထား
05။ရွှေရုပ်လေးကောက်ရသူ
06။မနောလှပန်းမောင့်ချစ်သူ
07။သောကတောင်တန်း
08။ရွှေဘုံစံ
09။ရွှေမြိုင်မှာပဲနေတော့မယ်
10။နှင်းပွင့်သစ္စာ
11။ချစ်စိတ်ငယ်ငယ်
12။မေတ္တာရိပ်မှတိတ်တခိုးထွက်သူ
13။စနေထောင့်မှာပန်းလှူမယ်
14။မန်းမြေမှာလေးနှစ်ကြာ
15။မြစ်ဆုံကိုလွမ်းတယ်
16။သူဆိုသူမှချစ်မိတယ်
                                                         Mediafire

Tuesday, February 19, 2013

"လေ"သာချွန်လိုက်ပါ (Only Andriod Phone)


မင်္ဂလာပါ
မေ့တတ်သော ဘော်ဒါများအတွက်ပါ။  "ငါ့ ဖုန်းဘယ်နေရာမှာများထားမိပါလိမ့်" အဲဒီဒုက္ခကနေဝေးအောင်
လေသာချွန်လိုက်ပါ..မိမိဖုန်းရဲ့ လေ ချွန်သံပြန်ကြားရပါလိမ့်မယ်..ဒါဆိုဖုန်းဘယ်နေရာမှာလဲဆိုတာ သယ်ရင်းတို့သိပြီပေါ့...မေ့တတ်ရင်ယူထားလိုက်နော်..
လေးစားစွာဖြင့်
Rဗြဲ
                                                        Mediafire           
                                         Passwprd==>>> rvare <<<

ထွဏ်းခမ် ...သီချင်းသစ်

ထွဏ်းခမ်(New Album)
01ရိုးရာဓလေ့
02။နောက်ဆုံးအချစ်
03။မျက်ရည်အက်ကြောင်း
04။အလိမ်တေး
05။သို့...အမေ
06။အလမ်းမိုးစက်
07။လပြည့်ည
08။မင်းလက်ထဲ
09။မင်းမှမင်း
10။တစ်သက်လုံး(Ft,ုန်သင်းပါရ်)
11။ဒဏ်ရာခရီးသည်
12။ပြန်လာပါ
                                                       Mirrorcreator 
                                                    
     

Facebook မှ သင့်ကိုပြောပြမည်မဟုတ်သော အချက် (၁၃) ချက်

၁ ။ Facebook မှ သင့်အကြောင်းကိုမည်မျှစုဆောင်းသိရှိသလဲသိလိုလျှင် - Home Menu ထဲမှ Account Settings သို့သွား၍ “ Down load a copy ofyourFacebookdata” အား Clickလုပ်ပါ။
၂ ။ သင်သည် default setting   အား  “Public”  လုပ်ထားသည်။ သို့သော် သင်၏ update  အချက် အလက်များနှင့် 
ပုဂ္ဂလိက သတင်း အချက်အလက်များ အား တစ်ကမ္ဘာလုံးသို့ မဖြန့်ဝေလိုပါက  “Privacy Setting “သို့သွားရောက်၍
ပြောင်းလဲမှုများပြုလုပ်ရမည်
၃ ။ သင့်သူငယ်ချင်းတွေ၏ Post တိုင်းကိုသင်မြင်ရမှာမဟုတ်သလို၊သင်၏updateသတင်းအချက်အလက်များကိုလည်း
သင်၏သူငယ်ချင်းတစ်ချို့တစ်ဝက်ကသာမြင်ရပါလိမ့်မည်။ Facebook သည် Usersများကိုsiteအားကြာရှည်စွာအသုံးပြု
စေလိုသောကြောင့် ကြိုက်နှစ်သက်မှု အများ ဆုံး၊ ပြန်လည် ဖြန့်ဝေမှုအများဆုံး၊ ဝေဖန် သုံးသပ်မှုအများဆုံး Post များ
ကို သာ ဦး စားပေးမြင်သာစေသည်။
၎ ။ သင်သည် Facebook သို့ “ Signinဝင်ပြီးသည့်အခါ နောင်တွင်သင်internetsurfလုပ်သည့်အချိန်တွင်လမ်းကြောင်း
တစ်ခုအဖြစ် အမြဲဖြစ်ပေါ်စေသည်။ မည်သည့်အချိန်တွင်မဆို FB တွင်Share / Like လုပ်ထားသော Page များအားဝင်
ရောက်ကြည့်ရှုပါက သင်၏ Share/ Like ပြုလုပ်သော Information များအား မှတ်သားပေးထားသည်။
၅ ။ သင်၏ Post များအား “Public” ပြုလုပ်ထားခဲ့ပါက မသမာသူများမှသင်၏ Updateသတင်းအချက်အလက်များအား
တွေ့မြင်နေရသဖြင့် မသမာမှုများအတွက် အထောက်အပံ့ဖြစ်နိုင်သည် ။ အာမခံကုမ္ပဏီများသည်Post လုပ်ထားသော
သတင်းအချက်အလက်များအား အသုံးပြု၍ ငွေအရစ်ကျပေးချေနှုန်းများတိုးမြှင့်ခြင်း၊ တောင်းဆိုမှုများအားငြင်းဆန်ခြင်း
များပြု လုပ်လေ့ရှိ ပါသည်။
၆ ။ သင်၏ စေ့စပ်လက်ထပ်ခြင်း၊ တက္ကသိုလ်ဝင်ခွင့်ရခြင်း ကဲ့သို့သော သတင်းများအား FBမှသတင်း ကြေငြာမှုတစ်ခု
အဖြစ် သတ်မှတ်၍ သင့်သူငယ်ချင်းများ၏ News Feeds တွင် ၄င်းတို့ နောက်တစ်ကြိမ်Log on လုပ်သည့် အချိန်အထိ
တိုင်အောင် ဖော်ပြပေးထားပါသည်။
၇ ။ ဥပမာအားဖြင့်သင်သည် Gap Facebook page တွင် ဈေးဝယ်ရခြင်းအား ကြိုက်နှစ်သက်သဖြင့် “Like” လုပ်ပါက
coupon ပေါ်လာသောအချိန်တွင် သင်ကျေနပ်လိမ့်မည်။ ထိုကဲ့သို့သော ဖြစ်စဉ်များသည် FB အားသင်၏အကြောင်းကို
ပိုမိုသိစေသည့် အကျိုးကျေးဇူးကိုရစေပါသည်။
၈ ။ သင်ဂရုစိုက်သောသူငယ်ချင်းများ၏ Posts များအား လုံလောက်စွာမကြည့်ရှုရဘဲ၊ သင်မကြည့်လိုသော သူငယ်ချင်း
များ၏ Post များအားမြင်တွေ့နေရပါသလား?

