Blogger Tips and TricksLatest Tips And TricksBlogger Tricks

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Shwedagon Pagoda (Yangon) the most famous pagoda in Myanmar

Thursday, November 29, 2012

သတိထားရမဲ့ယောင်္ကျားစကား(၇)ခွန်း

ယောကျာ်းလေးနဲ.မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် ယောကျာ်းလေးတွေဟာ
မိန်းကလေးတွေရဲ.ခန်ဓာကိုယ်ကို ရရှိဖို.အတွက် အယုံသွင်းတဲ့ စကားတွေကို
နည်းမျိုးစုံနဲ. ပြောတတ်ကြတယ် အဲဒီစကားတွေကိုရှောင်နိုင်ရအောင်လို.
ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ထဲကနေ
မိန်းကလေးများအတွက်ဝေမျှလိုက်ပါတယ်
(၁) မောင်ဘယ်လိုမှမနေနိုင်လို.ပါ
အဲလိုပြောလာမယ်ဆိုရင်ပြောစရာတစ်ခွန်းပဲရှိတယ် အဲလိုဆိုလည်း လဲသေလိုက် လို.
(၂) ဘာရယ်မဟုတ်ပါဘူး နှစ်ယောက်ချင်း လွတ်လွတ်လပ်လပ်စကားပြောချင်လို.
ဘာမှမဟုတ်ပါဘူး စိတ်ကွယ်ရာကိုခေါ်သွားမလို.ပါ ဘယ်တော့မှမလိုက်ပါနဲ.
မည်သည့်နေရာမဆို လွတ်လွတ်လပ်လပ်ပြောလို.ရပါတယ် ဒါလည်းလိမ်လည်မှုတစ်ခုပါပဲ
(၃) မင်းကို ကိုယ်တကယ်ချစ်တာပါ တကယ်လည်းတန်ဖိုးထားပါတယ်
တကယ်တော့လူတစ်ယောက်ကိုယ့်ကိုတကယ်ချစ်မချစ် တန်ဖိုးထားမထားဆိုတာ
သူ.ပါးစပ်ကထုတ်မပြောလည်း အသည်းနှလုံးနဲ.အလိုလိုသိနိုင်တာမျိုးပါ
အပြောကအရေးမကြီးပါဘူး အလုပ်ကသက်သေပြသွားမှာပါ
(၄) မောင့်ကိုတကယ်ချစ်တယ်ဆိုရင်အလိုလိုက်မှာပါနော်
ပတ်ချွဲနှပ်ချွဲ စကားကိုမယုံကြပါနဲ.
ကိုယ့်ကိုအပြစ်မကင်းသလိုခံစားရအောင်ပြောတဲ့စကားပါ
အဲဒီအချစ်ဆိုတာကြီးကိုခုတုံးလုပ်ပြီး ယောက်ျားတွေကအယုံသွင်းတာကို
သတိကြီးကြီးထားနိုင်မှ တန်ကာကျလိမ့်မယ်
(၅) တို.နှစ်ယောက်ရဲ.အချစ်ကပိုပြီးခိုင်မာလေးနက်လာမှာနော်
ဒါကကိုယ်ကစောင့်စည်းနေတဲ့အတွက်
မိမိတို.ကြားကချစ်ခြင်းမလေးနက်ဘူးလို.ထင်အောင်ဖျားယောင်းတာပါ

(၆) သူများတွေလည်း ဒီလိုပဲနေကြတာပဲဟာ
အဲလိုသူများတွေနဲ.ကိုင်ပေါက်လာပြီဆိုရင်
အဲလိုအလွယ်တကူခေါင်းငြိမ့်တတ်တဲ့သူများတွေဆီသွားလိုက်တော့
ငါနဲ.လာမပတ်သတ်နဲ.တော့လို.ရဲရဲပြောလိုက်ပါ

(၇) ဘယ်သူမှမသိစေရပါဘူး (ကိုယ်ဘယ်သူ.ကိုမှ မပြောပါဘူး ကိုယ့်ကိုယုံပါ)
အဲဒီအချိန်ကာလလေးတစ်ခုအတွက်တော့ဟုတ်လိမ့်မယ်
ချစ်စိတ်မွှန်နေတဲ့အချိန်မှာမှန်နိုင်ပေမယ့် အဲဒါတွေပြီးတဲ့နောက်မှာ သူတို.က
သူတို.အစွမ်းဘယ်လောက်ရှိလဲဆိုတာသူတို.ကြားထဲမှာပြောနေလိမ့်မယ်

