မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင်ကြောင်း သုတေသနပြုတွေ့ရှိ
မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင် သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါ
မြွေပွေးအဆိပ်ကို ခွေးလှေးယားသီးအစေ့က ခြေဖျက်နိုင် သည်ဟု သုတေသနပြုတွေ့ရှိထားကြောင်း သိရသည်။ အဆိုပါ
သုတေသနပြုလေ့လာမှု ကို ဆေးသုတေသန ဦးစီးဌာန (အောက်မြန်မာပြည်) မှ သုတေသီများက ပြုလုပ်ကြခြင်း ဖြစ်ပြီး
ဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ ခွေးလှေးယားသီး၏ အနှစ်ရည်အချိုးအဆအမျိုးမျိုးကို မြွေပွေးအဆိပ်နှင့်ပေါင်းစပ်ပြီးဓါတ်ခွဲခန်းတွင် မွေးမြူထား
သည့်ကြွက်ဖြူများ၏အကြောအတွင်းသို့ ထိုးသွင်းစမ်းသပ်ခဲ့ကြောင်း၊အနှစ်ရည် ၀ဒသမ၂၁ မီလီဂရမ်သည် မြွေပွေးအဆိပ်
၏ သေစေနိုင်သော သတ္တိအား ချေဖျက်နိုင်စွမ်း ရှိသည်ကို တွေ့ရှိရကြောင်း၊ ထိုမှတစ်ဖန် ခွေးလှေးယားသီး အနှစ်ရည်ကို
တစ်ပတ်လျင်တစ်ကြိမ်နှုန်းဖြင့် သုံးကြိမ်ထိုးထားသော ယုန်များ၏သွေးရည်ကြည် ၁၀၀ မိုက်ခရိုလီတာသည်လည်းမြွေပွေး
အဆိပ်၏ သေစေနိုင်သောသတ္တိကို ခြေဖျက်နိုင်စွမ်း ရှိကြောင်း ဓါတ်ခွဲခန်းသုံး ကြွက်ဖြူများတွင် စမ်းသပ်ချက်အရ တွေ့ရှိ
ရခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသ တစ်ချို့တွင် မြွေကိုက်လူနာ များကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ်
နိုင်ဂျီးယီးယားနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဒေသ တစ်ချို့တွင် မြွေကိုက်လူနာ များကို ခွေးလှေးယားသီးသုံးစွဲ၍ ဆေးမြီးတိုအဖြစ်
ကုသသုံးစွဲခြင်းများကို ပြည်တွင်းသုတေသီများက ခွေးလှေးယားသီးမှ စနစ်တကျလေ့လာသုတေသနပြုခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ လေ့လာတွေ့ရှိချက်များအရ ခွေးလှေးယားသီးအစေ့အနှစ်ရည်နှင့် ၄င်းအနှစ်ရည်ထိုးသွင်းထားသော ယုန်၏သွေး
ရည်ကြည်တို့သည် မြွေပွေး၏သေစေနိုင်သော အဆိပ်သတ္တိ အပေါ် ခြေဖျက်နိုင်စွမ်းရှိကြောင်း သုတေသနပြုကာ အခိုင်အ
မာ သက်သေပြဆိုနိုင်ခဲ့ကြကြောင်း သိရသည်။
အေးချမ်းမွန်မှ The Mirror Daily တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်









No comments:
Post a Comment