- New Feeds များအား Most Recent အဖြစ်စီစဉ်ပါ။
- သင်၏ Close Friends List ထဲသို့ Favorite Friend များအားထည့်ပါ။
- သင်စိတ်မဝင်စားသော သူငယ်ချင်းအချို့အား unsubscribe လုပ်ပါ။
၉ ။ FB သည်ကြော်ငြာထည့်သွင်းလိုသော companies များအား Advertising Space ရောင်း ချခြင်းဖြင့် ဝင်ငွေရရှိသည်။

ကြော်ငြာလိုသည့်ကုမ္ပဏီများသည် ၄င်းတို့ဆန္ဒရှိသည့်နေရာ၊ လုပ်ငန်းအမျိုးအစား နယ်ပယ်၊ပညာအရည်အချင်း level
စသည့် သတင်း အချက် အလက် များပေးသည်။ ကျွန်ုပ်တို့သည် ၄င်းတို့၏  စံအနေအထားများနှင့် ကိုက်ညီမည့်Pages
များတွင် ကြော်ငြာများ ထည့်ပေးသည်။
၁ဝ ။ သင်သည် သင်၏အရေးကြီးသော Post များအား သင် ၏သူငယ်ချင်း များ သို့ သေချာ စွာမြင်စေလိုလျှင်
- သင်၏ Update News အားသူငယ်ချင်းများ၏ News Feedsထိပ်ဆုံး တွင်ပြောင်းရွှေ့ ပေါ်လွင်စေရန် $7 မှ $10အထိ
Fee ပေး၍ပြုလုပ်နိုင်ပါသည်။
၁၁ ။ အသုံးပြုသူ အများစုဟာ  time line  ကို မကြိုက်နှစ်သက်ကြပါ။ သို့သော်timelineသည်အသုံးပြုသူများအတွက်
Shareလုပ်ရန် ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်သည်။ Timeline သည် မြင်သာသော ဆွဲဆောင်မှုရှိ၍ ဈေးကွက်အ
တွင်း Brands ထိုးဖောက်လိုသူ စီးပွားရေး လုပ်ငန်း များ အတွက် ပိုမိုကောင်းမွန် သော Platform တစ်ခုဖြစ်သည်။
၁၂ ။ သင်၏ Posts များအား Facebook friends များကြားတွင်တွေ့မြင်ရမှုကို ကန့်သတ်နိုင်သည်။

ဥပမာအားဖြင့် သင်၏ Post များအားboss မှလွဲ၍ အခြားသော သူများအားကြည့်ရှုခွင့်ပြုနိုင်သည်။
- Status Update Box ၏ ညာဘက်အောက်ထောင့်တွင်ရှိသောမြှားကို Click လုပ်ပါကOption အားလုံးကို တွေ့မြင်ရပါ
လိမ့်မည်။
၁၃ ။ Facebook Log on လုပ်နေစဉ် သင်၏ computer အား ထားရစ် ထွက်ခွာခဲ့ခြင်း မပြုလုပ်ပါနှင့်။ လုပ်ငန်းခွင် တွင်
တခြားသူမှ သင်၏ Status တွင်ဝင်ရောက်ရေးသားနိုင်သောကြောင့်ဖြစ်သည်။

Myanmar News Update ၏ စာမျက်နှာ မှ ကူးယူဖော်ပြပါသည်။

Monday, February 18, 2013

Andriod Phone အတွက် မြန်မာ့ဒိုး

 ကဲ ကိုသာကျော်တို့ ကိုသာအေး တို့ရေ ဒါလေးနဲ့ စာဥကိုလွမ်းလို့ရပြီနော်...
စာဥတောင် အပျိုကြီးဖြစ်လို့.. ဂလု....တသွးတမွေး..ဂလု...တတွေးမျိုချရုံကလွဲပြီး ဘာမှမတတ်နိုင်တော့လဲ...ဒါလေးနဲ့လွမ်းပေါ့ဗျာ...အဟီး။
                                                                Mediafire
                                                    Password==>>>rvare<<<

Saturday, February 16, 2013

နောနော်---> လေးလေးနက်နက် ( စီးရီးသစ်)

1။ကျေနပ်တယ်
2။ဒီထက်ပိုပြီး
3။လေဟာနယ်
4။ခဏမျက်စိမှိတ်ပြီး
5။ညချစ်သူ
6။ရိုးရိုးလေးပဲ
7။အဆိပ်နဲ့လူ
8။မလာချင်ပါနဲ့
9။ဆုံးရှုံး
10။အသဲကွဲမိုက်ကရိုဖုန်း
11။စဉ်းစား
12။မှားတယ်
13။လေးလေးနက်နက်
                                                             Mediafire                                   
                                                    Password==>>rvare<<

အသစ်အသစ်လေးတွေခံစားချင်ရင် အားပေးစကားလေးချီးမြှင့်ဖို့ မမေ့နဲ့နော်.....
လေးစားစွာဖြင့်
Rဗြဲ

Friday, February 15, 2013

Andriod Phone အတွက် C cleaner

Andriod Phone ပိုင်ရှင်များ မဖြစ်မနေ ဆောင်ထားသင့်တဲ့ Software ကောင်းလေးပါ။ မိမိဖုန်း အလုပ်လုပ်ရာမှာ ပေါ့ပါးသွက်လက်အောင် ဒီကောင်လေးကစွမ်းဆောင်ပေးပါလိမ့်မယ်။ အမြန်ယူထားလိုက်နော်..Link သေသွားမှာစိုးလို့...

                                                          Mediafire
                                                    Password=rvare

Android Phone များအတွက် ဖုန်းအဝင်အထွက်ဇယား



ဖုန်း အ၀င်၊ အထွက်၊ SMS၊ ဖုန်းအင်တာနက် အသုံးပြုထားတဲ့ Usage တို့ကို အသေးစိတ်မှတ်သား ဖော်ပြပေးတဲ့ app software

ဖုန်း အ၀င်၊ အထွက်၊  SMS၊  ဖုန်းအင်တာနက်  အသုံးပြုထားတဲ့ Usage တို့ကို
အသေးစိတ်မှတ်သား ဖော်ပြပေးမှာပါ။ ဖုန်း ခေါ်ဆိုထားတာ မိနစ် ဘယ်လောက်
ရှိပြီဖြစ်လို့ဘယ်လောက်ကျသင့်နေပြီဆိုတာကိုအလိုလျှောက်တွက်ချက်ဖော်ပြ
ပေးထားပါတယ်။
နောက်ပြီး ဖုန်းနဲ့ အင်တာနက်သုံးထားတာ Data  ဘယ်လောက်ရှိနေပြီ ဆိုတာကို
အသိပေးမှာပါ။အချိန်နဲ့ရာခိုင်နှုန်းကိုမိမိကသတ်မှတ်ပေးနိင်ပါတယ်။အရမ်းကောင်း
တဲ့ app လေးတစ်ခုပါ။ နောက်ထပ်Features တွေလည်းပါသေးလို့စမ်းကြည့်လိုက်
ပါအုံး။
                                                         Mediafire

Thursday, February 14, 2013

Android ဖုန်းပေါ်မှာ အရိုးခေါင်းမီးတောက် Style Live Wall Paper နဲ့လန်းချင်သူများအတွက်


Addroid Phone ပေါ်မှာ Style wall Paper လန်းလန်းလေးသုံးချင်သူ ဘော်ဒါများအတွက် တင်ပေးလိုက်
ပါတယ်။ စိမ်း/ဝါ/နီ/ပြာ မိမိစိတ်ကြိုက် အရောင်ကိုပြောင်း သုံးလို့ရပါတယ်။ လိုချင်လျှင် အောက်မှာ down
နိုင်ပါပြီ။
လေးစားစွာဖြင့်
Rဗြဲ
Download Here

လျှိုဝှက်ကင်မရာဖြင့် အရိုက်မခံရရန် ကူညီမည့် Phone Application


 လွန်ခဲ့တဲ့ ၂၀၁၂ September တုန်းကပေါ့ ချစ်သူလေးနဲ့ အတူတူ လည်ရင်း Youtube Video တစ်ခု
ကြည့်ခဲ့ကြတယ်။
...
Love Scence လေးပေါ့ ကောင်လေးနဲ့ ကောင်မလေး နမ်းနေကြတယ် နမ်းရင်း နမ်းရင်း

..............(ဆက်သာဖြည့်တွေး လိုက်ကြပါတော့)
မကြာပါဘူး ဖျနးဖျန်းဖျန်းဆိုပြီး ပါးကြီး ၃ချက်ဆင့် ပိတ်ရိုက်တယ် ကောင်မလေးက ကောင်လေးကို

ဘာကြောင့်ပါ လိမ့်ပေါ့..ဘယ်ဟုတ်မလဲ ကောင်မလေးဖုန်းက အသံတွေထမြည်တာ
ဘာလို့ မြည်တာတုန်း??