အဓိကကတော့ အခုခေတ်မိန်းကလေးတွေကို ကိုယ့်ရဲ.အပျိုစင်ဘ၀ကိုတန်ဖိုးထားစေချင်တာပါ
အနောက်တိုင်းယဉ်ကျေးမှုတွေဖုံးလွှမ်းလာတဲ့နောက် မိန်းကလေးတွေဟာ
သိပ်ပြီးတော့မထူးဆန်းတဲ့ကိစလို.ထင်မှာအရမ်းစိုးရိမ်လို.ပါ
အခုဆိုလမ်းပေါ်မှာတောင် မြင်သူရှက်လောက်အောင်နေနေကြပြီဆိုရင် စိတ်ကွယ်ရာဆို
မတွေးဝံ့တော့လို.ပါ
အခုစာလေးက ဆရာအတ္တကျော်ရဲ. မီးငယ်တို.အသိကြွယ်ဖို.စာအုပ်ကနေပြီး
နည်းနည်းချုံ.ပြီးပြန်ရေးတာပါ
ဖြစ်နိုင်မယ်ဆိုရင်ဒီစာအုပ်လေးကို
အရွယ်ရောက်ပြီးမိန်းကလေးတိုင်းဖတ်ရှုလိုက်နာသင့်ပါတယ်
တို.မြန်မာမလေးတွေကိုယ့်ရဲ.အပျိုစင်ဘ၀ကိုထိန်းသိမ်းနိုင်ကြပါစေ
ဘာလို.လဲဆိုတော့ မင်္ဂလာဦးညဆိုတာ
ကိုယ်တစ်သက်လုံးထိန်းသိမ်းလာတဲ့အပျိုစင်ဘ၀လေးကို ကိုယ့်ရဲ.သတို.သားကို
လက်ဆောင်ပေးတာပါ အဲဒီဘ၀လေးကိုတန်ဖိုးထားကြပါ ဒါလေးကအရမ်းအရေးကြီးတယ်။
မိုးသီဟအောင်ဆိကပါ။
အားလုံးကိုလေးစားစွာဖြင့်Rဗြဲ

အပျိုချောရဲ့ခြေသလုံး

ဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။

…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။ လမ်းနဲ့မလွတ်တဲ့ စေတီတော်အကြောင်း မေးမြန်း လျှောက်ထားတယ်။ ဘယ်ဆရာတော်ကမှ ဖျက်တာမဟုတ်ဘူး။ ရွှေ့တာပဲ၊ ရွှေ့ကောင်းတယ်လို့ မိန့်တော်မမူကြဘူး။ မရွှေ့ကောင်းရယ်လို့သာ မိန့်တော်မူကြတယ်။

…ဖန်နန်း၇ှင်မင်းတရားကြီးကတော့ စေတီတော်ကို ရွှေ့ချင်တယ်။ ရွှေ့မှသာ လမ်းကြီးကျယ်ဝန်း ဖြောင့်တန်းသွားမှာကိုး။ သို့သော်လည်း သူတစ်ဦးတည်း သဘောနဲ့ လုပ်ရာလည်း အရောက်မခံချင်ဘူး။ ကြံဖော်ကြံဖက် အနည်းဆုံး တစ်ယောက်လောက်တော့ ရှိနေစေချင်တယ်။

…ဒီအတွက် ညီလာခံသဘင်မှာ ဗိုလ်ပုံစုံလင်တဲ့ အခိုက်မေးတော်မူတယ်။

…“ ကိုယ့်တော်မှာ ဆရာတော် သမားတော်များရဲ့ စကားကို ပယ်လှန်ရန်အခက်၊ စေတီတော် လမ်းနဲ့မလွတ်တာ မရွှေ့ဘဲ ထားရအခက် ဖြစ်နေတယ်မင်းကြီး၊ မင်းကြီးသဘောတင်ပါဘိ…”…အမတ်ကြီး ဦးပေါ်ဦး သိတယ်လေ။ ငါ့အရှင် မင်းတရားကြီးဟာ မရွှေ့ကောင်းဘူး သံဃာတော်တွေ မိန့်သွားပါလျက်နဲ့ မေးနေတာဟာ သူ့ဘက်က အဖော်လိုနေလို့သာ ဖြစ်ရမယ်ဆိုတာ သိတယ်လေ၊ သိတဲ့အတွက် မင်းလိုလိုက်ပြီး မင်းကြိုက် တင်တယ်။

…“ မှန်လှပါ ဘုန်းတော်ကြောင့် ဘုရင်မင်းတရားကြီးဟာ ဘုရားကို ရွှေ့ပြောင်းချင်တဲ့ ဆန္ဒတော်ပြင်းပြနေခြင်းမှာ ကောင်းမြတ်သော စိတ်နဲ့ရွှေ့လိုခြင်းသာ ဖြစ်ပါသောကြောင့် စိတ်ထားမြတ်လျှင် ကုသိုလ်လို့ နှလုံးတော်ပိုက်ပြီး ရွှေ့သာ ရွှေ့တော်မူပါဘုရား…”

