ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုတွင်
ကွာဟမှုမရှိစေရန် အတွက် ရူပီး ၅၀၀ (ဒေါ်လာ ၁၀)တန် လက်ပ်တော့ပ်များကို
အိန္ဒိယနိုင်ငံမှ တီထွင်ထုတ်လုပ်မည်ဖြစ်သည်။
အိန္ဒိယနိုင်ငံသည်
တန်ဖိုးနည်းပစ္စည်းများ တီထွင်ထုတ်လုပ်မှုနည်းပညာတွင် နာမည်ကောင်းရရှိခဲ့ပြီး
ပြီးခဲ့သည့်နှစ်က ကမ္ဘာပေါ်တွင် တန်ဖိုးအနည်းဆုံးကားကို တီထွင်နိုင်ခဲ့သည်။
'သင်၏မျက်စိရှေ့မှာ'ဟု အဓိပ္ပာယ်ရသော ဆက်ခ်ရှတ်အမည်ရှိ
တန်ဖိုးနည်းလက်ပ်တော့ပ်များကို ပညာရေးကဏ္ဍအတွက်
အဓိကထားသုံးစွဲနိုင်ရန်တီထွင်ခဲ့ပြီး ကွန်ရက်ချိတ်ဆက်အသုံးပြုနိုင်ခြင်း၊
သင်ခန်းစာသင်ယူခြင်းနှင့် လေ့ကျင့်ခန်းများကို လုပ်ကိုင်နိုင်မည်ဖြစ်သည်။
အန်ဒရာပရာဒေ့ရှ်တက္ကသိုလ်မှ
ပရက်ဘ်ဟာကားရ်ရာအိုက ''ဆက်ခ်ရှတ်လက်ပ်တော့ပ်တွေကို
မကြာခင်မှာဝယ်ယူရရှိနိုင်တော့မှာပါ။ အိန္ဒိယမှာ
ဒီလိုမျိုးတန်ဖိုးနည်းဟာ့ဒ်ဝဲနဲ့ ဆော့ဖ်ဝဲတွေရရှိနိုင်ဖို့
မျှော်လင့်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာရှိတဲ့ ကျောင်းသားတွေအတွက်
တန်ဖိုးနည်းလက်ပ်တော့ပ်တွေက အကျိုးရှိစေမှာပါ''ဟု ပြောကြားခဲ့သည်။
တန်ဖိုးနည်းလက်ပ်တော့ပ်များကို အိန္ဒိယရှိ ဗဲလ်လောရ် နည်းပညာသိပ္ပံ၊
ဘန်ဂလောရ်နှင့် မက်ဒရပ်စ်နည်းပညာသိပ္ပံများမှ ပညာရှင်များပူးပေါင်းပြီး
တီထွင်ခဲ့ခြင်းဖြစ်သည်။
From Weekly-eleven
Subscribe to:
Post Comments (Atom)









No comments:
Post a Comment