မြည်မှာပေါ့ ကောင်လေးက အခန်းထဲမှာ   ကင်မရာခိုးတပ်ပြီးသူတို  Love Scence လေးကို လျို့ဝှက်

ရိုက်ကူးရေး လုပ်နေတာ အဲဒါကို ကောင်မလေး ဖုန်းထဲမှာ ထည့်ထားတဲ့ Software လေးက ထောက်
လှမ်းမိပြီး အချက်ပြ လိုက်တာပေါ့ဗျာ...
ကဲ -
ကိုယ့်ချစ်သူနဲ့ လွတ်လွတ်လပ်လပ် ကဲချင်သူများ... မိသားစုနဲ့ အတူတူ ခရီးထွက်လည်ရင်း ဟော်တယ်မှာ

တည်းတဲ့အခါ ကင်မရာရန် ကြောက်သူများ.. Shopping Center တွေမှာ Fitting Room မှာ ၀တ်အစား
လဲတဲ့အခါ ကင်မရာရန် ကြောက်သူများ..
ဒီဆော့ဝဲလ်လေးနဲ့  ကူညီပါရစေ..ခင်ဗျား

ဆော့ဝဲလ်လေးအား မစသော အက်မင် Hein Thu အားလည်း ကျေးဇူးတင် ပါတယ် ။

လေးစားစွာဖြင့် 
Rဗြဲ
ဒီကိုနှိပ်ပြီးဒေါင်းပါ 








Every Months of 14 (လတိုင်းရဲ့ ထူးခြားတဲ့(၁၄)ရက်နေ့ များ)

1. January 14th "Diary Day"

    နှစ်သစ်တစ်ခုရဲ့အစပိုင်းလဖြစ်တဲ့အတွက် အထိမ်းအမှတ်အနေနဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို့ဒိုင်ယာရီ
   လက်ဆောင် ပေးသင့်ပါ တယ်။

2. February 14th "Valentine Day"

   ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေနဲ့  နှင်းဆီပန်းလှလှလေးတွေပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက်
   ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။"ချစ်သူများနေ့" လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။

3. March 14th "White Day"

   ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကိုသကြားလုံး(သို့) နှစ်သက်ရာလက်ဆောင်လေးတွေပေးကြတာပါ။
4. April 14th " Black Day"

   အနက်ရောင်နေ့ လို့ခေါ်ပြီးချစ်သူမရှိတဲ့ တစ်ကိုယ်တည်းသမားတွေအတွက်နေ့လေးတစ်နေ့ပါ။ စုံတွဲမရှိသူအချင်း
  ချင်းအတူတူသွားပြီးတစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကျပါတယ်။ ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့
  ရှိကြပါတယ်။


5. May 14th "Rose Day"

  နှင်းဆီများနေ့မှာတော့ချစ်သူကိုနှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိပါတယ်။ ယောက်ျားတွေကချစ်ရသူမိန်းခလေး
  ကိုနှင်းဆီပန်းတွေပေးပြီးသူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။

6. June 14th "Kiss Day"

  အနမ်းများနေ့ကတော့သိပ်မကောင်းပါဘူး။သူတို့ယဉ်ကျေးမှုမှာတော့ ကိုယ်နဲ့တွေ့တဲ့၊သိတဲ့ ကိုယ့်အသိအားလုံးကို
 နမ်းလို့ရပါတယ်။ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့။
7. July 14th "Silver Day"

   ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ၊ဒီနေ့မှာငွေထည်များလက်ဆောင်ပေးလေ့ရှိပါတယ်။

8. August 14th ""Green Day"

  အစိမ်းရောင်နေ့မှာတော့ချစ်သူစုံတွဲတွေသဘာဝအလှအပများရှိရာနေရာကိုအလည်အပတ်သွားပြီးသာယာစွာဒီနေ့
 ရက်ကိုကုန်ဆုံးကြပါတယ်။

9. September 14th "Photo Day"

   ချစ်သူတွေအချင်းချင်းအဲဒီနေ့မှာဓါတ်ပုံလှလှလေးတွေ ရိုက်ပြီးအချင်းချင်းအမှတ်တရအနေနဲ့ အပြန်အလှန်ပေးကြ
  ပါတယ်။

10. October 14th "Wine Day"

   ဒီနေ့မှာကိုယ့်ရင်ထဲကအချစ်ဆုံးသူနဲ့ဝိုင်အတူတူသောက်ပြီး တည်ကြည်နူးနူးစကားလေးတွေသီကျူးကြတဲ့နေ့လေးပါ။

11. November 14th "Movie Day"
   ဒီနေ့မှာတော့ချစ်သူစုံတွဲတွေအချစ်ဇာတ်လမ်းလှလှလေးတွေ အတူတူသွားကြည့်ကြတဲ့နေ့ပါ။


12. December 14th "Hug Day"

   နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလိုအေးချမ်းလှတဲ့ ဒီလို ဒီဇင်ဘာလမှာကိုယ့်ချစ်သူကိုနွေးထွေးမှုအပြည့်ပေးတဲ့အ
  နေနဲ့ ကြင်ကြင်နာနာပွေ့ဖက်ပြီး ချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။


ချစ်သူတိုင်းနေ့ရက်တိုင်းဆီမှာရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ။

Android ဖုန်းကို 3D ဒီဇီုင်းလေးနဲ့သုံးရအောင်



Android Phone ကို 3D  ဒီဇိုင်းလေးသုံးချင်တဲ့ Android Phone ပိုင်ရှင်များအတွက် 3D software လေးကိုဝေမျှပေးလိုက်ပါတယ်။ စမ်းသုံးကြည့်ချင်သူများ ယူသွားလိုက်ပါဗျာ။
Download Here

Wednesday, February 13, 2013

Android Phone တွင်ဗီဒီယိုတည်းဖြတ်ချင်သူတွေအတွက်

Vedio Edit စမ်းချင်သော Android phone ပိုင်ရှင်များအတွက်  Phone vedio edit software  လေးတင်ပေးလိုက်ပါတယ်။