…အမတ်တွေ အံ့အားသင့်သွားသော်လည်း ဖန်နန်း၇ှင်မင်းတရားကြီး ကြည်သာရွှင်ပြုံး ဖြစ်သွားတော်မူတယ်။ အဲ…ပြုံးပြုံးရယ်ရယ် ဖြစ်သွားပေမယ့် မင်းလိုလိုက်ပြီး မင်းရဲ့အကြိုက်ကိုလိုက်ပြီး တင်တာဖြစ်နိုင်ကြောင်းလည်း သတိမလစ်ဘူး။ ဒါကြောင့်ဦးပေါ်ဦးကိုပဲ မေးတော်မူတယ်။


…“ ကောင်းပြီ၊ မင်းကြီး အခုမင်းကြီးတင်တဲ့အတိုင်း ကောင်းမြတ်တဲ့စေတနာနဲ့ ဘုရားကို ရွှေ့မယ်၊ ရွှေ့တဲ့နေရာမှာ မင်းကြီးကိုပဲ ဘုရားဖျက်ပြီး ရွှေ့ဖို့စေခိုင်းရင် မင်းကြီးက ဘုရားဖျက်သူ၊ ကိုယ်တော်ရှင်မြတ်က အဖျက်ခိုင်းသူ၊ ဒီသူ နှစ်ဦးအပါယ်လားရင် ဘယ်သူခံမည်နည်း မင်းကြီး…”
…ရယ်ရယ်မောမောနဲ့ အမေးတော်ရှိတာ ဖြစ်လေတယ်။ ဒါကြောင့် ဦးပေါ်ဦးက တင်လျှောက်တယ်။
…“ မှန်လှပါ၊ ဘုန်းတော်ကြောင့် ဘ၀ရှင်မင်းတရားကြီး မေးတော်မူတဲ့ အမေးကို ရှေးရှေးတုန်းက သားအဖနှစ်ယောက် ပုံပြင်စကားနဲ့ ဥပမာထားပြီး သံတော်ဦးတင်ပါရစေဘုရား…”
… “ သားအဖနှစ်ယောက် ပုံပြင်ကို ရွှေနားဆင်တော်မူမည် မင်းကြီး…”
“ ရွှေနားဆင်တော်မူပါဘုရား…

ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ သားအဖနှစ်ယောက်ရှိကြပါသတဲ့ ဘုရား၊ ဖအေက တည်တည်တန့်တန့်  က္ကနြေ္ဒ သိက္ခာနဲ့နေတတ်ပေမယ့် သားကတော့ ဘလွတ်ရွတ်တ ပြောပြီး နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမော နေတတ်တဲ့ ၀ါသနာရှိသတဲ့ဘုရား…”
…တစ်နေ့ကျတော့ သားအဖနှစ်ယောက် ခရီးတစ်ခုကို အတူသွားဖြစ်ကြပါတယ်ဘုရား။ သူတို့ရှေ့မှာလည်း အပျိုချောကလေးတစ်ယောက်ကို လှုပ်လီလှုပ်လဲ့နဲ့သွားနေတာ မြင်တဲ့အခါ သားဖြစ်သူရဲ့ရင်ထဲက ယားကျိကျိဖြစ်လာင်္ပြိး…

“ အဖေ…အဖေ…ရှေ့ကသွားနေတဲ့အပျိုကို သရော်ရရင် အတော်ရယ်စရာကောင်းမှာဘဲ အဖေ…” လို့ သားဖြစ်သူက အဖေကို ပြောပါတယ်ဘုရား။ ဖအေက သူ့ထုံးစံ သူ့ဝသီအတိုင်း…

“ ဟဲ့…သား…သူတစ်ပါးကို မသရော်ချင်နဲ့ကွယ်၊ မတော်တဆ ပြန်ပြီး ဆဲလို့ရှိရင် အရှက်ကွဲတတ်တယ်ကွဲ့…”  ရယ်လို့ပြောပြီး တားမြစ်တဲ့အခါ…
“ စိုးရိမ်မနေစမ်းပါနဲ့ အဖေရာ၊ ဒီအပျိုကို ဘာပြုလို့ နိုင်အောင် မပြောနိုင်ရမှာတုန်း…”

ဆိုပြီးတော့ ရှေ့ကသွားနေတဲ့ မိန်းကလေးကြားအောင် မကြားတကြား လေသံနဲ့ ပြောပါသတဲ့ဘုရား။

