အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့ တစ်ဦးသည် ကောက်ရသော စိန်လက်စွပ် ကို
ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည် ဟုသိရသည်။
၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က၎င်းအတွက် ရန်ပုံငွေ ရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် ကန်ဒေါ်
လာ ၈၆,၀၀၀ကို ပေးအပ်ခဲ့သည် ဟု သိရသည်။ မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟား
ရစ်သည် ၎င်း ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟုသိရသည်။
၎င်း၏ ရိုးသားမှု ဂုဏ် သတင်း အား လက်စွပ် ပိုင်ရှင် ဆာရာဒါလင်က အများ သိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေ
ကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ရက်နေ့က စတင်ခဲ့သည် ဟုသိရသည်။ ၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်
သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နူးကြသည် ဟုသိရသည်။
ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင် ရှိသည်ဟုသိရသည်။
(pyimyanmar -- မှ )
လေးစားစွာဖြင့်
Rဗြဲ









No comments:
Post a Comment