ဒီကိုနှိပ်ပြီးဒေါင်းပါ
password=rvare

ဗိုလ်ချုပ်မွေးနေ့တွင်ရုပ်ရှင်ဟာသသရုပ်ဆောင်မော့စ်ကွယ်လွန်


                           ရုပ်ရှင်သရုပ်ဆောင်မော့စ်သည်ယနေ့နံနက်လေးနာရီကSSCအထူးကုဆေးရုံတွင်

ကွယ်လွန်သွားပြီဖြစ်ကြောင်း

ရုပ်ရှင်သရုပ်ဆောင်(ဦး)မော့စ်၏သားဖြစ်သူ(ကို)ထိုက်စံ ၏

ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြထားသည်။

ရုပ်ရှင်သရုပ်ဆောင်မော့စ်သည်သူ၏နောက်ဆုံးအချိန်တွင်လုံးဝသတိ

လစ်နေပြီးမိသားစုနှင့်စကားတစ်ခွန်းမျှတောင်မပြောလိုက်ရဟု

ရုပ်ရှင်သရုပ်ဆောင်မော့စ်၏သားဖြစ်သူ(ကို)ထိုက်စံက Messenger ဂျာနယ်သို့ပြောသည်။

ရုပ်ရှင်သရုပ်ဆောင်မော့စ်သည်အသည်းရောဂါဖြင့်

ကွယ်လွန်သွားခြင်းဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၅၉ နှစ် ရှိပြီဖြစ်သည့် ဟာသသရုပ်ဆောင် မော့စ်သည် အသည်းရောဂါေ4၀ဒနာကို ခံစားနေရခြင်းကြောင့် လွန်ခဲ့သည့် ၂နှစ်ခန့်ကတည်းက အနုပညာလုပ်ငန်းများမှလုံးဝအနားယူခဲ့ရသည်။ သို့ သော် ယခုကွယ်လွန်ခြင်းမှာ အဆုတ်ထဲရေ၀င်ရာမှအသက်ရှူမ၀ဖြစ်ကာ ရုတ်တရက်ကျန်းမာရေးအခြေအနေ ဆိုးရွားသွား ခြင်းကြောင့်ဖြစ်ကြောင်း ၎င်း၏ သားငယ်ကပြောသည်။ဆေးကုသမှုခံယူနေစဉ် “ထာဝရ အလင်းတန်းများ” ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကိုရရှိခဲ့ပြီး နှစ်လနီးပါးအကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ “မနေ့က ရုတ်တရက်ကြီးအသက်ရှူ မ၀သလိုဖြစ်လာလို့ ဆေးရုံတင်လိုက်တာ။ အဆုတ်ထဲရေ၀င်နေတာလို့ သိရတယ်။ ဆုံးတာကတော့ အဆုတ်ကြောင့်ပါ” ဟု ၎င်း၏ သားငယ်က ပြောသည်။အကယ်ဒမီဆုရရှိပြီး ရက်ပိုင်းကလည်း ကွယ်လွန်သည့်သတင်းများထွက်ပေါ်ခဲ့ပြီး “မော့စ်မသေသေးပါဘူး။ အိမ်မှာ အေးအေးဆေးဆေးပါပဲ” ဟု အဆိုပါ ကောလာဟလသတင်းများကို ယင်းအချိန်ကဖြေကြားခဲ့သည်။ အကယ်ဒမီဆုရရှိခြင်း အထိမ်းအမှတ်ဧည့်ခံပွဲကို ဇန်န၀ါရီလလယ်ပိုင်းက ကျင်းပသည့်သတင်းများဖြင့် ပရိသတ်ရှေ့မှောက်ရောက်ရှိခဲ့ပြီးနောက် ယနေ့နံနက်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။စွယ်စုံရဟာသသရုပ်ဆောင် မော့စ်ကွယ်လွန်ခြင်းအပေါ် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စွယ်စုံစွမ်းဆောင်ရည်ပြည့်ဝတဲ့ အနုပညာရှင်လောကသားတစ်ဦးဆုံးရှုံးတာဟာ ရုပ်ရှင်လောကအဆွးမျိုးရင်းတစ်ယောက် ဆုံးသွားသလိုခံစားရတယ်။ မှတ်မှတ်ရရလွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က ဂျပန်ကမြန်မာသံရုံးမှာ ပြဇာတ်ကတော့ ပြဇာတ်ပြက်လုံးခွင်တွေကအစ ညီအစ်ကိုစိတ်ဓာတ်နဲ့ သူများနိုင်ငံမှာ ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်တော့မှမမေ့နိုင်တဲ့သူနဲ့ပတ်သက်တဲ့အမှတ်တရပါ” ဟု ပြောသည်။

“ကျွန်တော်တို့တိုက်က ဇာတ်ကားနဲ့ အကယ်ဒမီရသွားတဲ့ ကိုမော့စ်အတွက်တော့အမှတ်တရတစ်ခုပေါ့နော်။တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ၀မ်းနည်းမိတယ်” ဟု မန္တလေးရှိ ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင် ဦးဇော်မြင့်ကပြောသည်။၁၉၈၀ ကျော်နှစ်များတွင် မိုးဒီ၊ မော့စ် ဟူသည့် ဟာသသရုပ်ဆောင်အတွဲမှာ အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး မြန်မာ့ရုပ်ရှင်လောက၌အငြိမ့်တစ်ခေတ်ကောင်းချိန်က အငြိမ့်ခွေလောကတွင်လည်းသူတို့နှစ်ဦးမှာအလွန်အောင်မြင်ထင်ရှားခဲ့သည်။ ဖလင်များရှားပါးပြီး ဗီဒီယိုခေတ်ဖြစ်လာချိန်တွင်လည်း ၎င်းတို့အတွဲမှာအတိုင်အဖောက်ညီသော ဟာသပြက်လုံးများကြောင့် လူကြိုက်များခဲ့သည်။ယနေ့နံနက်တွင် ကွယ်လွန်သွားသည့် ဟာသသရုပ်ဆောင် မော့စ်အား ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ပို့ဆောင်သင်္ဂြီုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

အောင်ဆန်းဇာနည်
==========

ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊

တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊

ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊

မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊

ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊

ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
 

Kaspersky Mobile Security 9.10.112 APK

Android Phone များအတွက် မရှိမဖြစ်ဆောင်ထားရမယ့် AntiVirus Software လေးပါ။ သူ့ကိုဒေါင်းပြီး install လုပ်လိုက်ပါ။ ဒေါင်းရတာလွယ်ကူအောင် Google Drive ကနေတင်ပေးလိုက်ပါတယ်။ဘာမှမခဲယဉ်းပါဘူး။ install လုပ်ပြီးသွားရင် မိမိမှတ်မိလွယ်တဲ့ အက္ခရာ ထည့်သွင်းပြီး update  (၃)ခါလောက် လုပ်ပေးရပါမယ်။တကယ်လို့များအဆင်မပြေခဲ့ရင် cbox မှာဖြစ်စေ comment မှာဖြစ်စေ အော်ခဲ့လို့ရပါတယ်။
လေးစားစွာဖြင့်
Rဗြဲ

                                                          Google Drive 
                                              

Tuesday, February 12, 2013

ဗိုလ်ချုပ်အောင်ဆန်း၏ စာအုပ်များ ဒေါင်းယူရန်




ပြည်ထောင်စုဗိသုကာဗိုလ်ချုပ်အောင်းဆန်း 


ကိုယ်တွေ့ပင်လုံ 



ဗိုလ်ချုပ်အောင်ဆန်း၏စီးပွားရေးအမြင်


ဗမာ့အောင်ဆန်း(၁) 
ဗမာ့အောင်ဆန်း(၂) 
ဗမာ့အောင်ဆန်း(၃) 




အောင်ဆန်းကဗျာများ 




မြန်မာ့သမိုင်းပုံပြင် 




လွတ်လပ်ရေးကြိုးပမ်းမူ့မှတ်တမ်း 





Who Killed gen-aung san
password=rvare


အဖြေမရသေးသော မေးခွန်းများ (အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်ရေးသားသူ ဦးခင်အောင်နှင့် အင်တာဗျူး)