“ ဘယ်လိုများ ပြောလိုက်ပါလိမ့်မင်းကြီး၊ ဆက်ပြီး တင်စမ်းပါအုံး…”

…မင်းတရားကြီးလည်း သိချင်ဇော များနေပြီလေ။

“ မှန်ပါ၊ သားဖြစ်သူ လှမ်းပြီး မကြားတကြား ပြောလိုက်ပုံကတော့ …”

“ အဖေ….အဖေ ရှေ့ကသွားနေတဲ့ မိန်းကလေးကို ကြည့်စမ်းပါအုံးဗျာ၊  မိန်းကလေး လှချင်ပါလျက်နဲ့ ခြေသလုံးကြီးက တုပ်ပွပွနဲ့ဗျာ၊ အကြည့်ရဆိုးလိုက်တာ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား၊ မိန်းကလေးက ဆတ်ဆတ်ကျဲနဲ့ သွားတိုးတာကိုးဘုရား၊ မိန်းကလေးက ချာကနဲ လှည့်ကြည့်ပြီး…

“ ကျုပ်ခြေသလုံးတုပ်တာ မောင့်အပူလား၊ မောင့်ပခုံးနဲ့ ထမ်းထားလို့ မောင်က ပြောနေတာလား…”

ပြန်ရန်တွေ့တဲ့အခါမှာ လူရွှတ်လူနောက် ကောက်ကာငင်ကာ ပြောလိုက်ပုံကတော့…

“  အို…အမိငယ်၊ အမိရဲ့ ခြေသလုံး တုပ်တုပ်ပွပွကို ငါကတော့ မထမ်းဘူးဟေ့၊ ထမ်းချင်းထမ်းရင် ငါ့အဖေ ထမ်းလိမ့်မဟ…” ရယ်လို့ ဖြစ်ပါတယ်ဘုရား။ ဖအေလည်း မျက်ထောင့်ကြီးနီလာပြီး ဒေါသတကြီးနဲ့…

“ အံမာ…နှုတ်သရမ်းတာကမင်း၊ ခြေသလုံး ထမ်းဖို့ကျတော့ ငါ၊ အတော်မတရားတဲ့ကောင်…” လို့ သားကို မာန်ပါသတဲ့ဘုရား၊ ဒီအခါမှာ သားကလည်း အလျှော့မပေးသေးဘဲ…

“ အဲဒါကြောင့် အစကတည်းက အဖေ့ကို တိုင်ပင်သားပဲ၊ မထူးပါဘူး အဖေရာ၊ ဒီအခြေဆိုက်မှတော့ ခြေသလုံး တုပ်ပွပွကို ကြိုးစားပြီးသာ ထမ်းလိုက်ပေတော့…” လို့ ပြောလိုက်ကြောင်း ရှိခိုး သံတော်ဦးတင်ရကြောင်းပါဘုရား…

…အဲဒီလို အမတ်ကြီး ဦးပေါ်ဦးရဲ့  ပုံပြင်အဆုံးမှာ ဖန်နန်းရှင်မင်းတရားကြီး ရယ်ရယ်မောမောနဲ့…

“ တော်တော့…တန်တော့၊ မင်းကြီးရဲ့ စကား အပါယ်လားရင် ကြိုးစားပြီး ကိုယ်တော်ခံ ဆိုတဲ့ အဓိပ္ပာယ် ရောက်နေပြီ၊ စေတီတော်လည်း မရွှေ့ပါနဲ့တော့၊ ခြေသလုံး တုပ်ပွပွ ထမ်းတဲ့ အဖေလည်း မဖြစ်ပါရစေနဲ့…” ရယ်လို့ မိန့်တော်မူတဲ့ အတွက် မှူးတော် မတ်တော်များ ရွှင်ကြည်မစဲ တသဲသဲ ရယ်မောကြတော့တာကိုး……။
…သူငယ်ချင်းများအားလုံး ကြည်နူးချမ်းမြေ့ကြပါစေ…
ဝန်ခံချက်
အေးအေးမိုးမိကူးမှပြန်လည်ဝေမျှပါသည်
အားလုံးကိုလေးစားတဲ့Rဗြဲ

Wednesday, November 28, 2012

Virtual Piano 3.0 Portable


နှင်းပျောက်တဲ့နွေတို့မောင့်အချစ်များစူးတို့တက္ကသိုလ်ကျောင်းကငွေလမင်းတို့ ဥပမာပြောတာပါ
အလန်းဇယားတွေကျူးလို့ရပါပြီ။ Toolsတွေတော်တော်စုံပါတယ် သယ်ရင်းတို့ကလိကြည့်လိုက်ပါ။
ဘာkeyမှထည့်စရာမလိုပါဘူး runလိုက်ရင်ရပြီ Portable  လေးပါ။
လေးစားစွာဖြင့်
        Rဗြဲ
                                                          Mirror

Monday, November 26, 2012

windowXPအတွက်ပါ connection speed

 မင်္ဂလာပါဗျား
 XP သမားတွေအတွက် internet connection speed ကိုညီနေမင်းဆိုဒ်ကဆွဲလာတာပါ အရမ်းကောင်းပါတယ်ံ
 ကဲ လင့်မသေသေးခင် ဆွဲစားလိုက်တော့...သုံးနည်းမသိရင် CBOX မှာအော်ခဲ့ကြနော်..ကြောကြမယ်...Ok။
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

စာရေးဆရာ အကြည်တော်-စာပေဟောပြောပွဲ အသံဖိုင်

 ဟာသစာရေးဆရာတွေထဲမှာတော့ Top စာရင်းချိတ်တယ်လို့ပြောလို့ရတဲ့ အကြည်တော်ရဲ့စာပေဟောပြောပွဲ အသံဖိုင်လေးသယ်ရင်းတို့နားဆင်နိုင်စေဖို့ ကျွန်တော်ညွှန်းပေးလိုက်ပါတယ်။ရီချင်ရင် နားထောင်လိုက်နော်..
အားလုံးကိုလေးစားတဲ့Rဗြဲ
ဒီကိုနှိပ်ပြီးနားထောင်ပါ

Kaspersky Anti-Virus 2013 .rar



မင်္ဂလာပါဗျား
kaspersky anti-virus လေးသယ်ရင်းတို့အတွက် မျှဝေပေးလိုက်ပါတယ်။ရက်(၉၀)ရပါတယ် အလကားရတယ်ဆိုတော့(၃)လဆိုလဲ မနည်းဘူးပေါ့နော။ rar နဲ့တင်ထားပေးလိုက်ပါတယ် ဖိုင်ဖြည်လို့passwordတောင်းရင်ကျွန်တော့gmail account (nautan021@gmail.com)ကိုရိုက်ထည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။key ပါပါတယ် ။ ထည့်လို့အဆင်မပြေရင် Cbox မှာအော်ခဲ့ကြပါ ရှင်းပြပေးပါ့မယ်။
ဖိုင်ဆိုဒ်က(134)MB ရှိပါတယ်။အဆင်ပြေပါစေဗျား...
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Friday, November 23, 2012

DJ ပွတ်ချင်ရင်

                               မဂ်လာပါ
ever ပွတ်ချင်နေတဲ့သယ်ရင်းများ မိမိစိတ်ကြိုက်အားရပါးရ ပွတ်ချင်ရင်ဒါလေးဆောင်ထားလိုက်နော်။
Atomix Virtual DJ Pro လေးပါ။ ဖိုင်ဖြည်လို့passwordတောင်းရင် ကျွန်တော့gmail(nautan021@gmail.com)လို့ရိုက်ထည့်လိုက်ပါ။OKသွားပါလိမ့်မယ်။ဒါပဲနော် ဘယ်လိုပွတ်ရမယ်ဆိုတာတော့ ကျွန်တော်လည်းမသိဘူး။ ကိုယ့်ဖာသာပဲ ကလိကြပေတော့။
အားလုံးကိုလေးစားတဲ့Rဗြဲ 
Download Here

Thursday, November 22, 2012

Speed Connection Accelerator V.8.0.5 Full Version Final Update





Internet connection speed လေးကိုဝေမျှလိုက်ပါတယ်။ဖိုင်ဆိုဒ်သေးသေးလေးပါ။ ဖိုင်ဆိုဒ်သေးလို့အထင်မသေးလိုက်နဲ့နော် ။ ကွန်နက်ရှင်နှေးကွေးလွန်းလှတဲ့ သူတွေအတွက်တော့ အထောက်အကူပေးပါလိမ့်
မယ်။အရမ်းကြီးမြန်သွားတာတော့မဟုတ်ပါဘူး။ ရိုးရိုးသုံးတာနဲ့စာရင်တော့ ပိုမြန်တာကိုပြောတာပါ။
သုံးနည်းကိုပြောပြမယ်နော်
ဒေါင်းပြီးRun လိုက်ပါ
၁။ runပြီးပြီဆိုရင် desktop ပေါ်က icon လေးကို နှစ်ချက်လောက် click လိုက်ပါ။ ညာဖက်ထောင့်မှာ box လေးပေါ်လာပါလိမ့်မယ်။ အပေါ်နားမှာ Hide ဆိုတာလေးကို clickပြီးဖျောက်လိုက်ပါ။ အဲဒါပြီးရင် S ဆိုတဲ့ iconလေးကို right click--->Speedconnect Connection Tester ---->Run New Test--->ပြေးနေပါလိမ့်မယ် ပြီးသွားရင်Run Optimizer ကိုclick ပြုံးနေရင်တော့ ဘာမှလုပ်စရာမလိုတော့ပါဘူး။ မဲ့နေရင် optimizeကို click---->Apply Changesကို click--->ပြီးပါပြီ။
လေးစားစွာဖြင့်
       Rဗြဲ