Who Killed Aung San? စာအုပ်ကို ရေးသားပြုစုသူ ဦးခင်အောင်သည်
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရေး ကော်မတီ (သြစတြေးလျ) တွင်
၁၉၈၈ မှ ၁၉၉၂ အထိ ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံတကာဆိုင်ရာ ကော်မတီ၏ ဒုဥက္ကဋ္ဌ
တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ တွင် အမျိုးသားညွန့်ပေါင်း အစိုးရ၏
သြစတြေးလျဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဦးခင်အောင်၏ ဖခင်မှာ ဗိုလ်ချုပ် (ရဲချုပ်) ဦးထွန်းလှအောင်ဖြစ်ပြီး
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ လုပ်ကြံခံရစဉ်က ဘုရင့်
ရဲတပ်ဖွဲ့ဝင်နှင့် မှုခင်း စုံစမ်းရေးဌာန၏ ဒုရဲချုပ်ဖြစ်သည်။ ဦးစောနှင့်
အပေါင်းအပါများကို လျင်မြန်စွာ ဖမ်းဆီးနိုင်ရန်
ကြိုးပမ်းခဲ့သူလည်းဖြစ်သည်။ ဦးခင်အောင်သည် ဗမာ့ လွတ်လပ်ရေး
တပ်မတော်နှင့် ဗမာ့ ရေတပ်မတော်တို့တွင် တာဝန် ထမ်းဆောင်ခဲ့သည်။
စစ်ပြီးခေတ်တွင် ပင်လယ်ကူးသင်္ဘောကုမ္ပဏီတခု၌ အလုပ်လုပ်ကိုင်ခဲ့သည်။
အမေရိကန်တွင် ၁၂ နှစ်ကြာ နေထိုင်ခဲ့ပြီးနောက် သြစတြေးလျနိုင်ငံ
ကင်ဘာရာမြို့တွင် ၁၉၈၃ မှစ၍ အခြေချ နေထိုင်သည်။

ဦးခင်အောင်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်များ
လုပ်ကြံခံရမှုကြီးတွင် ပါဝင်ခဲ့သူတချို့နှင့် ပတ်သက်၍လည်းကောင်း၊
ဖြစ်ပျက်ခဲ့သော အခြေအနေအရပ်ရပ်နှင့် လည်းကောင်း ကိုယ်တိုင်
အတွေ့အကြုံရှိခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံခံရချိန်တွင်
ဦးခင်အောင်သည် အတွင်းဝန်ရုံးနှင့် မျက်နှာချင်းဆိုင် တဖက်ကမ်းရှိ ရေတပ်ကမ်းနားဌာနချုပ် ပြုလုပ်ထားသော စိန့်ပေါလ်ကျောင်းဝင်းတွင်
ရေတပ်အရာရှိတဦးအဖြစ် တာဝန်ကျနေသည်။ ဗြိတိသျှ မော်ကွန်းတိုက်ရှိ
အထောက်အထားများနှင့် စာအုပ်စာတမ်းများကို လေ့လာ၍ Who Killed Aung San?
စာအုပ်ကို ရေးသားပြုစုခဲ့သည်။ လုပ်ကြံမှုဖြစ်ပွားစဉ်က ဗိုလ်ချုပ်
အောင်ဆန်း၏ ဘေးတွင် ကပ်ထိုင်နေခဲ့ပြီး ကျည်ဆန် ချော်ထွက်သွားသောကြောင့်
အသက်မသေခဲ့သည့် ဦးခင်အောင်၏ ဦးလေးဖြစ်သူ ဦးရွှေဘော်ကိုယ်တိုင်
ပြန်ပြောပြခဲ့ခြင်းက ဤ စာအုပ်ရေးသားရန် လှုံ့ဆော်ခဲ့သည့် အကြောင်းရင်း
ဖြစ်သည်ဟု စာအုပ်အမှာတွင် ရေးသားထားသည်။ သြစတြေးလျတွင် နေထိုင်လျက်ရှိသော
ဦးခင်အောင်ကို ဧရာဝတီ တာဝန်ခံ အယ်ဒီတာ ကျော်စွာမိုးက မေးမြန်းထားပါသည်။


မေး ။    ။ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ဖြတ်တဲ့ နေရာမှာ ဘာကြောင့်
ဗြိတိသျှက အဓိက ပါနေတယ်လို့ သုံးသပ်ရပါသလဲ။


ဖြေ ။    ။ ဗိုလ်အောင်ဆန်းက လွတ်လပ်ရေး လိုချင်တယ်။ နိုင်ငံ
ကြီးပွားစေချင်တယ်။ ဆိုတော့ ရှိတဲ့ တောင်ပေါ်သားတွေနဲ့ အကုန်လုံး
ပေါင်းရမယ်လေ။ အဲဒီလိုမျိုး စိတ်ရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့
ဝန်ကြီးတွေကို သတ်ဖို့အထိကတော့ အသေအချာ ဘာမှ မရှိဘူး။ နောက်ကျတော့ ဘင်ဂလေ
[John Stewart Bingley: ဗြိတိသျှကောင်စီ ကိုယ်စားလှယ်] နဲ့ တခြား
ဗြိတိသျှ ခေါင်းဆောင်တွေ ပါလာတယ်။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေကလည်း သူတို့
မြန်မာပြည်မှာ ဆက်နေဖို့ အရေးကြီးတယ်။ လွတ်လပ်ရေး မရဖို့ အရေးကြီးတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဆိုရှယ်လစ်ဇင်ကို သဘောကျသလို ပြောလာတယ်။
ဒီကုမ္ပဏီတွေကို နေရှင်နယ်လိုက်ဇ် (နိုင်ငံပိုင်) လုပ်မယ်၊
မြန်မာအကျိုးရှိရင် ဘာမဆို အကုန်လုံး လုပ်မယ်ဆိုပြီး ဗြိတိသျှတွေက
ပြောလာတယ်။


မေး ။    ။ ဗိုလ်ချုပ်အောင်ဆန်းက တတိုင်းတပြည်လုံးကို စုစည်းနိုင်တဲ့
လူတယောက်ဖြစ်တယ်။ နောက်ပြီးတော့ လက်ဝဲယိမ်းတယ်လို့ ပြောလို့ရတယ်။ အဲဒီ
အချက်နှစ်ချက်က တော်တော် အဓိကကျနေတယ်ပေါ့။ တခြားအချက်တွေရော ရှိသေးလား။