                                                             Mediafire
                                                   

Team Viewer 8


မိမိစက်(သို့မဟုတ်)သူများ ရဲ့စက်တခုခုချို့ယွင်းလို့ရှိရင် ယုံကြည်စိတ်ချရတဲ့ နားလည်တတ်ကျွမ်းသူကိုအကူအညီတောင်းခံနိုင်ပါတယ်။ လိုအပ်တဲ့သူများယူသွားလိုက်ပါဗျာ။
လေးစားစွာဖြင့်
      Rဗြဲ 
                                                      Mediafire  ၊  Filebox
                                                   RAR  Password= rvare

အကြည်တော် စာအုပ်များ

အကြည်တော် စာအုပ်များ: စာဖတ်ဝါသနာပါတဲ့သယ်ရင်းများအတွက် စာရေးဆရာ အကြည်တော်ရဲ့စာအုပ်များကိုတင်ပေးလိုက်ပါတယ်ဗျား။
ကျွန်တော်ထောင်းခဲ့သောပေါင်များDownload Here
ဆွေတစ်ရာမောင်တစ်ကျိတ်Download Here
ဝါရင့်အရောင်းထိုင်းDownload Here
လှအိုးကွဲDownload Here
တခါကငယ်ငယ်လေးတွေDownload Here
တောသားကြီးDownload Here
ယောက္ခမနဲ့တထောင့်တညDownload Here
အားလုံးကိုလေးစားတဲ့Rဗြဲ

Saturday, November 10, 2012

Office Professional 2010.rar



Microsoft Office 2010 ကိုဘယ်လို full version ဖြစ်အောင်လုပ်ရတယ်ဆိုတာလေးအောက်မှာတဆင့်ချင်းကြည့်ပြီးလုပ်ဆောင်နိုင်ပါသည်။
Office 2010 exe ကိုဖိုင်ဆိုဒ်ကြီးလို့ (၃)ပိုင်းခွဲထားပါတယ်။ပြန်ဆက်လိုက်ပါ။ဆက်မတတ်ရင်cboxမှာရေးခဲ့လို့ရပါတယ် အသေးစိတ်ဖြေကြားပေးပါ့မယ်။ဖိုင်ဖွင့်တဲ့အခါ passwordကကျွန်တော့gmail(nautan021@gmail.com)လို့ရိုက်ထည့်လိုက်ပါ။
Product Key= 828CH-G4FPY-HMH4R-32GCK-6D9BHor 3W3MQ-H7M6X-3WYP7-TPCH6-8G8T2
microsoft office ပြန်ဖွင့်လိုက်ပါ အောက်ကboxလေးကျလာပါမယ်
Help ကိုနှိပ်ပြီးကြည့်လိုက်ပါ


Active မဖြစ်သေးပါဘူးနေမင်းမောင်ရဲ့Activeဖြစ်အောင်လုပ်တဲ့နည်းလေးကိုပြန်လည်မျှဝေလိုက်ပါတယ်။ဒါဆိုရင်ကျွန်
တော်တင်ပေးလိုက်တဲ့  Activaor  လေးကိုသုံးပြီး  Active  လုပ်ပေးလိုက်ယုံပါပဲ..ကျွန်တော်  Activator  လေး
ကိုဘယ်လိုအသုံးပြုရမယ်ဆိုတာကိုတော့အောက်မှာဆက်ပြီးရှင်းပြပေးထားပါတယ်..



 Activator ဖိုင်လေးကိုဖြည်လိုက်ပါ အပေါ်ပုံလေးအတိုင်းပေါ်လာရင်EZ-Activatorကိုclickလိုက်ပါ
ခဏစောင့်ပါ ပြည့်သွားရင်exitကိုပိတ်လိုက်ပါ။microsoft officeကိုပြန်ဖွင့်ကြည့်လိုက်ပါ အောက်ကပုံလေးအတိုင်းActiveဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်



                                                    Office 2010 activator
                                                Microsoft Office.exePart(1)
                                                Microsoft Office.exePart(2)

Photo Recovery

လာလည်ကြတဲ့သယ်ရင်းများ မင်္ဂလာပါ
မှားဖျက်မိတဲ့ ဓာတ်ပုံတွေ, ပျောက်သွားတဲ့ ဓာတ်ပုံတွေ, Format ချမိတဲ့ ဓာတ်ပုံတွေကို ပြန်ရှာပေးမဲ့ Software လေးပါ။
မေ့တတ်တဲ့သူများ(ကျွန်တော့လိုပေါ့)အတွက် ဒီကောင်လေးကအရမ်းအသုံးဝင်ပါတယ်။အဆင်ပြေပါစေဗျား။
                                                          MightyFilebox 
                                                              Megashares (P---rvare)
                                                                     

Nero 11 Fully Activated


လာလည်တဲ့သယ်ရင်းများအားလုံးမင်္ဂလာပါ
ကျွန်တော် ဆရာကြီးတယောက်မဟုတ်ပါဘူး။မရှိသေးသောသူများအတွက်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ဒီဆော့ဝဲလေးက ဘာkeyမှထည့်စရာမလိုဘာဘူး.run..လိုက်တာနဲ့ auto active ဖြစ်ပြီးသားပါ။နေမင်းမောင်ဆီက ယူလာတာ...နောက်လဲလာယူမယ်နော်....တိန်..။

                                               >>>> UppIT <<<<<
                                            >>>>Mirrorcreator<<<<

NERO Suite 10.rar


D Software လေးကိုတော့ သယ်ရင်းတို့အားလုံး သိပြီးဖြစ်မှာပါ။ လိုအပ်သော သူများ Down ယူနိုင်ပါ
ပြီ။ လင့်သေနေရင် cbox မှာအကြောင်းကြားဖို့မမေ့နဲ့နော်...အဆင်ပြေပါစေဗျား
လေးစားစွာဖြင့်
      Rဗြဲ
                                         ===>>>  Mirrorcreator<<<===

Friday, November 9, 2012

Internet Boost Connection Speed

သယ်ရင်းတို့အတွက် Internet connection speed software တင်ပေးလိုက်ပါတယ် အားလုံးကြိုက်ကြမယ်ထင်ပါတယ်။
အဆင်ပြေပါစေဗျား..
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here 

HYPER-SNAP Screen Capture

ကွန်ပြူတာscreenတွေကို ဓါတ်ပုံရိုက်ချင်သူများအတွက် ဒီဆော့ဝဲကိုသုံးပြီး ရိုက်နိုင်ပါတယ်။ဘယ်လိုသုံးရမယ်ဆိုတာ လွယ်လို့မပြောပြတော့ဘူးနော်။
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here 

Offline Explorer

website တစ်ခုလုံးကို
download ဆွဲလိုရတဲ့ software ပါ Rss ကနေpost တွေကိုဖတ်တဲ့ဟာမဟုတ်ပါဘူး
download ဆွဲထားရင် တကယ်နဂို website ထဲဝင်ဖတ်ရသလိုပါ။
ဓါတ်ပုံ,စာသားတွေနဲvideo file တွေကို offline ကနေဖွင့်လိုရပါတယ်။

 သယ်ရင်းတိုInternet အခြေအနေမကောင်းရင်တော့ ဒါလေးကိုအားကိုးပေါ့
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here 

Adobe Photoshop CS5 Portable


Photoshop CS5 portableလေးတင်ပေးလိုက်ပါတယ်။သူ့စာအုပ်ကိုတော့တင်ပေးပြီးတာကြာပါပြီ ရှာကြည့်ပြီးတော့စာအုပ်ကောပါတခါတည်းယူသွားလိုက်ပါ။ ဓါတ်ပုံလှလှလေးတွေဖန်တီးနိုင်ကြပါစေဗျား။
                                                    FileboxMegashares  ၊ Mirrorcreator

Tune Up Utilities 2013

နောက်ဆုံးထွက် version လေးပါ။
ကျွန်တော် တင်ထားတဲ့ softwareတွေလင့်သေသွားလို့ဒေါင်းမရရင်cboxမှာ ရေးထားခဲ့ပါဗျာ။ဘာဖြစ်လို့လဲဆိုရင် လင့်သေတယ်မသေဘူးကို ပြန်မစစ်နိုင်လို့ပါ။ လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ်။
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Photoshine