ဖြေ ။    ။ အင်္ဂလိပ် ကုမ္ပဏီကြီးတွေက လုပ်ကြံမှု နောက်ကွယ်မှာ ငွေနဲ့
ထောက်ပံ့တယ်ဆိုတာ ဖြစ်နိုင်တယ်။ ဗိုလ်ချုပ်ကို မလိုလားတဲ့
နိုင်ငံရေးသမားတွေကို ကြီးကြီးကျယ်ကျယ် ထောက်ပံ့နိုင်တာပေါ့ဗျာ။
တခြားနည်းမရှိဘူး။ အင်္ဂလိပ်အစိုးရ ကိုယ်တိုင်ကလည်း ပထမ ဗြိတိသျှ
ဝန်ကြီးချုပ် ချာချီ (Winston Churchill)၊ နောက် အက်တလီ (Clement Atlee)၊
သူတို့ အနေနဲ့ကလည်း  ဒီလောက်မပေးဘူး။ အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်း
မပေးဘူး။ တိတ်တိတ်ခိုးပြီး ကြီးကြီးကျယ်ကျယ် ပေးနိုင်တာက
အင်္ဂလိပ်ကုမ္ပဏီတွေပဲ။ ဦးစောကို ပိုက်ဆံပေးတာတော့ ပေးမှာပဲ။ ဦးစောကလည်း
တောင်းမှာပဲ။ အဲဒီအချိန်မှာ ဦးစောရဲ့ညီ မောင်မောင်ကြီးကလည်း
လန်ဒန်မှာရှိတယ်။ နောက်တဆင့်ကျတော့ ဘလက်မားကက် (မှောင်ခိုဈေးကွက်) ဆိုတာစစ်ပြီးခေတ်မှာ ပေါ်လာတယ်။ ကျနော်တို့က အဲဒီအချိန်မှာ တပ်ထဲရောက်နေပြီ။
ရေတပ်ထဲမှာ။ တပ်ထဲရောက်နေတော့  ဒီအကြောင်းတွေ ကောင်းကောင်း သိတယ်။
ကုန်ကူးနိုင်တဲ့ လူတွေကလည်း တွေ့ကရာ ကုန်ကူးတာ။ နည်းနည်း မှတ်သားစရာနဲ့
ရယ်စရာလေးပေါ့ဗျာ။ ရဲဘော်သုံးကျိပ်မှာ ပါတဲ့  ဗိုလ်စင်္ကြာက လေကြောင်း
ကုမ္ပဏီလေးတခု သူထောင်တယ်။ အခု အာဏာရနေတဲ့လူတွေလည်း ဘိန်းတွေဘာတွေချ၊
ကျောက်စိမ်းသွင်းရင်သွင်း အမျိုးမျိုးလုပ်နေတာလိုပဲ၊ အဲဒီ
ခေတ်ကလူတွေကလည်း မီးခြစ်ကျောက်လို အသေးအဖွဲတွေက အစ သွင်းတာ။
ကျနော်ပြောချင်တာက တွေ့ကရာ လုပ်ကြတာ။ အင်္ဂလိပ်စစ်ဗိုလ်တွေက ဘာလုပ်လဲဆို
သူတို့ရဲ့ လက်နက်တွေ စင်ကာပူကို ပြောင်းနေရတယ်။ မြန်မာပြည်ကို လွတ်လပ်ရေး
ပေးတော့မယ်ဆိုတော့ စင်ကာပူကို ပြောင်းနေရတယ်။ ဒီကြားထဲမှာ သူတို့က
ရောင်းစားတယ်ဗျာ။ မရှင်းဂန်း၊ တော်မီဂန်းတွေ။ အဲဒီမှာရှိတဲ့ လက်နက်တွေ
အမျိုးမျိုး ရောင်းစားတော့ သူတို့ဆီကနေ ဦးစောက ဝယ်တယ်ဗျာ။


မေး ။    ။ ဗိုလ်မှူး စီ ဟင်နရီ ရန်း [Maj. C. Henry Young:
အိန္ဒိယတပ်မတော် လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာ အလုပ်ရုံ တပ်ခွဲ၏
တပ်မှူး] တို့ ဗိုလ်မှူး လန့်စ်လော့ ဒိန်း [Maj. Peter Lancelot Daine:
မင်္ဂလာဒုံ ပင်မ ခဲယမ်းမီးကျောက်တိုက်၏ တပ်မှူး] တို့က ရိုင်ဖယ်တွေ၊
ပစ္စတိုတွေနဲ့ ခဲယမ်းမီးကျောက်တွေ အဓိကထောက်ပံ့တဲ့ ဗြိတိသျှအရာရှိတွေလား။
တချို့ကပြောတော့ လန့်စ်လော့ ဒိန်းက တကယ် လက်နက်ထောက်ပံ့သူ မဟုတ်ဘဲ
ဗိုလ်မှူး ရန်း ဆီကပဲ ဦးစောက လက်နက်တချို့ ရလိုက်တယ်လို့ ပြောတယ်။


ဖြေ ။    ။ ပုလိပ်က ကျနော့်အဖေရဲ့ စီအိုင်ဒီဌာနက ကြားတာလား မသိဘူး။
စီအိုင်ဒီက ဌာနကလည်း စစ်အတွင်းက အလုပ်လုပ်လာတဲ့ ရဲဘော်တွေနဲ့ ချဲ့နေပြီ။
သူတို့ကလည်း ထောက်လှမ်းရေး ဆိုတော့ အမျိုးမျိုး ထောက်လှမ်းကြတာပေါ့။
နောက်တော့ အဲဒီမှာ လက်နက်တွေ ပျောက်ပျောက်နေတာ ပေါ်လာတယ်။ ဦးနု၊
ဦးကျော်ငြိမ်းတို့ အပြင် ဗိုလ်ချုပ်ကရော ဘုရင်ခံဆီ သွားသွား
တိုင်ကြတယ်ခင်ဗျ။ ဘုရင်ခံကလည်း ဘာမှ မလုပ်ဘူး။


မေး ။    ။ သွားတိုင်တယ်ဆိုတာက လက်နက်တွေ ပျောက်ပျောက်နေတယ်၊ ဦးစောက
လက်ခံရယူနေတယ် ဆိုတာ သိပြီးမှ သွားတိုင်တာလား။

ဖြေ ။    ။ ဟုတ်တယ်။ ကျနော့် အဖေရဲ့ စီအိုင်ဒီဌာနက သတင်းပေးတာ။ ကျနော့်
အဖေ ဌာနက လူတွေက မျိုးစုံရှိတယ်။ ဦးစောကို ဖမ်းမယ့် အချိန်မှာ
နိုင်ငံရေးသမားတွေရဲ့  အိမ်တွေမှာ လူတွေ ချောင်းနေတယ်။ လက်နက်တွေ
ပျောက်တာတို့ဘာတို့ အကြီးအကျယ် သိလာတဲ့အခါကျတော ဦးနုတို့က
ဦးကျော်ငြိမ်းတို့က တခုခုတော့ ဖြစ်တော့မယ်ဆိုတာ သိတယ်။ သတင်းတွေက
အမျိုးမျိုး ဖြစ်နေတယ်။


မေး ။    ။ ဗိုလ်မှူး ရန်း ကနေ ထောက်ပံ့တဲ့ လက်နက်တွေနဲ့ တကယ်
ဗိုလ်ချုပ်ကို သတ်ခဲ့တာမဟုတ်ဘူးလို့ ပြောတယ်။ သူတို့ သတ်ခဲ့တာက
တခြားလက်နက်တွေလို့ ပြောတယ်။ ဟုတ်ပါသလား။

ဖြေ ။        ။ အဲဒီ လူသတ်သမားက ၄ ယောက်ပဲ။ အဲဒီတော့ လေးယောက်ထဲမှာ
တော်မီဂန်းနဲ့က ၃ ယောက်။ တယောက်က စတင်းဂန်းနဲ့။ အငယ်ဆုံးလူ ရန်ကြီးအောင်
က စတင်းဂန်းကိုင်တယ်။ နောက်ကျတော့ လက်နက်တွေကို ကုလားပြည်ယူသွားပြီး
သူတို့စစ်တာပဲဗျ။ အမျိုးမျိုး စစ်တာပဲ။


မေး ။    ။ အဲဒီတော့ ဘာတွေတွေ့ခဲ့ရသလဲ။

ဖြေ ။    ။ ဘာတွေတွေ့လဲဆိုတော့ စစ်တပ်ရဲ့  လက်နက်တွေဗျ။ အသေအချာ ဘယ်သူ
ရောင်းသလဲ၊ ဘယ်ဝါ ရောင်းသလဲ။ နောက်ကျတော့ သူတို့ကို တိတ်တိတ်ခိုးပြီး
သူတို့နိုင်ငံကို ပြန်လွှတ်လိုက်တာပေါ့။ ရန်ကုန်မှာ ရှိနေတုန်းကတော့
ဗီဗီယန်း [Captain David Vivian: မြန်မာ လက်နက်ကိုင် ပုလိပ်တပ်ဖွဲ့
လက်နက်အကြံပေး] ကလွဲလို့ ဘယ်သူမှ အဖမ်း မခံရဘူး။ ဗီဗီယန်းက
အဖမ်းခံရရုံတင် မကဘူး၊ လျှောက်ပြီးတော့ ဘာလုပ်တယ်တို့၊ အရပ်ရှည်ရှည်နဲ့
လူဆီ သွားပါတို့ အပြင်ကို မက်ဆေ့ခ်ျတွေ ပို့တယ်။ အဲဒီ အရပ်ရှည်ရှည်နဲ့လူက
ဘင်ဂလေ။ ဗြိတိသျှကောင်စီက ဘင်ဂလေ။ တော်တော်တော့ ရှုပ်တဲ့ ရာဇဝင်။


မေး ။    ။ ဗြိတိသျှ ခေါင်းဆောင် ချာချီတို့က ဗိုလ်ချုပ်အောင်ဆန်းနဲ့
တခြား မြန်မာ ခေါင်းဆောင်တွေကို ဘယ်လို သဘောထားရှိလဲ ခင်ဗျ။

ဖြေ ။    ။ ပထမ ချာချီက တောက်လျှောက် စစ်အတွင်းမှာ အုပ်စိုးမိတာကိုး။
ပထမဆုံး ချိန်ဘာလိန် (Neville Chamberlain) က ဝန်ကြီးချုပ်။ အဲဒီ
ဝန်ကြီးချုပ်က နာဇီ ဟစ်တလာကိုသွားပြီး လျှော့လျှော့ပေးနေတာ။
စစ်မဖြစ်ချင်ဘူး။ သူတို့က ရှုံးမှာကြောက်နေတာ။ ဂျာမနီကလည်း တော်တော်
အားကောင်းနေတာ။ အဲတော့ ချိန်ဘာလိန်က လျှော့လျှော့ပေးနေတဲ့ အခါမှာ
ချာချီကတော့ တိုင်းသူပြည်သားတွေက သူ့ကို မြှောက်စားလိုက်တော့
ဝန်ကြီးချုပ် ဖြစ်သွားတယ်။ အဲဒီတော့ သူက ကြမ်းကြမ်းတမ်းတမ်းနဲ့
နိုင်နိုင်နင်းနင်း လုပ်လိုက်တာ သူတို့ စစ်နိုင်သွားတာပဲ။ ဒုတိယ ကမ္ဘာစစ်
တုန်းက ချာချီက ဝန်ကြီးချုပ်ပဲလေ။ စစ်ပြီးကာလ ရောက်လာတော့ အက်တလီတို့ဘက်က
ဆိုရှယ်လစ် ပေါ့လေ။ ချာချီက ရီပတ်ဗလစ်။ အက်တလီလူတွေက တက်လာပြီးတော့
ရွေးကောက်ပွဲမှာ နိုင်သွားတယ်။ မြန်မာပြည်နဲ့ ပတ်သက်တာ ဘယ်လိုလဲဆိုတော့
ချာချီက ဘယ်လိုနည်းနဲ့မှ ပေးမှာ မဟုတ်ဘူး။ လွတ်လပ်ရေး မပေးဘူး။ ဗြိတိသျှက
ကိုလိုနီတွေကို ဒိုမီနီယံ အုပ်ချုပ်ရေးတွေပေးတော့ကျမှ ဦးစောက
သွားပြီတော့ ချာချီကို တောင်းပန်တယ် မဟုတ်လား။ ဒိုမီနီယံ
အုပ်ချုပ်ရေးပေးလို့ရှိရင် ကျနော်တို့ ထောက်ခံပါ့မယ် ဆိုတော့
ဂရုတောင်မစိုက်ဘူး။ ဒါပေမယ့် တို့စစ်ပြီးတဲ့ အခါကျတော့ တို့နဲ့
တိုင်ပင်ပေါ့တဲ့ လာတောင်းပေါ့၊ တောင်းရင် တို့ကြည့်မယ်တဲ့။
စစ်ပြီးတဲ့အခါကျမှ သူက ရွေးကောက်ပွဲ ရှုံးသွားတယ်။ ရှုံးသွားတဲ့အခါမှာ
အက်တလီက တက်လာတော့ ဗြိသျှအင်ပါယာကြီး ခွဲပြဲပြီးတော့ သူက လက်လွှတ်ပစ်တာပဲ။
အင်္ဂလန်ကလည်း မနိုင်တော့ဘူးလေ။ အင်္ဂလန်က နိုင်တာကတော့ စစ်တော့နိုင်တယ်။
ဒါပေမယ့် နိုင်ငံကို ဆက်ပြီးတော့ အုပ်စိုးဖို့ မတတ်နိုင်ဘူး။ အဲဒါကြောင့်
ဗမာပြည်ဟာ ချာချီ ဆက်နေလို့ရှိရင် မဖြစ်နိုင်တော့ဘူး။
လွတ်လပ်ရေးမရတော့ဘူး။

 

မေး ။    ။ ဦးစော ကျတော့ရော။

ဖြေ ။    ။ ဦးစောက သက်သက် တကိုယ်ကောင်းဗျ။ ပညာလည်း မရှိဘူး။ သူက
ရာထူးတွေဘာတွေ ရနေတယ်။ နိုင်ငံရေးမှာ ခြေထိုးပြီး အမျိုးမျိုး
တက်လာကြတယ်။ အဲဒါကို တချို့ အင်္ဂလိပ်တွေက သဘောကျပြီးတော့ အသုံးပြုတဲ့
အပိုင်းလည်း ပါလိမ့်မယ်။


မေး ။    ။ သူက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အောင်ဆန်း အက်တလီ
စာချုပ်ချုပ်ဖို့ လန်ဒန်ကိုသွားတယ်။ သူပါသွားတော့ လက်မှတ်မထိုးဘူးဆိုတာက
အဓိကကတော့ ဗိုလ်ချုပ်ကို မနာလိုတဲ့သဘောလား၊ ဒါမှမဟုတ်ရင် မူအရ လက်မခံတဲ့
သဘောလား။


ဖြေ ။    ။ စာချုပ်ဆိုတာဗျာ သိတဲ့အတိုင်းပဲ။ ဘာစာချုပ်ဖြစ်ဖြစ်
အမျိုးစုံရှိတယ် မဟုတ်လား။ အပိုဒ်တွေ မျိုးစုံရှိတယ်။ အဲဒီတော့
အပြစ်ရှာချင်ရင်၊ မလုပ်ချင်ရင် အလွယ်တကူ နောက်ဆုတ်သွားလို့ ရတာပဲဆိုတော့
သူက အောင်ဆန်း-အက်တလီ သဘောတူညီချက်တွေကို ဟိုဟာ မကြိုက်ဘူး၊
ဒီဟာမကြိုက်ဘူး အပြစ်ရှာပြီးတော့ နောက်ဆုတ်တာပဲ။ သခင်ဗစိန်လည်း ပါနေတာပဲ။
တချိန်လုံး သခင်ဗစိန်ရယ်၊ သခင်ထွန်းအုပ်ရယ်။ သခင်ထွန်းအုပ်က ဗိုလ်ချုပ်က
သထုံမှာ သူကြီးကို သတ်တယ်ဆိုပြီးတော့တောင် ဒုက္ခဖြစ်အောင် ထောင်ကျအောင်
လုပ်သေးတယ်မဟုတ်လား။