မရှိသေးသောသူများအတွက်ပါ။
အားလုံးကိုလေးစားတဲ့Rဗြဲ။
Download Here 

Aurora 3D Text & Logo Maker

3D ဆန်းဆန်းလေးတွေလိုချင်ရင် မိမိဖာသာအောက်ပါအတိုင်းလုပ်ဆောင်ကြည့်နိုင်ပါသည်။
ဒေါင်းထားတဲ့ဆော့ဝဲကိုrunလိုက်ပါ မျှားထားတဲ့နေရာကTEXT/LOGO/BUTTON မိမိကြိုက်တဲ့ဒီဇိုင်းရွးဖို့ပါ။(အပေါ်ပုံ)
Template/Style/Shape/Frame/Icon/Lightတွေမှာမိမိကြိက်တဲ့ဒီဇိုင်းရွေးပါ။
၁။စာလုံးstyleရွေးတာပါ။
၂။အရောင်ရွေးတာပါ။။
၃။စာလုံးဒီဇိုင်းရွေးတာပါ။
၎။စာလုံး shapeကိုရွေးတာပါ။
၅။စာလုံးဒီဇိုင်း။
၆။စာလုံAnimationကိုရွေးတာပါ။
၇။စာလုံး အလင်း၊အမှောင် ကိုရွေးတာပါ။
အချိန်မရလို့ဒီလောက်နဲ့ပဲကျေနပ်နိုင်ပါစေဗျား။
အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Uniblue 2013 with serial key


လာလည်တဲ့သယ်ရင်းများအားလုံးမဂ်လာပါ 
ကျွန်တော့ဆီမှာရှိတာတော့ကြာပါပြီ full version မရလို့မတင်ဖြစ်တာပါ။ အခုရှာရင်းဖွေရင်းနဲ့ serial key ရလို့သယ်ရင်းတို့ကိုမျှဝေပေးလိုက်ပါတယ် C cleanerထက်ပို good ပါတယ်။error တွေကိုလည်းဖြေရှင်းပေးနိုင်ပါသေးတယ်။
ကျွန်တော့် BLOG ကိုပြန်ပြင်နေလို့ softwareတွေမတင်ဖြစ်တာပါ။ လင့်မသေသေးခင်ယူထားလိုက်တော့သယ်ရင်း။
အားလုံးကိုလေးစားတဲ့Rဗြဲ
ိDownload Here

Monday, November 5, 2012

ဦးငွေကြည်ရဲ့အူလိုက်သည်းလိုက်ဟာသ-pdf

ရီချင်ရင်တော့ ဒီစာအုပ်ကလေးက သယ်ရင်းတို့ရီအောင်လုပ်ပေးပါလိမ့်မယ်   အားလုံးကိုလေးစားတဲ့RဗြဲDownload Here

Who killed Gen-Aung San?--pdf စာအုပ်


တို့နိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်ခွေးသတ်လိုက်သလဲ ဆိုတဲ့ ဦးအောင်ခင်ရေးထားတဲ့စာအုပ်ပါ ဘယ်သူသတ်လိုက်တယ်ထင်လဲ သယ်ရင်းတို့ သိချင်ရင်တော့ဖတ်သာကြည့်လိုက်တော့      အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

How do U Flash song ?--pdf စာအုပ်

သယ်ရင်းတို့စိတ်ကြိုက် Flash songသီချင်းတွေဖန်တီးနိုင်စေရန်အတွက် ဒီစာအုပ်လေးက အထောက်အကူပေးပါလိမ့်မယ်           အားလုံးကိုလေးစားတဲ့Rဗြဲ                                                           Download Here

Using Network - PDF

internet ကိုဘယ်လိုအသုံးပြုမလဲ ဆိုတဲ့စာအုပ်လေးပါ  အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

How do U kill virus-pdfစာအုပ်







မိမိကွန်ပြူတာထဲမှာရှိတဲ့ virus ကိုဘယ်လိုနှိမ်နင်းမလဲ ဆိုတဲ့ ကိုညီနေမင်းရေးထားတဲ့ စာအုပ်လေးပါ             အားလုံးကိုလေးစားတဲ့Rဗြဲ              
                                                                                                            Download Here

Smart-Card knowledge.PDF

smart-cardဆိုတာဘာလဲသိချင်ရင်တော့ ဒါလေးယူပြီးဖတ်ကြည့်ပေါ့နော်                     
 အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

Sunday, November 4, 2012

Microsoft office 2010--PDF စာအုပ်

microsoft office 2010အတွက် အသုံးပြုရန်လမ်းညွှန်စာအုပ် ပါဗျား       အားလုံးကိုလေးစားတဲ့Rဗြဲ                                                                             Download Here

Laptopအကြောင်းသိကောင်းစရာ

တော်တော်ကောင်းတော်တော်စုံတဲ့စာအုပ်လေးပါပဲ                    အားလုံးကိုလေးစားတဲ့Rဗြဲ

Download Here

Facebook using--pdf စာအုပ်

 Facebook အသုံးပြုရန်လမ်းညွှန်စာအုပ်လေးပါ                                  အားလုံးကိုလေးစားတဲ့Rဗြဲ
Download Here

မိမိဘလော့ကိုsubmitပုံမှန်လုပ်ပေးပါ