မေး ။    ။ ချာချီက ဗိုလ်ချုပ်အသတ်ခံရပြီးနောက်ပို


င်းမှာ တခုခုပြောတယ်။
အဲဒါကို မှတ်မိမလား မသိဘူး။

ဖြေ ။    ။ သူက အောင်ဆန်း၊ ရဲဘော်သုံးကျိပ်နဲ့ သခင်တွေက တို့ကို
ပုန်ကန်ထားတဲ့လူတွေ။ အဲဒီလူတွေကို ဘာဖြစ်လို့ အဆက်သွယ်လုပ်ရမှာလဲ၊ ဘာလို့
အကူညီပေးရမှာလဲ၊ အဲဒီလို ပြောတာ။ သူတို့က House of Common
(အောက်လွှတ်တော်) မှာ Debate အမြဲရှိနေတာကိုး။ ရှိနေတော့ စစ်ပြီးတဲ့
အခါကျရင် ဘယ်လိုလုပ်ကြမှာလဲ၊ ဘယ်လို စီစဉ်ကြမှာလဲပေါ့လေ။ လောဒ့်
မောင့်ဘက်တန် [Lord Mountbatten: အိန္ဒိယ ဘုရင်ခံချုပ်] မပါလို့ရှိရင်
ဘာမှဖြစ်မှာ မဟုတ်ဘူး။

ချာချီ ပြောတာက ပုန်ကန်ထကြွထားတယ်။ မြန်မာပြည်ကို ဘာမှ
ကူညီစရာမလိုဘူးလို့ ပြောတာပေါ့နော်။ ကုလားပြည် စဉ်းစားမယ်၊ မြန်မာပြည်
စဉ်းစားမယ် ဘာလုပ်ရမလဲပေါ့လေ။ စစ်အပြီးမှာဆိုတော့ Debate ထဲမှာ
ပါလာလိမ့်မယ်။ ဒါပေမယ့် မောင့်ဘက်တန်ကတော့ မြန်မာပြည်ဘက်မှာ တော်တော်
ကူညီလိုက်တယ်။ သူကတော့ တော်တော်ကောင်းတယ်။ ဗိုလ်ချုပ် အောင်ဆန်းတောင်မှ
နိုင်ငံရေးသမား ဆက်ပြီးလုပ်ချင်ရင် စစ်ရေးက ထွက်ရမယ်၊ စစ်ဗိုလ်လုပ်လို့
မရဘူးလို့ အကြံပေးတာနဲ့ ဗိုလ်ချုပ်က အဲဒီမှာ ထွက်သွားတာ။


မေး ။    ။ တကယ်လို့များ ဗိုလ်ချုပ်တို့သာ လုပ်ကြံ မခံရဘူး၊
အသတ်မခံရဘူးဆိုရင် မြန်မာပြည်မှာ ဘယ်လိုဖြစ်သွားမယ်လို့ ထင်သလဲ။


ဖြေ ။    ။ အများကြီး ပိုကောင်းမှာပေါ့။ ဗိုလ်ချုပ် အောင်ဆန်းကတော့
ပြောတာပဲ။ သူ ဘုရားမဟုတ်ဘူးတဲ့။ ဒါပေမယ့် အများကြီး ပိုကောင်းမယ်ပေါ့ဗျ။
ဦးနုတယောက်ပဲ သူ့ကို နားထောင်မယ့်သူ ရှိမယ်။ ဦးကျော်ငြိမ်း။
သခင်သန်းထွန်း၊ ဦးဗဆွေတို့ကို ထိန်းရမယ်။ သခင်စိုးကိုလည်း ထိန်းရမယ်။

မေး ။    ။ သူနဲ့ အတိုက်အခံဖြစ်တဲ့ လူတွေနဲ့ ဗိုလ်ချုပ်က ဖြစ်ပါ့မလား။

ဖြေ ။    ။ သူ့ကို လေးစားတဲ့ စစ်တပ်ရှိတယ်လေ။ နောက်ပြီးတော့ ကျနော်တို့
ရေတပ်။ ရေတပ်က နည်းနည်းလေးရယ်။ ဒါပေမယ့် ကောင်းကောင်း လေ့ကျင့်ထားတယ်။
စည်းကမ်း သေဝပ်တယ်၊ လူတော်တွေ အများကြီးရှိတယ်။ လေတပ်မှာလည်း
ပညာတတ်တွေရှိတယ်။ လေတပ်နဲ့ ရေတပ်လိုဟာမျိုးက သူ့ကို ထောက်ခံတယ်။ ဒါကိုကျနော် ကိုယ်တိုင် ပြောနိုင်တယ်။ ကျနော်တို့လူတွေလည်း အကုန်သိတာပဲ။
ကွန်မြူနစ်တွေက စစ်တပ်ထဲက လူတွေကို မွေးနေပြီ။ အဲဒီ အချိန်မှာ
မွေးလို့မရတဲ့လူတွေကတော့ ရေတပ်နဲ့ လေတပ်တို့ အများကြီးရှိတယ်။
အဲဒီလူတွေကတော့ ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံမှာပဲ။ စစ်တပ်ထဲမှာလည်း
တော်တော်များများ ရှိလိမ့်မယ်။ ကရင်ရှိတယ်၊ ကချင်ရှိတယ်
ဗိုလ်ချုပ်အောင်ဆန်းကို ထောက်ခံနေပြီ။


မေး ။    ။ အခု ဗိုလ်ချုပ် အောင်ဆန်းနဲ့ သူ့သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့
ဆိုရင်ရော ဘယ်လိုကွာတယ်လို့ ထင်သလဲ။ သူတို့ နှစ်ယောက်ကြားမှာ။


ဖြေ ။    ။ သူ့သမီးကိုကတော့ ကံအားလျော်စွာ သူ့အမေ နေမကောင်းလို့
ပြန်ရောက်လာတယ်။ ပြန်ရောက်လာတဲ့ အခါမှာ သူ့အချိန်နဲ့ သူ့အခါနဲ့။
သူ့အမေကြီး ဆုံးသွားတဲ့အခါမှာ သူက ခေါင်းဆောင်လုပ်လိုက်တာ။ ရုပ်ရည်ကလည်း
ခပ်ဆင်ဆင်။သူ့ဘောထားကလည်း ကောင်းတယ်။ သူပြောတာတွေလည်း ကောင်းတယ်။
လူတွေကလည်း သဘောကျတယ်။ ပညာလည်း ရှိတယ်။ အဲလိုလူမျိုးတွေ မြန်မာပြည်မှာ
တခြား ဘယ်နှယောက်ရှိလဲဗျာ။ အဲဒီ လူတွေထဲမှာ လူတော်လို့ ပြောရမယ်
ပညာရှိလို့ ခေါ်ရမယ်ပေါ့ဗျာ။
 လူဗိုလ်ဟူသည်မှ ကူးယူဖော်ပြပါသည်။
လေးစားစွာဖြင့်
Rဗြဲ

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